ဂေါတမဗုဒ္ဓ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်၀တ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့်သြကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရား သည် ဤ ဘဒ္ဒကမ္ဘာ တွင် ပွင့်တော်မူခဲ့သော ကကုသန် ဗုဒ္ဓမြတ်စွာဘုရားကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရားကဿပ ဗုဒ္ဓမြတ်စွာဘုရားဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူတွင် နောက်ဆုံး ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သည်။ ဗုဒ္ဓဂေါတမ ၏ ဘာသာတရားကို ဘဝနေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ပြီး ဘဝကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။ ( ဤ ဘဒ္ဒကမ္ဘာ တွင်ပဉ္စမ မြောက် ဗုဒ္ဓမြတ်စွာဘုရားအဖြစ် မေတ္တေယျ ဗုဒ္ဓမြတ်စွာဘုရား သည် နောက်ဆုံးပွင့်တော်မူလတ္တံ့ ဖြစ်သည်။) ဘဒ္ဒကမ္ဘာ တွင် ဘုရားငါးဆူပွင့်သည်။

မာတိကာ

သဗ္ဗေညုတ ဉာဏ်တော်ရှင် (ဘုရား) supreme Buddha[ပြင်​ဆင်​ရန်​]

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား(ဂေါတမဗုဒ္ဓ မြတ်စွာဘုရား) က လောကသုံးပါး ရှိရှိသမျှ လူ-နတ်-ဗြဟ္မာ-Gods အားလုံးတို့ တွင် ငါသည် ဩဇာအကြီးမားဆုံး အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင်(ဘုရား) စင်စစ် ဖြစ်သည် ..ငါသည်အဓိကထိပ်ဆုံး ဖြစ်သည် [၁][၂] (I am the supreme Saint , the chief of the world and universe, the Perfect One, the supreme Buddha.)..ဟု မိန့်ဆိုတော်မူခဲ့သည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉) ပါး တွင် သတ္ထာဒေဝ မနုဿာနံ--- နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင်(ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။[၃][၄] ငါသည် ဖန်ဆင်းရှင်ထာ၀ရဘုရား God ဟု မိန့်ဆိုတော်မမူခဲ့ပါ (Buddha is not a creator God ) ။ ကမ္ဘာလောက နှင့် နတ်(God)- လူ- ဗြဟ္မာ-သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်။ [၅]ဗုဒ္ဓဘာသာ တခုတည်းကသာ ဘုရားယုံကြည်ခြင်း ကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ တစ်လောကလုံး၌ ရှိရှိသမျှ လောကီရတနာများကား လောကုတ္တရာ ရတနာများနှင့် အနည်းငယ်မျှ မတူပေ။သို့အတွက် တစ်လောကလုံး၌ လောကုတ္တရာ ရတနာဖြစ်သောဘုရား၊ တရား၊ သံဃာတို့သာ အကောင်းဆုံးအမြင့်ဆုံး အမြတ်ဆုံးရတနာများ ဖြစ်လေသည်[၆]

ကမ္ဘာ့သမိုင်းနှင့် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော အမြင့်မြတ်ဆုံးသော၊ ထိပ်ဆုံးအဓိကပုဂ္ဂိုလ်(ဘုရား)[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်တွင် လူဦးရေ (သန်းပေါင်း ၆၉၀၀) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်း၁၆၀၀- ၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရား နှင့် အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၄၀၀ ခန့်[၇]ရှိသည့် အနက် (သန်းပေါင်း ၁၂၀၀) ၁,၂၁၉ ,၁၄၉ ,၆၀၀ ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ [၈] [၉] [၁၀] [၁၁]ထို့ကြောင့် ဇင်ဗုဒ္ဓဘာသာမဟာယာန နှင့် ထေရဝါဒ ပေါင်းလျှင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ၁,၉၂၁ ,၉၈၉,၆၄၁ (သန်း ၁၉၀၀ ကျော်၊ သန်း ၂၀၀၀ နီးပါး) ရှိပြီး ဗုဒ္ဓဘာသာသည် ဒုတိယလူဦးရေအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုဖြစ်သည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရား သည် ဟိန္ဒူ ဗိဿနိုးဘုရား ဝင်စားသူ ဟု ဟိန္ဒူဘာသာ ဝင်တို့က ယုံကြည်ကြသည်။ ဟိန္ဒူဘာသာဝင် ၁,ဝ၈၃,၈၀ဝ,၃၅၆ (သန်း ၁၀၀၀ ကျော်) တို့က ဂေါတမဗုဒ္ဓမြတ်စွာဘုရား ကို ကြည်ညို လေးစားကြသည်။(In Hindu world is signed Lord Buddha as ninth avatar of Supreme God Vishnu and Hindu accept teachings of Buddha, but do not directly worship him. )[၁၂][၁၃]ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင် ဘုရားသခင်God တည်ရှိမှုကို အယုံအကြည် မရှိသူ ဘာသာမဲ့ (free-thinkers/ Atheists/Anti-theist/no religion person) များကပင် ဂေါတမဗုဒ္ဓ ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ ဂေါတမဗုဒ္ဓဘုရား သည် ကမ္ဘာ့သမိုင်း-လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ထိပ်ဆုံး အဓိကပုဂ္ဂိုလ်ဘုရားဖြစ်သည်။[၁၄][၁၅] ဂေါတမ မြတ်စွာ ဘုရားကား ဘိုးတော် အဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု ကဆုန် လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ ဘီစီ ၆၂၃ တွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တော် အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် ဖွားမြင်တော်မူသည်။ ကပိလဝတ်ပြည် မှ သုဒ္ဓေါဒနမင်းကြီး နှင့် မိဖုရား မယ်တော်မာယာ တို့၏ သားတော်ဖြစ်၏။ အမည်တော်ကား သိဒ္ဓတ္တမင်းသား ဖြစ်လေသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ ဖခင် သုဒ္ဓေါဒနမင်းကြီးမှာ နီပေါနိုင်ငံ သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသော ကပိလဝတ် ဘုရင်ဖြစ်သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား သည် သက္က((Shakya)) သာကီဝင် ဖြစ်သည်။ လုမ္ဗိနီဒေသ အား ကျမ်းစာများတွင် ကပိလဝတ် (Kapilavastu) ဟုခေါ်သည်။[၁၆] ဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-

အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ
ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

("" I am chief in the world, supreme in the world, eldest in the world. This is the last birth. There is now no more coming to be." ) [၁၇][၁၈]

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား (ဂေါတမဗုဒ္ဓ မြတ်စွာဘုရား) က လောကသုံးပါး ရှိရှိသမျှ လူ-နတ်-ဗြဟ္မာ-Gods အားလုံး တွင် ငါသည် ဩဇာအကြီးမားဆုံး အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင်(ဘုရား) စင်စစ် ဖြစ်သည် ..ငါသည်အဓိကထိပ်ဆုံး ဖြစ်သည် [၁၉][၂၀] (I am the supreme Saint , the Perfect One, the supreme Buddha.)..ဟု မိန့်ဆိုတော်မူခဲ့သည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး တွင် သတ္ထာဒေဝ မနုဿာနံ--- နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင်(ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။[၂၁][၂၂] ငါသည် ဖန်ဆင်းရှင်ထာ၀ရဘုရား God ဖြစ်သည် ဟု မိန့်ဆိုတော်မမူခဲ့ပါ ။ ငါသည် နတ်(God)- လူ- ဗြဟ္မာ- သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်....(I am the teacher of human being and Gods (Satthadevamanusssanam) .. ဟု မိန့်ဆိုတော်မူခဲ့သည်။ [၂၃]

အမြင့်မြတ်ဆုံးသော ဗုဒ္ဓမြတ်စွာဘုရား[ပြင်​ဆင်​ရန်​]

အရွယ်ရောက်သော် ယသောဓရာ မင်းသမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ရာဟုလာ တစ်ပါးကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ တောထွက်တော်မူသည်။ ခြောက်နှစ်ကြာမျှ ဒုက္ကရစရိယာ ကျင့် တော်မူပြီးနောက် ညောင်ဗုဒ္ဓဟေ ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကို ရ၍ ဘီစီ (၅၈၈) တွင် ဘုရားဖြစ်တော်မူသည်။ ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကို စတင်တည်ထောင်ခဲ့သည်။လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) မတိုင်မှီ အထိ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ သက်တော် ၂၉ နှစ် (ဘီစီ ၅၉၄) မှ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) ၆ နှစ် တိုင်တိုင် တရားရှုမှတ်ခြင်း ​ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ [၂၄]ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် မှန်ကန်သော တွေးခေါ်မှု့များ၊ တရားရှုမှတ်ခြင်း၊ ဝိပဿနာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေး၊ မြတ်သောအကျင့်သီလ၊ သည်းခံမှု၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကျင့်စဉ်နှင့် မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း တို့ကို ကမ္ဘာပေါ်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံဟောပြောခဲ့သူဖြစ်သည်။ ဗုဒ္ဓ မြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာ ၏ မေတ္တာ-ဂရုဏာ (Loving-kindness) တရားတော် [၂၅] နှင့် သည်းခံခြင်း Tolerance သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။ [၂၆] ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မေတ္တာ ဝါဒ နှင့် အမှန်တရားငြိမ်းချမ်းရေးဝါဒ သည်အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ [၂၇][၂၈][၂၉] [၃၀] [၃၁] [၃၂] [၃၃] မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ မြန်မာသမိုင်းပညာရှင်များ နှင့် ကမ္ဘာ့သမိုင်းပညာရှင်များကလည်း ဗုဒ္ဓမြတ်စွာဘုရား၏ မွေးဖွားချိန်အားဘီစီ ၆၂၃ ဟု ထောက်ခံ အတည်ပြုကြသည်။ ဗုဒ္ဓဝါဒမှာ God[၃၄] ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား God ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဟိန္ဒူဘာသာ တွင် ဗုဒ္ဓဂေါတမ မြတ်စွာဘုရားအား ဟိန္ဒူ ဘုရား ဝင်စားသူဟု ယုံကြည်ကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။အမှန်တရားလေးပါး (သစ္စာလေးပါး ) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်မြတ်စွာဘုရား ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။ ဗုဒ္ဓဘာသာ တခုတည်းကသာ ယုံကြည်မှု တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် အပြစ်ဒဏ်(punishment and Capital punishment ) သေဒဏ်ပေးသော နာကျင်စေအောင် အပြစ်ပေးသော စစ်ဘုရား မဟုတ်ပါ။ သေဒဏ်ချမှတ်သောဘုရား(God) မဟုတ်ပါ။ စစ်တိုက်သောဘုရား(God) မဟုတ်ပါ။ ဗုဒ္ဓမြတ်စွာဘုရားသည် သူကိုယုံကြည်သူများကို၎င်း၊ မယုံကြည်သူများကို၎င်း မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော အမြတ်ဆုံး မေတ္တာဘုရား ဖြစ်သည်။ [၃၅] [၃၆][၃၇][၃၈] [၃၉] [၄၀] [၄၁][၄၂] [၄၃]

