ဗုဒ္ဓဘာသာ

Wikipedia မှ
(ဗုဒ္ဓသာသနာ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်၀တ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့်သြကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဗုဒ္ဓဘာသာ သည် လူဦးရေ သန်းပေါင်း ၁၉၀၀ ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၀၀၀ ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ [၁] [၂] [၃] ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။[၄][၅] [၆]ဗုဒ္ဓဘာသာတွင် မဟာယာနနှင့်ထေရဝါဒ ဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ မဟာယာနဂိုဏ်းသည် တရုတ်တိဘက်ကိုရီးယားမွန်ဂိုလီးယားနှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်း/စီအန်/သီအန်/ဇန်၊ နီချီရန်၊ တိဘက်တန်၊ရှင်ဂုန်နှင့်အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ ထေရဝါဒဂိုဏ်းသည် သီဟိုဠ်မှတဆင့် မြန်မာလာအိုထိုင်းကမ္ဘောဒီးယား စသော အရှေ့တောင်အာရှဒေသသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။" ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတဦး" ဖြစ်သည်။ ဘီစီ ၆၂၃ တွင်ဗုဒ္ဓ မွေးဖွားခဲ့သည်။[၇]

မာတိကာ

ကမ္ဘာ့ ဒီမိုကရေစီပထမအစ၊ ဗုဒ္ဓက [ပြင်​ဆင်​ရန်​]

ဗုဒ္ဓ မြတ်စွာဘုရား ၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆို ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ဒီမိုကရေစီပထမအစ၊ ဗုဒ္ဓက ဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု အများက သက်မှတ်ထားသော ဂရိ နိုင်ငံ တွင်ထိုစဉ်က ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊ ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) နှင့် အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) တို့ မမွေးသေးပါ။ ဗုဒ္ဓ မြတ်စွာဘုရား သည် ​ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ ၅၈၈ ခုတွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ဒဿန ဆရာကြီးကွန်ဖြူးရှပ် (ဘီစီ ၅⁠၅၁-၄၇၉) မမွေးသေးပါ။

ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များသည် ဗုဒ္ဓ မြတ်စွာဘုရား ၏ မွေးဖွားချိန်အားဘီစီ ၆၂၃ သက်တမ်းသတ်မှတ်ကြသည်။ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ဗုဒ္ဓသည် ​ကျင့်ကြံအားထုတ်ခဲ့သဖြင့် ဘီစီ ၅၈၈ တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။[၈][၉] ယနေ့ကမ္ဘာတွင် သာသနာ သက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် ဘီစီ ၅၄၃ မှစပြီး ရေတွက်သောကြောင့်၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင်၂၅၅၅ ဗုဒ္ဓ သာသနာနှစ် (၂၀၁၂+ဘီစီ ၅၄၃=၂၅၅၅ ဗုဒ္ဓ သာသနာနှစ်) ဖြစ်နေသည်။ ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်း နှင့် ဗုဒ္ဓသာသနာနှစ်ကို မှန်ကန်စွာ တွက်ချက်လိုပါက မြတ်စွာဘုရားက ဗုဒ္ဓဝါဒ ကို စတင်တည်ထောင်ခဲ့သော ဘီစီ ၅၈၈ မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မမြင့်ကြွယ်) က မှတ်ချက်ပြုခဲ့သည်။ ၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင် ၂၆၀၀ ဗုဒ္ဓ သာသနာနှစ်(၂၀၁၂+ဘီစီ ၅၈၈=၂၆၀၀ ဗုဒ္ဓ သာသနာနှစ်) ဖြစ်ရပါမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသာသနာ သက်တမ်း သည် ရွှေတိဂုံစေတီတော်၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာသက်တမ်း တွက်ချက်ပုံကို မြို့မ-မြင့်ကြွယ် ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများစာအုပ်" တွင် မြင်တွေ့နိုင်ပါသည်။ [၁၀] [၁၁] ဗုဒ္ဓဘာသာ ၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးသည် တိပိဋက ("ပိဋကတ်သုံးပုံ") ကို ဘုရားဟောတရားဓမ္မအဖြစ် လိုက်နာကျင့်ကြံကြပြီး မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေဝါရဒဗုဒ္ဓဘာသာမှ လက်မခံသော မဟာယာနသုတ်ခေါ် ကျမ်းစာများကို လိုက်နာကျင့်ကြံသည်။

