တရားရှုမှတ်ခြင်း
တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်”ကို ကျော်လွန်ပြီး စိတ်အနားပေးခြင်း သို့မဟုတ် သိမှတ်နေခြင်း၏ အနက်ရှိုင်းဆုံးသော အဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ တရားရှုမှတ်ခြင်းသည် ဘာသာအများစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေးခေတ်ကတည်းမှပင် ကျင့်ကြံအားထုတ်ခဲ့ကြသည်။ ဘာသာရေးဓလေ့ထုံးတမ်းတို့၏အပြင်ဘက်တွင် ကျင့်ကြံခဲ့ကြ သည်။ကွဲပြားခြားနားသည့် တရားရှုမှတ်ခြင်း၏ နည်းလမ်းစည်းကမ်းများသည် စိတ်အောင်မြင်ရေးပန်းတိုင် များ၏ ကျုယ်ပြန့်မှု့ကို ဝန်းရံထားလျက်ရှိသည်။ သိစိတ် ၊ သနားစာနာစိတ်နှင့် မေတ္တာတို့၏ အမြင့်ဆုံးအဆင့် ရရှိအောင်မြင်ခြင်းမှသည် အဝေးကိုသိမြင်ခြင်း ၊ ဖန်တီးနိုင်မှု သို့မဟုတ် ကိုယ်တိုင်သိရှိခြင်း သို့မဟုတ် စိတ်၏ ရိုးရှင်းစွာ ပိုမိုတည်ငြိမ်မှုနှင့် အေးချမ်းမှုနယ်ပယ်အထိသို့ ဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ဗုဒ္ဓဘာသာတရားရှုမှတ်ခြင်း
ဗုဒ္ဓဘာသာ တရားရှုမှတ်ခြင်းသည် အကြောင်းနှစ်ရပ်နှင့် အခြေခံကျစွာဆက်စပ်ပတ်သက်သည်။ ၎င်းတို့မှာ စိတ်ကိုပြောင်းလဲခြင်းနှင့် ရှိလာသည့်စိတ်ကိုအသုံးချပြီး မိမိကိုယ်ကိုနှင့် အခြားသောထူးခြားဖြစ်ရပ်ကို ရှာဖွေကြည့်ရှုခြင်းဖြစ်သည်။ သမိုင်းရှိပြီးဖြစ်သော ဗုဒ္ဓကိုယ်တော် သိဒ္ဓတ္ထဂေါတမ ပင်လျှင် ဗောဓိပင်အောက်တွင် တရားရှုမှတ်နေစဉ် ဉာဏ်အလင်းရရှိသွားခဲ့သည်။ ဗုဒ္ဓဘာသာသမိုင်းပုံပြင်တွင်ဗုဒ္ဓဘုရား နှစ်ဆယ့်ရှစ်ဆူ ရှိပြီးအားလုံးသော ဗုဒ္ဓဘုရားများသည်တရားရှုမှတ်ခြင်းကို ကျင့်သုံးခဲ့ခြင်းဖြင့် စိတ်အစဉ် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ ဗုဒ္ဓအယူဝါဒ၏ပုံစံများ အများစုသည် တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်း နှစ်မျိုးဖြစ်ကြသော သမထ နှင့် ဝိပဿနာ တို့အကြားတွင် ထင်ရှားသည်။ နှစ်မျိုးစလုံးသည်ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။ သမထတွင် အမှတ်တစ်ခုတည်း အာရုံစိုက်ကြည့်ခြင်းစွမ်းရည်ကို တိုးတက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊ ဝိပဿနာသည် ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ တရားရှုမှတ်ကျင့်ကြံခြင်းနှစ်မျိုးအကြား ကွာခြားမှုနှိုင်းယှဉ်ချက်သည် အမြဲတမ်းပြတ်သား ပေါ်လွင်မှုမရှိပါ။ ကွာခြားမှုသည် အာနာပါနသတိ ကဲ့သို့သော ကျင့်ကြံမှုများ လေ့လာလိုက်စား သည့်အခါတွင်ထင်ရှားစွာတွေ့မြင်ရသည်။ အာနာပါနသည် သမထကျင့်စဉ်၏အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿနာကျင့်စဉ်သို့ ရောက်ရှိအဆုံးသတ်သွားသည်။ Insert non-formatted text here
[ပြင်ဆင်ရန်] ထေရဝါဒဗုဒ္ဓအယူဝါဒ
ထေရဝါဒဗုဒ္ဓအယူဝါဒသည်တရားရှုမှတ်ခြင်းဖြင့်တွေးတောဆင်ခြင်မှုကိုတိုးတက်အောင်အာရုံစိုက်ခြင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓအယူဝါဒသည်နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်သတိတရား(ဥပမာသတိပဌာနသုတ်တွင်ကြည့်ပါ)နှင့်အာရုံစူးစိုက်မှု(သမာဓိကမ္မဌာနသုတ်တွင်ကြည့်ပါ)တို့၏ရှုမှတ်ခြင်းဖွံ့ဖြိုးလာမှုကိုဦးစားပေးဆောင်ရွက်သည်။ ထေရဝါဒဗုဒ္ဓအယူဝါဒသည်မူရင်းကျင့်စဉ်ဖြစ်ပြီး လူတစ်ဦးစီသည်မတူကွဲဟြးနေသည့် အတွက်ကြောင့်နိဗ္ဗာန်သို့သွားရာတွင် ကိုယ့်နည်း ကိုယ့်ဟန်သုံးထားသည်။ လုပ်ရိုးလုပ်စဉ်ထင်ပေါ်နေသည့် တရားရှုမှတ်ခြင်းအကြောင်းအရာများတွင် ရှုရှိုက်ခြင်း (အာနာပါန)နှင့်ချစ်ခင်ကြင်နာခြင်း(မေတ္တာ)တို့ပါဝင်သည်။ဝိပဿနာပုံစံတရားရှုမှတ်ခြင်းတွင်သတိသည်အစတွင် ဝင်လေနှင့်ထွက်လေအပေါ်ထားရှိပြီးထို့နောက်(အသက်ရှုခြင်းကိုခေတ္တရပ်ဆိုင်းထားချိန်၊စိတ်နှင့်နှလုံးရှိနေသေး)ရိုးရိုးအမှတ်သင်္ကေတ(ဖယောင်းတိုင်မီးတောက်)အပေါ်ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ် (လက်မသို့မဟုတ်နှာသီးဖျား)သို့မဟုတ်စိတ်အယူအဆအပေါ် (မည်သည့်ခံစားမှုအနှောင့်အယှက် သို့မဟုတ်ဉာဏ်ပါသည့်အနှောင့်အယှက်များအပေါ် အမှတ်မထားခြင်းကို ပံ့ပိုးပေးသည်) ထားရှိသည်။ ၂၀ ရာစုနှစ်တွင် အထူးဩဇာညောင်းသည့် ဗုဒ္ဓဘာသာတရားရှုမှတ်ခြင်းကျောင်း တစ်ခုမှာ ထိုင်းသစ် တော ဓလေ့ထုံးတမ်း ကျောင်းဖြစ်သည်။ ကျောင်းတွင် အဂျန်ထတေး ၊ အဂျန်မဟာဘူ နှင့်အဂျန်ချာ တို့ကဲ့သို့အထင်ကရတရားရှုမှတ်သူများပါဝင်သည်။ဂျပန်တွင်မဟာယာနကျောင်းများဖြစ်သည့်တီအင်တိုင်းတွင်အာရုံစူးစိုက်မှုကိုမြှင့်တင်ဖွဲ့စည်းထားသည့်စည်းကမ်းမှတဆင့်ပြုစုပျိုးထောင်ကြသည်။ အထူးသဖြင့် တရုတ် ချန် ၊ ဗုဒ္ဓဘာသာကျောင်း တွင် (၎င်းမှဂျပန် လူမျိုးတို့၏ ဇန် နှင့် ကိုးရီးယား လူမျိုးတို့၏ဆီအွန်ကျောင်းများအဖြစ်ခွဲထွက်သွားကြသည်)။ဆိုချိန်နှင့်ကိုအန်တရားရှုမှတ်ကျင့်စဉ်များသည် တရားအားထုတ်သူကို ပကတိသဘာဝအမှန်များနှင့် တိုက်ရိုက်တွေ့ကြုံ ရန်ခွင့်ပြုထားသည်။ (ထိုကျောင်းများ၏အမည်များတစ်ခုစီသည် သင်္ကရိုက် - ဓယာန မှလာပြီး “တရားရှုမှတ်ခြင်း” ဟု ၎င်းတို့၏ ဘာသာစကားအသီးသီးသို့ပြန်ဆိုထားကြသည်)။ လေးနက်သည့် ရှင်ကုန်း ဂိုဏ်းသည် တိဗက်ဗုဒ္ဓဘာသာနှင့်များစွာသောအကြောင်းအရာများကို မျှဝေယူထားကြသည်။ ဂျပန် ဟိုက်ကူ ကဗျာဆရာဘရှိုးသည် ကဗျာကိုတရားရှုမှတ်ခြင်းလုပ်ငန်းစဉ်တစ်ခုအဖြစ်မြင်ပြီးကမ္ဘာကြီး၏ဖြစ်ပျက်နေမှုများတွင် ထာဝရမညှိုးနွမ်းသောမပြီးဆုံးနိုင်သောအမြင်များကို အနုပညာဖြင့်အကျဉ်းချုပ်ဖော်ပြခြင်းနှင့် သက်ဆိုင် သည်ဟု မြင်ထားသည်။ ကျွနု်ပ်တို့သည် ဤ ကျင့်ဝတ်ရည်ရွယ်ချက်၏ ခံစားမှုကို သူရေးသားခဲ့သည့် သူ၏ ဂန္ဓဝင်မြောက်လက်ရာ မြောက်စူးစူးသို့ လမ်းကျဉ်းလေးများ ၏ အစပိုင်းတွင် ရရှိခဲ့သည်။ ကင်တာဘာရိပုံပြင်များ တွင် ချောဆာ ရေးသားတင်ပြထားသည်ထက် ပို၍ တစ်ကိုယ်တည်းနှင့်အမှန်တကယ်ပို၍လေးလေးနက်နက် ရှုမြင်သော ခံစားမှုခရီးတွင်ဂျပန်ကဗျာဆရာဘရှိုးသည် သေခြင်းတရားအပေါ်ထင်ဟပ်ပြမှုကိုသူမြောက်အရပ်သို့ နတ်ကွန်းတစ်ခုမှတစ်ခုခရီးသွားခြင်းအကြောင်း ဖွဲ့ဆိုထားသည့်ကဗျာနှင့်စာနုရောနေသည့်အထဲ တွင် တွေ့ရသည်။
[ပြင်ဆင်ရန်] တိဗက်ဗုဒ္ဓဘာသာ
တိဗက်ဗုဒ္ဓဘာသာ(ဝိဇ္ဇာယာန)သည်တန်တြာကိုသူ၏အထက်မှကျင့်ကြံအားထုတ်သူများအတွက်အလေးအနက်ထားရှိသည်။ဤအကြောင်းကြောင့်အမည်ကိုတန်တြာယာနဗုဒ္ဓဘာသာဟုပြောင်းလဲခေါ်ဆိုသည်။ ဘုန်းတော်ကြီးအများစုသည်သတ်မှတ်ပုံစံအတိုင်း “တရားရှုမှတ်ခြင်း”မရှိဘဲ၎င်းတို့၏တစ်နေ့တာပြီးဆုံးသွားသည်။ သူတို့သည်ဂါထာမန္တာန်များရွတ်ခြင်းသို့မဟုတ်အုပ်စုလိုက်တွင် ပါဝင်ဝတ်ပြုဆုတောင်းခြင်းတို့ကိုပိုမိုနှစ်သက်ကြသည်။ဤဓလေ့ထုံးတမ်းတွင်တရားရှုမှတ်ခြင်း၏ရည်ရွယ်ချက်သည်စိတ်၏ကောင်းကင်နှင့်တူ သည့်သဘာဝကိုနိုးထစေပြီးတရားအားထုတ်သူများကိုစိတ်၏သဘာဝအမှန်သို့တွေ့ဆုံပေးလိုက်သည်။စိတ်၏သဘာဝအမှန်သည်မပြောင်းလဲသောဖြူစင်သည့်သတိဖြစ်သည်။၎င်းသည်ဘဝတစ်ခုလုံးနှင့် သေခြင်းတရားအောက်တွင်ရှိသည်။)
