အာဘီယမ်
အာဘီယမ်သည် နူးညံ့ပျော့ပြောင်းပြီး တောက်ပသော ငွေရောင်ရှိ သတ္တု တစ်မျိုးဖြစ်သည်။ ၎င်း၏ အင်္ဂလိပ်စာလုံးပေါင်းမှာ Erbium ဖြစ်ပြီး ဓာတုသင်္ကေတမှာ Er ဖြစ်သည်။ ၎င်းသတ္တုသည် လေထဲတွင် အလွန်တည်ငြိမ်ပြီး ရေ၊ အောက်ဆီဂျင်တို့နှင့် အလွန်နှေးကွေးစွာ ဓာတ်ပြုပါသည်။ အက်ဆစ်များထဲတွင် ပျော်ဝင်သည်။ ၎င်း၏ဆားများသည် ပန်းရောင်ရှိသည်။
မာတိကာ |
[ပြင်ဆင်ရန်] အသုံးပြုခြင်း
အာဘီယမ်ကို Vanadium နှင့်ပေါင်းပြီး ပိုမိုခိုင်မာသော သတ္တုစပ်အဖြစ် ပြုလုပ်အသုံးပြုကြသည်။ အာဘီယမ်သည် အနီအောက်ရောင်ခြည်ကို တားဆီးနိုင်သည့်အတွက် ဖန်ထည်ပုံသွင်းသူများနှင့် ဂဟေဆက်အလုပ်သမားများအတွက် မျက်ကာမှန်များတွင် ထည့်သွင်းအသုံးပြုသည်။ ဓာတ်ပုံကင်မရာများတွင် ရှေ့ကာမှန်များတွင်လည်း ပိုတိုဂရပ်ဖစ် အကာများအဖြစ် အသုံးပြုကြသည်။ အာဘီယမ်သည် ပန်းရောင်ရှိခြင်းကြောင့် ကြွေထည်ပစ္စည်းများတွင် အရောင်တင် ကြွေရည်အဖြစ်လည်း အသုံးပြုသည်။
[ပြင်ဆင်ရန်] ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု
အာဘီယမ်ကို သဘာဝတွင် လွတ်လပ်သော ဒြပ်စင်အဖြစ် မတွေ့ရပါ။ ၎င်းကို ရှားပါးဒြပ်စင်များနှင့်သာ ပေါင်းစပ်တွေ့ရှိရသည်။ ရှားပါးဒြပ်စင်များထဲတွင် ပိုမိုပေါများသော ဒြပ်စင်တစ်ခုဖြစ်သည်။ အဓိကသတ္တုတွင်းနေရာများမှာ တရုတ်နှင့် အမေရိကန်တို့ဖြစ်သည်။ အဓိက သတ္တုရိုင်းများမှာ Monazite and Bastanite တို့ဖြစ်သည်။ ၎င်းသတ္တုရိုင်းများတွင် ပိုမိုများပြားသော အာဘီယမ် ပမာဏ ပါရှိသည်ကို တွေ့ရသည်။ ၎င်းဒြပ်စင်အတွက် ပိုကောင်းသော အရင်းအမြစ်များမှာ Xenotime and Euxenite တို့ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် တန်ပေါင်း ၅၀၀ ရှိပါသည်။
[ပြင်ဆင်ရန်] ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ
အာဘီယမ်သည် ခန္ဓာကိုယ်အတွက် ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးသည်ဟု သတ်မှတ်ထားရှိသော်လည်း ဇီဝဗေဒအခန်းကဏ္ဍတွင် ပါဝင်မှု မရှိပါ။ လူ့ခန္ဓာကိုယ်ထဲတွင် အာဘီယမ်ပါဝင်မှု ပမာဏကို သိရှိရန်အတွက်ကား ခက်ခဲလှသည်။ အရိုးထဲတွင် ပါဝင်မှုအမြင့်ဆုံးဖြစ်ပြီး အသည်းနှင့် ကျောက်ကပ်ထဲတွင် ပါဝင်မှု နည်းပါသည်။
[ပြင်ဆင်ရန်] ပတ်ဝန်ကျင်သို့ အကျိုးသက်ရောက်မှု
အာဘီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေပါ။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ ဒြပ်စင်အလှည့်ကျဇယား ရေးဆွဲမှုပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||