ယခုခေတ် ထင်ရှားသော စကားလုံးအသုံးအနှုန်း 'ဒီမိုကရေစီ'၊ ယနေ့ကမ္ဘာ၌ အောင်မြင်လာနေသော ဒီမိုကရေစီစနစ်ကို ဗုဒ္ဓ၏ဒီမိုကရေစီဟု ဆိုရလောက်အောင်ပင် ဒီမိုကရေစီစံနှုန်းအနှစ်သာရကိုညွှန်ပြသော လမ်းညွှန်တော်မူချက်တစ်ရပ်ကို ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း(၂၆၀၀)ကျော်ကတည်းက လမ်းညွှန်တော်မူခဲ့ပေသည်။ ဗုဒ္ဓသည် အင်အားကြီးမားသော ရာဇဂြိုဟ်ပြည်ကြီးကို ကြောက်လန့်စိုးထိတ်နေရသော ဝေသာလီပြည် လိစ္ဆဝီမင်းများကို ဝေသာလီပြည်ထောင်ငယ်များ အစုအစု ရပ်တည်ခိုင်မာနိုင်ကြအောင် ဟောကြားတော်မူခဲ့ပေသည်။ ဗုဒ္ဓ၏အပရိဟာနိယသုတ်တော်မြတ်ကြီးကို လေ့လာကြည့်လျှင် အတိတ် နှစ်(၂၆၀၀)ကျော်ကတည်းက ဟောကြားလမ်းညွှန် ပြသတော်မူခဲ့သော ဗုဒ္ဓမြတ်စွာ၏ဉာဏ်တော်အမြော်အမြင်ကြီးမားပုံကို လေ့လာသုံးသပ် တွေ့ရှိနိုင်ပါသည်။ ဗုဒ္ဓ၏လမ်းညွှန်တော်မူချက် အပရိဟာနိယတရား သရုပ်ခုနစ်ပါး အနှစ်ချုပ်သည်ကား-

  • ၁။ အမြဲမပြတ် ကြိမ်ဖန်များစွာ မပြတ်မလပ် စည်းဝေးဆွေးနွေးကြခြင်း။
  • ၂။ အညီအညွတ် ဆွေးနွေးစည်းဝေး ညှိနှိုင်းတိုင်ပင်ကြပြီး၊ အညီအညွတ် ဆုံးဖြတ်လုပ်ဆောင် ဆောင်ရွက်ကြခြင်း။
  • ၃။ ရှိပြီး၊ ပြဌာန်းပြီး ကောင်းမွန်သင့်လျော်၍၊ လက်ရှိလူနေမှုဘဝတို့နှင့် အံဝင်ခွင်ကျ ကိုက်ညီသော အစဉ်အလာကောင်း ဓမ္မသတ်ကျင့်ထုံး ဥပဒေများ၊ ဖြတ်ထုံးကျင့်ထုံး စီရင်ထုံးစီရင်နည်းလမ်းများကို ဖျက်သိမ်း ပယ်ဖျက်ခြင်းခြင်းမပြုဘဲ ဆက်လက်ပြဌာန်း ကျင့်သုံးကာ၊ ရှိပြီးဥပဒေများအနက်မှ ဆက်လက်ပြဌာန်း ကျင့်သုံးရန် မသင့်လျော်၊ မကောင်းမွန် မကိုက်ညီတော့သည့် တရားဥပဒေများကို အများဆန္ဒ၊ အများစည်းဝေးဆုံးဖြတ်ချက်တို့ဖြင့် ဖျက်သိမ်းရုပ်ပယ်ခြင်း။
  • ၄။ ဂုဏ်ဝါပညာကြီးသူ၊ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကြီးမားသူများကို မြေတောင်မြှောက် ဂုဏ်ပြုပူဇော်၍၊ အကြံပြုချက် အကြံပြုစကားများကို ကြားနာခံယူခြင်း။
  • ၅။ ပြည်သူပြည်သားတို့၏ သားငယ်သမီးငယ်၊ ပိုင်ရာပစ္စည်းတို့ကို အကြောင်းမဲ့ အနိုင်အထက်ပြု ထိပါးသိမ်းပိုက် စော်ကားမှုမရှိစေရေး ပြည်သူ့အစိုးရက အာမခံ ကျင့်သုံးလိုက်နာ စောင့်ထိန်းခြင်း။
  • ၆။ နိုင်ငံ လူမျိုး ရိုးရာအစဉ်အလာ၊ ပြည်သူတို့၏ယုံကြည်မှုကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေခြင်း။
  • ၇။ ဘာသာ၊ သာသနာ ယုံကြည်မှုပေါင်းစုံတို့၏ ဘာသာရေးခေါင်းဆောင်၊ ဘာသာသာသနာ့ ဝန်ထမ်းများကို လွတ်လပ်လုံခြုံမှုရှိစေခြင်းတို့ဟူ၍ ဖြစ်သည်။

