ကြေးနီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြေးနီ
အက်တမ် အမှတ်စဉ် ၂၉
အက်တမ် အလေးချိန် 63.546(3) g·mol−1
ပုံသဏ္ဌန် အခဲ
သိပ်သည်းဆ 8.94 g·cm−3
အီလက်ထရို နက်ဂတစ်ဗတီး 1.90 (Pauling scale)
အရည်ပျော်မှတ် 1084.62 °C
ရေဆူမှတ် 2562 °C
ဗင်န်ဒါဝေါလ် အချင်းဝက် 140 pm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ် [Ar] 3d10 4s1
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
745.5 kJ·mol−1


ကြေးနီ(Copper)သည် အက်တမ်အမှတ်စဉ် ၂၉ ရှိသည့် ဒြပ်စင်တစ်မျိုးဖြစ်ပြီး ဓာတု သင်္ကေတမှာ Cu (လက်တင်ဘာသာ - Cuprum) ဖြစ်သည်။ ကြေးနီ(Copper)သည် နီကျင်ကျင်အရောင် နှင့် ထုထည်ရှိသော ပုံဆောင်ခဲ အသွင်ရှိပါသည်။ သန့်စင်ထားသည့် ကြေးနီသည် ပျော့ပြောင်းကာ နန်းဆွဲရလွယ်ကူပြီး အပူနှင့် လျှစ်စစ် လျှောက်ကူးမှု ကောင်းမွန်သည့် သတ္တုဖြစ်သည်။ ကြေးနီကို လျှပ်စစ်ပစ္စည်းများတွင် နန်းကြိုးများအဖြစ် လည်းကောင်း၊ ဆောက်လုပ်ရေး ပစ္စည်းအဖြစ်လည်းကောင်း သတ္တုစပ် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။

ကြေးနီနှင့် သတ္တုစပ်များကို လူသားများ အသုံးပြုခဲ့သည်မှာ နှစ်ထောင်နှင့်ချီရှိပြီ ဖြစ်သည်။ ရောမခေတ်တွင် ကြေးနီကို စိုက်ပရပ်စ် ဒေသတွင်သာ အဓိကတူးဖော်ကြသည်။ ကြေးနီကို စိုက်ပရပ်မှ လာသော သတ္တု Cyprium ဟုခေါ်တွင်ပြီး နောက်ပိုင်းတွင် Cuprum ဖြစ်လာသည်။

ကြေးနီသည် အနီရောင် နှင့် အဝါဖျော့ရောင် အလင်းပြန်ပြီး စုပေါင်းဖွဲ့စည်း သောပုံသဏ္ဍန် ရှိခြင်းကြောင့် အခြားမြင်နိုင်သော ရောင်စဉ်တန်းများကို စုပ်ယူပါသည်။ ကြေးနီသည် သံ (iron) ထက်ပျော့ပြောင်းပြီး ဇင့် (zinc) ထက်မာကျောပါသည်။ တောက်ပလာအောင် အရောင်တင်ပေး နိုင်ပါသည်။ ကြေးနီကို ဒြပ်စင်အလှည့်ကျဇယား ( periodic table )၏ အုပ်စု ၁ ဘီ (IB) တွင် ငွေ (silver)၊ ရွှေ (gold) တို့ နှင့် အတူ တွေ့နိုင်ပါသည်။ ကြေးနီ သည် ဓါတုဗေဒသတ္တိကြွ မှုနည်းပါးပြီး စိုထိုင်းသောလေထုထဲတွင် ဖြည်းဖြည်းချင်း အညှိတက်လာနိုင်ပါသည်။ ထိုသို့ဖြစ်ဖြင်းကို ကြေးညှိတက်ခြင်း (patina) ဟုခေါ်ပါသည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

စံ ပုံသွန်းနည်းဖြင့် သွန်းလုပ်ထားသော ၉၉.၉ ရာခိုင်နှုန်း သန့်စင်သည့် ကြေနီပြား

