နိုဘယ်လီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နိုဘယ်လီယမ်(Nobelium)
အက်တမ် အမှတ်စဉ် 102
အက်တမ် အလေးချိန် 259 g.mol -1
သိပ်သည်းဆ မသိ
အီလက်ထရို နက်ဂတစ်ဗတီး မသိ
အရည်ပျော်မှတ် မသိ
ဗင်န်ဒါဝေါလ် အချင်းဝက် မသိ
အိုင်ယွန်နစ် အချင်းဝက် မသိ
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ် [ Rn ] 5f13 6d1 7s2
ရှာဖွေတွေ့ရှိသူ Nobel Institute for Physics
တွေ့ရှိသည့် ခုနှစ် ၁၉၅၇



နိုဘယ်လီယမ် သည် ရေဒီယိုသတ္တိကြွမှု မရှိသော ဒုတိယ transferium element အမျိုးအစားဖြစ်ပါသည်။ ၄င်း၏အတည်ငြိမ်ဆုံး အခြေအနေဖြစ်သည့် isotope (၂၅၉) တွင် သက်တမ်းဝက်(half life) ၅၈ မိနစ်ဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ အချက်အလက်များအရ ၄င်း၏ atomic number, half-life နှင့် isotopes အရေအတွက် ပမာဏမှာအနည်းအကျင်းသာဖြစ်သည်။ ၎င်းဒြပ်စင်၏ အလေးချိန်(atomic weight) ပြောင်းလည်းမှုများမှာ Isotopes(၂၄၉) မှ (၂၆၂)အထိရှိသည်။ဓာတုသင်္ကေတ No ဖြင့် ဖော်ပြသည်။ ၎င်း ဒြပ်စင်ကို နိုဗယ်လ်ဆုတည်ထောင်သူ ဆွီဒင်သိပ္ပံပညာရှင် Alfred Nobel အားအစွဲပြု၍ Nobelium ဟုအမည်ပေးခဲ့သည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

Transferium element အမျိုးအစားဖြစ်သော ၎င်းဒြပ်စင် အကြောင်းကို အနည်းငယ်သာ သိရှိထားပြီး အသုံးပြုရန် နည်းလမ်းတစုံတရာ မရှိသေးပါ။

သဘာဝ တွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

Transferium element များသည် သဘာဝတွင် တိတိကျကျ မတွေ့ရှိရပါ။ ၎င်းတို့တွင် မတည်ငြိမ်သော နျုကလိုင်း(Unstable nuclei)ပါရှိခြင်းကြောင့် ပြုလုပ်ရန်ခက်ခဲရုံသာမက ရှာဖွေတွေ့ရှိရန် မလွယ်ကူပါ။

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု[ပြင်​ဆင်​ရန်​]

နိုဘယ်လီယမ်သည် သဘာဝအရ မတွေ့ရှိရပါ။ မတည်ငြိမ်သော ဒြပ်စင်(unstable element) ဖြစ်၍ ယို့ယွင်းပျက်စီးလွယ်ပြီး အခြား ဒြပ်စင်များအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားခြင်းကြောင့် ကမ္ဘာပေါ်တွင် တွေ့ရှိရန် မလွယ်ကူပါ။ ထိုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှု[ပြင်​ဆင်​ရန်​]

နိုဘယ်လီယမ်(Nobelium) သည် သက်တမ်းဝက်(half-life) အလွန်တိုတောင်းသောကြောင့် ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုသိန်းစိုးဝင်းမှ ဘာသာပြန်ဆိုသည်။