ပရိုမီသီယမ်
| ပရိုမီသီယမ်(Promethium) | |
| အက်တမ် အမှတ်စဉ် | ၆၁ |
|---|---|
| အက်တမ် အလေးချိန် | (147) g.mol -1 |
| သိပ်သည်းဆ | 6.475 g.cm-3 at 20 °C |
| အီလက်ထရို နက်ဂတစ်ဗတီး | မသိ |
| အရည်ပျော်မှတ် | 1168°C |
| ဗင်န်ဒါဝေါလ် အချင်းဝက် | မသိ |
| အိုင်ယွန်နစ် အချင်းဝက် | မသိ |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၉ |
| အီလက်ထရွန်းနစ် ရှဲလ် | [ Xe ] 4f5 6s2 |
| ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် |
534.6 kJ.mol -1 |
| ရှာဖွေတွေ့ရှိသူ | Marinsky |
| တွေ့ရှိသည့် ခုနှစ် | ၁၉၄၅ |
ပရိုမီသီယမ်(Promethium)သည် Beta Rays ထုတ်ပေးသော ရှားပါးဒြပ်စင် တစ်မျိုး ဖြစ်ပါသည်။ ဓာတုသင်္ကေတမှာ Pm ဖြစ်သည်။ ၎င်းသည် ရေဒီယို သတ္တု ကြွမှု မြင့်မားပြီး ရှားပါး ပါသည်။ သို့ဖြစ်၍ ၎င်းကို လေ့လာမှု အနည်းငယ်သာ ပြုလုပ်ထားကြပါသည်။ ၎င်း၏ ဓာတုဗေဒဆိုင်ရာ နှင့် ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို တိကျစွာ သတ်မှတ်ထားခြင်းမရှိသေးပါ။ Pm ဆားများ၏ အရောင်သည် ပန်းရောင် သို့မဟုတ် အနီရောင်ရှိပြီး ၎င်းပတ်ဝန်းကျင်လေထု အရောင်သည် စိမ်းပြာရောင်ဖျော့ဖျော့ ရှိပါသည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ပရိုမီသီယမ်(Promethium)ကို သုသေတန ပြုလုပ်ဖို့ အတွက်သာလျှင် အများဆုံးအသုံးပြုကြပါတယ်။ ၎င်းကို Beta ရေဒီယိုသတ္တုကြွ ဓာတ်ရောင်ခြည် ထုတ်လွွှတ်ပေးသော အရင်းအမြစ်အဖြစ် အမှောင် အတွင်း အလင်းပေးနိုင်သော အရောင်အဖြစ် သော်လည်းကောင်း၊ ပဲ့ထိန်းတပ် ဒုံးများ အတွက် နျူကလီးယား ဘတ္ထရီတွေများတွင် သော်လည်းကောင်း၊ လက်ပတ်နာရီများတွင်သော်လည်းကောင်း၊ နှလုံးခုန်တိုင်း ကိရိယားများနှင့် ရေဒီယိုများတွင်သော်လည်းကောင်း၊ အချက်ပြမီးလုံးများတွင်လည်း အသုံးပြုနိုင်ပါသည်။ နောက်ပိုင်းတွင် ၎င်းကို X-ray အရင်းအမြစ် အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
သဘာဝတွင်တွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
ပရိုမီသီယမ်(Promethium)သည် ကမ္ဘာ့ အပေါ်ယံလွှာ ရှိ အချို့သော ယူရေနီယံ သတ္တုရိုင်း များတွင် သေးငယ်သော ပမာဏ အဖြစ် ပါဝင်နေပါသည်။ ၎င်းသည် တည်ငြိမ်မှု မရှိသောကြောင့် ရေဒီယိုသတ္တုကြွ ယိုယွင်းပျက်စီးခြင်း ဖြစ်ပေါ်နေပါသည်။ ကမ္ဘာပေါ်တွင် တစ်ကြိမ် ဖြစ်တည်ပြီးတိုင်း ၎င်း ဖြစ်တည်ပြီးသော Zr အားလုံးသည် အနှစ် ၁၀၀၀၀ အတွင်း ပျက်စီး ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
ပရိုမီသီယမ်(Promethium)သည် သက်ရှိမျာ အခန်းကဏ္ဍတွင် ပါဝင်ခြင်း မရှိပါ။ ၎င်း၏ ပြင်းထန်သော ရေဒီယို သတ္တု ကြွမှုကြောင့် အတော်လေး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ တိရိစ္ဆာန်များတွင် စမ်းသပ်ရာမှာ ၎င်းသတ္တုသည် အရိုးမျက်နှာပြင်များတွင် ကွက်တိကွက်ကြားဖြင့် နှေးကွေးစွာ ရွေ့လျား ဖြစ်ပေါ်နေပါသည်။
ပတ်ဝန်းကျင်သက်ရောက်မှုများ [ပြင်ဆင်ရန်]
ပရိုမီသီယမ်(Promethium)သည် လက်တွေ့သဘာဝတွင် တည်ရှိမနေပါ သို့ဖြစ်၍ ၎င်းသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေနိုင်ပါ။ ၎င်း၏ ရေဒီယို သတ္တုကြွမှု မြင့်မားသောကြောင့် အထူးဂရုတစိုက် ကိုင်တွယ်ရပါသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||