ဤသည်ကား ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ်ကြီးပင်ဖြစ်တော့သည်။ ထို့ပြင် ဗုဒ္ဓသည် အတိတ်ဘဝ ဇာတ်နိပါတ်တော်ကို ဟောကြားတော်မူလျက်၊ ကမ္ဘာဦးက မဟာသမ္မတမင်းဘဝအကြောင်း ပြန်ပြောင်းဟောပြတော်မူကာ ကမ္ဘာဦးလူသားတို့ ဘုရားလောင်းတော် ဂုဏ်သိက္ခာပညာရှိ ပညာရှင်သူတော်ကောင်းတစ်ယောက်ကို အများသဘောတူ ဆန္ဒညီညီ စုဝေးစုံညီ၍ မင်းအဖြစ် တင်မြှောက်ခဲ့ကြပုံကို လှစ်ဟထောက်ပြတော်မူပြီး၊ အများဆန္ဒတို့ကို ကိုယ်စားပြုသော အများဝန်ဆောင်ပုဂ္ဂိုလ်များကို အများဆန္ဒအရသာ တာဝန်ပေး ရွေးကောက်တင်မြှောက်သင့်ကြပုံကိုလည်း သွယ်ဝိုက်လှစ်ဟ လမ်းညွှန်တော်မူခဲ့လေသည်။

ထို့ကြောင့် ရှေးမြန်မာဘုရင်များ အဆက်ဆက် နန်းတက်ကြချိန်တွင် အဘိသိက်ရေစင်သွန်းလောင်းသည့်အခမ်းအနားတွင် သွန်းလောင်းသူများက အရှင်မင်းမြတ်အား တင်မြှောက်ကြပါသည်ဟူသော ကျမ်းသစ္စာစကားဆိုခြင်းအစဉ်အလာတစ်ရပ်ကိုထည့်သွင်းခဲ့ကြခြင်း ဖြစ်ပေသည်။

အကယ်၍ မြန်မာတို့သာ ဗုဒ္ဓ၏အမြော်အမြင်တော်၊ ဆန္ဒတော်များကို တွေးခေါ်မြော်မြင် သုံးသပ်၍၊ ဗုဒ္ဓအလိုတော်ကျ၊ ဗုဒ္ဓဆန္ဒတော်ကျ၊ လမ်းညွှန်တော်မူချက်အရ အပြည့်အဝ ဦးစွာကျင့်သုံး၊ စွန့်ဦးတီထွင်နိုင်ခဲ့ကြမည်ဆိုလျှင် ဂရိတို့၏'ဒီမိုကရေစီ'ဟူသော စကားလုံး စကားရပ်မပေါ်မီပင် မြန်မာတို့၏ ဗုဒ္ဓစာပေ စကားလုံး'အပရိဟာနိယ'ကို ကမ္ဘာတွင် တွင်ကျယ်စွာအသုံးပြုကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏အပရိဟာနိယလမ်းစဉ် အမှန်တရားတို့သည် သက်တမ်းရှည် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံတော်နှင့် ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည့် စနစ်တစ်ခုပင်ဖြစ်သည်ကိုမူ ငြင်းပယ်၍ရလိမ့်မည်မဟုတ်ချေ။ (မြတ်ဗုဒ္ဓ၏အပရိဟာနိယဒီမိုကရေစီ၊ ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းနှင့် ဗုဒ္ဓ၏အပရိဟာနိယသုတ္တန်တို့လည်း ကြည့်။)

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ [ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများ ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။[၁၂]

ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း(၂၅ဝဝ)ကျော်ကတည်းက ဗုဒ္ဓက မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓါတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။ ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ၏ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ Anatomy အနတ်တိုမီခေါ် ခန္ဓာဗေဒကိုလည်း ဗုဒ္ဓက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓက ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ်(Atom)အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူစသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒစသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။

အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်း [ပြင်​ဆင်​ရန်​]

