ကဆုန်လပြည့် ဗုဒ္ဓနေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကဆုန်လပြည့်​နေ့​သည် ဗုဒ္ဓဘာသာဝင်တို့​၏ ​နေ့​ထူး​နေ့​မြတ်ကြီး​ ဖြစ်​ပေသည်။

  1. ဘုရား​အ​လောင်း​တော် သု​မေဓာရှင်ရ​သေ့​သည် ဤဘဒ္ဒကမ္ဘာ၌ ​လေး​ဆူ​မြောက်ဖြစ်​သော ​ဂေါတမအမည်ဖြင့်​ ဘုရား​စင်စစ် ဧကန်ဖြစ်လိမ့်​မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရား​ထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်​နေ့​တွင် ခံယူခဲ့​သည်။
  2. မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်​နေ့​တွင် ​ဂေါတမဘုရား​အ​လောင်း​တော် သိဒ္ဓတ္ထမင်း​သား​အား​ ဖွား​မြင်​တော်မူခဲ့​သည်။
  3. မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်​နေ့​ အရုဏ်တက်ချိန်တွင် ​ဂေါတမဘုရား​အ​လောင်း​တော်သည် သဗ္ဗညုတဉာဏ်​တော်ကို ရရှိ၍ ဘုရား​ဖြစ်​တော်မူခဲ့​သည်။
  4. မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်​နေ့​တွင် မလ္လာမင်း​တို့​၏ အင်ကြင်း​ဥယျဉ်၌ ဘုရား​ရှင် ပရိနိဗ္ဗာန် စံဝင်​တော်မူခဲ့​သည်။

ဤသို့​ ထူး​ခြား​ချက် ၄-ရပ်နှင့်​ ပြည့်​စုံသဖြင့်​ ဗုဒ္ဓဘာသာဝင်အ​ပေါင်း​တို့​က ကဆုန်လပြည့်​နေ့​အား​ ဘုရား​နေ့​ဟု သတ်မှတ်ခဲ့​ကြသည်။ ဘုရား​ရှင်သည် ဤ​နေ့​ဤအခါ၌ သဗ္ဗညုတ​ရွှေဉာဏ်​တော်ကို ရ​တော်မူရန်အတွက် ​ဗောဓိပင်အား​ အမှီပြု၍ တရား​အား​ထုတ်​တော်မူခဲ့​သည်။ ထို့​ကြောင့်​ ဗုဒ္ဓဘာသာဝင်တို့​သည် ​ဗောဓိပင်အား​ ​ရေသွန်း​လောင်း​ခြင်း​စ​သော ကုသိုလ်​ကောင်း​မှုတို့​ကို ပြုလုပ်ကြသည်။ ​ရေသွန်း​လောင်း​ကြသည်မှာ ကဆုန်လတွင် ​ရေရှား​ပြတ်လပ်၍ ညှိုး​လျော်အံ့​ဆဲဖြစ်​သော ​ဗောဓိပင်ကို လန်း​ဆန်း​စို​ပြေ​စေရန်အတွက် ဖြစ်​ပေသည်။

ထိုအ​လေ့​အထသည် ဗုဒ္ဓဘာသာဝင်တို့​တွင် ​ပျောက်ကွယ်သွား​ခြင်း​မရှိဘဲ ယ​နေ့​ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်​နေ့​တွင် ​ညောင်​ရေသွန်း​ပွဲများ​ ပြုလုပ်လျက်ရှိကြသည်။

ဗျာ၊ဖွား၊ပွင့်၊စံ ဤလေးတန်မှတ်ရန်ဗုဒ္ဓနေ့[ပြင်​ဆင်​ရန်​]

