ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 40°N 127°E / 40°N 127°E / 40; 127

ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ
조선민주주의인민공화국
朝鮮民主主義人民共和國
[၁]
မြောက်ကိုရီးယားနိုင်ငံ၏ အလံတော်
အလံတော်
မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: 
애국가
"အယ်ဂွတ်ကာ"
("မျိုးချစ်သီချင်း")
မြောက်ကိုရီးယားမှ ထိန်းချုပ်ထားနိုင်သော မြေအား အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေအား အစိမ်းဖျော့ဖြင့် ဖော်ပြထားသည်။
မြောက်ကိုရီးယားမှ ထိန်းချုပ်ထားနိုင်သော မြေအား အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေအား အစိမ်းဖျော့ဖြင့် ဖော်ပြထားသည်။
မြို့တော်
နှင့် အကြီးဆုံးမြို့
ပြုံယမ်းမြို့
39°2′N 125°45′E / 39.033°N 125.750°E / 39.033; 125.750
ရုံးသုံး ဘာသာစကားများကိုရီးယား (မွန်ဟွာအော)[၂]
တရားဝင်အက္ခရာဂျိုဆွန်းဂူးလ်[၃]
ကိုးကွယ်မှုမရှိ
အစိုးရမျိုးရိုးဆက်ခံ အာဏာရှင်စနစ်တစ်ပါတီစနစ်နှင့် အကြွင်းမဲ့အာဏာရှင်ဝါဒီကျင့်သုံးသော တစ်ပြည်ထောင် ဂျူချဲဝါဒီ သမ္မတနိုင်ငံ[၄][၅][၆][၇]
ကင်ဂျုံအွန်[မှတ်စု ၁]
ချိုရယောင်ဟေး [မှတ်စု ၂]
• [[[မြောက်ကိုရီးယား နိုင်ငံတော်ရေးရာကော်မရှင်|နိုင်ငံတော်ရေးရာကော်မရှင်၏ ဒုဥက္ကဋ္ဌ]]
ပက်ပုံဂျူး
ဥပဒေပြုလွှတ်တော်အဓိပတိပြည်သူ့လွှတ်တော်
တည်ထောင်ခြင်း
၁၉၄၅ ခုနှစ် အောက်တိုဘာ ၃ ရက်
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်
• DPRKအား တည်ထောင်ခဲ့
၁၉၄၈ ခုနှစ် စက်တင်ဘာလ ၉ ရက်
၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်
၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်
• ပန်မွန်ဂျုံ ကြေညာချက်
၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်
ဧရိယာ
• စုစုပေါင်း
၁၂၀,၅၄၀ km2 (၄၆,၅၄၀ sq mi)[၈] (အဆင့်: ၉၇)
• ရေထု (%)
၀.၁၁
လူဦးရေ
• ၂၀၁၆ ခန့်မှန်း
၂၅,၃၆၈,၆၂၀[၉] (အဆင့် - ၅၅)
• ၂၀၀၈ သန်းခေါင်စာရင်း
၂၄,၀၅၂,၂၃၁[၁၀]
• သိပ်သည်းမှု
၂၁၁/km2 (၅၄၆.၅/sq mi) (အဆင့် - ၄၅)
GDP (PPP)၂၀၁၄ ခန့်မှန်း
• စုစုပေါင်း
$၁,၂၃၉ ထရီလီရမ်[၁၁]
• Per capita
$၈,၉၉၀[၁၂]
GDP (nominal)၂၀၁၇ ခန့်မှန်း
• စုစုပေါင်း
$၉၂၁ဘီလီယံ[၁၃][၁၄]
• Per capita
$၉,၈၈၈[၁၄]
ငွေကြေးမြောက်ကိုရီးယား ဝမ် (₩) (KPW)
အချိန်ဇုန်ပြုံယမ်း စံတော်ချိန်[၁၅] (UTC+9)
ရက်စွဲပုံစံ
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၉၉၀[၁၆]
Internet TLD.kp[၁၇]