ကြေးနီ(Copper)ကို လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်း မှာ ၆၀%၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အမိုးမိုးခြင်း၊ ပိုက်ဆက်ခြင်းများတွင်၂၀%၊ အပူပြောင်းလဲခြင်းတွင် ၁၅%၊ သတ္ထုစပ်ပစ္စည်းများတွင် ၅% အသီးသီး အသုံးပြု ကြပါသည်။ အဓိကကျသော ကြေးနီ သတ္ထုစပ်များမှာ ကြေးညို၊ ကြေးဝါ (copper-zinc alloy)၊ ကြေးနီ၊ သံဖြူ၊ သွပ်ရောထားသော သတ္ထု (copper-tin-zinc ၎င်းကို သေနတ်များ နှင့် ကျည်ဆံများတွင် အသုံးပြုပါသည်။)၊ ကြေးနီနှင့် နီကယ်သတ္ထုစပ် (copper-nickel ၎င်းကို ငွေကြေး နှင့် တံဆိပ်ခေါင်း ပြုလုပ်ရာတွင် အသုံးပြုပါသည်။) ကြေးနီသည် လျှပ်စစ်ဝါယာကြိုး တပ်ဆင်ခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝါယာကြိုးကိုကောင်းစွာ သွယ်တန်းနိုင်ခြင်း နှင့် မြင့်မားသော လျှပ်ကူးမှု ရှိခြင်းကြောင့်ဖြစ်ပါသည်။

Chuquicamata(ချီကာ ကမတ)မိုင်းတွင်းသည် ကမ္ဘာ့အကြီးဆုံး ကြေးနီမိုင်းတစ်တခုဖြစ်သည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

ကြေးနီ(Copper)သည် သာမန်အရာ ဝတ္ထု တစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်တွင် သဘာဝအလျှောက် ပြန့်နှံ့ နေသည်ကို တွေ့နိုင်ပါသည်။ လူသားများသည် ကြေးနီကို စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်းများတွင် အစားထိုးပစ္စည်းအဖြစ် အသုံးပြုကြသည်။ ကြေးနီ၏ အရည်အသွေးနှင့် ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ တည်ရှိခြင်းတို့ကြောင့် ဆယ်စုနှစ် များစွာကပင် ထုတ်ယူသုံးစွဲခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင် ကြေးနီထုတ်လုပ်မှုသည် မြင့်တက်လျှက်ရှိပါသည်။ သို့ဖြစ်၍ သဘာဝတွင် ကြေးနီကို ပို၍ ကုန်ဆုံးစေပါသည်။ မြစ်များသည် ကြေးနီပါဝင်သော စွန့်ပစ် ပစ္စည်းများကို ရွှံ့နွံများအဖြစ် ၎င်းတို့၏ ကမ်းခြေများတွင်စုပုံခြင်းဖြင့် မြစ်ကမ်းများကို ညစ်ညမ်းစေပါသည်။ လောင်စာဆီများ လောင်ကျွမ်း ခြင်းကြောင့် ကြေးနီသည် လေထုထဲကို ရောက်ရှိသွားပါသည်။ မိုးရွာရန်အစပြုချိန် အချေမကျမှီ လေထုထဲမှကြေးနီများသည် ကာလကြာရှည် ထင်ရှားစွာ တည်ရှိနေပါသည်။ ထိုအရာသည် မိုးရွာပြီးနောက် မြေကြီးထဲသို့ ရောက်ရှိသွားပါသည်။ နောက်ဆုံးရလဒ်အဖြစ် မြေကြီးထဲရှိ ကြေးနီပါဝင်မှုမှာ လေထုထဲတွင် ပါဝင်မှုထက် အရေအတွက် ပိုမိုများလာခြင်း ဖြစ်ပါသည်။ ကြေးနီကို သဘာဝအရင်းအမြစ် နှင့် လူတို့၏ စွမ်းဆောင်မှု အားဖြင့် ပတ်ဝန်းကျင်တွင် တွေ့နိုင်ပါသည်။ ဥပမာ သဘာဝ အားဖြင့် ဖုန်မှုန့်ပါသောလေတိုက်ခြင်း၊ အသီးအရွက်များဆွေးမြေ့ခြင်း၊ တောမီးလောင်ခြင်း နှင့် ပင်လယ်ရေမှုန်ရေမွှားများ တွင်တွေ့နိုင်ပါသည်။ အခြားသော ဥပမာများမှာ သတ္ထုတွင်းတူးဖော်ခြင်းများ၊ သတ္ထုထုတ်လုပ်ခြင်း၊ သစ်သားထုတ်လုပ်ခြင်း၊ ဖော့စ်ဖရိတ်မြေဩဇာ ထုတ်လုပ်ခြင်းများ ဖြစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝအရင်းအမြစ်နှင့် လူတို့၏ စွမ်းဆောင်မှုများသည် ပတ်ဝန်းကျင်၌ အလွန်ပျံ့နှံ့ နေသောကြောင့်ဖြစ်ပါသည်။ ကြေးနီကို သတ္တုတွင်းများအနီး၊ စက်မှုလုပ်ငန်းများ၊ မြေဖို့ခြင်းနှင့် စွန့်ပစ်ပစ္စည်းများတွင် မကြာခဏ တွေ့ရှိရပါသည်။ ကြေးနီဒြပ်ပေါင်း အများစုသည် အခြားသောရေအနယ်အနှစ် သို့မဟုတ် မြေမှုန့်များအဖြစ်သို့ အခြေကျသွားသည်ဟု သတ်မှတ်ရပါမည်။ ကြေးနီအရည် ဒြပ်ပေါင်းများသည် လူသားတို့အတွက် ကြီးမားသောဘေး အန္တရာယ် ဖြစ်စေပါသည်။ ရေတွင်ပျော်ဝင်နေသော ကြေးနီဒြပ်ပေါင်းများကို အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချခြင်းဖြင့် ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ကြေးနီထုတ်လုပ်မှုကို တစ်နှစ်လျှင် ပမာဏအားဖြင့် တန်ချိန် ၁၂ သန်းထုတ်လုပ်လျှက်ရှိပြီး ကန့်သတ်ထားသော သယံဇာတ ထုတ်လုပ်မှုမှာ ပမာဏအားဖြင့် တန်ချိန် သန်း ၃၀၀ ဖြစ်သည်။ ၎င်းပမာဏသည် ၂၅ နှစ်အတွင်းသာလျှင် တာရှည်ခံမည်ဟု မျှော်လင့်ထားကြပါသည်။ တစ်နှစ်လျှင် ၂ သန်းခန့်ကို ပြန်လည်ပြုလုပ်ခြင်းဖြင့် ကြေးရိုင်းအဖြစ် အသုံးပြုပါသည်။ ယနေ့တွင် ကမ္ဘာ့ကြေးနီ ပမာဏ ၈၀% သည် အဓိကကျသော သယံဇာတအဖြစ် ချီလီ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ အော်စတြေးလျ နှင့် ကနေဒါ နိုင်ငံတို့တွင် တွေ့ရှိရပါသည်။ အဓိကကျသော သတ္တုရိုင်းသည် အဝါရောင် ကော့ပါးအိုင်းယွန်း ဆာလ်ဖိုဒ် (chalcopyrite -CuFeS2) ဖြစ်ပါသည်။

အရိုးရှင်းဆုံး ကော့ပါး1 ​အေက်ဆိုဒ်
အမိုနီယ ပေါင်းစပ်မှုတွင် ကော့ပါး2 သည် အပြာ​ရောင်သို့ မြင်သာစွာပေးနိုင်သည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ကြေးနီကို လေထုနှင့် သောက်ရေကဲ့သို့ အမျိုးမျိုးသော အစားအသောက်များတွင် တွေ့ရှိရသည်။ ကျွနု်ပ်တို့ နေ့စဉ်စားခြင်း၊ သောက်ခြင်း၊ အသက်ရှုခြင်းများတွင် ထင်ရှားသော ကြေးနီပမာဏကို စုပ်ယူထားပါသည်။ ကြေးနီစုပ်ယူမှုသည် လိုအပ်ချက် တစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကြေးနီသည် လူသားများအတွက် အမှန်တကယ် လိုအပ်သော သတ္ထုဒြပ်စင်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ကြေးနီပါဝင်မှု