ဗုဒ္ဓအယူဝါဒသည် နိဗ္ဗာန် ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သတိတရား (သတိပဌာနသုတ်တွင်ကြည့်ပါ) နှင့် အာရုံစူးစိုက်မှု (သမာဓိကမ္မဌာနသုတ်တွင်ကြည့်ပါ) တို့၏ရှုမှတ်ခြင်းဖွံ့ဖြိုးလာမှုကိုဦးစားပေးဆောင်ရွက်သည်။ ထေရဝါဒဗုဒ္ဓအယူဝါဒသည် မူရင်းကျင့်စဉ်ဖြစ်ပြီး လူတစ်ဦးစီသည်မတူကွဲဟြးနေသည့် အတွက်ကြောင့် နိဗ္ဗာန်သို့သွားရာတွင် ကိုယ့်နည်းကိုယ့်ဟန် ရှုမှတ်သည်။ လုပ်ရိုးလုပ်စဉ်ထင်ပေါ်နေသည့် တရားရှုမှတ်ခြင်းအကြောင်းအရာများတွင်(အာနာပါန) ရှုရှိုက်ခြင်း၊ [၄၄][၄၅][၄၆][၄၇]ဗောဇ္ဈင် ၇ ပါးသတိပဌာန် (၄) ပါး နှင့် ချစ်ခင်ကြင်နာခြင်း (မေတ္တာ ) တို့ပါဝင်သည်။ ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း အလေ့အကျင့်များသည် ခရစ်ယာန် ဉာဏ်ဝင်စားခြင်း ယုံကြည်မှု၏ အချို့သော အသွင်အပြင်များကိုတိုးတက်ကောင်းမွန်လာစေရန် များစွာလွှမ်းမိုးထားရှိခဲ့သည်။(ဗုဒ္ဓ အယူဝါဒ နှင့် ခရစ်ယာန်အယူဝါဒ)။ ဘီစီ (၅၈၈) တွင် ဗုဒ္ဓဘာသာ စတင် ထွန်းကား[၄၈]ပြီးနောက် နှစ်ပေါင်း ၆၀၀ ကျော် တွင် ခရစ်တော်၊ ယေရှု(Jesus Christ BC 5-AD 30) သည် Meditation ရှုမှတ် ခဲ့သည်။[၄၉] ဘီစီ (၅၈၈) တွင် ဗုဒ္ဓဘာသာ စတင် ထွန်းကားပြီးနောက် နှစ်ပေါင်း ၁၂၀၀ ကျော် တွင် တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) သည် Meditation ရှုမှတ်ခဲ့သည်။[၅၀] [၅၁][၅၂] [၅၃][၅၄]

