တာဘီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တာဘီယမ် (Terbium)
တာဘီယမ်ဒြပ်စင်
အက်တမ် အမှတ်စဉ် ၆၅
အက်တမ် အလေးချိန် 158.92534 g.mol -1
သိပ်သည်းဆ 8.3 g.cm-3 at 20 °C
အီလက်ထရို နက်ဂတစ်ဗတီး 1.2
အရည်ပျော်မှတ် 1360 °C
ဗင်န်ဒါဝေါလ် အချင်းဝက် unknown
အိုင်ယွန်နစ် အချင်းဝက် unknown
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ် [ Xe ] 4f9 6s2
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
563.5 kJ.mol -1
ရှာဖွေတွေ့ရှိသူ Carl Mosander
တွေ့ရှိသည့် ခုနှစ် ၁၈၄၃ ခုနှစ် *


တာဘီယမ်(Terbium)သည် Lanthanide အုပ်စုတွင် ပါဝင်သော ပျော့ပြောင်း ပုံသွင်းရလွယ်ကူပြီး ငွေရောင် ဖျော့ဖျော့ ရှိ သတ္တု တစ်မျိုးဖြစ်သည်။ ၎င်းသည် လေထုထဲတွင် တည်ငြိမ်စွာ တည်ရှိနေနိုင်သော်လည်း အောက်စီဂျင်နှင့် နှေးကွေးစွာ ဓာတ်ပြုပြီး ရေနှင့်လည်း ဓာတ်ပြုနိုင်သည်။၎င်းဒြဗ်စင်များကို ရှားပါးသော ဒြဗ်စင်များဟု ခေါ်ကြသော်လည်း၊ စင်စစ်အားဖြင့် အားလုံးရှားပါးကြသည် မဟုတ်ချေ။ အချို့ကို ခဲကဲ့သို့ ကမ္ဘာမြေလွှာတွင် အနှံ့အပြား တွေ့ရသည်။ ရှားပါးသော ဓာတ်မြေပါရှိသည့် တွင်းထွက် ပစ္စည်းများတွင် အခြားဒြဗ်စင်များအပြင် ရေဒီယမ်သတ္တုရှိသည့် သိုရီယမ်ကိုလည်း တွေ့ရသည်။


အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

တာဘီယမ်သည် ရှားပါးပြီး ဈေကြီးသောကြောင့် စီးပွားရေးအရ အသုံးပြုမှု နည်းပါသည်။ ရှားပါးသော ဓာတ်မြေများကို ထုတ်ယူရာတွင် ပထမ ဦးစွာ၌ ထိုဓာတ်မြေများတစ်စုလုံးကို တွင်းထွက်ပစ္စည်းတွင် ပါသည့်အခြားသော ဒြဗ်စင်များမှ ခွဲထုတ်ယူရသည်။ ထိုသို့ ထုတ်ယူပြီးသော အခါမှ ရှားပါးသော ဓာတ်မြေများကို တစ်ခုစီ တစ်ပင်တစ်ပန်းထုတ်ယူရသည်။ ဒြဗ်စင်တို့သည် တစ်ခုနှင့် တစ်ခု အလွန်တူသဖြင့် ပျော်ဝင်သောနေရာတွင် အနည်းငယ်စီ ခြားနားချက်ကို အသုံးချပြီးလျှင် ခွဲထုတ်ယူရသည်။ ဒြဗ်စင် တစ်ခုစီ၏ ဒြဗ်ပေါင်းကိုရရှိအောင် အကြိမ်ပေါင်း ထောင်ချီ၍ သလင်းပွင့်ခံယူရသည်။ ရှားပါးသော ဓာတ်မြေများကို ခွဲထုတ် ယူရန် သတ္တုကျောက်ရိုင်း အမြောက်အမြားကို အသုံးပြုမှသာ အလိုရှိသော ဓာတ်မြေအနည်းငယ်ခန့်ကို ရနိုင်သည်။ ရှားပါး သော ဓာတ်မြေများကို ရှေးဦးစွာ ဆီးရီးယမ်ဓာတ်မြေ၊ တာဘီယမ်ဓာတ်မြေ၊ အစ်တဘီယမ်ဓာတ်မြေဟု အစုကြီးသုံးစုခွဲယူပြီး မှသာ ဆိုင်ရာဒြဗ်စင်အသီးသီးကို ထုတ်ယူသည်။ ရှားပါးသော ဒြဗ်မြေများတွင် အဖြူရောင်သို့မဟုတ် အဝါရောင်ရှိ၍၊ သတ္တု ရောင်တောက်နေသည်။ ဂုဏ်သတ္တိများမှာ ကယ်လဆီယမ်နှင့် ဆင်တူသည်။ လေသလပ်ခံထားသောအခါ အရောင်မှိန်သွား သည်။ ရေနှင့် ဖြည်းညှင်းစွာ ဓာတ်ပြောင်းလဲမှုဖြစ်ပြီးလျှင် ဟိုက်ဒရိုဂျင်ကို စွန့်ထုတ်ပေးသည်။ များစွာသော ဒြဗ်စင်တို့ တွင် အိုင်းယန်းနှင့်ကိုဗော့ကဲ့သို့ သံလိုက်ဂုဏ်များရှိကြသည့် အပြင်၊ အရောင်ရှိသော ဒြဗ်ပေါင်းများကို ဖြစ်စေသည်။ အတွေ့ရများဆုံးဖြစ်သော ဆီးရီးယမ်ကို မီးစာများပြုလုပ် ကြ၍၊ ထိုဒြဗ်စင်၏ ဒြဗ်ပေါင်းများကို ဆေးထိုးရာတွင် အသုံး ပြုသည်။ ထိုဓာတ်မြေများကို သံနှင့်ရောပေးသောအခါ၊ မစ်ရှသတ္တုခေါ် သတ္တုစပ်တစ်မျိုးကို ရသည်။ ထိုသတ္တုစပ်ဖြင့် ဓာတ်မီးခြစ်များတွင် အသုံးပြုရန် မီးခြစ်ကျောက်ပြုလုပ်ယူသည်။ အသေးအဖွဲ အသုံးပြုမှု အနေဖြင့် လေဆာများတွင် လည်းကောင်း၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းများတွင်လည်းကောင်း၊ ရှားပါးသော ဓာတ်မြေများသည် အလွန်တောက်ပ သည့် အလင်းရောင်ကိုပေးနိုင်စွမ်းရှိသဖြင့် ယင်းတို့ကို ရောင်စုံ ရုပ်မြင်သံကြာစက်များတွင် မီးစုန်းဓာတ်အတွက် လည်းကောင်း အသုံးပြုသည်။ ၎င်း ကို Solid State Device များဖြစ်သည့် transistors, microprocessor chips, and DRAM များတွင်လည်းကောင်း၊ မြင့်မားသော အပူချိန်တွင် လည်ပတ် လုပ်ဆောင် နိုင်သော လောင်စာ ဆဲလ် Stabilizers များအဖြစ် လည်းကောင်း အသုံးပြုနိုင်သေးသည်။

ဇီနိုတိုင်း

တာဘီယမ် အောက်ဆလိတ် သို့မဟုတ် ဆာလဖိတ်ကို မီးရှို့လျှင် ပါရောက်ဆိုက်အမည်ဖြစ်လာသည်။ ထို ပါရောက် ဆိုက်ကို တွင်းထွက်အက်ဆစ်များနှင့်ရော၍၊ အပူတိုက်ပေးလျှင် အရောင်မရှိသလောက်ဖြစ်သော ပျော်ဝင်ရည်များဖြစ်လာသည်။ ထိုပျော်ဝင်ရည်များသည် စပက်ထရမ်(ရောင်စဉ်)တွင် အပြာ ရောင်နေရာ၌ အနည်းငယ်အရောင်မှိန်ခြင်းကြောင့်ထူးခြားသည်။

ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ[ပြင်​ဆင်​ရန်​]

အက်တမ် နံပတ် ၅၇ မှ ၇၁ အထိရှိ သော ဒြဗ်စင် ၁၅ မျိုးမှာ ရှားပါးသော ဓာတ်မြေပင်ဖြစ်သည်၊ အခြားသော ဒြဗ်စင်အစုများထက် ယင်းတို့သည်တစ်ခုနှင့်တစ်ခု အလွန်တူသောကြောင့် ဇယားကွက်တွင် နေရာလွတ်တစ်ခုတည်း ၌ ထည့်သွင်းထား ခြင်းဖြစ်သည်။

