ရူပဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Bose Einstein condensate.png
Wavy.gif
Optical-feedback-2-short.gif

ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် ဂရိဘာသာစကား သဘာဝအလျောက်ဖြစ်သော φυσικός (Phusikos) နှင့် သဘာဝ φύσις (Phusis) မှဆင်းသက်လာသည်။ Phusis =သဘာဝ
Phusikos ==သဘာဝဆိုင်ရာ အသိပညာ
ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြာဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၄င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၄င်းတို့မှရလောသာ အဆုံးသတ်ဖြစ်ပေါ်ချက်များ ကိုကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။

ရူပဗေဒ (Physics) သည် ဒြပ်ဝတ္တုများ နှင့် လှုပ်ရှားမှု များကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်အားဝတ္တု နှင့် လျှပ်စစ်ဓာတ် ကိုအသုံးပြုသည်။ ခြုံငုံ ပြောရလျှင် ရူပဗေဒသည် သဘာဝ ကို လေ့လာ ဆန်းစစ်မှု ဖြစ်ပြီး ကျွန်ုပ်တို့၏ ပါတ်ဝန်းကျင် အားလုံး ကို နားလည်ရန်ပင်ဖြစ်သည်။

ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာတာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပါယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပါယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု ၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုပါသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။


တစ်နည်းမဟုတ် တစ်နည်းဖြင့် ရူပဗေဒသည် ရှေး အလွန်ကျလှပြီး နက္ခတ္တဗေဒထက်ပင် ရှေးကျပေလိမ့်မည် ဖြစ်ပြီး တစ်ခါတစ်ရံ ဖီလိုဆိုဖီဓာတုဗေဒ တို့ အသွင်ဆောင်ကာ နောက်ပိုင်း ကာလများတွင် သင်္ချာ နှင့် ဇီဝဗေဒ တို့၏ ဂိုဏ်းကွဲ ပင် ဆောင်ပြီးနောက် ၁၆ ရာစုတွင် ရူပဗေဒသည် ခေတ်သစ် ရူပဗေဒ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုတွင် ရူပဗေဒ ဘာသာရပ် အဖြစ် သီးသီးခြားခြား ကန့်သက်နိုင်သော အဆင့်ရောက်သော်လည်း အခြားဘာသာရပ်များ၏ လေ့လာမှု ကဏ္ဍနှင့်ကား ကွဲခြားရန် ခက်ခဲလှပေသေးသည်။

များသောအားဖြင့် ရူပဗေဒကို အရေးကြီးသော ဘာသာရပ် အဖြစ် သိမြင်ကြပြီး ရူပဗေဒ တိုးတက်မှုကို နည်းပညာ ပိုင်းဆိုင်ရာ တို့တွင် တိုက်ရိုက် တွေ့နိုင်သလို၊ တခါတရံ အခြား ဘာသာရပ်များ သို့ ပြန့်နှံ့ရာတွင် သင်္ချာ နှင့် ဖီလိုဆိုဖီ တို့တွင်ပါ ပြန့်နှံ့သွားတက်သည်။ ဥပမာအားဖြင့် လျှပ်စစ်သံလိုက် နားလည်တိုးတက်မှုတွင် ရုပ်မြင်သံကြားကွန်ပျူတာ၊ စသည့် ပစ္စည်း ကိရိယာ များ ပေါ်ထွက်လာခဲ့သလို thermodynamics တိုးတက်မှုတွင် စက်ဆွဲယာဉ်များ ပေါ်ထွက်လာခဲ့သလို မက္ကင်းနစ် နားလည်တိုးတက်မှုတွင် ကဲကုလပ် နှင့် ကွန်တမ် ဓာတု ပေါ်ထွန်းစေခဲ့ပြီး အဏုဇီဝ တွင် သုံးသော electron microscope ပေါ်ပေါက်ခဲ့သည်။

ယနေ့ခေတ်တွင် ရူပဗေဒသည် အလွန်ကျယ်ပြန့်ပြီး အဆင့်မြင့်သော ဘာသာရပ် ဖြစ်ကာ လက်တွေ့ကျကျ လေ့လာရာတွင် ဂိုဏ်းကွဲ များစွာရှိသည်။ ထို့အပြင် သဘောအားဖြင့် ရူပဗေဒကို သီအိုရီ နှင့် လက်တွေ့ ဟူ၍ ကွဲနိုင်သည်။ သီအိုရီ တွင် သီအိုရီ အသစ်ရရေးကြိုးပမ်းပြီး လက်တွေ့တွင် သီအိုရီ အသစ်/အဟောင်း တို့ကို မှန်မမှန်ဆန်းစစ်သည်။ လွန်ခဲ့သော ရာစုနှစ် လေးခု လောက်ကတည်းက အလွန် တိုးတက်လာခဲ့သော်လည်း သဘာဝ ဖြစ်ရပ်များစွာကို အဖြေမပေးနိုင်သေးပဲ ရူပဗေဒသည် သွက်သွက်လက်လက် လှုပ်ရှားလျက် ရှိသည်။

