ဂေါတမဗုဒ္ဓ
|
ဘာသာတရား |
|
| သမိုင်း | |
| ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
| ဘုရားများ | |
| နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
| ဆရာ (အစရိယ) | |
| သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်) | |
| လက္ခဏာရေးသုံးပါး | |
| အနိစ္စ - အနတ္တ - ဒုက္ခ | |
| ရတနာသုံးပါး | |
|
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ |
|
| အယူဝါဒ | |
| သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
| တိပိဋကနှင့်ကျမ်းစာများ | |
| တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
| အဆင့်များ | |
| ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
| ကျင့်စဉ်များ | |
| သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
| ဂါထာများ | |
| ကျင့်၀တ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ သြကာသ၊ ပုတီးစိပ်နည်း၊ | |
| ဂိုဏ်းများ | |
| ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
| နိုင်ငံနှင့်ဒေသများ | |
ဂေါတမ ဘုရား သည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမ၊ အရိမေတ္တယျ စသည့် ဘုရားကြီး ငါးဆူမှ ယခု နောက်ဆုံး ပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓ ဘုရား ဖြစ်သည်။
ကပိလဝတ်ပြည်မှ သုဒ္ဓေါဒနမင်းကြီးနှင့် မိဖုရား မာယာဒေဝီ တို့၏ သားတော်ဖြစ်၏။ အရွယ်ရောက်သော် ယသောဓရာ မင်းသမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ရာဟုလာ တစ်ပါးကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ တောထွက်တော်မူသည်။ ခြောက်နှစ်ကြာမျှ ဒုက္ကရစရိယာ ကျင့် တော်မူပြီးနောက် ညောင်ဗုဒ္ဓဟေ ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကို ရ၍ ဘုရားဖြစ်တော်မူသည်။
ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝကနှစ်ပါးကား အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ ဖြစ်၏။ အဂ္ဂသာဝိကာနှစ်ပါးမှာ ခေမာထေရီနှင့် ဥပလဝဏ်ထေရီဖြစ်၏။ အလုပ်အကျွေးကား အရှင်အာနန္ဒာဖြစ်သည်။
ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် ၁၈ တောင် ဖြစ်၏။ သက်တော် ၈ဝ ရှည်တော်မူ၍ ကုသိနာရုံပြည်ကြီး၌ ပရိနိဗ္ဗာန်ပြုတော်မူရာ ကြွင်းသောဓာတ်တော်များကို ဒေါနပုဏ္ဏားကြီးက အဇာတသတ်မင်းစသော မင်းအပေါင်းအား ခွဲဝေ ပေးသဖြင့် ဇမ္ဗူဒီပါကျွန်းအနှံ့ စေတီပုထိုးများ တည်ထား ကိုးကွယ်ကြ၏။ [၁]
[ပြင်ဆင်ရန်] ဗုဒ္ဓဝင်
၁။ ယခုအခါ ငါသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်ပြီးလျှင် သာကီဝင် မင်းတို့၏ စိတ်ကို တိုးပွါးစေတတ်သော ဂေါတမမြတ်စွာဘုရား ဖြစ်၍ မြတ်သော ဗောဓိဉာဏ်ကို ရတော်မူ၏။
၂။ (ငါသည်) ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဓမ္မစကြာကို ဟောတော်မူ၏၊ (ထိုအခါ) တစ်ဆယ့်ရှစ်ကုဋေသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။
၃။ ထို့နောက် နတ်လူတို့၏ အစည်းအဝေး၌ တရားဟောတော်မူသည် ရှိသော် ဂဏန်းသင်္ချာအားဖြင့် မပြောဆိုနိုင်သော (သစ္စာလေးပါးကို)သိခြင်းသည် နှစ်ကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။
၄။ ယခုအခါ ငါသည် ဤကပိလဝတ်မြို့၌ပင်လျှင် ငါ၏ သားတော်ရာဟုလာကို ဆုံးမတော်မူ၏၊ (ထိုအခါ သတ္တဝါတို့၏) ဂဏန်းသင်္ချာအားဖြင့် မပြောဆိုနိုင်သော (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၅။ ငါ့အား သီလစသောဂုဏ်ကို ရှာမှီးကုန်သော တပည့်သာဝကတို့၏ အစည်း အဝေးသည် တစ်ကြိမ်သာ ဖြစ်၏၊ (ထိုအစည်းအဝေးသည်) တစ်ထောင့်နှစ်ရာ့ ငါးဆယ်သော ရဟန်းတို့၏ အစည်းအဝေးဖြစ်၏။
၆။ ရဟန်းသံဃာ၏ အလယ်သို့ ရောက်သည် ဖြစ်၍ (ကိလေသာ) အညစ်အကြေး ကင်းလျက် တင့်တယ်သောငါသည် {အလိုခပ်သိမ်းကို ပေးတတ်သော(စိန္တာမဏိ) ပတ္တမြားကဲ့သို့} (နတ်လူတို့) တောင့်တအပ်သော အရာအားလုံးကို ပေးတော်မူ၏။