ထိုမြတ်စွာဘုရား၏ ပထမ အဂ္ဂမဟာသာဝကနှစ်ပါးကား မြတ်စွာဘုရားရှင်တော်မြတ်မှတစ်ပါးပညာ ကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ- သူမတူအောင်ပညာ ညာဏ်ထူးချွန်သဖြင့် ပညာအရာတွင်ဧတဒဂ်ဘွဲ့ အဂ္ဂမဟာပညာဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ နှင့် မြတ်စွာဘုရားရှင်တော်မြတ်မှတစ်ပါးတန်ခိုး ကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ- သူမတူအောင်တန်ခိုးကြီးထူးချွန်သဖြင့် တန်ခိုးအရာ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့ တံဆိပ်ရသူအရှင်မောဂ္ဂလာန် တို့ ဖြစ်၏။ ရှင်သာရိပုတ္တရာသည် ဂေါတမဘုရားသခင်၏ လက်ယာတော်ရံ ပထမအဂ္ဂသာဝက ကြီး ဖြစ်တော်မူသည်။ ရှင်မောဂ္ဂလာန်သည် ဂေါတမဘုရားသခင်၏ လက်ဝဲတော်ရံ ပထမ အဂ္ဂမဟာသာဝက ကြီး ဖြစ်တော်မူသည်။အဂ္ဂသာဝိကာ နှစ်ပါးမှာ ခေမာထေရီ နှင့် ဥပ္ပလဝဏ်ထေရီ ဖြစ်၏။ ခေမာထေရီသည် ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် ပညာကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ ဥပ္ပလဝဏ်ထေရီသည် ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ အလုပ်အကျွေးကား မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ အရှင်အာနန္ဒာ ဖြစ်သည်။ ရှင်အာနန္ဒသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာ တင်မည့်နေ့တွင် ဣရိယပုတ် လေးပါးမှလွတ်၍ အာသဝေါကုန်သော ရဟန္တာဖြစ်လာသည်။ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ပြန်လည်ဟောကြားစေသော ရှင်အာနန္ဒာ၏ ကျေးဇူးတော်ကြောင့် ပုထုစဉ်သတ္တဝါအများသည် မြတ်စွာဘုရား ဟောကြားသော တရားတော် များကို ယခုထက်တိုင် ကြားနာ ကြည်ညိုကြရသည်။ တရား ဆိုသည်မှာ ဘုရားဖြစ်သည်မှစ၍၊ ပရိနိဗ္ဗာန်စံလွန် တော်မူသည်အထိ၊ (၄၅) ဝါပတ်လုံး လူနတ်ဗြဟ္မာသတ္တဝါတို့အား ဟောကြားတော်မူအပ်သော ဒေသနာတော် (ဝါ) စကားတော် ကိုဆိုသည်။ ယင်း တရားတော်မှာ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူ၍ ဆယ်ပါးရှိသည်။ တစ်နည်း၊ (၄၅) ဝါပတ် လုံး ဟောကြားတော်မူအပ်သော တရားတော်သည် ဝိမျွှိုရသ အားဖြင့် တစ်ပါးသာ ရှိသည်။ တစ်နည်း၊ ဓမ္မဝိနယအားဖြင့် နှစ်ပါးသာရှိသည်။ ယင်းနှစ်ပါးတို့တွင် သတ္တန်ပိဋကတော်နှင့် အဘိဓမ္မာပိဋကကား ဓမ္မ၊ ဝိနည်း ပိဋကကား ဝိနယဖြစ်သည်။ သန်းခေါင်ယံ၌ မထင်ရှားသော နတ်သား တစ်ပါးကို ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်အစရှိသော တရားတော်များကို နာရသည်မှာလည်း ရှင်အာနန္ဒာထေရ်၏ ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ပထမသင်္ဂါယနာတင်ရာတွင် ရှင်အာနန္ဒာ၏ စွမ်းဆောင်မှုကြောင့်သာလျှင် သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်များသည် မြတ်စွာဘုရားကိုယ်စား ကျန်ရစ်ခဲ့လေသည်။ မြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာထေရ်သည် ငါးပါးသော ဧတဒဂ်ဘွဲ့ကို ရသည်။ ဧတဒဂ် ငါးတန် ရရှိ သဖြင့် ထူးမြတ်သောမထေရ်ကြီးတစ်ပါး ဖြစ်လာသည်။

ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်သည် ၁၈မိုက် (၆ တောင်) ဖွဈ၏။ ဘီစီ ၅၄၃ သက်တော် (၈ဝ) တွင် ကုသိနာရုံပြည် ကြီး၌ ပရိနိဗ္ဗာန် ပြုတော်မူရာ ကြွင်းသောဓာတ်တော် များကို ဒေါနပုဏ္ဏား ကြီးက အဇာတသတ်မင်း စသော မင်းအပေါင်းအား ခွဲဝေ ပေးသဖြင့် ဇမ္ဗူဒီပါကျွန်း အနှံ့ စေတီပုထိုးများ တည်ထား ကိုးကွယ်ကြ၏။ [၅၅]

ဗုဒ္ဓမြတ်စွာဘုရားတို့၏ ကိစ္စငါးပါး[ပြင်​ဆင်​ရန်​]

မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိသည့် သက်တော် ၃၅ နှစ် အရွယ်မှ စတင်ကာ သက်တော် ၈၀ တိုင်အောင် ၄၅ ဝါပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့သည်။ နေ့စဉ်ပင် မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင် ပြုနေကျ လုပ်ငန်းစဉ် ငါးရပ်ရှိသည်။


၁။နံနက်ပိုင်းလုပ်ငန်းစဉ်

  • နေ့စဉ် ဆွမ်းမဘုဉ်းပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက် ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် သီတင်းသုံးရာ ကျောင်းတိုက်အတွင်း လှည့်လည်ကာ ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်သောအခါ ခြေဆေးခုံတွင် ခြေဆေးလျက် ဒုလ္လဘတရားငါးပါးကို ဟောကြားလေ့ရှိသည်။

၂။နေ့လည်ပိုင်းလုပ်ငန်းစဉ်

  • ဆွမ်းဘုဉ်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုဉ်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တစ်ပါးတည်း နေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်းပရိသတ်အား တရားရေအေးအမြိုက်ဆေးကို နေ့စဉ်တိုက်ကျွေးလေ့ရှိ သည်။

