သိုရီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သိုရီယမ် (Thorium) သည် ဒြပ်စင်အလှည့်ကျဇယားတွင် အက်တမ်အမှတ်စဉ် (၉၀) မြောက်တွင်ရှိသော သဘာဝတွင် တွေ့ရသည့် ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းဒြပ်စင်သည် သဘာဝတွင် ငွေရောင် အဖြစ်တည်ရှိပြီး လေထုထဲတွင် လပေါင်းများစွာ တောက်ပရှည်ကြာစွာ တည်နေနိုင်သည်။ သိုရီယမ်ဒြပ်စင်(thorium)သည် လေထုထဲတွင် အောက်ဆိုဒ်(oxide) ဖြစ်သွားသောအခါ ၎င်း၏ပင်ကိုယ်အရောင်မှာ တဖြည်းဖြည်းမှေးမှိန်လာပြီး မီးခိုးရောင်၊ ထိုမှ တဆင့်နောက်ဆုံးတွင် အနက်ရောင်အဖြစ်ပြောင်းလဲသွားသည်။ ထိုသိုရီယမ်အောက်ဆိုဒ် (thotium oxide) ၏ အရည်ပျော်မှတ်မှာ 3300 °C ဒီဂရီဆဲလ်စီးရက်ဖြစ်ပြီး၊ အောက်ဆိုဒ်အားလုံးထဲတွင် အမြင့်မားဆုံးသော အရည်ပျော်မှတ် အပူချိန်ဖြစ်သည်။ အချို့သောဒြပ်စင်များ၊ တန်စတင်ဒြပ်စင်(W)၊ နှင့် တန်သလမ်ကာဘိုဒ်(TaC) (မာကျောမှု အဆင့် ၉-၁၀) ကဲ့သို့သောဒြပ်ပေါင်းများကဲ့သို့ အရည်ပျော်မှတ် အပူချိန်မြင့်မားစွာရှိသည်။

သိုရီယမ်ဒြပ်စင်(Th)သည် ရေမော်လီကျုး (molecule) များနှင့်နှေးကွေးစွာ တွယ်ဆက်ဓာတ်ပြုနိုင်သော် လည်း၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (HCl) မှလွဲ၍ အခြားသော အက်စစ်(acid) အများစုနှင့်လွယ်ကူစွာပျော်ဝင်နိုင် ခြင်းမရှိပေ။သိုရီယမ်အမှုန့်သည် ရုတ်တရက် အဆက်မ ပြတ် မီးလောင်လွယ်သောကြောင့် အဆိပ်တောက်မဖြစ်မိစေ ရန်သတိရှိသင့်သည်။ သိုရီယမ်(Th) ကိုအပူပေး၍ လေထုထဲတွင် မီး လောင်ကျွမ်းစေသောအခါ အလွန်တောက်ပသော အဖြူရောင်မီးတောက်ကို တွေ့ရှိရမည်ဖြစ်သည်။

သိုရီယမ်ဒြပ်စင်(Th)ကို နော်ဝေနိုင်ငံ လိုဗိုကျွန်းတွင် အနက်ရောင်သတ္တုအသွင်ဖြင့် မော်တန်သရိန်း အက်စမတ် (M.T.Esmark) က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆွီဒင်ဓာတုဗေဒပညာရှင် ဂျွန်စ်ဂျားကို့ဖ်ဘာဇီးလီးယက်စ် (Jons Jacob Berzelius) က ထိုဒြပ်စင်အား တွေ့ရှိသူအဖြစ်စတင် အတည်ပြုသတ်မှတ်နိုင်ခဲ့သည်။ မော်တန်သရိန်းအက်မတ် (Esmark) စတင်တွေ့ရှိခဲ့သော သိုရီယမ်အမျိုးစားတွင် အခြားအမည်မသိသေးသော ဒြပ်သတ္တုများ ပါဝင်နေပြီး ယခုအခါတွင် သိုရိုက် (Thorite)[ThSiO4]အဖြစ်သတ်မှတ်ထားသည်။

ဘာဇီးလီးယပ်စ်[Jons Jacob Berzelius]၏ ဓာတ်ခွဲမှုပြုလုပ်ပြီးနောက်တွင် သိုရီယမ်ကို သော(Thor) အဖြစ်စတင်မှည့်ခေါ်ခဲ့ပြီး၊ ရှေးခေတ်အင်္ဂလိပ်ဘာသာစကားမှ ဆင်းသက်လာ ခြင်းဖြစ်သည်။ ထို့နောက်တွင်မှ သိုရိုက် ထို့နောက် သိုရီအန်နိတ် (Thorianite) စသည်ဖြင့် လက်တင်အမေရိကတွင် စတင်ပြောင်းလဲခေါ်ဝေါ်လာခဲ့ ခြင်းဖြစ်သည်။

