အဘိဓမ္မာပိဋကတ်
|
ဘာသာတရား |
|
| သမိုင်း | |
| ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
| ဘုရားများ | |
| နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
| ဆရာ (အစရိယ) | |
| သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်) | |
| လက္ခဏာရေးသုံးပါး | |
| အနိစ္စ - အနတ္တ - ဒုက္ခ | |
| ရတနာသုံးပါး | |
|
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ |
|
| အယူဝါဒ | |
| သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
| တိပိဋကနှင့်ကျမ်းစာများ | |
| တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
| အဆင့်များ | |
| ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
| ကျင့်စဉ်များ | |
| သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
| ဂါထာများ | |
| ကျင့်၀တ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ သြကာသ၊ ပုတီးစိပ်နည်း၊ | |
| ဂိုဏ်းများ | |
| ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
| နိုင်ငံနှင့်ဒေသများ | |
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကိုတာ၀တိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီးမယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက် အနောတတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီးအရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ်ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာဧတဒဂ်ဖြစ်သည့်အတွက် ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး ရဟန်းတော်များကိုပို့ချခဲ့ပါသည်။ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်ပါသည်။
အဘိဓမ္မာ [ပြင်ဆင်ရန်]
အဘိဓမ္မာသည် သတ္တလောက ဩကာသလောက သင်္ခါရရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့်နိဗ္ဗာန် အကြောင်းကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကိုဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်ပါသည်။
အဘိဓမ္မာတရားတော်ကို ဟောကြားပုံနည်းအရ ကျမ်းခုနှစ်ကျမ်းခွဲခြားထားပါသည်။
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း (ဝိဘင်္ဂ)
(၃) ဓာတုကထာ
(၅) ကထာဝတ္ထု
(၆) ယမိုက် (ယမက)