ဗုဒ္ဓသည် နာဗာန (ပါဠိ- နိဗ္ဗာန်) တရားရှုမှတ်ခြင်း လမ်းကြောင်းကို လျှောက်လမ်းမည့် သတ္တဝါများအတွက် တစ်ဦးတည်းသော လမ်းညွှန်ပေးသူနှင့် ဆရာသခင်ဖြစ်ပြီး ၎င်းတို့အား ဘာသာရေးဆိုင်ရာ နိုးကြားခြင်း ဗောဓိကိုရရှိရန်နှင့် အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်းကို ရှိသည့်အတိုင်း တွေ့မြင်ရန်အတွက် ညွှန်ပြပေးသည်။ ဗုဒ္ဓဘာသာ စံနစ်ဖြစ်သည့် ထိုးထွင်းသိမြင်စွမ်းသောဉာဏ်နှင့် တရားထိုင်ခြင်းကျင့်စဉ်သည် စိတ်ဖြင့်အာရုံခံ၍ ယုံကြည်ရန်ဖော်ပြခြင်း မပြုနိင်ပါ။ သို့သော်၊ စိတ်၏ စစ်မှန်သောသဘာဝကို နားလည်ခြင်းဖြင့်သာ ဖော်ပြနိုင်သည်။ ၎င်းအရာကို ဗုဒ္ဓ၏အဆုံးအမများဖြင့် လမ်းညွှန်ပြသထားသော ဘာသာရေးဆိုင်ရာ လမ်းကြောင်းကို လျှောက်လမ်းခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိနိုင်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ ထောက်ပြပြောဆိုကြသည်မှာ ဗုဒ္ဓဘာသာ (ခရစ်တော်မဖွားမြင်ခင် နှစ်ပေါင်း ၅၀၀ စောပြီး ၊ အာရှအနောက် ဘက် အစွန်းအဖျား နှင့် အလက်ဇန္ဒီးယား တွင် ခရစ်တော်သက်ရှိထင်ရှား ရှိစဉ်ကာလကတည်းမှပင် ရှိနေကြသည်။) တရားရှုမှတ်ခြင်း အလေ့အကျင့်များသည် ခရစ်ယာန် ဉာဏ်ဝင်စားခြင်း ယုံကြည်မှု၏ အချို့သော အသွင်အပြင်များကိုတိုးတက်ကောင်းမွန်လာစေရန် များစွာလွှမ်းမိုးထားရှိခဲ့သည်။(ဗုဒ္ဓ အယူဝါဒ နှင့် ခရစ်ယာန်အယူဝါဒ)။ BC 543 တွင် ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၅၀၀ ကျော် တွင် ခရစ်တော် ( Jesus Christ BC 5-AD 30) သည် (Meditation) တရားရှုမှတ် ​ကျင့်ကြံအားထုတ် ခဲ့သည်။[၁၃] BC 543 တွင် ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၁၁၀၀ ကျော် တွင် တမန်တော် မိုဟာမက် ( Muhammad AD 570- AD 632) သည် (Meditation) တရားရှုမှတ် ​ကျင့်ကြံအားထုတ်ခဲ့သည်။


သာသနာဝင် [ပြင်​ဆင်​ရန်​]

တောင်ကိုရီယာဗုဒ္ဓဘာသာဘုရားကျောင်း
​ဂေါတမဗုဒ္ဓ၊ ရှေးကျသော ဂန္ဓာရတိုင်း၊ ပါကစ္စတန်မြောက်ပိုင်း,CE ၁ ရာစုနှစ်, Musée Guimet ပြတိုက်, ပါရီမြို့

ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင် [ပြင်​ဆင်​ရန်​]