ကေဗန်း (၁၉၇၅ စာမျက်နှာ ၁၆၄) ၊ ၎င်း၏တိုးချဲ့ထားသည့်သဟဇာ ဆွေးနွေးချက်တွင် ဆွေးနွေးထားသည့်အတွင်းသဏ္ဍာန် ဆတ်ဒန နှင့်ပြင်ပတို့ဆက်စပ်နေမှု၏ မန္ဓလ နှင့်ပတ်သက်နေမှုကို ဆွေးနွေးထားသည်မှာ “ပြင်ပဘာသာရေးကိုးကွယ်မှုပုံစံနှင့် အတွင်းသဏ္ဍာန်တို့သည် မခွဲခြားနိုင်သော တစ်လုံးတစ်ခဲတည်းပုံကိုဖြစ်စေပြီး ဤပေါင်းစည်းမှုသည် မန္ဓလ၏ ထင်ရှားမှုဖော်ပြချက်အများဆုံး ပုံစံအသွင်အဖြစ် တွေ့ရှိသည်။ မန္ဓလသည် မြင့်မြတ်သော ဝန်းရံထားမှုတစ်ခုဖြစ်ပြီး ၎င်းတွင် ဗဟိုချက်တူညီကြသော လေးထောင့်များနှင့် အဝိုင်းများကို မြေပြင်တွင် ချရေးထားသည့်ပုံများပါရှိသည်။ ထိုဗဟိုချက်တူလေးထောင့်များနှင့် အဝိုင်းများသည် ဖောက်ထွင်း၍မရသော မျက်နှာပြင် တစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် ဗုဒ္ဓအဖြစ်သို့ ရည်ရွယ်ချက်ကြီးမားသူသည် (သူတို့) ကိုယ်တိုင်ဆောက်တည်ရန် ဆန္ဒရှိသည်။ တန်တြာ၏ဘာသာရေးပုံစံကိုထုတ်ဖော်ခြင်းသည် မန္ဓလအပေါ်တွင်မူတည်ပြီးမန္ဓလရုပ်ပစ္စည်းကိုသုံး၍မရသည့်နေရာတွင်တတ်ကျွမ်းသူတစ်ဦးသည်ဆက်လက်၍စိတ်အားဖြင့်(သူတို့၏) တရားရှုမှတ်ခြင်းလမ်းကြောင်း တွင် တည်ဆောက်သွားသည်။” (မှတ်ချက်၊ လိင်ခွဲခြားမှုစကားကို ကွင်းကြီးခတ်ထားသည့်နေရာတွင် ပြင်ဆင်ထားသည်။ ပထမ ဥပမာ “သူ့”ကိုသုံးပြီး ဒုတိယဥပမာ “သူ၏” ဟု သုံးသည်။)
[ပြင်ဆင်ရန်] တရားရှုမှတ်သင်ကြားခြင်း
တရားရှုမှတ်သင်ကြားခြင်း၏ ဆုလာဒ်သည် ဤဘဝတွင် သင့်ကိုယ်သင်ပေးနိုင်သည့် အကြီးမားဆုံးသော ဆုလာဒ်ဖြစ်သည်။ တရားရှုမှတ်ခြင်းသည် သင်၏သဘာဝအမှန်တရားများကို ရှာဖွေရန်ခရီးကို တာဝန်ယူ အာမခံထား နိုင်သည့် တစ်ခုတည်းသော အကြောင်းတရားဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် ကောင်းသော ရှင်သန်ခြင်းနှင့် ကောင်း သောသေဆုံးခြင်းကို လိုလားသောသင်၏တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ကိုတွေ့မြင်လာမည်။ တရားရှုမှတ်ခြင်းသည် ဉာဏ်အလင်းရရှိစေသည့် လမ်းဖြစ်သည်။ ဆိုဂျယ်ရင်ပို့ချ် (Sogyal Rinpoche) တိဗက်လူမျိုးတို့၏ သေခြင်းနှင့် ရှင်ခြင်း စာအုပ်ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများ အားလုံးနီးပါးသိမှတ်ထားသည်မှာ ဉာဏ်အလင်းရရှိရေးလမ်းတွင် လေ့ကျင့်မှုသုံး မျိုးသည် လိုအပ်ချက်အရ ပါရှိနေသည်။
၎င်းတို့မှာ သီလ (sīla) ၊ သမာဓိ (dhyāna) နှင့် ပညာ(paññā) တို့ဖြစ် သည်။ ဤနည်းဖြင့် တရားရှုမှတ်ခြင်းလုပ်ငန်းစဉ်တစ်ခုတည်းသည် လုံလောက်မှုမရှိပါ။ သို့သော် ဉာဏ်အလင်းရမည့် လမ်း၏တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ ထောက်ပြပြောဆိုကြသည်မှာ ဗုဒ္ဓဘာသာ (ခရစ်တော်မဖွားမြင်ခင် နှစ်ပေါင်း ၅၀၀ စောပြီး ၊ အာရှအနောက် ဘက် အစွန်းအဖျား နှင့် အလက်ဇန္ဒီးယား တွင် ခရစ်တော် သက်ရှိထင်ရှား ရှိစဉ်ကာလကတည်းမှပင် ရှိနေကြသည်။) တရားရှုမှတ်ခြင်း အလေ့အကျင့်များသည် ခရစ်ယာန် ဉာဏ်ဝင်စားခြင်း ယုံကြည်မှု၏ အချို့သော အသွင်အပြင်များကိုတိုးတက်ကောင်းမွန်လာစေရန် များစွာလွှမ်းမိုးထားရှိခဲ့သည်။(ဗုဒ္ဓ အယူဝါဒ နှင့် ခရစ်ယာန်အယူဝါဒ)။ [၁] [၂] [၃] [၄] [၅] [၆]
[ပြင်ဆင်ရန်] ကိုးကား
- ↑ both Lama Gursam, a yogi raised in a Tibetan monastery, and Khenpo Nyima Gyaltsen, a teacher at the Drikung Kagyu college, have told me this
- ↑ Abelson, Peter (April 1993) Schopenhauer and Buddhism. Philosophy East and West Volume 43, Number 2, pp. 255-278. University of Hawaii Press. Retrieved on: 12 April 2008.
- ↑ Kabat-Zinn gives the body scan and food meditations in "Mindfulness for Beginners" the 2CD set, and Matthieu Ricard gives the letting thoughts arise and pass away in his 2CD set "Happiness: A Guide to Cultivating Life's Most Important Skill"
- ↑ http://en.wikipedia.org/wiki/Meditation
- ↑ http://mwl.wikipedia.org/wiki/Medita%C3%A7on
- ↑ http://new.wikipedia.org/wiki/%E0%A4%A7%E0%A5%8D%E0%A4%AF%E0%A4%BE%E0%A4%A8
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