  • ဗျာ-ကဆုန်လပြည့်နေ့မှာဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
  • ဖွား-က‌ဆုန်လပြည့်နေ့မှာဖွားမြင်တော်မူပါသည်။
  • ပွင့်-က‌ဆုန်လပြည့်နေ့မှာဘုရားပွင့်တော်မူပါသည်။
  • စံ-က‌ဆုန်လပြည့်နေ့မှာပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင်မြတ်ဗုဒ္ဓ၏အဖြစ်တော်လေးမျိုးစလုံးတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့်ထိုနေ့သည်ထူးမြတ်သောနေ့ဖြစ်သည်။ ဗုဒ္ဓဂေါတမမြတ်စွာဘုရား ၏ ဘာသာတရားကို ဘဝနေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ပြီး ဘဝကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။

" ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတဦး" ဖြစ်သည်။ သိဒ္ဓတ္ထဂေါတမ ကို လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်ခရစ်တော်မပေါ်မီ ဘီစီ ၆၂၃ တွင် မွေးဖွားခဲ့သည်[၁] ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့ပါသည်။ [၂]

သိဒ္ဓတ္ထမင်းသားအား (နီပေါနိုင်ငံ)လုမ္ဗိနီဥယျာဉ်တော်တွင်မွေးဖွားတော်မူခဲ့သည်[ပြင်​ဆင်​ရန်​]

" ဗုဒ္ဓ"ဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမ ဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့်(သာကိယ/သက္က Shakya မျိုးနွယ်စု Shakya (Sanskrit: Śākya, Devanagari: शाक्य, Pāli: Sākiya, Sakka, or Sakya) was an ancient people of the Nepal in the 1st millennium BCE [၃].) အဆင့်မြင့်အသိုင်း အဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုအချိန်သည် ခရစ်တော်မပေါ်မှီ ဘီစီ ၆၂၃ တွင် ဖြစ်ပါသည်။ ဖခင်မှာ သာကိယမျိုးနွယ်စု Shakya ၏အကြီးအကဲဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် ဟုခေါ်သည်။ သုဒ္ဓေါဒနမင်းကြီးသည် ဂေါတမမြတ်စွာဘုရား၏ ဘခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင်လူဝတ်ကြောင်ဘဝနှင့်ပင်ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သောပုဂ္ဂိုလ်ထူးလည်းဖြစ်ပေသည်။ ကပိလဝတ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။

သိဒ္ဓတ္ထမင်းသား ၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) သည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ထိုလုမ္ဗိနီဥယျာဉ်တော်နေရာသည် ယခုခေတ် နီပေါနိုင်ငံတွင်တည်ရှိသည်။[၄][၅][၆] ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခုကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သည်။လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) မတိုင်မှီ အထိ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ သက်တော် ၂၉ နှစ် (ဘီစီ ၅၉၄) မှ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) ၆ နှစ် တိုင်တိုင် တရားရှုမှတ်ခြင်း ​ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် မှန်ကန်သော တွေးခေါ်မှု့များ၊ တရားရှုမှတ်ခြင်း၊ ဝိပဿနာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ရဟန်း တရား၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေး၊ မြတ်သောအကျင့်သီလ၊ သည်းခံမှု၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကျင့်စဉ်နှင့် မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း တို့ကို ကမ္ဘာပေါ်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံဟောပြောခဲ့သူဖြစ်သည်။[၇]

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ မြန်မာသမိုင်းပညာရှင်များ နှင့် ကမ္ဘာ့သမိုင်းပညာရှင်များကလည်း ဗုဒ္ဓမြတ်စွာဘုရား၏ မွေးဖွားချိန်အားဘီစီ ၆၂၃ ဟု ထောက်ခံ အတည်ပြုကြသည်။ ဗုဒ္ဓဝါဒမှာ God[၈] ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား God ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဟိန္ဒူဘာသာတွင် ဗုဒ္ဓဂေါတမ မြတ်စွာဘုရားအား ဟိန္ဒူ ဘုရား ဝင်စားသူဟု ယုံကြည်ကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။[၁][၉][၁၀][၁၁][၁၂] [၁၃][၁၄][၁၅][၁၆]

ရည်ညွှန်းချက်များ[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]