  1. ဂေါတမ ဘုရားအလောင်းတော်သည်ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ဖြစ်ခဲ့လေသည်။
  2. သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ မိမိတစ်ကိုယ်တည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။
  3. သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ -
    1. ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်တို့ကို လှူခြင်း ဒါနပါရမီ၊
    2. ခြေ၊ လက်၊ နား၊ နှခေါင်းအစရှိသည်တို့ကိုလှူခြင်းဒါနဥပပါရမီ
    3. မိမိအသက်ကို လှူခြင်းဒါနပရမတ္တပါရမီ အစရှိသော ပါမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
  4. ထို့ပြင် အလွန်စွန့်နိုင်ခဲ့စွာသော -
    1. ပဒေသရာဇ်၊ ဧကရာဇ်‌၊ စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စဂ၊
    2. သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
    3. မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
    4. ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့်အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
    5. မိမိအသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ - ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
  5. ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုတိသာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်၊ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က "ဘုရာဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကိုတောင်းပန်ကြလေသည်။
  6. သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
    1. ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊
    2. ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊
    3. ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊
    4. ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊
    5. မာတုအာယုပရိစ္ဆေဒ - ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား - ဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
  7. ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု၊ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသနန္ဓေတည်နေလေသည်။
  8. ဘုရားအလောင်းတော်သည်BC 623 မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
  9. ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကိုခံစားလေသည်။
  10. ၂၉ နှစ်အရွယ် ရောက်သောအခါသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
  11. ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပါတ်လုံးကျင့်တော်မူခဲ့သည်‌။
  12. ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်။
  13. ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။)
  14. ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်‌၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော "ပုဗ္ဗေနိဝါသနုဿတိဉာဏ်"ကိုရတော်မူလေသည်။ သန်းခေါင်ယံ၌နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခုဉာဏ်"ကိုရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော "အာသဝက္ခယဉာဏ်"ကိုရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် ( ဘီစီ ၅၈ ၈) မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတူမရှိ၊ အတုမရှိသော သဗ္ဗညုတ ဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။
  15. သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
  16. ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။

ဗုဒ္ဓဝါဒ [ပြင်​ဆင်​ရန်​]

သကျမုနိမြတ်စွာဘုရားကြီး
Buddha altar, Myingyan, Myanmar.jpg

ဗောဓိ [ပြင်​ဆင်​ရန်​]

မဇ္ဇိမပဋိပဒါ (အလယ်လမ်း) [ပြင်​ဆင်​ရန်​]

ရတနာသုံးပါး [ပြင်​ဆင်​ရန်​]

ရတနာသုံးပါးသည် ဗုဒ္ဓဓမ္မနှင့် သံဃာဖြစ်ကြသည်။

သံဃာ [ပြင်​ဆင်​ရန်​]

ပရိက္ခရာ [ပြင်​ဆင်​ရန်​]

သစ္စာလေးပါး [ပြင်​ဆင်​ရန်​]

  1. ဒုက္ခသစ္စာ
  2. သမုဒယသစ္စာ
  3. နိရောဓသစ္စာ
  4. မဂ္ဂသစ္စာ

မဂ္ဂင်ရှစ်ပါး [ပြင်​ဆင်​ရန်​]

  1. သမ္မာဒိဌိ
  2. သမ္မာသင်္ကပ္ပ
  3. သမ္မာဝါစာ
  4. သမ္မာကမ္မန္တ
  5. သမ္မာအာဇီဝ
  6. သမ္မာဝါယာမ
  7. သမ္မာသတိ
  8. သမ္မာသမာဓိ

သီလ [ပြင်​ဆင်​ရန်​]

သီလဟူသည် ကျင့်ကြံ့ခြင်း၊ စောင့်ထိန်းခြင်းဟု အဓိပ္ပါယ်ရသည်။ သီလကို စာရိတ္တသီလ (ရှောင်သီလ) နှင့် ဝါရိတ္တသီလ (ဆောင်သီလ) ဟု နှစ်မျိုးကွဲပြားသည်။

သမာဓိ [ပြင်​ဆင်​ရန်​]

ပညာ [ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာနှင့် ပညာရေး [ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာကျမ်းစာများ [ပြင်​ဆင်​ရန်​]

တိပိဋက

ဗုဒ္ဓဘာသာကျမ်းစာအများစုသည် ပါဠိသို့မဟုတ် သင်္သကရိုက်ဘာသာအသုံးပြုသည်။

တိပိဋက

ဇာတ်တော်များ [ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာအထိမ်းအမှတ်များ [ပြင်​ဆင်​ရန်​]

ကြာပန်း

မဟာယာန ဗုဒ္ဓဘာသာဂိုဏ်း၏ မင်္ဂလာအထိမ်းအမှတ် ၈ မျိုးသည်

  • ခရုသင်း
  • ဓမ္မစကြာ
  • Endless Knot
  • ရွှေငါး
  • ကြာပန်း
  • ရတနာပန်းအိုး
  • ထီးတော်
  • အောင်လံ

ဆက်စပ်ကြည့်ရှုရန် [ပြင်​ဆင်​ရန်​]

ရည်ညွှန်းချက်များ [ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ [ပြင်​ဆင်​ရန်​]