ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ
Flag of North Korea.svg Coat of Arms of North Korea.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
North Korea (orthographic projection).svg
မြို့တော် ပြုံယမ်းမြို့
အကြီးဆုံးမြို့ ပြုံယမ်းမြို့
ဧရိယာ
  • ဧရိယာ - ၄၆,၅၂၈ စတုရန်းမိုင် ( ၁၂၀,၅၄၀ km²) (အဆင့်: ၉၈)
  • ရေဖုံးလွှမ်းမှု - ၄.၈၇%
စံတော်ချိန်ဇုန် UTC +၉:၀၀
လူနေမှု
ရုံးသုံးဘာသာများ ကိုရီးယန်း
လူဦးရေ
နိုင်ငံရေး
အမျိုးအစား တစ်ပါတီစနစ်
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
  • လွတ်လပ်ရေးရခြင်း - ၁၉၁၉ မတ်(၁)
စီးပွားရေး
GDP(PPP) US $၄၀ ဘီလီယံ (အဆင့် - ၉၄)
GDP(PPP) US $ ၁,၉၀၀ (အဆင့် - ၁၅၄)
ငွေ မြောက်ကိုရီးယားဝမ်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .kp
Calling code +၈၅၀


မြောက်ကိုရီးယားဟုခေါ်သော ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတွင် ၁၉၇၆ ခုနှစ် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ခန့်မှန်းချက်အရ လူဦးရေမှာ ၃၄,၆၈ဝ,၆၄၄ ခန့်ဖြစ်သည်။ မြို့တော်မှာ ပြုံယမ်းမြို့ ဖြစ်သည်။ နိုင်ငံအကြီးအကဲမှာ ခေါင်းဆောင်ကြီး ကင်အီဆွန်း ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် အမေရိကန်သင်္ဘော ပွေဗလိုသည် ကိုရီးယား ရေပိုင်နက်အတွင်း ဝင်ရောက်လာသည်ကို သိရှိသဖြင့် ကိုရီးယား တပ်မတော်က ပစ်ခတ် ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယား နိုင်ငံတို့ စစ်ဖြစ်မည့်အခြေ ဆိုက်ရောက်ခဲ့ရာက တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားခဲ့ရသည်။

၁၉၆၉ ခုနှစ်ကလည်း အမေရိကန် ထောက်လှမ်းရေး လေယာဉ်သည် မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်သဖြင့် ပစ်ခတ်ရာမှ တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားစေသည့် အရေးအခင်း ဖြစ်ခဲ့လေသည်။ ၁၉၇၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရက ကိုရီးယား နှစ်နိုင်ငံရှိ နိုင်ငံရေး ပါတီများနှင့် လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သို့မဟုတ် ကြားနေနိုင်ငံတစ်ခုခုမှ ကိုယ်စားလှယ်များသည် စစ်မဲ့ဒေသဖြစ်သော ပန်မန်ဂျုံဒေသ၌ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး စေ့စပ် ဆွေးနွေးရန် လွှတ်တော်သို့ အကြံပေး တင်ပြသည်။

၁၉၇၁ ခု စက်တင်ဘာလ ၂ဝ ရက်နေ့မှစ၍ နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့များက ဦးဆောင်၍ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် စေ့စပ် ဆွေးနွေးခဲ့သော်လည်း ၁၉ ကြိမ် တိုင်သည်အထိ မပြေလည်ခဲ့ချေ။ ၁၉၇၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး၍ နှစ်ဖက်စလုံးမှ လိုက်လျောမှုများ ပြုခဲ့ကြရာ သဘောတူညီချက် ခုနစ်ချက်ကို နှစ်နိုင်ငံ မြို့တော်များ၌ ထုတ်ပြန်သည်။

ယင်းခုနှစ်ချက်မှာ ပြည်ပစွက်ဖက်မှု ကင်းရှင်းစွာ နှစ်နိုင်ငံ ချင်းသာငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် နှစ်ဖက် လက်နက်အား အသုံးပြုခြင်း ရပ်စဲရန်၊ နှစ်နိုင်ငံ နားလည်မှုဖြင့် အဆက်အသွယ်များ ပြုလုပ်နိုင်ရေး ညှိနှိုင်းရန်၊ နှစ်နိုင်ငံ ကြက်ခြေနီများ ပူးပေါင်းဆွေးနွေးပွဲ အောင်မြင်အောင် ကူညီရန်၊ စစ်ရေး စစ်ရာများ မမှျော်လင့်ဘဲ ပေါ်ပေါက်လာခြင်းကို တားနိုင်ရန်၊ နှစ်နိုင်ငံ မြို့တော်အကြား အရေးပေါ် စကားပြောကြေးနန်း ဆက်သွယ်ရန်၊ ကိုရီးယား သမ္မတနိုင်ငံမှ မစ္စတာလီဟူရက်နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံမှ အစိုးရအဖွဲ့ လမ်းညွှန်ဌာန ညွှန်ကြားရေးမှူး မစ္စတာ ကင်ယန်ဂျိုးတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်သော ကော်မတီတစ်ရပ်ဖွဲ့ ဆောင်ရွက်ရန်၊ ပြည်သူအပေါင်းရှေ့၌ ကတိသစ္စာပြု၍ သစ္စာရှိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ယင်းသဘောတူညီချက်အရ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံပေါင်းစည်းရေးသည် ယနေ့တိုင် အောင်မြင်မှု မရသေးချေ။ [၂]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Template:Ko UNFPA (2009-10-01). "한반도 인구 7천400만명 시대 임박". United Nations. Retrieved on 2010-04-14. 
  2. စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၈)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်