ရှောင်လင်ကျောင်းတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှောင်လင်ကျောင်းတော်ပင်မမုခ်ဦးအဝင်ပုံ

ရှောင်လင်ကျောင်းတော် (သို့မဟုတ်) ရှောင်လင်ဘုရားကျောင်း ( တရုတ်: 少林寺 ; ပင်ယင်း : Shàolínsi )သည် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟန်နန် ပြည်နယ် ဆောန်ရှန်း တောင်တန်း (Song Shan)ပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း တစ်ခုဖြစ်ပါသည်။ ရှောင်လင်ကျောင်းတော်ကို ဧကရာဇ်ရှောင်ဝမ် (孝文帝) က အေဒီ ၄၇၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးသော ကျောင်းထိုင်ဘုန်းကြီးမှာ ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ ၄၆၄ တွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော် ဘတ်တူ (Batuo) ( ဖော့တူ(Fotuo) သို့မဟုတ် ဘဒ္ဒရာ (Bhadra - the Chinese transposition of Buddha)) ဖြစ်လေသည်။ တရုတ်ကိုယ်ခံပညာနှင့် အထူးသဖြင့် ရှောင်လင်ကွန်ဖူးနှင့် တွဲဖက်၍ နှစ်ရှည်လများ ထင်ရှားခဲ့သည်။ အနောက်ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်တစ်ခုဟုပင်ဆိုနိုင်သည်။

[ပြင်​ဆင်​ရန်​] နာမည်

ရှောင်လင် (少林) ဟူသောဝေါဟာရတွင် ရှောင်(少) မှာ ဆောန်ရှန်း တောင်တန်း(嵩山) ပေါ်ရှိ ရှောင်ရှိတောင်(少室山) ကိုကိုယ်စားပြု ၍ လင်(林) ၏အဓိပါယ်မှာ တောအုပ် ဖြစ်သည်။ အတိအကျအားဖြင်.ဆိုသော် ရှောင်လင် ဆိုသည်မှာ ရှောင်ရှိတောင်ရှိတောအုပ်များထဲမှ ကျောင်းတော် ဟု အဓိပ္ပါယ်ရပါသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်