သိုရီယမ်[Th]သည် အနုမြူစွမ်းအင်ထုတ်လုပ်ရတွင် အဓိက စွမ်းအင်အရင်းမြစ် တစ်ခုဖြစ်သည်။ ကမ္ဘာမြေမှ တူးဖော်ရရှိသော သိုရီယမ် ဓာတ်သတ္တုကို ကြိတ်ခွဲ၍ယူရေနီယမ်[U] ဖြင့်ပြောင်ယူကာ အနုမြူစွမ်းအင်ထုတ်လုပ် ရာတွင်အဓိကလောင်စာ အရင်းမြစ်အဖြစ် ကောင်း စွာအသုံးပြုနိုင်သည်။ ကမ္ဘာမြေကြီး၏ အတွင်းပိုင်းအပူချိန်မြင့်မားမှု မှာ သိုရီယမ်[Th] နှင့် ယူရေနီယမ် [U] တို့ ကမ္ဘာမြေမျက်နှာပေါ်တွင် ပါဝင်တည်ရှိနေသောကြောင့်ဖြစ်သည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

သိုရီယမ်ဒြပ်စင်သည် နဂိုမူလကပင် ရေဒီယိုသတ္တိကြွမှုဂုဏ်သတ္တိရှိသော်လည်း သိုရီယမ်နှင့် ၎င်းဒြပ်ပေါင်း များကို ဓာတုထုတ်ကုန် အချို့ နှင့် သွားတိုက်ဆေးများတွင် ပါဝင်နေကြောင်းတွေ့ရသည်။ သိုရီယမ်(Th)သည် မဂ္ဂနီ ဆီယမ်(Mg)သတ္တုနှင့်ပေါင်းစပ်၍ အလွန် သေး ငယ်သော လျှပ်စစ်မီးလုံးများအတွင်းတွင် အသုံးပြုသော သတ္တုနန်းမျှင်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ထိုသတ္တုစပ်ကို လျှပ်စစ် ပစ္စည်းများ အမြောက်အများထုပ်လုပ်သော စက်ရုံများ တွင်အသုံးပြုသည်။ သိုရီယမ်အောက်ဆိုဒ်ကို အပူချိန်မြင့်မားစွာ အသုံးပြုသော ဓာတ်ခွဲခန်းသုံး လုံခွက်ပစ္စည်းများပြု လုပ်ရာတွင် အသုံးပြုပြီး၊ ၎င်းကိုပြုလုပ်ရာတွင် ဖန်ဖြင့်ရောစပ်၍ ယိုင်ညွှန်းကိန်းမြင့်သော အပူဒါန်ခံနိုင်သည့် ဓာတ်ခွဲခန်းသုံး ဖန်ထည်ပစ္စည်းအဖြစ်ပြု လုပ်ထားခြင်းဖြစ်သည်။ ယူရေနီယမ်နှင့်သိုရီယမ်သတ္တုများကို အဏုမြူဓာတ် ပေါင်းဖိုများတွင် အဓိကလောင်စာအရင်းမြစ်အဖြစ်အသုံးပြုသည်။ သိုရီယမ်သည် အဏုမြူဓာတ်ပေါင်းဖိုများတွင် ပလူတိုနီယမ်(Pu) အသုံးပြုမှုမရှိပဲ ကောင်းစွာလောင်ကျွမ်းစေနိုင်သည်။

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု အခြေအနေ[ပြင်​ဆင်​ရန်​]