၃။ညဥ့်ဦးယံလုပ်ငန်းစဉ်

  • ညဥ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယကာမနှင့် ဘိက္ခူနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ညဥ့်ဦးယံအချိန်တွင် ရဟန်းတော်များ အား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတို့မေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။

၄။သန်းခေါင်ယံလုပ်ငန်းစဉ်

  • ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာသော နတ်ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာ သော ပြဿတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။

၅။မိုးသောက်ယံလုပ်ငန်းစဉ်

  • နတ်ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့် အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။ ဒုတိယ အပိုင်းတွင် ဘုရားရှင်သည် လူသားဖြစ်သည့်အားလျော်စွာ ခန္ဓာကိုယ်မျှတကျန်းမာစေရန် သတိနှင့်ယှဉ် လျက် ကျိန်းစက်တော်မူသည်။ တတိယပိုင်းသို့ရောက်သောအခါ ထတော်မူ၍ မည်သူတို့အား ဆုံးမချေချွတ် ရမည်နည်းဟု ဆင်ခြင်တော်မူသည်။ ဤဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံလုပ်ငန်း “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ[ပြင်​ဆင်​ရန်​]

ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ် ပညာရှင်ဆရာကြီး နယူတန် ၏ နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ကံ ကံ၏အကျိုး (cause and effect law) အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း(၂၄ဝဝ) နောက်ကျပြီးမှ နယူတန် သည်(cause and effect law) ၏ အခြေခံ ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဆရာကြီးအဲလ်ဘတ် အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ပဋ္ဌာန်း ၂၄-ကျမ်း နှင့် ကံ- ကံ၏အကျိုး cause and effect law (Theory of Causation ) အဆုံးအမ အမှန်တရားတော်၏ နောက် နှစ်ပေါင်း(၂၄ဝဝ) နောက်ကျပြီးမှ အိုင်းစတိုင်း သည်( ၂၄ ပစ္စည်း ပဋ္ဌာန်း (ပဋ္ဌာန) ကျမ်း)[၅၆]အခြေခံ Theory of relativity and E = mc² ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ [၅၇]ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓမြတ်စွာ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ ၊အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် အမှန်ကန်ဆုံးအမှန်တရားဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ (၃၈) ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (limited truth and customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်"ဟု သီတဂူ ဆရာတော် အရှင်ဉာဏိဿရချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသဆရာ ဒေါက်တာ မင်း​တင်မွန်ဓမ္မာစရိယ ဆရာ ဦးဌေးလှိုင်ဆရာနန္ဒာသိန်းဇံဆရာ ဦးကျော်လွင်(နှစ်ဖက်လှ)Egerton C. Baptist [၅၈][၅၉] နှင့် ဆရာ မြို့မ-မြင့်ကြွယ် တို့က မှတ်ချက် ပြုကြသည်။[၆၀][၆၁] [၆၂] [၆၃] [၆၄][၆၅][၆၆][၆၇]

ဗုဒ္ဓဘာသာသည် သိပ္ပံ ပညာ၏ ဆရာလည်း ဖြစ်သည်[ပြင်​ဆင်​ရန်​]

ကံ- ကံ၏အကျိုး သည် ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ ကံ ကိုအင်္ဂလိပ်စကားလုံး Action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ကံ၏အကျိုး ကို Re-action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံ ပညာ ၏ ဆရာလည်း ဖြစ်သည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်။ ၃၈ ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။[၆၈] [၆၉] [၇၀]

ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြ သည့်ပညာရေးဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရားနှင့် စံများရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပညာရေး စနစ်နှင့် ဗုဒ္ဓခေတ်မတိုင်မီ အိန္ဒိယ ပညာရေးစနစ်တို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးတစ်မျိုး ဖြစ် ကြောင်း သမိုင်းအထောက်အထားများဖြင့် ပြဆိုနိုင်ခဲ့ကြောင်း လည်းတွေ့ရသည်။ ဗုဒ္ဓခေတ်ပညာရေးသည် အားလုံးအတွက် ပညာရေး သဘောအသွင်ဆောင်ပြီး အခမဲ့သင်ကြားခွင့်ရှိသည့် ပညာ ရေးမျိုးလည်းဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် သီလရှင် စာသင်တိုက်တိုင်းလိုလိုတွင် အခမဲ့စာသင်ကြားခွင့် ရကြပြီး ထိုကျောင်းများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသူတိုင်း ပညာသင်ကြားခွင့်ရကြသည်။ ဗုဒ္ဓ၏ ဟောကြားချက်အရ ဘာသာဝင်တိုင်း အခွင့် အလမ်းနှစ်သွယ် ပွင့်လျက်ရှိသည်။ တစ်လမ်းသည် စာပေသင်ကြားခြင်းဖြင့် ဘဝတွင် ဦးဆောင်ဦးရွက်ပြုနိုင်စေရေး၊ ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး ဖြစ်ပြီး၊ အခြား နည်းတစ်နည်းမှာ တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး စိတ်အဆင့်ဆင့်မြင့်တက်စေရန် ကျင့်ကြံအားထုတ်သည့်လမ်းဖြစ်သည်။ အခမဲ့ကျောင်းများကို ရွာတိုင်းလိုလိုတွင် ဖွင့်လှစ်သင် ကြား ပေးနိုင်ခြင်းသည် ဗုဒ္ဓခေတ်၏ ထူးခြားချက်ဖြစ်သည်။ အကယ်၍ ဗုဒ္ဓစာပေနှင့် ယဉ်ကျေးမှုကို အဆင့်မြင့်မြင့်နှင့် အထူးလေ့လာ လိုက်စားလိုပါကလည်း တက္ကသိုလ်အဆင့် အထိ ဗုဒ္ဓစာပေ ကို တက်ရောက်လေ့လာ သင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းကို ဖွင့်လှစ်ထားနိုင်သည့် အဆင့်တွင် ရှိသည်။ နာလန္ဒတက္ကသိုလ် သည် ဗုဒ္ဓခေတ်တွင် ထင်ရှားသည့် ကျောင်းတော်ကြီး တစ်ခုဖြစ်သည်။