မြင့်မားလာပါက လူသားများ၏ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ များသောအားဖြင့် လေထဲတွင် ကြေးနီပါဝင်မှု နည်းပါသည်။ ထို့ကြောင့် အသက်ရှုခြင်းဖြင့် ကြေးနီစုပ်ယူမှုကို လျှစ်လျှူရှု့ထား နိုင်ပါသည်။ သို့သော် သတ္ထုအရည်ကျို လုပ်ငန်းများ အနီးတွင် နေထိုင်သော သူများသည် ကြေးနီစုပ်ယူမှု များစေနိုင်ပါသည်။ ခဲလုပ်ငန်းလုပ်ကိုင်သော အိမ်များတွင် နေထိုင်သူများသည်လည်း ကြေးနီပမာဏ မြင့်မားစွာ စုပ်ယူထားသည်ကို တွေ့နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သောက်ရေထဲတွင် ရေပိုက်များဆွေးခြင်း၊ စားခြင်းတို့မှ တဆင့် ခန္ဓာကိုယ်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။ အလုပ်အကိုင်နှင့်ဆိုင်သော ထိတွေ့မှုများတွင် ကြေးနီ၏ ဆိုးကျိုးများကို တွေ့ရတတ်ပါသည်။ အလုပ် လုပ်ကိုင်ရာနေရာများတွင် ခဲဆိပ်သင့်ခြင်းကဲ့သို့သော ဖျားနာခြင်းများ ဖြစ်နိုင်ပါသည်။ နှစ်ရက်ကြာပြီးနောက် ဤအခြေအနေမှကျော်ပြီး အလွန်ခံစားရစေပါသည်။ ကြေးနီကို ထိတွေ့မှု ကြာလာသည်နှင့် အမျှ နှာခေါင်း၊ ပါးစပ် နှင့် မျက်စိတို့ကို ယားယံ နာကျင်ခြင်းများကို ခံစားရခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများကို ဖြစ်စေတတ်ပါသည်။ ကြေးနီကို ခန္ဓာကိုယ်အတွင်း ဝင်ရောက်မှုများခြင်းကြောင့် အသဲနှင့်ကျောက်ကပ်ကို ထိခိုက်ပျက်ဆီးစေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်ပွါးစေနိုင်ပါသည်။ သိပ္ပံဆောင်းပါးများတွင် မြင့်မားသော ကြေးနီပါဝင်မှု ရှိခြင်းနှင့် အချိန်ကြာရှည်စွာ ထိတွေ့ခြင်းတို့ကို ညွှန်ပြထားသော ကွင်းဆက်တစ်ခုရှိပါသည်။ ငယ်ရွယ်နုနယ်သော အချိန်တွင် ကြာမြင့်စွာ ထိတွေ့လာသည်နှင့်အမျှ အသိဉာဏ်ပညာ ယိုယွင်းခြင်းကို ဖြစ်စေပါသည်။ ဤသည်မှာ ပိုမိုဝေးကွာသော စူးစမ်းထောက်လှမ်းမှုအတွက် အရေးပါသော အကြောင်းအရာ ဘာသာရပ်တစ်ခု ဖြစ်လိမ့်မည်။ စက်မှုလုပ်ငန်းတွင် ထိတွေ့နေသော ကြေးနီအခိုးအငွေ့များ၊ ဖုန်မှုန့်များ သို့မဟုတ် မြူမှုန်များသည် ပြောင်းလဲသွားပြီး နှပ်၊ ချွဲသလိပ်များဖြစ်ကာ နှာခေါင်းအမှေးပါးနှင့်ဆိုင်သော နှာခေါင်းနာခြင်းကို ဖြစ်စေပါသည်။ ကြေးနီ အဆိပ်သင့်ခြင်းကြောင့် ဝယ်လ်စွန်( Wilson ) ခေါ် နာတာရှည်ရောဂါများ၊ အသည်းနှင့်ဆိုင်သောရောဂါ လက္ခဏာများ၊ ဦးနှောက်ပျက်စီးဆုံးရှုံးခြင်း၊ အာရုံကြောများဆုံးရှုံးခြင်း၊ ကျေက်ကပ်နှင့်ဆိုင်သော