အဝိဇ္ဇာ
Wikipedia မှ
အဝိဇ္ဇာ [ပြင်ဆင်ရန်]
အဝိဇ္ဇာဆိုတာ မသိတာ။
ဘာကိုမသိတာလဲဆို သစ္စာလေးပါး မသိတာ။
ဒုက္ခသစ္စာ - သမုဒယသစ္စာ - နိရောဓသစ္စာ - မဂ္ဂသစ္စာ။
- ဒုက္ခက ဆင်းရဲတာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲတာအမှန်ကို ဒုက္ခသစ္စာ၊
- သမုဒယက ဖြစ်ကြောင်း၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲ-ကြောင်းအမှန်ကို သမုဒယသစ္စာ၊
- နိရောဓက ချုပ်ရာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲ-ချုပ်ရာအမှန်ကို နိရောဓသစ္စာ၊ (နိဗ္ဗာန်)
- ဆင်းရဲချုပ်ရာရောက်ကြောင်း အကျင့်ကောင်းအမှန်ကို မဂ္ဂသစ္စာ၊
သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာကို အဝိဇ္ဇာ၊
မသိခြင်း လက္ခဏာ၊ တွေဝေခြင်းကိစ္စရှိတာ အဝိဇ္ဇာ၊
အမှန်ကို မသိ၊ အမှားကိုသိတတ်တဲ့ သဘောရှိလို့ မိစ္ဆာဉာဏ်။
[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မိုးကုတ်တရား