သံဖြူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သံဖြူ [ပြင်​ဆင်​ရန်​]

သမိုင်းမတင်မီအလွန်ရှေးကျသောအခါက လူတို့သည်ကြေးနီနှင့်သံဖြူ၊ သို့မဟုတ်ခဲမ ဖြူရောစပ်ထားသော ဗရွန်း(ကြေးညို)ခေါ် သတ္တုစပ်ကိုမိမိတို့လိုရာလက်နက်အဖြစ် လုပ်ကိုင်ခဲ့သည်။

ထိုခေတ်ကတည်းကသံဖြူပေါ်ပေါက်လာခဲ့လေသည်။ သံဖြူသည်ဒြဗ်စင်တစ်ခုဖြစ်သည်။ အက်တမ်အ မှတ် မှာ ၅ဝ ဖြစ်၍ အက်တမ်အလေးဆမှာ ၁၁၈.၇ ဖြစ်သည်။ သံဖြူထွက်သည့်ဒေသများမှာ မလေးရှားပြည်ထောင်စု၊ ဗိုလစ်ဗီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ တုတ်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဗြိတိန်၊ ဩစတြေးလီးယားနိုင်ငံ၊ တပ်စနေးနီးယားကျွန်း၊ တောင်အာ ရိကနိုုင်ငံ၊ ယိုးဒယားနိုင်ငံစသည်တို့ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းလုံးမှထွက်သည့်သံဖြူအားလုံး၏ သုံးပုံတစ်ပုံ မှာမလေးရှားပြည်ထောင်စုမှထွက်သည်။ မြန်မာနိုင်ငံတွင်လည်းကယားပြည်နယ်၊ မော်ချီးမိုင်းနှင့်သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်ခရိုင်များတွင်သံဖြူထွက်သည်။ သံဖြူထုတ်ယူရသောသတ္တုရိုင်းများတွင် သံဖြူကျောက် (တင်းစတုန်း)မှာ အရေးကြီးဆုံးဖြစ်၏။

သံဖြူသည်သတ္တုရိုင်းကျောက်တုံးများထဲတွင် အနှံ့အပြား ကြဲ၍ပါဝင်သောကြောင့် သတ္တုရိုင်းအားလုံးကို ပထမမှုန့်မှုန့်ညက်ညက်ကြေအောင်ချေပြီးနောက် အထပ်ထပ်ဆေးကြောတိုက်ချွတ်ကာအခြားအညစ်အကြေး များကိုထုတ်ပစ်ရသည်။

ထိုနောက်မီးဖိုထဲ၌အပူပြင်းတိုက်ပေးခြင်းဖြင့် ကျန်နေသောမသန့်ရှင်းသည့်ဝတ္တု တို့ကိုဖယ်ထုတ်သည်။ ထိုကဲ့သို့ပြုလုပ်ပြီးသောအခါတွင်သံဖြူအစစ်ကိုရရှိလေသည်။ သံဖြူအစစ်မှာအဖြူရောင်ဖြစ်၍ ရံဖန်ရံခါတွင်သာ အပြာရောင်အနည်းငယ်မျှသန်းနေသယောင် ယောင်တွေ့ရ၏။ သံဖြူသည်အတော်အတန်အရောင်တောက်၍ လေသလပ်ခံထားခြင်းဖြင့် ကြေးညှင်း တက် ခြင်းမရှိချေ။ သံဖြူသည်ပုံဆောင်ခဲများအနေဖြင့်တည်ရှိသောဝတ္တုတစ်မျိုးဖြစ် သည်။ သံဖြူချောင်းတစ်ချောင်းကိုကွေးကြည့်ပါက ပုံဆောင်ခဲများအချင်းချင်းပွတ်မိကြသည့်အသံကိုကြားနိုင်သည်။ အလွန့်အလွန်အေးသောအပူချိန်တွင် သံဖြူသည်ကြွပ်ဆတ်လွန်း ၍ အမှုန့်အဖြစ်သို့ပင် ပြောင်းလဲသွားတတ်၏။ သို့သော် သာမန်အပူချိန်များတွင် သံဖြူသည်အတော်ပင်ပျော့ပျောင်း၍အထုအရိုက်ခံသည်။ ဤသို့အထုအရိုက်ခံနိုင်ခြင်းမှာသံဖြူ၏အရေးကြီးသော ဂုဏ်တစ်ရပ်ဖြစ်သည်။

