နီယိုဒိုင်မီယမ်
နီယိုဒိုင်မီယမ်(Neodymium)သည် ပြောင်လက်တောက်ပသော အဝါရောင်ရှိ သတ္တု တစ်မျိုးဖြစ်ပါသည်။ ၎င်း သတ္တုသည် ဓာတ်ပြုမှု အလွန်မြန်သောကြောင့် လေထုထဲ၌ ထားပါက လျှင်မြန်စွာ အညှိတက်ပြီး အရောင်မှိန် သွားပါသည်။ အပေါ်ယံအပိုင်းသည် အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး ဓာတ်တိုးသွားခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ လေထုနှင့် ထိတွေ့ခြင်းမှ ဝေးကွာသော နေရာတွင် ထားသိုရပါသည်။ ရေအေးနှင့် နှေးကွေးစွာ ဓာတ်ပြုပြီး ရေနွေးနှင့် လျှင်မြန်စွာ ဓာတ်ပြုပါသည်။
မာတိကာ |
အသုံပြုခြင်း [ပြင်ဆင်ရန်]
နီယိုဒိုင်မီယမ်(Neodymium)သည် ရောင်စုံ ရုပ်မြင်သံကြားစက်၊ မီးချောင်းများ၊ စွမ်းအင်ခြွေတာသော မီးချောင်းများ နှင့် ဖန်ထည်များ ကဲ့သို့သော အိမ်းသုံး ပစ္စည်းများတွင် တွေ့ရှိနိုင်သော ရှားပါး ဒြပ်စင်များထဲမှ တစ်ခုဖြစ်ပါသည်။ အားလုံးသော ရှားပါးဒြပ်စင်များတွင် ကွဲပြားသော ဂုဏ်သတ္တိများ ရှိကြပါသည်။ Nd သည် မီးခြစ်ကျောက်များတွင် သတ္တုစပ် အဖြစ် အသုံးပြုသော အမျိုးမျိုးသော သတ္တုများထဲမှ တစ်ခုဖြစ်ပါသည်။ သံလိုက်ပြုလုပ်ရာတွင် အဓိက အရေးအပါဆုံး သတ္တုများသည် Neodymium, Iron နဲ့ Boron (NIB) တို့ပါဝင်သည့် သတ္တုစပ်ဖြစ်သည်။ ၎င်းသံလိုက်များသည် ယနေ့ခေတ်သုံး စက်အစိတ်အပိုင်းများတွင် ပါဝင်ပါသည်။ ကွန်ပျူတာ တွင် အချက်အလက်များ သိမ်းဆည်းသောအပိုင်းနှင့် စပီကာများတွင်လည်း အသုံးပြုကြပါသည်။ နီယိုဒိုင်မီယမ်(Neodymium)ကို ဖန်ထည်များ အရောင်တင်ခြင်းတွင် အဝါရောင် ဆိုဒီယမ် မီးအလင်းရောင် ဖြစ်စေဖို့ အသုံးပြုပါသည်။ ထိုကဲ့သို့သော မှန်မျိုးကို ဂဟေဆော်သမားများ အတွက် မျက်ကာမှန်အဖြစ် အသုံးပြုပါသည်။ ထို့ပြင် ခရမ်းရောင် အရိပ် ရောယှက်နေသော စွဲဆောင်မှုရှိသည့် အရောင်ရရှိနိုင်ဖို့ အတွက်လည်း အသုံးပြုပါသည်။
သဘာဝတွင်တွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
နီယိုဒိုင်မီယမ်(Neodymium)သည် Ce ပြီးနောက် ရှားပါးဒြပ်စင်များထဲတွင် ဒုတိယ အပေါများဆုံး ဒြပ်စင် တစ်ခုဖြစ်ပြီး သဘာဝတွင် Copper နီးပါးပင် ပေါများပါသည်။ ၎င်းကို Monazite နှင့် Bastnasite ကဲ့သို့သော တွင်းထွက် အရင်းအမြစ်များတွင် တွေ့ရှိရပါသည်။ အဓိက ထွက်ရှိသော နေရာများမှာ ဘရာဇီး၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်ပါသည်။ ထုတ်လုပ်ပြီး နီယိုဒိုင်မီယမ်(Neodymium)ပမာဏ မှာ တန်ပေါင်း ၈ သန်းခန့်ရှိနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံ အတိုင်းအတာဖြင့် Nd ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ် လျှင် ရတန် ခန့်ရှိပါသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
လူ့ခန္ဓာထဲတွင် နီယိုဒိုင်မီယမ်(Neodymium)ပါဝင်မှု အတော်လေး နည်းပါသည်။ ဇီဝဆိုင်ရာ အခန်းကဏ္ဍတွင် ပါဝင်ခြင်း မရှိသေးသော်လည်း လူ့ခန္ဓာ အစိတ်အပိုင်းများတွင် အကျိုးသက်ရောက်မှု ရှိပါသည်။ နီယိုဒိုင်မီယမ်(Neodymium)အမှုန့်များ နှင့် ဆားများသည် လူ့မျက်လုံးများကို နာကျင်ကျိန်းစပ် စေနိုင်ပါသည်။ Nd ၏ ပျော်ဝင်နိုင်သော ဆားများသည် အနည်းငယ်အဆိပ် သင့်မှုရှိပြီး မပျော်ဝင်နိုင်သော ဆားများမှာ အဆိပ် သင့်မှုမရှိပါ။
နီယိုဒိုင်မီယမ်(Neodymium)အသုံးပြုသော အလုပ်ခွင် ပတ်ဝန်းကျင်တွင် နေထိုင်ပါက လူကို အများဆုံ အန္တရာယ်ဖြစ်စေပါသည်။ ၎င်းအစိုဓာတ် နှင့် ဓာတ်ငွေ့များသည် လေနှင့်အတူ အသက်ရှူ လမ်းကြောင်းအတွင်း ဝင်လာနိုင်ပြီး အဆုတ်ကို ထိခိုက်စေနိုင်ပါသည်။ အချိန်ကြာရှည်စွာ ရှူရှိူက်မိလေ ပိုမို ဆိုးရွားလေဖြစ်သည်။ Pr သည် လူ့ခန္ဓာကိုယ်အတွင်း စုဆောင်းမိသော အခါ အသည်းကို ဒုက္ခ ပိုမိုပေးနိုင်သည်။
ပတ်ဝန်းကျင်သို့သက်ရောက်မှုများ [ပြင်ဆင်ရန်]
နီယိုဒိုင်မီယမ်(Neodymium)သည် ပတ်ဝန်းကျင်၏ များစွာသောနေရာများတွင် ပျံ့နှံ့နေတတ်ပါသည်။ အဓိကအားဖြင့် လောင်စာဆီ ထုတ်လုပ်သော စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပါသည်။ နီယိုဒိုင်မီယမ်(Neodymium)ပါဝင်သော အိမ်သုံး ပစ္စည်းများ ကို စွန့်ပစ်ခြင်းမှလည်း ပတ်ဝန်းကျင်သို့ Nd ရောက်လာနိုင်ပါသေးသည်။ နီယိုဒိုင်မီယမ်(Neodymium)သည် ကုန်းတွင်းနှင့် ရေအောက်ပိုင်း မြေဆီလွှာတို့တွင် ဖြည်းဖြည်းချင်း စုပုံနေပြီး ၎င်းမှတစ်ဆင့် လူ၊ တိရိစ္ဆာန်နှင့် သဘာဝမြေဆီ များတွင် ပါဝင်မှု တိုးပွားလာပါသည်။ မျိုးပွါးမှုနှင့် အာရုံကြော စနစ် လုပ်ဆောင်မှုအပေါ်ကို ပျက်စီးစေသည့် သက်ရောက်မှုရှိသော ရေသတ္တဝါတို့၏ ဆဲလ် အမြှေးပါး များကို နီယိုဒိုင်မီယမ်(Neodymium) က ပျက်စီးစေပါသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှုပရောက်ဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||