သိုရီယမ်(Th) ဓာတ်သတ္တုကို ကမ္ဘာ့မြေတွင် များစွာတူးဖော်ရရှိနိုင်ပြီး၊ ၎င်း၏ပမာဏမှာ ကမ္ဘာမြေပေါ်တွင် ယူရေနီယမ်(U) ပမာဏပါဝင်မှုထက် ၃ ဆပိုမိုပါဝင်နေတတ်သည်။ ၎င်းကို မြေမျက်နှာပြင်ရှိ မြေဆီလွှာများနှင့် ကျောက်စိုင်များတွင် နည်းပါးစွာတွေ့ရသည်။ ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ ကျောက်လွှာများတွင် သိုရီယမ်ပါဝင်မှု ပမာဏမှာ 80ppm ခန့်ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဓာတ်သတ္တုသည် လွယ်ကူစွာ ပျော်ဝင်နိုင်ခြင်းမရှိပဲ သဘာဝတွင် ပြောင်းလဲလည်ပတ် တည်ရှိနေနိုင်သောကြောင့်ဖြစ်သည်။ သိုရီယမ်ကိုသဘာဝတွင် သိုရိုက်(thorite)၊ ယူရာနိုသိုရိုက်(uranothorite)၊ သိုရီအာနိုက်(thorianite) ကဲ့သို့သော သတ္တုရိုင်းများအသွင်ဖြင့် တွေ့ရပြီး အဓိကအားဖြင့် မိုနာဇိုင်သတ္တုရိုင်း(monazite) များတွင် များစွာပါဝင်သည်။ ထိုသတ္တုများကို ဇာကွန်(zircon) တီတနိုက်(titanite)၊ ဂက်ဒိုလီနိုက်(gadolinite) နှင့် ဘီတာဖစ် (betafit) သတ္တုများတွင်ပမာဏများစွာပါဝင်သည်။ ကမ္ဘာပေါ်တွင်သိုရီယမ်ပမာဏကို နှစ်စဉ်တန်ချိန် (30 000) သုံးသောင်းခန့် ထုတ်ယူသုံးစွဲလျက်ရှိသည်။ ယခုလက်ရှိ တွင်သိုရီယမ်တန်ချိန် ၃ သန်းခန့်ပိုလျံစွာထိန်းသိမ်းထားလျက်ရှိသည်။ သဘာဝတွင် သိုရီယမ်ပမာဏတိုးပွားလာမှုမှာ အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိသည်။အဘယ်ကြောင့်ဆိုသော် သဘာဝအပင်များတွင် ဆက်တိုက်ဖြစ်ပေါ်နေသော သိုရီယမ်ထုတ်လွတ်မှု ဖြစ်စဉ်များကြောင့်ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

သက်ရှိလူသားတို့သည် ရေများ၊ လေထုနှင့် အစားစာများထဲတွင်ပါဝင်သော သိုရီယမ်ပမာဏအနည်းငယ် နှင့် ထိတွေ့စက်စပ်မှုရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကိုကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့ရသောကြောင့်ဖြစ်သည်။ လူအားလုံးတို့သည် အစားစာများ၊ သောက်သုံးရေများနှင့် လေထဲတွင်ပါဝင်သော သိုရီယမ်ပမာဏအနည်းငယ်၏ ထိတွေ့စေနိုင်မှုကို လျစ်လျူရှူထား၍ မရပေ။

သိုရီယမ်၏ ဘေးထွက်ဆိုးကြိုးသက်ရောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုမှ လုံးဝကင်းစင်အောင် သင့်လျှော်သော လုပ်နည်းများဖြင့် ပြုလုပ်နိုင်ခြင်းမရှိပေ။ သိုရီယမ်ညစ်ငြမ်းမှုရှိသော နေရာများတွင် နေထိုင်သော လူများသည် အစားစာများ၊ လေရှုရှိုက်မှုများတွင် ပါဝင်နိုင်မှုပမာဏ ပိုမိုများပြားသောကြောင့် ဘေးထွက်ဆိုးကျိုး သက်ရောက်စေနိုင်မှုမှာ ပိုမိုများပြားသည်။ သိုရီယမ်သတ္တုမိုင်းများနှင့် ဓာတ်ခွဲခန်းများတွင် အလုပ်လုပ်ကိုင်သော လုပ်သားများတွင် သဘာဝသိုရီယမ်ပမာဏနှင့် ထိတွေ့ရမှုပိုမိုများပြားသည်။ လုပ်ငန်းခွင်များတွင် သိုရီယမ်ပမာဏကိုများ စွာရှူရှိုက်မိပါက အဆုပ် နှင့် အဆုပ်လမ်းကြောင်းရှိ သွေးကြောပြွန်ကြီးများကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်းတွင် ကင်ဆာရောဂါကိုဆက်လက်ဖြစ်ပေါ်စေနိုင်သည်။ သိုရီယမ်သည် သက်ရှိမျိုးရိုးဗီဇနှင့် ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲစေနိုင်သည်။ လူတို့အား သိုရီယမ်ပါသောဆေးများထိုးခြင်းနှင့် ဓာတ်ရောင်ခြည် (X-ray) သင့်ခြင်းကြောင့် အသဲရောဂါ ကိုဖြစ်စေနိုင်သည်။ သိုရီယမ်သည် ရေဒီယိုသတ္တိကြွမှုနှင့်အတူ အရိုးများထဲတွင် ကြာရှည်စွာတည်ရှိစေနိုင်သည်။ ၎င်းကဲ့သို့ထိတွေ့မိပြီး နှစ်အနည်းငယ် အကြာတွင် အရိုးကင် ဆာ (borne cancer) ကို ဖြစ်ပေါ်စေနိုင်သည်။ သိုရီယမ် ပမာဏများစွာကို ရှူသွင်းမိပါက သေစေနိုင်သည်။ လူများသည် ထိုကဲ့သို့ သိုရီယမ်ပမာဏ များစွာရှိသောနေရာသို့ သွားရောက်ထိတွေ့မိပါက အသက်အန္တရာယ်ရှိနိုင်သည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

