တယ်လူရီယမ်
တယ်လူရီယမ်(Tellurium)(ဓာတုသင်္ကေတ-Te)သည် ရှားပါးသော ဒြပ်စင်တစ်မျိုးဖြစ်သည်။(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၅တွင် တယ်လျူရီယမ် ဟု စာလုံးပေါင်းသည်။) ယင်းကိုသယံဇာတ အဖြစ်ဖြင့် အများအပြားတွေ့ရသည်။ ၎င်း ဒြင်စင် သည် အရောင်တောက်ပပြီး ကျွတ်ဆတ်သော ပုံ ဆောင်ခဲအသွင်ရှိ ဒြပ်စင် တစ်ခုလည်းဖြစ်သည်။ တယ်လူရီယမ် ကို မဲပြာပြာအရောင် ရှိသော ပေါင်ဒါ မှုန့်အသွင်အဖြစ်လည်း တွေမြင်ရသည်။ ၄င်းတွင် သတ္တု နှင့် သတ္တုမဟုတ်သော ဂုဏ်သတ္တိ နှစ်မျိုးလုံး ပါဝင်သည်။ ထို ပြင် ရွှေဖြင့်၎င်း၊ ငွေဖြင့်၎င်း၊ ကြေးနီဖြင့်၎င်း၊ ခဲဖြင့်၎င်း၊ အခြားသတ္တုများဖြင့်၎င်း တွင်းထွက်ပစ္စည်းရိုင်းများဖြင့်၎င်း ပေါင်းစပ်လျက်လည်း တွေ့ရသည်။ ၁၈ ရာစုနှစ် နောက်ပိုင်းက ပင် တွင်းထွက်ပစ္စည်းရိုင်းတစ်မျိုး၌ ဒြပ်စင်သစ်တစ်ခုပါရှိ သည်ဟု ရိပ်စားမိခဲ့ကြသည်။ သို့ရာတွင် နှစ်ပေါင်း ၅၀ ကျော် လွန်အခါမှသာ ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် ဗာဇီးလီယပ် ဆိုသူက ဤဒြပ်စင်သစ်သည် ကန့်နှင့် ဆီလီနီယမ်ဒြပ်စင်နှစ်ခု နှင့် ဂုဏ်သတ္တိများဆင်တူကြောင်း ပြနိုင်ခဲ့သည်။
နောင်အခါ၌ ဤတွေ့ရှိမှုနှစ်ခုစလုံးပင် မှန်ကန်ကြောင်း သိရပြီးလျှင် ယင်းဒြပ်စင်သစ်ကို တယ်လျူရီယမ် ဟု အမည်ပေးသည်။ ထိုတယ်လျူရီယမ်ဒြပ်စင်သည် အလှည့်မှန်ဇယားတွင် အောက်ဆီဂျင်၊ ဆာလဖာနှင့် ဆီလီနီယမ် အစု၌ပါဝင်၍ ထိုဒြပ်စင်တွင် သတ္တုမဟုတ်သော ဒြပ်စင်၏ ဂုဏ်သတ္တိများရှိသည်။ သို့သော် သတ္တုဒြပ်စင်၏ ဂုဏ်သတ္တိများ ကိုလည်းပြသည်။ ပွင့်ပုံအနေ၌တည်သော တယ်လျူရီယမ်မှာ ငွေရောင်ကဲ့သို့ တောက်ပသည်။ တယ်လူရီယမ် ဒြပ်စင် သည် လေထုထဲတွင် လောင်ကျွမ်းသော အခါ စိမ်းပြာ ရောင် မီးတောက် နှင့်အတူ Tellurium Dioxide(တယ်လူရီယမ် ဒိုင်အောက်ဆိုဒ်) ဖြစ်ပေါ်စေသည်။ တယ်လူရီယမ် သည် ရေ နှင့် ဟိုက်ဒရိုကလိုရစ် အက်စစ် တို့ တွင်ပျော်ဝင်နိုင်ခြင်း မရှိပါ။ သို့သော် နိုက်ထရစ်အက်စစ် တွင် ပျော်ဝင်နိုင်သည်။
မာတိကာ |
[ပြင်ဆင်ရန်] အသုံးပြုခြင်း
ကြေးနီ နှင့် ခဲရိုင်းတို့ကို လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်းဖြင့် သန့်ယူရာ၌ ကျန်ရစ်ခဲ့သောအမှိုက်မှ၎င်း တယ်လျူရီယမ်ပါရှိသော တွင်း ထွက်ရွှေရိုင်းများမှ ရွှေကိုအရည်ဖျော်ယူရာတွင် ဓာတ်ငွေပူများ၌ ပါရှိသော ဖုံမှုန့်များမှ၎င်း၊ တယ်လျူရီယမ်ကို ထုတ်ယူရသည်။ သံဖြူနှင့် ခဲသတ္တုစပ် အကောင်းစား ပြုလုပ်ယူရန် ၎င်း အသုံးပြုရသည်။ ဝိုင်ယာလက်များတွင် ကနဦးပြုလုပ် သုံးစွဲခဲ့သည့် ခရစ္စတယ်များမှာ တယ်လျူရီယမ်ဖြင့် ပြုလုပ် ယူသော ခရစ္စတယ်များဖြစ်သည်။