အလွန်ပါးလွှာသွားသည့်သံဖြူပြားကလေးများဖြင့်ချော့ ကလက်၊ တော်ဖီစသည်တို့ကိုရစ်ပတ်ထုပ် ထားသည်ကိုတွေ့ကြ ရပေမည်။ ထိုပြင်သွားတိုက်ဆေး၊ပန်းချီဆေးဘူးတို့ကို ဖြစ်ညှစ်နိုင်စေရန် သံဖြူနှင့် ပြုလုပ်ထားသည်ကိုလည်းတွေ့ကြ ရပေမည်။ စည်သွတ်အစားအစာတို့ထည့်ထားသည့် သံစည်ဘူးများသည် သံဖြူဖြင့်ပြုလုပ်ထားသည် ဆိုသော်လည်းသံဖြူအစစ်မဟုတ်ကြချေ။ အမှန်မှာသံဘူးများဖြစ်၏။ သို့သော် သံသည်အစားအစာ၌ ပါရှိသောအက်ဆစ်ဓာတ်နှင့်တွေ့သောအခါ အစားအစာကိုမကောင်း အောင်လုပ်တတ် သောကြောင့် သံပြားကိုသံဖြူရည်စိမ်ကာ သံဖြူဖြင့်ဖုံးအုပ်ထားခြင်းဖြစ်လေသည်။ သံဖြူသည်အစားအစာ ကိုမည်သို့မျှမထိခိုက်နိုင်ချေ။ ရှေးကသံဖြူကို ပြဒါးနှင့်ရောစပ်၍ကြည့်မှန်၏ ကျောဘက်တွင်သုတ်လိမ်းခဲ့ ကြ၏။ သံဖြူသည်စင်တီဂရိတ် ၂၃၁.၉ ဒီဂရီမျှလောက်တွင်အရည်ပျော်သောကြောင့် သံဖြူကိုခဲနှင့် ရောစပ်ကာဂဟေဆော်ရာ၌၎င်းအသုံးပြုကြလေသည်။

သံဖြူကိုသံဖြူအဖြစ်ဖြင့် အသုံးပြုနိုင်သည့်အပြင် သတ္တုစပ်အဖြစ်ဖြင့်လည်းအသုံးပြုနိုင်သည်။သံ ဖြူကိုကြေးနီ နှင့်၎င်း၊ ခဲနှင့်၎င်း၊ ခဲနှင့်အင်တီမိုနီတို့နှင့်၎င်း ရောစပ်၍သတ္တုစပ်များပြုလုပ်နိုင်ပေသည်။


သံဖြူ၏ဒြဗ်ပေါင်းများတွင်ကလိုရင်းနှင့်ပေါင်းစပ်ထား သော တင်းတက်တြာကလိုရိုက်ဆိုသည့် အရည်ကိုပိုးထည်များ အလေးချိန်တိုးအောင် ဆိုးဆေး၌ထည့်ရန်အတွက်၎င်း ၊စစ်မြေပြင်တွင်မီးခိုးလုံးကြီးများ ထုတ်ရန်အတွက်၎င်း၊ အသုံးပြုကြလေသည်။

ယခုအခါတွင် ဗိုလစ်ဗီးယားနိုင်ငံသံဖြူတွင်းများမှအပ အခြားအရပ်ရပ်ရှိသံဖြူတွင်းတို့မှာတစ်နေ့ ထက်တစ်နေ့ အထွက်လျော့နည်း၍လာရာ သိပ္ပံပညာရှင်ကြီးများသည် နောင်နှစ်များမကြာမီအတွင်း၌ ကမ္ဘာတစ်ဝှမ်းလုံးရှိသံဖြူအထွက် လုံးဝရပ်စဲသွားမည်ကိုပင် စိုးရိမ်နေကြလေသည်။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)