သဘာဝပတ်ဝန်းကျင်တွင်တည်ရှိနိုင်မှု (Environment stability)[ပြင်​ဆင်​ရန်​]

သိုရီယမ်သည် သဘာဝတွင် ရေ၊ အောက်ဆီဂျင်၊ အခြားသောဒြပ်ပေါင်းများနှင့် နှေးကွေးစွာဓာတ်ပြုနိုင်ပြီး ဒြပ်ပေါင်းအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။

အပင် သက်ရှိနှင့် သဘာဝပစ္စည်းများတွင်အကျိုးသက်ရောက်မှု(Effects of material on plants or animals)[ပြင်​ဆင်​ရန်​]

သိုရီယမ် ထုတ်လုပ်မှု ပမာဏ နှင့် သုံးစွဲမှု နည်းလမ်းများ ပေါ်မူတည်၍ သဘာဝတွင်အကျိုးသက်ရောက် မှုမှာပုံမှန်မရှိပေ။ သို့သော် သိုရီယမ်ထုတ်လုပ်သုံးစွဲမှု ပမာဏများပြားလာမှုကြောင့် အပင်နှင့်သက်ရှိများအားဆိုးကျိုး သက်ရောက်စေမှုမှာ ပိုမိုမြင့်မားလျက်ရှိသည်။

ရေနေသတ္တဝါများအား ဓာတုဗေဒဆိုင်ရာဆိုးကျိုးသက်ရောက်မှု (Effect of chemical on aquatic life)[ပြင်​ဆင်​ရန်​]

သိုရီယမ် ထုတ်လုပ်သုံးစွဲမှုပမာဏ နှင့်အမျိုးမျိုးသောနည်းလမ်းများဖြင့်အသုံးပြုမှုကြောင့် ၎င်း၏ဓာတုဗေဒ ဆိုင်ရာဆိုးကျိုးသက်ရောက်မှုကို ကြိုတင်တားဆီးကာကွယ်နိုင်ခြင်းမရှိပေ။ သိုရီယမ်ပမာဏ များစွာ ရေထဲတွင် ထုတ် လွတ်နေမှုများကြောင့် ရေတွင်ပေါက်သောအပင်များနှင့် ရေနေသတ္တဝါများအား ဓာတုဗေဒဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ပိုမိုတိုးပွားလျက်ရှိသည်။ နယ်နိမိတ်စည်းမျဉ်း သတ်မှတ်ချက်များ၊ နယ်မြေအနေထားတည်ရှိမှုများကြောင့် သိုရီယမ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို လုံးဝကင်းရှင်းအောင် ဆောင်ရွက်နိုင်ရန်ခက် ခဲသည်။ ထိုသို့မဖြစ်စေရန် သိုရီယမ်သုံးစွဲမှုကို နေရာဒေသသတ်မှတ်ချက်များ အသုံးပြုမှုစည်းကမ်းချက်များသတ် မှတ်ထုတ်ပြန်ခြင်းဖြင့် သဘာဝဆ်ိုင်ရာ အကျိုးသက်ရောက်မှုများကို ကြိုတင်ဟန့်တားစေနိုင်သည်။ လက်တွေ့လုပ် ငန်းခွင်များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးသက်ရောက်မှုများ ကင်းဝေးစေရန် ရည်ရွယ်ထည့် သွင်းလုပ်ဆောင်သင့်သည်။