ဗုဒ္ဓဝင်[ပြင်​ဆင်​ရန်​]

ဗျာဒိတ်ခံယူတော်မူပုံ[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘ၀၌ အမရ၀တီမည်သော မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြ၏။ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။ ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ အလိုရှိသူတို့ ယူကြကုန်လော့ ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။


ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။


ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည် ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။

ဖွားတော်မူပုံ[ပြင်​ဆင်​ရန်​]

ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း-

  1. ကာလ - တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း
  2. ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း
  3. ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း
  4. ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း
  5. ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း

ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ဝန်ခံတော်မူလေသည်။ ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိမ်မက်ကို မြင်မက်လေသည်။


နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အန၀တတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိမ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။


ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ ထိုအချိန်တွင် ဥယျာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေ ပွင့်နေသဖြင့် အလွန်သာယာပေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်တော်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လ ပြည့် သောကြာနေ့ ဖြစ်သည်။


ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ “အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ” ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေ သည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် ဤသို့ကြုံးဝါး၏။ အဂ္ဂေါဟမသ္မိ လောကဿ ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။ ဤသည်မှာ ဘုရားအလောင်း၏ ဖွားဖက်တော် ခုနစ်ဦး ဖြစ်သည်။

အမည်ပေးတော်မူပုံ[ပြင်​ဆင်​ရန်​]

ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော် များ စေု၀းရောက်လာကြသည်။ မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒေ္ဓါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာသည်။ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ “သားတော် ဆရာမြတ်ကို ရှိခိုးလော့” ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ အံ့ဖွယ်သရဲ ထူးကဲလှသ ဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသည်။ မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက “မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည် ဟု ဆို၏။

ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က “သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်” ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ “အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက “ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း” ဟုမေးသည်။ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်” ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို ‘သိဒ္ဓတ္ထ’ (Siddhartha) ဟုအမည်ပေးသည်။ အဓိပ္ပါယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် ‘သိဒ္ဓတ္ထဂေါတမ’ ဟုလည်း ခေါ်ကြသည်။

ကြင်ရာတော်ရွေးခန်း[ပြင်​ဆင်​ရန်​]

ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို “အဆင်းသာလှ၍ ပညာမတတ်” ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် “အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့” ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်ဆင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ေဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။

ထီးနန်းစံတော်မူခန်း[ပြင်​ဆင်​ရန်​]

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ‘ရမ္မ’ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် ‘သုရမ္မ’ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် ‘သုဘ’ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။

သေံ၀ဂယူတော်မူတော်မူခန်း[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်းဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သေံ၀ဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘ၀အဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် “ရာဟုဇာတော - အနှောင်အဖွဲ့ဖြစ်ပါပကော” ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။

တောထွက်တော်မူပုံ[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သေံ၀ဂရပြီးလျှင် “ယနေ့ညတွင်ပင် တောထွက်တော့အံ့” ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။ ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ကဏ္ဍကမြင်းဆက်ဖို့ရန် ဆန္နအမတ်သည် အတော်ဝန်လေး၏။ တောထွက်မည်ကို အမှန်ပင် မလိုလား။ ဘုရားလောင်းမင်းသား စကြ၀တေးမင်း ဖြစ်သည်ကိုသာ လိုလား၏။ သို့သော် အမိန့်တော်ကို မလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြသဖြင့် ကဏ္ဍကစီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။ ဘုရားလောင်းသည် တောသို့ ထွက်ခွါတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ထိုအခါ အဆောင်တော်အတွင်းဝယ် နံ့သာတိုင်များကို ထွန်းညှိထား၏။ ယသော်ဓရာမိဖုရားသည် မြလေးပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်လေး၏ ဦးခေါင်းပေါ်မှာ ရွှေလက်တော်တင်လျက် စက်တော်ခေါ်နေ၏။ ဘုရားလောင်းသည် အဆောင်တော်၏ တံခါးခုံအတွင်းသို့ ချင်းနင်းဝင်ရောက်လာသောအခါ လွန်စွာ ကျက်သရေရှိလှသော တိုက်ခန်းအတွင်းဝယ် တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင် သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် “ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့” ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွါတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။ ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ “အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်” ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ေ၀းသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ “ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား” ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြား မင်းက ခံယူ၍ တာ၀တိံသာနတ်ပြည်တွင် “စူဋ္ဌာမဏိစေတီ” တည်ထားလေသည်။ ထို့နောက် ယဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ယဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် “ဒုဿစေတီ” တည်ထားကိုးကွယ်လေသည်။

