မြင့်ကြွယ်၊ မြို့မ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြို့မ-မြင့်ကြွယ်
Myoma Myint Kywe.jpg
'
မွေးသက္ကရာဇ် ၁၄ ဧပြီ ၁၉၆၀
အမည်ရင်း ဦးမြင့်ကြွယ်
မိဘအမည် မြို့မ-ဦးသန်းကြွယ်ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်း
မွေးဖွားရာဒေသ ပုဇွန်တောင်မြို့နယ် ရန်ကုန်တိုင်း
နိုင်ငံသား မြန်မာနိုင်ငံ Flag of Myanmar.svg
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ပညာရေးမဟာဘွဲ့၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့
အလုပ်အကိုင် ညွှန်ကြားရေးမှုး (အငြိမ်းစား)၊ Myanmar Family History and Genealogy ၊ စာရေးဆရာသမိုင်းပညာရှင်ကရာတေး နည်းပြချူပ်
ကြင်ဖော် ဒေါ်ခိုင်ခိုင်ဝင်း
သားသမီး မသော်တာဝင်း၊ မစုစုစံ
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာသမိုင်းပညာရှင်ကရာတေးအားကစားသမားကရာတေးနည်းပြချူပ်
ထင်ရှားသည့်လက်ရာများ မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ မဟာဝံသယုဝပဏ္ဍိတဘွဲ့ စာပေဗိမာန်စာမူဆု ရန်ကုန်တိုင်းကရာတေး Champion ပထမဆု စင်ကာပူ နိုင်ငံ အာရှနိုင်ငံများဆိုင်ရာ ဗုဒ္ဓဘာသာ စာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့်​ အနုပညာဆိုင်ရာစာ​ပေဆု၊​ စာပ​ဒေသာ ပထမဆု
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


သမိုင်းပညာရှင် စာရေးဆရာ မြို့မ-မြင့်ကြွယ်

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

စာရေးဆရာ သမိုင်းပညာရှင် မြို့မ-မြင့်ကြွယ် ၏ အမည်ရင်းမှာ ဦးမြင့်ကြွယ် ဖြစ်သည်။ အဖ မြို့မ-ဦးသန်းကြွယ်(ပင်လုံစာချုပ်) နှင့် အမိ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်းတို့မှ ၁၉၆၀ပြည့်နှစ် ဧပြီလ ၁၄ ရက် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် တွင် မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ ၄ ဦး(ဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ စာရေးဆရာ-သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) တွင် အငယ်ဆုံး ဖြစ်သည်။ ဘဝတစ်သက်တာတစ်လျှောက်တွင် ဆေးလိပ် နှင့် အရက်သေစာ အသောက်အစား ကင်းရှင်းသူ (Teetotaler) တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ဦးမြင့်ကြွယ်သည် ပညာရေးမဟာဘွဲ့ ၊ မဟာဝံသယုဝပဏ္ဍိတဘွဲ့ ၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ များကို ရရှိခဲ့သည်။ ဗမာလူမျိုး ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည်သူဖြစ်သည်။ ဂျီစီဘီအေ ခေါင်းဆောင်၊သမာဓိ မြို့ဝန် ပန်း​ကန်​စက် ဦးသော် ၏ မြေးအရင်း ဖြစ်သည်။ ပန်း​ကန်​စက် ဦးသော် သည် မြန်မာပြည် ၏ ပထမဆုံး ပန်း​ကန်​စက်ပိုင်ရှင် နှင့် စတင်တည်ထောင်သူ ဖြစ်သည်။ ပန်း​ကန်​စက် ဦးသော်သည် စီးပွားကုန်သွယ်မှုလုပ်ငန်းများတွင် ကျွမ်းကျင်သူဖြစ်၍ မြန်မာကုန်သည်တို့၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သည်။

သတင်းစာဆရာ စာရေးဆရာ ကရာတေးသိပ္ပံ ကျောင်းအုပ်ဆရာကြီး မြို့မ မြင့်ကြွယ်[ပြင်​ဆင်​ရန်​]

