ဥပါဒါန်လေးပါး

ဝီကီပီးဒီးယား မှ

ဥပါဒါန်မျိုး ၄-ပါး။ (ဖားကို မြွေဖမ်းသကဲ့သို့) မိမိနှစ်သက်ရာအာရုံကို မစွန့်လွှတ်နိုင်ဘဲ ပြင်းပြင်းထန်ထန် စွဲစွဲလမ်းလမ်းယူတတ် (အာရုံပြုတတ်သော) တရား ၄-ပါး။

  • (၁) ကာမုဒါဒါန် = ဝတ္ထုအာရုံ ကာမဂုဏ်ကို စွဲလမ်းတတ်သော လောဘ။ (လောဘမူစိတ် ၈ ပါး၌ ရှိသော လောဘစေတသိက်)လောဘ
  • (၂) ဒိဋ္ဌုပါဒါန် = မှားသောမြင်ခြင်းဖြင့် စွဲလမ်းတတ်သော ဒိဋ္ဌိတရား။ သီလဗ္ဗတပရာမာသ၊ အတ္တဝါဒဒိဋ္ဌိ ၂ မျိုးမှတစ်ပါး ကြွင်းဒိဋ္ဌိအမျိုးမျိုး။ (လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ရှိသော ဒိဋ္ဌိစေတသိက်)
  • (၃) သီလဗ္ဗတုပါဒါန် = ခွေးတို့၏အလေ့အကျင့်၊ နွားတို့၏အလေ့အကျင့်၊ မြင်းတို့၏အလေ့အကျင့်၊ စသည်ဖြင့် သံသရာမှစင်ကြယ်၏၊ သံသရာမှ လွတ်မြောက်၏ဟု မှားမှားယွင်းယွင်း စွဲလမ်းတတ်သော ဒိဋ္ဌိတရား။ (လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ရှိသော ဒိဋ္ဌိစေတသိက်)
  • (၄) အတ္တဝါဒုပါဒါန် = ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်ဖြင့် "အတ္တရှိ၏" ဟု မှားမှားယွင်းယွင်း စွဲလမ်းတတ်သော ဒိဋ္ဌိတရား။ (လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ရှိသော ဒိဋ္ဌိစေတသိက်)


ဘာသာဋီကာကျမ်းပြု မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ၏ အခြေပြုသင်္ဂြိုဟ်ကျမ်း