From Wikipedia
မန္တလေးတိုင်းသည် မြောက်လတ္တီကျူဒ် ၁၉ဒီဂရီ ၂၀မိနစ် နှင့် ၂၃ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီကျူဒ် ၉၄ဒီဂရီ ၄၅မိနစ် နှင့် ၉၇ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄၂၉၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိတည်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ဖြင့် ဝန်းရံထားသည်။ တိုင်း၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံး မင်းများ စိုးစံခဲ့သော မြနန်စံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းနှင့် လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော်ဒေသမှာလည်း မန္တလေးတိုင်းတွင်း၌ တည်ရှိသည်။
ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျီုးတွေ့ရသည်။ ၄င်းဒေသများတွင် အပူချိန်မှာ ၇၀ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝလက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀လက်မကျော် ထိရရှိပါသည်။
တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂မှ ၃၄လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆လက်မ ထိရွာသွန်းတတ်ပါသည်။
မန္တလေးတိုင်း၏ မြို့တော်မှာ မန္တလေးဖြစ်သည်။
[ပြင်ဆင်ရန်] ခရိုင်ရုံးစိုက်ရာမြို့များ
- အေလာ
- အမရပူရ
- အနီးစခန်း
- ပုဂံ
- ဘဲလင်း
- ဟန်ဇား
- လှိုင်းတတ်
- အင်းကုန်း
- ကန်မြဲ
- ကနွား
- ကင်းရွာ
- ကုက္ကိုစု
- ကူမဲ
- ကြံညှပ်
- ကျယ်ကန်
- ကြည်ထောင်ကန်
- လက်ပန်လှ
- လက်ဝဲ
- လယ်ဝေး
- မတ္တရာ
- မလှိုင်
- မင်းပြင်
- မင်းကုန်း
- မိုးကုတ်
- မြင်းနီ
- မြစ်သား
- မြို့လှ
- နဘူးအိုင်
- နွားထိုးကြီး
- ညောင်လွန်း
- ညောင်အုပ်
- ညောင်ရမ်း
- ပန်းအိုင်
- ပုသိမ်ကြီး
- ပရံကစု
- ပင်းတလဲ
- ပုပ္ပားရွာ
- ပျော်ဘွယ်
- ပျဉ်းမနား
- ပြင်စာ
- ပြင်စည်
- ပြည်ညောင်
- စပါယ်နဂို
- ဆည်တော်
- ဆိတ်ထိန်း
- ရှမ်းရွာ
- ရွှေတောင်
- ရွှေစာရံ
- ဆီမီးခုံ
- စဥ့်ကူး
- စဥ့်ကိုင်
- တံတားဦး
- တကောင်း
- တပ်ကုန်း
- တောင်ညို
- တောင်သာ
- သပိတ်ကျင်း
- သာဝတ္တိ
- သာစည်
- သဲတော
- တွင်းငယ်
- ဝါးဖြူတောင်
- ဝဲလောင်
- ဝက်လူး
- ဝက်ဝံ
- ဝမ်းတွင်း
- ရမည်းသင်း
- ရတနာပုံ မြို့သစ်
- ရန်အောင်
- ရန္တပို
- ရေဆင်း
- ယင်းမာပင်
- ရွာတော်
[၁]
[ပြင်ဆင်ရန်] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)