မြန်မာစာရေးဆရာ နှင့် သတင်းစာဆရာ အဖွဲ့ဝင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် စာပေဆောင်းပါးများ‌စတင်ရေးသားခဲ့သည်။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ခဲ့သည့်အပြင် မြို့ မ ဟူ သော အမည် ကို ဂုဏ်ယူသောကြောင့် မြို့ မ-မြင့်ကြွယ် ဟူသော ကလောင်အမည် ကို ယူထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းပညာရပ်၊ ကရာတေး၊ ဗုဒ္ဓဘာသာ၊ ပညာရေး တို့နှင့် ပတ်သက်သည့်မြန်မာစာပေဆိုင်ရာ စာတမ်း၊ စာအုပ်ပေါင်း (၁၅၀) ကျော်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားပြုစုခဲ့သည်။ ယောနိ‌သော မနသိကာရ မှာ မြို့မ မြင့်ကြွယ် ၏ စာရိတ္တ အရင်းခံလည်းဖြစ်သည်။ သူသည် ပကတိတည်ငြိမ်‌သောစိတ်နှင့် အစဉ်ပြုံး၍ ‌နေတတ်ခြင်း‌ကြောင့် လူချစ်လူခင်‌ပေါများ‌သော ပုဂ္ဂိုလ် ဖြစ်‌ပေသည်။ ၁၉၇၈ ခုနှစ်တွင် ဆိုရှိကိ ကရာတေး အသင်း ၏ တည်ထောင်သူနှင့်နည်းပြချုပ်(Soshiki Karate Club founder and chief instructor) ဖြစ်သည်။ ရှိုတိုကန် ကရာတေး (Shotokan Style) ဖြစ်သည်။ ကရာတေးသိပ္ပံ Institute of Karate ၏ ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သည်။ ဂျူဒိုပညာကိုအဖွဲ့ချုပ် Judo Federation ဖွဲ့စည်းပြီး ဆောင်ရွက်သကဲ့သို့ ကရာတေးပညာကိုလည်း အဖွဲ့ချုပ် Karate Federation အဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အစိုးရသို့ စာဖြင့်လည်းကောင်း၊ ၁၉၈၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် ကြေးမုံသတင်းစာမှလည်းကောင်း စတင်ရေးသားအကြံပြုခဲ့သည်။ ၁၉၈၁ ခုနစ်တွင် ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကရာတေး ဆိုင်ရာ သုတေသနကျမ်း Thesis: Kihon (基本, きほん), Kata (型 or 形), Kumite (組手) " The 3 Ks process of Karate" အား ဂျပန်ကရာတေး အသင်း (J.K.A 日本 空手 協会; Nihon Karate Kyokai ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား[၁][၂]က အသိမှတ်ပြု လက်ခံခဲ့သည်။ ဂျပန်ကရာတေး အသင်းမှ ကရာတေးနည်းပြဆရာအဖြစ်အသိမှတ်ပြုခဲ့သည်။

ကရာတေးအသင်းများကိုကျွန်းတောလမ်း စမ်းချောင်းမြို့နယ် တွင်လည်းကောင်း၊ ၃၅၃၊ မြို့မကျောင်းလမ်း အ.ထ.က(၂)ဒဂုံ မြို့ မကျောင်း ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် ၏ နောက်ဘက်ရှိ အင်းလျားလမ်း ကမာရွတ်မြို့နယ်(ဦးဘဘကြီး) ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပြည်လမ်း လိပ်ခုံးခန်းမ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၁၀၅ ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်လျားလမ်း ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဘန်ကောက်မြို့တွင်လည်းကောင်း ၁၉၇၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တည်ထောင်ဖွင့်လှစ်ပို့ချခဲ့သည်။ ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဆိုရှိကိ တိုက်ခိုက်ရေးပညာ (Combat karate techniques) များ သာမက ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား (Morality)၊ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သောလူ့ကျင့်ဝတ်ပညာ(Ethics) စသည်တို့ကိုလည်း ပြည်တွင်းပြည်ပတွင် စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။ ငွေကြေးချို့တဲ့သူများဆိုပါက အခမဲ့(Free of charge) ကရာတေးသင်ပေးခဲ့သည်။

ရန်ကုန်တိုင်းကရာတေး KUMITE (組手 空手 free sparring) championship ပထမဆု ၊​ စင်ကာပူ နိုင်ငံ အာရှဗုဒ္ဓဘာသာ စာပေဆု၊​ မြန်မာ့ယဉ်ကျေးမှုနှင့်​ အနုပညာဆိုင်ရာစာ​ပေဆု၊​ စာပ​ဒေသာ ပထမဆု၊ သမိုင်း ပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း ၏ ဂုဏ်ထူးဆောင်စာ​ပေဆု၊​ စာပေဗိမာန်စာမူဆု များ‌ ရခဲ့သည်။ မြို့မကျောင်း(၇၅)နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅) နှင့် ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် (၇၅)နှစ်ပြည့် စိန်ရတုပွဲ ကျင်းပခဲ့ရာတွင် သမိုင်းပညာရှင် တစ်ဦး အနေဖြင့် ပါဝင်ခဲ့သည်။

ရေးသားခဲ့သော ထင်ရှားသည့် စာအုပ်စာတမ်းအချို့မှာ[ပြင်​ဆင်​ရန်​]

  1. မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ
  2. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ
  3. မဟာမြန်မာတို့ ၏ ရှေးဦးပထမအစ
  4. The Buddha (BC 623-BC 543) [၃]
  5. Forgive and Love Each Other [၄]
  6. Let's Meditate for Love, Peace and Happiness[၅]
  7. About the Karate [၆]
  8. Parents and Children [၇]
  9. Today Combat Karate is popular martial arts of U.S. Army[၈]

ပြည်ပခရီးများ နှင့် ဘာသာရေး ဆောင်ရွက်ချက်[ပြင်​ဆင်​ရန်​]