မြောက်ကိုရီးယား (တရားဝင်အမည် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ) သည် အရှေ့အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်၏ မြောက်ဘက်တစ်ဝက်တွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြောက်ဘက်တွင် Yalu (Amnok) နှင့် Tumen မြစ်များ၊ တောင်ဘက်တွင် ကိုရီးယားစစ်မဲ့ဇုန်ရှိ တောင်ကိုရီးယားနိုင်ငံတို့ဖြစ်သည်။ ပင်လယ်ဝါဖြင့် ၎င်း၏ အနောက်ဘက်နယ်စပ်ကို ဖွဲ့စည်းထားပြီး၊ အရှေ့ဘက်နယ်စပ်ကိုမူ ဂျပန်ပင်လယ်က သတ်မှတ်ထားသည်။ မြောက်ကိုရီးယားသည် ၎င်း၏ တောင်ပိုင်းမဟာမိတ်ကဲ့သို့ပင် ကျွန်းဆွယ်တစ်ခုလုံးနှင့် ကပ်လျက်ကျွန်းစုများ၏ တရားဝင်အစိုးရဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ပြုံယမ်းမြို့သည် ၎င်း၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် အမေရိကန်သင်္ဘော ပွေဗလိုသည် ကိုရီးယား ရေပိုင်နက်အတွင်း ဝင်ရောက်လာသည်ကို သိရှိသဖြင့် ကိုရီးယား တပ်မတော်က ပစ်ခတ် ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယား နိုင်ငံတို့ စစ်ဖြစ်မည့်အခြေ ဆိုက်ရောက်ခဲ့ရာက တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားခဲ့ရသည်။

၁၉၆၉ ခုနှစ်ကလည်း အမေရိကန် ထောက်လှမ်းရေး လေယာဉ်သည် မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်သဖြင့် ပစ်ခတ်ရာမှ တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားစေသည့် အရေးအခင်း ဖြစ်ခဲ့လေသည်။ ၁၉၇၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရက ကိုရီးယား နှစ်နိုင်ငံရှိ နိုင်ငံရေး ပါတီများနှင့် လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သို့မဟုတ် ကြားနေနိုင်ငံတစ်ခုခုမှ ကိုယ်စားလှယ်များသည် စစ်မဲ့ဒေသဖြစ်သော ပန်မန်ဂျုံဒေသ၌ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး စေ့စပ် ဆွေးနွေးရန် လွှတ်တော်သို့ အကြံပေး တင်ပြသည်။

၁၉၇၁ ခု စက်တင်ဘာလ ၂ဝ ရက်နေ့မှစ၍ နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့များက ဦးဆောင်၍ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် စေ့စပ်ဆွေးနွေးခဲ့သော်လည်း ၁၉ ကြိမ် တိုင်သည်အထိ မပြေလည်ခဲ့ချေ။ ၁၉၇၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး၍ နှစ်ဖက်စလုံးမှ လိုက်လျောမှုများ ပြုခဲ့ကြရာ သဘောတူညီချက် ခုနစ်ချက်ကို နှစ်နိုင်ငံ မြို့တော်များ၌ ထုတ်ပြန်သည်။