တယ်လူရီယမ်(Tellurium)ကို သံမဏိ များ ပြုလုပ်ရာတွင် ရောစပ်အသုံးပြု ကြသည်။ ထို့အပြင် အလူမီနီယမ်၊ ကော့ပါး၊ ခဲ၊ Tin တို့နှင့်ရောစပ်ကာ သတ္ထု စပ် အနေဖြင့်အသုံးပြု နိုင်သည်။ တယ်လူရီယမ် ကို အချိန်ကြာမြင့်စွာ ထားရှိနိုင်ရန်အတွက် ခဲ နှင် ရောစပ်ပြီး အသုံးပြု ကြသည်။ ထို့အပြင် ၄င်း ဒြပ်စင် ကို သံထည်လုပ်ငန်း ၊ ကြွေထည်မြေထည်လုပ်ငန်း ၊ ဖန်ထည်လုပ်ငန်း ၊ နံရံကပ် ကြွေပြား လုပ်ငန်း များ နှင့် ဖောက်ထွင်းမှုလုပ်ငန်းများ တွင် အသုံးပြု နိုင်သည်။ တယ်လူရီယမ် ကို ရော်ဘာနှင့်ရောစပ်ပြီး ပိုမိုကောင်းမွနသောရော်ဘာများ ကိုထုတ်လုပ်နိုင်သည်။ စွမ်းအင် စက်ဆီ အဖြင့် လဲ အသုံးပြုနိုင်သည်။
[ပြင်ဆင်ရန်] သဘာဝမှာ တွေ့ရှိမှုအခြေအနေ
တယ်လူရီယမ်(Tellurium)ဒြပ်စင်သည် ကျောက်မီးသွေးများထဲတွင် 2 ppm ပမာဏ အထိပါဝင်သည်။ ကျောက်မီးသွေးများသည် ယင်းဒြပ်စင်၏ မူလအရင်းမြစ် လည်း ဖြစ်သည်။တယ်လူရီယမ် ကို သစ်ပင်များကလည်း စုပ်ယူနိုင်ကြသည်။ တယ်လူရီယမ်သည် သစ်ပင်များထဲတွင် 6 ppm အထိ ပါဝင်သည်။ စားသောက်ပင် များတွင် အနည်းဆုံး 5 ppm ထက်ပို၍ ပါရှိသည်။ အခြားဒြပ်စင်များနှင့် ပေါင်းစပ်ခြင်းမရှိသော တယ်လူရီယမ် သီးသန့်များကိုမူ သဘာဝတွင် ရှားပါစွာတွေ့ရှိရသည်။ တယ်လူရီယမ်ပါဝင်သော သတ္တုရိုင်းများမှာ Calaverite ၊ Sylvanite နှင့် Tellurite တို့ဖြစ်ကြသည်။ သို့သော် ယင်းတို့သည် တယ်လူရီယမ်(Tellurium)၏ မူလအရင်းမြစ် တစ်ခုတော့မဟုတ်ပါ။ ကမ္ဘာပေါ်တွင် တယ်လူရီယမ် ထုပ်လုပ်မှု သည် တစ်နှစ်လျှင် ၂၂၀ တန်ခန့်ရှိပါသည်။ အဓိက ရှာဖွေထုပ်လုပ်သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု ၊ ကနေဒါနိုင်ငံ ၊ ပီရူးနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ဖြစ်ပါသည်။
[ပြင်ဆင်ရန်] ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
တယ်လူရီယမ် ဒြပ်ပေါင်း၏ သက်ရှိများကို တိုက်ရိုက်ဘေး ဒုက္ခပေးမှု မှာ နည်းပါလှပါသည်။ တယ်လူရီယမ် သည် အနံ့ဆိုးရွားခြင်းကြောင့် တက်ကျွမ်းသော ဓါတုဗေဒ ပညာရှင်များသာ ကိုင်တွယ်အသုံးပြု ကြသည်။ ရှုရှိုက်မိသောအခါတွင် လည်း ကိုယ်ခန္ဓာအတွင်း သို့လွယ်ကူစွာ ရောက်ရှိနိုင်သည်။ တယ်လူရီယမ်၏ အငွေ့ပျံမှုသည် 20°C တွင်သာ ရှိသည်။ လေထုအတွင်း အမှုန်များပြန့်နှံ့ နိုင်သောကြောင့်ဘေးဒုက္ခများ ဖြစ်စေသည်။ ပြန့်နှံ့မှုသည် အလွန် လျှင်မြန်သည်။ အမှုန် များ ပြန့်နှံ့ခြင်းကြောင့် ရှုရှိုက်မိလျင် အစာအိမ်လမ်းကြောင်း များတွင် အန္တရာယ် ဖြစ်စေနိုင်သည်။ ထို့အပြင် အာရုံကြော နှင့်ဆိုင်သော ရောဂါ များနှင့် အသည်း ကင်ဆာများဖြစ်စေနိုင်သည်။[၁][၂]
[ပြင်ဆင်ရန်] ကိုးကား
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုဇင်မင်းသူမှ ဘာသာပြန်ဆိုသည်။
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||