မြို့မ-မြင့်ကြွယ်သည် ၁၉၈၇ မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူတရုတ်ဂျပန်ဂျာမနီအင်္ဂလန်ထိုင်းဖိလစ်ပိုင်မလေးရှားအင်ဒိုနီးရှားတောင်ကိုရီးယားနယ်သာလန် စသော နိုင်ငံများသို့ လှည့်လည် သွားရောက် ခဲ့သည်။ သင်တန်းများ တက်ရောက်ခဲ့သည်။ သင်တန်းများလည်း ပို့ချခဲ့သည်။ နိုင်ငံခြားသားများက Historian Myoma Myint Kywe / Karate Myint / อาจารย์ Myint kywe / Myint Kywe 先生 ဟု ခေါ်ဝေါ် လေ့ ရှိသည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင် လိုက်နာ ကျင့်ကြံခဲ့ပြီး၊ ပြည်တွင်း၊ ပြည်ပ၌လည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လူငယ်များအတွက် ဗုဒ္ဓဘာသာ ဆိုင်ရာ စာပေများကို ရေးသားဖြန့်ဖြူး ဟောပြောပို့ချလျက်ရှိသည်။ [၉][၁၀]

မိသားစု[ပြင်​ဆင်​ရန်​]

သူ၏ဖခင် မြို့မ-ဦးသန်းကြွယ် သည်‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’( ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင် နှင့်အမှုဆောင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင် ဦးဆောင် ခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် ၁၉၄၆ မှ ၁၉၄၈ အထိ မြန်မာနိုင်ငံလွတ်လပ်ရေးကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖခင် မြို့မ-ဦးသန်းကြွယ် သည် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင်ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။ [၁၁]

မြို့မ-မြင့်ကြွယ်သည်၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဒေါ်ခိုင်ခိုင်ဝင်း နှင့် လက်ထပ်ခဲ့သည်။ သမီး ၂ ယောက် ထွန်းကားခဲ့သည်။ မသော်တာဝင်း နှင့် မစုစုစံ တို့ဖြစ် သည်။

ဆက်စပ်လေ့လာရန်[ပြင်​ဆင်​ရန်​]

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Masatoshi_Nakayama
  2. http://www.jka.or.jp/english/about/nakayama.html
  3. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/the-buddha-%28bc-623bc-543%29
  4. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/forgive-and-love-each-other-researched-by-myoma-myint-kywe
  5. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/lets-meditate-for-love-peace-and-happiness
  6. http://archive.today/7uS1b
  7. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/parents-and-childre
  8. http://karateandknowledge.blogspot.com/p/blog-page_30.html
  9. https://duckduckgo.com/1/c/Theravada_Buddhism_writers
  10. http://lists.lucywho.com/burmese-celebrities-c19256562/m.html
  11. http://www.cyclopaedia.fr/wiki/Myoma_Myint_Kywe
  1. http://www.booksllc.net/book.cfm?id=3442729
  2. http://m.lucywho.com/p16953681/burmese-writers/
  3. http://www.bornglorious.com/birthday/?ct=/m/04xn_&pd=04
  4. http://factsanddetails.com/southeast-asia/Myanmar/sub5_5e/entry-3081.html
  5. http://m.lucywho.com/p17100511/burmese-historians/
  6. https://allfamouspeople.wordpress.com/page/15/
  7. http://en.wikipedia.org/wiki/Culture_of_Burma
  8. http://en.wikipedia.org/wiki/Panglong_Conference
  9. http://en.wikipedia.org/wiki/Aung_San
  10. http://missions.itu.int/~myanmar/04nlm/n041123.htm#Winners%20of%20Sarpay%20Beikman%20Manuscript%20Award%20announced.
  11. http://www.thefullwiki.org/Myoma_Myint_Kywe#Top_page
  12. http://www.thefullwiki.org/Myoma_Myint_Kywe
  13. http://missions.itu.int/~myanmar/07nlm/n070131.htm
  14. http://top-topics.thefullwiki.org/Burmese_historians
  15. http://en.wikipedia.org/wiki/List_of_historians
  16. http://www.letsrun.com/forum/flat_read.php?thread=4623761&page=5
  17. http://en.wikipedia.org/wiki/Myoma_Myint_Kywe
  18. http://my.wikipedia.org/wiki/%E1%80%94%E1%80%AF%E1%81%8A_%E1%80%A6%E1%80%B8
  19. http://my.wikipedia.org/wiki/%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%BD%E1%80%9A%E1%80%BA%E1%81%8A_%E1%80%A6%E1%80%B8_%28%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%99%29
  20. http://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%99_%E1%80%A1%E1%80%91%E1%80%80%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
  21. http://www.myanmarbook.com/Default.asp?Action=mbcgtail&par=M-2199
  22. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်း စာအုပ်
  23. ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
  24. ၁၉၈၀ မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  25. မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ
  26. မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒန်းအစ
  27. မဟာမြန်မာတို့ ၏ ရှေးဦးပထမအစ
  28. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/the-buddha-%28bc-623bc-543%29
  29. http://www.booksie.com/myoma_myint_kywe