ယင်းခုနှစ်ချက်မှာ

  1. ပြည်ပ စွက်ဖက်မှုကင်းရှင်းစွာ နှစ်နိုင်ငံ ချင်းသာငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်
  2. နှစ်ဖက် လက်နက်အား အသုံးပြုခြင်း ရပ်စဲရန်
  3. နှစ်နိုင်ငံ နားလည်မှုဖြင့် အဆက်အသွယ်များ ပြုလုပ်နိုင်ရေး ညှိနှိုင်းရန်
  4. နှစ်နိုင်ငံ ကြက်ခြေနီများ ပူးပေါင်းဆွေးနွေးပွဲ အောင်မြင်အောင် ကူညီရန်
  5. စစ်ရေး စစ်ရာများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခြင်းကို တားနိုင်ရန် နှစ်နိုင်ငံ မြို့တော်အကြား အရေးပေါ် စကားပြောကြေးနန်း ဆက်သွယ်ရန်
  6. ကိုရီးယား သမ္မတနိုင်ငံမှ မစ္စတာလီဟူရက်နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရအဖွဲ့ လမ်းညွှန်ဌာန ညွှန်ကြားရေးမှူး မစ္စတာ ကင်ယန်ဂျိုးတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်သော ကော်မတီတစ်ရပ်ဖွဲ့ ဆောင်ရွက်ရန်
  7. ပြည်သူအပေါင်းရှေ့၌ ကတိသစ္စာပြု၍ သစ္စာရှိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ယင်းသဘောတူညီချက်အရ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံပေါင်းစည်းရေးသည် ယနေ့တိုင် အောင်မြင်မှု မရသေးချေ။[၁၈]

မှတ်စုများ[ပြင်ဆင်ရန်]

  1. Kim Jong-un holds four concurrent positions: General Secretary of the Workers' Party, Chairman of the Central Military Commission, en:President of the State Affairs Commission and Supreme Commander of the Armed Forces.
  2. Choe Ryong-hae represents North Korea internationally. The Presidency was written out of the constitution in 1998. ကင်အီဆွန်း, who died in 1994, was declared "eternal President" in its preamble.

ကိုးကား[ပြင်ဆင်ရန်]

  1. Administrative Population and Divisions Figures (#26) (PDF)။ DPRK: The Land of the Morning Calm။ Permanent Committee on Geographical Names for British Official Use (2003-04)။ 25 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-10-10 တွင် ပြန်စစ်ပြီး။
  2. Minahan၊ James B. (2014)။ Ethnic Groups of North, East, and Central Asia: An Encyclopedia။ Santa Barbara: ABC-CLIO။ p. 147။ ISBN 978-1-61069-018-8[လင့်ခ်သေ]
  3. Alton၊ David; Chidley၊ Rob (2013)။ Building Bridges: Is There Hope for North Korea?။ Oxford: Lion Books။ p. 89။ ISBN 978-0-7459-5598-8
  4. "North Korea country profile"၊ BBC News၊ 9 April 2018။ 
  5. Kim Jong Un's North Korea: Life inside the totalitarian state
  6. Totalitarianism။ Encyclopædia Britannica (2018)။
  7. "Korea, North"Britannica Book of the Year 2014။ London: Encyclopedia Britannica, Inc.။ 2014။ p. 642။ ISBN 978-1-62513-171-3
  8. Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density (PDF)။ United Nations Statistics Division။ 2012။ p. 529 November 2014 တွင် ပြန်စစ်ပြီး
  9. World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။ 10 September 2017 တွင် ပြန်စစ်ပြီး။
  10. DPR Korea 2008 Population Census National Report။ DPRK Central Bureau of Statistics (2009)။ 31 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2021 တွင် ပြန်စစ်ပြီး။
  11. GDP (PPP) Field listing။ CIA World Factbook။ 25 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2021 တွင် ပြန်စစ်ပြီး။
  12. GDP (PPP) per capita Field listing။ CIA World Factbook။ 25 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2021 တွင် ပြန်စစ်ပြီး။
  13. National Accounts Main Aggregate Database။ United Nations Statistics Division (December 2012)။ 5 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. ၁၄.၀ ၁၄.၁ North Korean Economy Watch » GDP statistics။ 8 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2017 တွင် ပြန်စစ်ပြီး။ Hyundai Research Institute (South Korea)
  15. Decree on Redesignating Pyongyang Time (30 April 2018)။ 5 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2018 တွင် ပြန်စစ်ပြီး။
  16. Telephone System Field Listing။ CIA The World Factbook။ 25 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2021 တွင် ပြန်စစ်ပြီး။
  17. "North Korea Accidentally Reveals It Only Has 28 Websites"၊ 21 September 2016။ 
  18. စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၈)