အဖွင့်[ပြင်​ဆင်​ရန်​]

ကျယ်ပြန့်မှုနှင့် ရည်ရွယ်ချက်[ပြင်​ဆင်​ရန်​]

ရူပဗေဒသည် အက်တန်ထက်သေးငယ်သော အရာဝတ္တုများမှ အကြီးမာဆုံး ဂလက်ဆီ များတွင် ဖြစ်ပေါ်သော များစွာလှသောဖြစ်ရပ်များကို ရှင်းလင်းနိူင်သည်။

သိပ္ပံနည်းကျ နည်းစဉ်များ[ပြင်​ဆင်​ရန်​]

ရူပဗေဒ[ပြင်​ဆင်​ရန်​]

ယခုအခါတွင် လူတို့သည် ညဉ့်ကို နေ့ကဲ့သို့ လင်းစေရန်၊ ခရီးဝေးကို ခရီးနီးဖြစ်စေရန်၊ အဝေးမှ လွှင့်လိုက်သော အသံကို အနီးမှ လွင့်သကဲ့သို့ ကြားရစေရန်၊ လူ၏ခန္ဓာကိုယ်အတွင်းပိုင်း ကဲ့သို့သော သာမန်မျက်စိဖြင့် မမြင်စွမ်းနိုင်သည့်နေရာများကို ကြည့်မြင်နိုင်စေရန် အစရှိသည်ဖြင့် ဆန်းသစ်သော အသိသစ် နည်းများကို အမျိုးမျိုး ကြံစည်ဖန်ထီးလျက် ရှိကြပေသည်။ ရှေးအခါက ထိုကဲ့သို့သော တိုးတက်ပြောင်းလဲမှုများကို မြင်ဖူးကြားဖူးဖို့ ဝေးစွ၊ အိပ်မက်ပင် မက်ဖူးကြမည် မဟုတ် ပေ။ ရူပဗေဒဟု ဆိုအပ်သော သိပ္ပံပညာရပ်ကို အပတ်တကုတ် ကြိုးပမ်းလေ့လာ လိုက်စားသည့် ပုဂ္ဂိုလ်ကြီးများသာ မရှိခဲ့လျှင် ကျွန်ုပ်တို့ခေတ်သို့ ရောက်သည့်တိုင်အောင် ဤသို့ ဆန်းသစ် သော ကြံစည်တွေ့ရှိချက်များ ပေါ်ပေါက်လာနိုင်ဦးမည် မဟုတ် သေးချေ။