ဒုက္ကရစရိယာကျင့်တော်မူခန်း (ဒုက္ကရ + စရိယာ _ ဒုက္ကရ=ပြုနိုင်ခဲသော, စရိယာ=အကျင့်)[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဋ္ဌာရ ရသေ့နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရေု၀ဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ကျင့်တော်မူပုံ အစီအစဉ်မှာ - ရှေးဦးစွာ ‘သေနာ’မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာ၀နာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကို်ယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံး၀ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်ဩဇာအသွင်းအခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။

မာရ်နတ်ကို အောင်တော်မူခန်း[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် “ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား” ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။ ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။ ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် “ဘုရားမဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့” ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ် သားသည် ဗေဠု၀စောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။ ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာမည်သော ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်ဝံ့ဘဲ အေ၀းကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ေ၀းရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ေ၀ဿန္တရာဘ၀ဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ” ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။

ဘုရားဖြစ်တော်မူပုံ[ပြင်​ဆင်​ရန်​]

ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဥ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောကက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။

ဓမ္မစကြာတရားဟောတော်မူခြင်း[ပြင်​ဆင်​ရန်​]

ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။ ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တောာ်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ေ၀းကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။

သာသနာပြုတော်မူခြင်း[ပြင်​ဆင်​ရန်​]

ပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခူ ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး၆၀သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ေ၀နေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရေု၀ဠ တောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။

ပရိနိဗ္ဗာန်စံတော်မူခြင်း[ပြင်​ဆင်​ရန်​]

ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုလ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။ မှတ်တမ်းအရ ရာဇဂြိုလ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ေ၀သာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ေ၀သာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ေ၀သာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ေ၀သာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ေ၀သာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၄င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွါတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ေ၀ဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ေ၀စာလီပြည်သို့ ကြွတော်မူသည်။ ေ၀သာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ေ၀သာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ေ၀သာလီပြည်အနီး တောင်ဘက်ရှိ ေ၀ဠု၀ရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ထေို၀ဠု၀ရွာတွင် ၄၅ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။ ေ၀ဠု၀ရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ေ၀ဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ေ၀ဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စေု၀းစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။ ဝါကျွတ်သောအခါ ဗုဒ္ဓသည် သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင် သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ေ၀သာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ေ၀သာလီမှ ထွက်ခွါတော်မူသည်။ ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လာမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒလှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။ ဘုရားရှင်သည် ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ေ၀းသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။ ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် ရေးကြီးသုတ်ပြာ စေု၀းရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဥ့်၏ ပထမယံ ကုန်လွန်သွားသည်။

သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစေု၀းနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိ ေဝါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့
ဤသို့ နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေပါတော့သည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။ မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွေဲ၀ပေး လေသည်။