၁၇၉၄ ခုနှစ်တွင် ဖင်းလူမျိုး ဓာတုဗေဒပညာရှင် ဂတ်ဒို လင်ဆိုသူသည် ဆွီဒင်နိုင်ငံမှရသော တွင်းထွက်ပစ္စည်းတစ်မျိုး တွင် ဒြဗ်စင်အသစ်တစ်ခုကို တွေ့ရှိရသည်ဟု ထင်မှတ်လေ သည်။ စင်စစ်အားဖြင့် ထိုတွင်းထွက်ပစ္စည်းတွင် ဒြဗ်စင်တစ်မျိုး တည်းမဟုတ်ဘဲ၊ ဒြဗ်စင်တဒါဇင်ကျော် ပါဝင်သည်။ ထိုဒြဗ်စင် များသည် တစ်ခုနှင်တစ်ခု အလွန်တူကြသဖြင့် ဒြဗ်စင်တစ်မျိုး တည်းဟု ထင်မှတ်ရပေသည်။ ၁၉၂၆ ခုနှစ်တွင် ဒြဗ်ပေါင်း ၁၅ မျိုးခန့် ရှိမည်ဟု ခန့်မှန်းထားခဲ့သည့်အနက် ၁၄ ခုမြောက် ဒြဗ်စင်ကိုတွေ့ရှိခဲ့သည်။ ၁၅ ခုမြောက်ဒြဗ်စင်ကိုမူ ရှားပါးသော ဓာတ်မြေပါရှိသည့် တွင်းထွက်ပစ္စည်းများမှာ မတွေ့ရှိဘဲ၊ ယူရေး နီးယမ်း ကွဲထွက်၍ ဖြစ်ပေါ်လာသည့် ဒြဗ်စင်များတွင်သာ တွေ့ ရှိခဲ့သည်။ Tb သည် ငွေထက် နှစ်ဆ များသော်လည်း ရှားပါးဒြပ်စင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်း သည် များစွာသော သတ္တု အရင်းအမြစ်များတွင် ပါဝင်နေသော်လည်း သဘာဝတွင် လွတ်လပ်စွာမတွေ့ရှိနိုင်ပါ။ အဓိက သတ္တုရိုင်းများမှာ Monatize, Bastnasite and Cerite တို့ဖြစ်သည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ်ပြီး Tb ပမာဏမှာ တန်ပေါင်း ၃၀၀ ၀၀၀ ဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှု နှုန်းမှာ တစ်နှစ်လျှင် ၁၀ တန်ဖြစ်ပါသည်။

ကျန်းမာရေးသက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

အချို့သောရှားပါးသည့် ဓာတ်မြေများနှင့် ခြားနားချက်တချက်မှာ ဒြဗ်စင်၏ဒြဗ်ပေါင်းများတွင် အရောင်ကင်းမဲ့ခြင်းပင်ဖြစ်သည်။ တာဘီယမ်ဟူသော အမည်သည် ရှားပါးသည့်ဓာတ်မြေများကို ပထမဦးဆုံးတွေ့ရှိခဲ့ရာ ဆွီဒင်နိုင်ငံရှိ အစ်တာဘီရွာကို အစွဲပြု ၍မှည့်ခေါ်ခြင်းဖြစ်သည်။ တာဘီယမ်သည် ဇီဝဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိပါ။ ၎င်းကို ကိုယ်ခန္ဓာအတွင် ရောက်ရှိပါက အနည်းငယ် အဆိပ်အတောက်ဖြစ်စေနိုင်သည်။ Tb အမှုန့် နှင် ဓာတ်ပေါင်းတို့သည် အရေပြား နှင့် မျက်လုံးတို့ကို ထိတွေ့မိပါက အလွန် နာကျင် ကျိန်းစပ်စေနိုင်သည်။ ၎င်း၏ အဆိပ်အတောက် ပမာဏကို အသေးစိတ် လေ့လာဆဲ ဖြစ်သည်။

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

Tb သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။[၁][၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ဒြပ်စင်အလှည့်ကျဇယားဘာသာပြန်ဆိုမှု ပရောဂျက်တွင် ဘာဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။