ရောဂါများနှင့် မျက်ကြည်လွှာတွင် ကြေးနီအနည်ကျခြင်း စသောရောဂါများကို ဖြစ်စေပါသည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ကြေးနီသည် မြေဆီလွှာအတွင်းတွင် ရှိနေပြီး ဇီဝဓာတုနှင့် ဆိုင်သောအရာ ဝတ္ထုများ၊ တွင်းထွက်ကျောက်များတွင် ကပ်တည်ရှိနေသည်။ ကြေးနီသည် ဖယ်ထွက်လာပြီး အကျိုးဆက်တစ်ခုအနေဖြင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိသွားခြင်း မရှိပါ။ ၎င်းသည် မြေအောက်ရေထဲသို့ အမြဲတမ်းဝင်ရောက်သွားပါသည်။ ရေမျက်နှာပြင်တွင် ကြေးနီသည် ရွှံ့နွံအမှုန်များနှင့် ရောနှောကာ သို့မဟုတ် လွတ်လပ်သောအမှုန်များ (ions) အဖြစ် သွားလာနေပါသည်။ ကြေးနီသည်ပတ်ဝန်းကျင်တွင် ပျက်စီးသွားခြင်းမရှိပါ။ မြေဆီလွှာအတွင်းရှိ အပင်နှင့် တိရစ္ဆာန်တို့တွင် စုဆောင်း တည်ရှိနေနိုင်ပါသည်။ ကြေးနီကြွယ်ဝသော မြေဆီလွှာတွင် ကန့်သတ်ထားသော အပင်များ၏ အရေအတွက်သာလျှင် အသက်ရှင်ခွင့် ရှိမည်ဖြစ်ပါသည်။ ထိုအချက်အရ ကြေးနီစွန့်ထုတ်သော စက်ရုံများအနီးတွင် အပင်များကို များများမတွေ့ရခြင်း ဖြစ်ပါသည်။ အပင်များပေါ်တွင်ကျရောက်သော ကြေးနီ၏ အကျိုးဆက်ကြောင့် စိုက်ပျိုး မွေးမြူရေးတွင် ပြင်းထန်သော အန္တရာယ်များ ကျရောက်စေပါသည်။ မြေဆီလွှာ၏ အက်ဆစ်ဓါတ်နှင့် ဇီဝပစ္စည်းများပေါ်တွင် မူတည်ပြီး ကြေးနီသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ပြင်းထန်စွာ လွှမ်းမိုးထားနိုင်ပါသည်။ ဤသို့ဖြစ်သော်ငြားလည်း ကြေးနီပါဝင်မှုရှိသော မြေဩဇာများကို အသုံးချခဲ့ကြသည်။ မြေဆီလွှာအတွင်းမှ ကြေးနီ၏ စွမ်းဆောင်မှုသည် တီကောင်နှင့် သေးငယ်သော ဇီဝသက်ရှိများ၏ လှုပ်ရှားမှုကို လွှမ်းမိုးထားခြင်း မရှိဟု ပြောဆိုနိုင်ပါသည်။ ဇီဝအခြေခံသော ပစ္စည်းများ ပြိုကွဲခြင်းသည် ၎င်းအချက်များကို သိသာစွာ လျှော့ကျစေပါသည်။ စိုက်ပျိုးမွေးမြုရေး လုပ်ငန်းများတွင် ကြေးနီကြောင့် မြေဆီလွှာများ ဆိုးညစ်စေခြင်းနှင့် တိရိစ္ဆာန်များ ကြေးနီကို စုပ်ယူခြင်းဖြင့် ၎င်းတို့၏ကျန်းမာရေးကို ထိခိုက် ပျက်စီးစေပါသည်။ အဓိကအားဖြင့် သိုးများသည် ကြေးနီအဆိပ်သင့်ခြင်း ဝေဒနာကို ကြီးမားစွာ ခံစားရတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကြေးနီ၏အကျိုးဆက်များကို အာရုံစူးစိုက်မှု နည်းပါးနေသောကြောင့် ဖြစ်ပါသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်ဇော်မျိုးသန့်မှ ဘာသာပြန်ဆိုသည်။
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။