လန်သနမ်
လန်သနမ်(Lanthanum)သည် ပျော့ပျောင်း၍ အလွယ်တကူ ပုံသွင်းနိုင်သော၊ ကွေးနိုင်ညွတ်နိုင်သော၊ ငွေဖြူရောင်ရှိသော သတ္ထုတစ်မျိုးဖြစ်သည်။ ၎င်းသည် ရှားပါးသော ရေဒီယိုသတ္တိကြွ ဒြပ်စင်များထဲတွင် ထူးခြားပြီး၊ ဓါတ်ပြုနိုင်စွမ်းအား ကောင်းသော ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းသည် လေထဲ၌ အောက်စီဂျင်နှင့် လျှင်မြန်စွာဓါတ်ပြုနိုင်ပြီး၊ ရေနှင့်အတူဓါတ်ပြု၍ Hydroxides ဖြစ်ပေါ်စေသည်။ လန်သနမ်သည် လွယ်ကူစွာ မီးလောင် နိုင်သော်လည်း ဆားအဖြစ် ပျော်ဝင်နိုင်စွမ်းမရှိပါ။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
လန်သနမ်သည် ရှားပါးသော ဒြပ်စင်တစ်မျိုးဖြစ်သည်။ ၎င်းကို အခါအားလျော်စွာ အိမ်သုံးပစ္စည်းကိရိယာများ အနေဖြင့် တွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် ရောင်စုံရုပ်မြင်သံကြားစက်များ၊ အလင်းပေးနိုင်သောမီးချောင်းများ၊ ဓါတ်အားထိန်းနိုင်သော မီးချောင်းများ စသည်တို့တွင် အသုံးပြုသည်။ ရှားပါးသောဒြပ်စင်များထဲ၌ ထူးခြားသောဂုဏ်သတ္တိများရှိသော ဒြပ်စင်လည်းဖြစ်သည်။ La2O2 အား အထူးအမြင်အား ကောင်းသော မျက်မှန်များ (အနီအောက်ရောင်ခြည် စုပ်ယူနိုင်သော မျက်မှန်များ၊ ကင်မရာများ နှင့် အဝေးကြည့် မှန်ဘီလူးများ) ပြုလုပ်ရာတွင် အသုံးပြုပါသည်။ အကယ်၍ ပြင်းအားကောင်းသော သံမဏိအနည်းငယ် ထည့်ပေါင်းလိုက်မည်ဆိုပါက အလွယ်တကူ ပုံသွင်း၍ ရသော ဂုဏ်သတ္တိတစ်မျိုးကို ရရှိစေနိုင်ပါသည်။ လန်သနမ်ကို အဓိကကျသော လျှပ်ခေါင်း(electrodes) ပြုလုပ်ရာ ကာဗွန်များထဲတွင် ဗဟိုချက်အနေဖြင့် အသုံးပြုပါသည်။ လန်သနမ်ဆားသည် zeolite ဓါတ်ကူပစ္စည်းအမျိုးအစားတွင် ပါဝင်ပြီး၊ ၎င်းဓါတ်ကူပစ္စည်းသည် မြင့်မားသော အပူချိန်တွင်ပင် တည်ငြိမ်စွာ တည်ရှိသောကြောင့် ရေနံချက် လုပ်ငန်းများတွင် အသုံးပြုကြသည်။
သဘာဝတွင် တွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
လန်သနမ်သည် သဘာဝပတ်ဝန်းကျင်ထဲ၌ ပမာဏအနည်းငယ်သာ ရှားရှားပါးပါးတွေ့ရှိရသော ဒြပ်စင်ဖြစ်ပါသည်။ အများအားဖြင့် သတ္ထုရိုင်း၂မျိုး အနေဖြင့်သာ တွေ့ရှိနိုင်ပါသည်။ Lanthanum Oxide အားတစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင် ၁၂ တန်ခန့် ထုတ်လုပ်နိုင်ပြီး၊ အရန်အနေဖြင့် မက်ထရစ်တန် ၆ သန်းနီးပါးခန့် ရှိသည်။ ဖန်ထည်၊ မှန်ထည်များအား အရောင် ပြောင်လက်စေရန်နှင့်၊ ဓါတ်ကူပစ္စည်းများ အဖြစ် အသုံးပြုရန်အတွက် အမှန်တကယ်လုံလောက်စွာ ထုတ်လုပ်ရမည် ဖြစ်သောကြောင့် လန်သနမ် အသုံးပြုမှုမှာ မြင့်မားနေဆဲဖြစ်ပါသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
လေထုစိုထိုင်းမှုနှင့်အတူ ၎င်းဓါတ်ငွေ့များကို လေနှင့်အတူ ရှူသွင်းမိစေနိုင်သောကြောင့် အသုံးချမှုဆိုင်ရာ လူမှုပတ်ဝန်းကျင်ထဲ၌ လန်သနမ်သည် အန္တရာယ်ရှိစေသော ဒြပ်စင်ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းကိုအချိန်တော်ကြာ ရှူရှိုက်မိလာသည်နှင့်အမျှ အဆုတ်ကင်ဆာရောဂါ အထိ ဖြစ်ပွါးနိုင်သည်။ လူ၏ ခန္ခာကိုယ်ထဲသို့ ဝင်ရောက်မှုများပြားလာပါကလည်း အသည်းရောဂါကိုပင် ဖြစ်စေနိုင်ပါသည်။
ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ [ပြင်ဆင်ရန်]
လန်သနမ်(Lanthanum)အများစုသည် ရေနံထုတ်လုပ်ရာ စက်မှုပတ်ဝန်းကျင်နေရာများတွင် အဓိကအားဖြင့်စုပုံမိကြသည်။ လန်သနမ်ပါဝင်သော ပစ္စည်းကိရိယားများအား စွန့်ပစ်ကြသော အခါတွင်လည်း လန်သနမ်သည် လူ့ပတ်ဝန်းကျင်ထဲသို့ ပြန်၍ဝင်လာနိုင်ပါသည်။ ထို့ကြောင့် လန်သနမ်(Lanthanum)သည် ကမ္ဘာ့အပေါ်ယံမြေဆီလွှာနှင့် ရေအောက်လွှာထဲတွင် တစ်စထက်တစ်စ တဖြည်းဖြည်းစုပုံမိလာကြသည်။ ရေနှင့်အတူပါလာသော လန်သနမ်သည် ရေသတ္တဝါများ၏ ကလက်စီးဆဲလ်များနှင့် အမှေးပါးများပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ၎င်းသည် အာရုံကြောဖွဲစည်းမှုအပိုင်းနှင့် မျိုးပွားခြင်းတို့အပေါ်တွင် ထိခိုက်မှုရှိစေနိုင်ပါသည်။ လန်သနမ်သည် ကြွက်သားများ ထဲတွင်လွယ်ကူခိုင်မြဲစွာ ခိုအောင်းနေနိုင်ပါသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုခန့်ကိုလတ်မှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||