၇။ ငါသည် ဖိုလ်ကို အလိုရှိကုန်သော ဘဝတဏှာကို ပယ်စွန့်လိုကုန်သော သတ္တဝါ တို့အား အစဉ်သနားခြင်းဖြင့် သစ္စာလေးပါးကို ပြတော်မူ၏။
၈။ (ထိုအခါ) သုံးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး) တရားကို သိခြင်းသည် ဖြစ်၏၊ တစ်ဦး နှစ်ဦးသော သတ္တဝါတို့၏ (သစ္စာလေးပါးတရားကို) သိခြင်းသည် ဂဏန်းအားဖြင့် မရေတွက်နိုင်ချေ။
၉။ ဤအခါ သာကီဝင်မင်းမျိုးမှ ရဟန်းဖြစ်သော ငါဘုရား၏ ကောင်းစွာ သန့်ရှင်း သော သာသနာတော်သည် ပျံ့နှံ့၏၊ များစွာသော လူတို့သည် သိအပ်၏၊ ပြည့်စုံ စည်ကားလျက် ကောင်းစွာပွင့်လင်းပေ၏။
၁၀။ အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန် သော တည်တံ့ကုန်သော အရာမက များစွာကုန်သော ရဟန်းအားလုံးတို့သည် ငါဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။
၁၁။ ဤယခုအခါ၌ အကြင်သေက္ခ (ရဟန်း)တို့သည် အရဟတ္တဖိုလ်သို့ မရောက် ကုန်မူ၍ လူ့ဘဝခန္ဓာကိုယ်ကို စွန့်ကုန်၏၊ ထိုသေက္ခရဟန်းတို့ကို ပညာရှိတို့သည် ကဲ့ရဲ့အပ်ကုန်၏။
၁၂။ အရိယာမဂ်လမ်းစဉ်ကို ချီးမွမ်းကုန်သော အခါခပ်သိမ်း တရား၌ ပျော်မွေ့ကုန် သော သတိရှိကုန်လျက် သံသရာသမုဒ္ဒရာသို့ ကူးသွားကုန်သော သတ္တဝါတို့သည် (သစ္စာလေးပါးကို) သိကုန်လတ္တံ့။
၁၃။ ငါ၏ မြို့တော်ကို ကပိလဝတ ဟူ၍ လည်းကောင်း၊ ခမည်းတော်ကို သုဒ္ဓေါဒနမင်း ဟူ၍ လည်းကောင်း၊ ငါ၏ မယ်တော်ရင်းကို မာယာမိဖုရား ဟူ၍ လည်းကောင်း ခေါ်ဆိုအပ်၏။
၁၄။ ငါသည် နှစ်ဆယ့်ကိုးနှစ်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ငါ့အား) ရမ္မ သုရမ္မ သုဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် လေးသောင်းရှိကုန်၏၊ (ငါ၏) မိဖုရားသည် ဘဒ္ဒကဉ္စနာ မည်၏၊ သားတော်သည် ရာဟုလာ မည်၏။
၁၆။ ငါသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ ခြောက်နှစ်ပတ်လုံး ပြုနိုင်ခဲသော ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော် မူ၏။
၁၇။ ငါသည် အလုံးစုံသော သတ္တဝါတို့၏ ကိုးကွယ်ရာ ဂေါတမမြတ်စွာဘုရား ဖြစ်၍ ဗာရာဏသီမြို့ ဣသိပတန (မိဂဒါဝုန်) သမင်တော၌ ဓမ္မစကြာကို ဟောတော်မူ အပ်၏။
၁၈။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း ရဟန်း နှစ်ပါးတို့သည် မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ ငါ၏ အနီး၌ လှည့်လည်လျက်ရှိသော အာနန္ဒာ သည် အလုပ်အကျွေး ရဟန်းမည်၏။ ခေမာ သည် လည်းကောင်း၊ ဥပ္ပလဝဏ္ဏာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။
၁၉။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠဝကသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဥပါသကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ နန္ဒာမာတာသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဥပါသိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၂၀။ ငါသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ မြတ်သော ဗောဓိဉာဏ်ကို ရတော်မူ၏၊ တစ်လံမျှသော ရောင်ခြည်တော်သည် ငါ့အား အခါခပ်သိမ်း ရှိ၏၊ ငါသည် တစ်ဆယ့်ခြောက်တောင် မြင့်တော်မူ၏။
၂၁။ ဤယခုအခါ၌ အသက်တမ်းသည် အနှစ်တစ်ရာ အနည်းငယ်မျှသာ ရှိ၏၊ ငါသည် ထိုမျှလောက်သာ အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော်မူ၏။
၂၂။ ငါသည် နောက်၌ဖြစ်သော သတ္တဝါအပေါင်းကို သိစေနိုင်သော တရားမီးရှူး တိုင်ကို ထားပြီးလျှင် မီးစာကုန်ခြင်းကြောင့် ငြိမ်းသော မီးကဲ့သို့ မကြာမီပင် တပည့်သား သံဃာနှင့်အတူ ဤလောက၌ပင် ပရိနိဗ္ဗာန် စံရပေလတ္တံ့။
၂၃။ ထိုအတုမရှိသော တန်ခိုးတော်တို့သည် လည်းကောင်း၊ ဤဆယ်ပါးသော (အခြံအရံ) အားတော် တန်ခိုးတော်တို့သည် လည်းကောင်း၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ဖြင့် အထူး ဆန်းကြယ်သည့် ဂုဏ်ကိုဆောင်သော ကိုယ်တော်သည်လည်းကောင်း-
၂၄။ နေကဲ့သို့ အရပ်ဆယ်မျက်နှာတို့ကို ထွန်းလင်းတောက်ပသော ရောင်ခြည် တော်ခြောက်သွယ်တို့သည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက် လတ္တံ့။[၂]