အခြားကြည့်ရန်[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. http://bci.org/prophecy-fulfilled/buddhasa.htm
  2. http://www.sacred-texts.com/bud/lob/lob26.htm
  3. http://www.buddhanet.net/e-learning/buddhism/disciples06.htm
  4. http://sandarthuriya.wordpress.com/2010/05/27/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8-2/
  5. http://www.thisismyanmar.com/nibbana/buddha9.htm
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  7. http://www.worldpopulationstatistics.com/china-population-2013/
  8. http://www.foreignercn.com/index.php?option=com_content&view=article&id=2929:buddhism-in-china&catid=1:history-and-culture&Itemid=114
  9. http://en.wikipedia.org/wiki/Buddhis m_by_country#cite_note-40
  10. http://en.wikipedia.org/wiki/Buddhism_by_country
  11. http://www.thedhamma.com/buddhists_in_the_world.htm
  12. http://en.wikipedia.org/wiki/Hinduism_by_country
  13. http://www.koausa.org/Gods/God3.html
  14. http://www.svetmysli.net/sma.exe?pg=104
  15. http://www.divinebrahmanda.com/2010/05/gautama-buddha-avatar-ninth-avatar-of.html
  16. http://en.wikipedia.org/wiki/Lumbini
  17. http://www.buddhanet.net/e-learning/buddhism/lifebuddha/2lbud.htm
  18. http://buddhasutra.com/files/mahapadana_sutta.htm
  19. http://bci.org/prophecy-fulfilled/buddhasa.htm
  20. http://www.sacred-texts.com/bud/lob/lob26.htm
  21. http://www.buddhanet.net/e-learning/buddhism/disciples06.htm
  22. http://sandarthuriya.wordpress.com/2010/05/27/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8-2/
  23. http://www.thisismyanmar.com/nibbana/buddha9.htm
  24. http://ccbs.ntu.edu.tw/FULLTEXT/JR-EMISC/emisc93509.htm
  25. http://en.wikipedia.org/wiki/Mett%C4%81
  26. http://www.loveshack.org/forums/mind-body-soul/spirituality-religious-beliefs/101472-my-religion-loving-kindness-dalai-lama
  27. http://buddhist-meditation-techniques.com/loving-kindness-meditation/
  28. http://en.wikipedia.org/wiki/Meditation
  29. http://en.wikipedia.org/wiki/Muhammad
  30. http://en.wikipedia.org/wiki/Muhammad%27s_first_revelation
  31. http://en.wikipedia.org/wiki/Christian_meditation
  32. http://whc.unesco.org/en/list/666
  33. http://dhammamedicine.net/2010/12/01/supreme-buddh/
  34. http://en.wikipedia.org/wiki/God
  35. http://www.booksie.com/religion_and_spirituality/article/myoma_myint_kywe/the-buddha-%28bc-623bc-543%29
  36. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  37. http://festivals.iloveindia.com/buddha-purnima/
  38. http://en.wikipedia.org/wiki/Nirvana
  39. http://en.wikipedia.org/wiki/Karma_in_Buddhism
  40. http://www.unz.org/Pub/SingletonEsther-1908v01-00124
  41. http://mandalashaman.com/buddhism/timeline-for-buddhism/
  42. http://en.wikipedia.org/wiki/Shwedagon_Pagoda
  43. http://www.experiencefestival.com/a/Buddha/id/301148
  44. http://buddhismworld.ning.com/forum/topics/6371237:Topic:19067
  45. http://www.youtube.com/watch?v=Db8M590rcqg
  46. http://www.youtube.com/watch?v=9rOeHASlhHA
  47. http://www.youtube.com/watch?v=C_EfHuMa7_c
  48. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  49. http://www.buddhistchannel.tv/index.php?id=70,8811,0,0,1,0
  50. http://en.wikipedia.org/wiki/Muhammad%27s_first_revelation
  51. http://en.wikipedia.org/wiki/Christian_meditation
  52. http://www.thisismyanmar.com/nibbana/lhistory.htm
  53. http://reluctant-messenger.com/issa.htm
  54. http://www.buddhanet.net/index.html
  55. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  56. http://martikar.pikay.org/2012/10/blog-post_3185.html
  57. http://www.budsas.org/ebud/whatbudbeliev/106.htm
  58. http://www.buddhanet.net/budintel/science/bbsciend.htm
  59. http://dhammamedicine.net/2010/12/01/supreme-buddh/
  60. http://en.wikipedia.org/wiki/Buddhism_and_science
  61. http://en.wikipedia.org/wiki/Karma_in_Buddhism
  62. http://thetruelordbuddha.blogspot.com/
  63. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU 1MC00MWZkLWEyOGEtM2 YzOGFmYWQxY2Vi/edit?pli=1
  64. http://www.sitagu.org/resources/files/Suzan_Hart_&_Sayadaw.pdf
  65. http://www.dhammadownload.com/Dr-MehmTinMon-eBookInEnglish.htm
  66. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU1MC00MWZkLWEyOGEtM2YzOGFmYWQxY2Vi/edit?pli=1
  67. http://www.chanmyay.org/
  68. http://en.wikipedia.org/wiki/Buddhism_and_science
  69. http://thetruelordbuddha.blogspot.com/
  70. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU1MC00MWZkLWEyOGEtM2YzOGFmYWQxY2Vi/edit?pli=1
  • ၁။ ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
  • ၂။ မဟာဓမ္မစကြာအရသာ (ညောင်လေးပင်မြို့တောရကျောင်းတိုက် နာယကဆရာတော် ဦးအရိယမထေရ်မြတ် (အဂ္ဂမဟာပဏ္ဍိတ)
  • ၃။ ရုပ်စုံဗုဒ္ဓသာသနာဝင် (ဝိုင်အမ်ဘီအေ အသင်း)
  • ၄။ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းစာအုပ် (ဓမ္မဗျူဟာသာသနမာမကအဖွဲ့)
  • ၅။ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ (သုခ)
  • ၆။ ထေရဝါဒနှင့်ပတ်သက်သော မှတ်ချက်များ (နန္ဒာသိန်းဇံ)
  • ၇။ မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင်ရုပ်စုံ (မင်းယုဝေ)
  • ၈။ ပုံတော်စုံ ဆယ်စောင်တွဲ (ခင်ချိုထွန်းစာပေ)
  • ၉။ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒဆောင်ပုဒ်များစာအုပ် ( ပြွန်တန်ဆာမြို့ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အထိမ်းအမှတ် )