ရူပဗေဒဆိုသည်မှာ ဖစ်ဆစ်ဆိုသော အင်္ဂလိပ်စကားကို ပြန်ဆိုထားသော ဝေါဟာရဖြစ်၍ ထိုစကားသည် သဘာဝဆို သည့် ဂရိစကားမှ ဆင်းသက်လာလေသည်။ မြင့်ရာမှ နိမ့်ရာသို့ ရေစီးပုံ၊ လေထဲ၌ အသံဖြတ်သန်းပုံ၊ မီးမှ အပူရှိန် ထွက်လာပုံ အကြောင်းများကို ရှေးအခါက သဘာဝသိပ္ပံအဖြစ်ဖြင့်သာ ဖြေရှင်းခဲ့ကြသည်။ တစ်ဖန် ထိုထက်တိုးတက်၍ သိလိုသူများ ပေါ်ပေါက်လာသဖြင့် ရှာကြံကြသောအခါတွင် ထိုသဘာဝ သိပ္ပံမှ နက္ခတ္တဗေဒ၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ ပါဏဗေဒ စသော ပညာရပ်များ သီးခြားထွက်ပေါ်လာကြသည်။ ဓာတုဗေဒဆိုသည် မှာ ဒြဗ်နှင့်သက်ဆိုင်သော ပညာရပ်ဖြစ်၍ ဒြဗ်တွင် အက်တမ် များ ဖွဲ့စည်းပုံနှင့် မော်လီကျူးများ ဆက်သွယ်ပုံ၊ ပြောင်းလဲပုံ တို့ကို ဖြေရှင်းထားသော ပညာရပ်ဖြစ်သည်။ ရူပဗေဒသည် သဘာဝသိပ္ပံမှ ပေါက်ဖွားလာခဲ့၍ ရူပဗေဒပညာကို အမှီပြုနေ သော အခြားပညာရပ်များ ရှိသေးသည်။ ထိုပညာရပ်များမှာ အသံပညာ၊ အပူပညာ၊ အလင်းပညာ၊ လျှပ်စစ်ပညာ၊ သံလိုက် ဓာတ်ပညာတို့ ဖြစ်ကြသည်။ ထိုမျှမကသေး ဓာတုဗေဒအရ ပြောင်းလဲမှုများကို ရူပဗေဒ အခြေခံသဘောတရားများဖြင့် ရှင်းလင်းနိုင်ရန် ဖက်ဆစ်ကယ် ကင်မစ္စထရီခေါ် ရုပ်ပိုင်း ဓာတုဗေဒပညာရပ်များလည်း ရှိသေးသည်၊ ထို့ပြင် သက်ရှိများ၊ သက်ရှိများနှင့် သက်ဆိုင်သော ပြဿနာများကို ရှာဖွေစုံစမ်း သော ဗိုင်အိုဖစ်ဆစ်ခေါ် ဇီဝရူပဗေဒပညာရပ်လည်း ရှိပြန်သေး သည်။ အထက်ဖော်ပြပါ ပညာရပ်မျာသည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်စွာ ဆက်သွယ်မှုရှိနေကြသည်။ ယခုကဲ့သို့ ပညာရပ်များကို နာမည်သီးခြားပေးထားခြင်းမှာ လွယ်ကူမှု အတွက်သာ ဖြစ်သည်ကို သတိပြုအပ်ပေသည်။


ယခုအခါတွင် သာမန်အရပ်သူအရပ်သားများ သုံးစွဲကြ သော စကားများနှင့် ရူပဗေဒပညာကို လိုက်စားသူများ၏ စကားများသည် ကွဲပြားကြလေသည်။ ပုံပမာ မော်တော်ကား တစ်စီး၏အသွားကို သာမန်လူများက အသွားနှုန်းဟူ၍ အသုံး ပြုလျက်ရှိကြ၏။ ရူပဗေဒပညာ လိုက်စားသူများအဖို့ဆိုလျှင် တစ်ဖက်သို့ တစ်သမတ် တည်းသွားသော အသွားကိုသာလျှင် အသွားနှုန်းဟု ခေါ်လေသည်။ ပုံပမာ မော်တော်ကားတစ်စီး သည် မြောက်အရပ်တည့်တည့်သို့ တစ်နာရီလျှင် မိုင် ၃ဝ နှုန်း ဖြင့် သွားနေသည်ဟု ဆိုလျှင် ထိုမော်တော်ကား၏ မြောက် အရပ်သွား အသွားနှုန်းမှာ တစ်နာရီလျှင် မိုင် ၃ဝ ဖြစ်၏။ သို့ရာတွင် ထိုမော်တော်ကား၏ အရှေ့နှင့် အနောက်ဘက်သို့ သွားသောနှုန်းမှာ သုညဖြစ်ရမည်။ ကမ္ဘာမြေကြီးသည် နေကို လှည့်ပတ်ရာတွင် အသွားမှန်မှန်လောက်ဖြင့် သွားနေသော်လည်း ကမ္ဘာမြေကြီး၏ အသွားနှုန်းမှာ အစဉ်သဖြင့် ပြောင်းလဲလျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးသည် နေကို လှည့် ပတ်၍ သွားရာတွင် ဖြောင့်မတ်သော လမ်းကြောင်းအတိုင်း မသွားမူ၍ စက်ဝန်းပုံသဏ္ဌာန်လမ်းကြောင်းဖြင့် သွားနေသော ကြောင့် ဖြစ်လေသည်။ ဤအသွားနှုန်း၏ တိုးတက်ပြောင်း လဲခြင်းနှုန်းကို အရှိန်ဟု ခေါ်သည်။ အာကာသ(Space)တွင် ကမ္ဘာမြေကြီး၏ အသွားနှုန်းမှာကား တိုးလျက်ရှိသည်။ အထက် ဖော်ပြပါ မော်တော်ကား၏ အသွားနှုန်းကို တစ်နာရီ လျှင် မိုင် ၃ဝ မှ တစ်နာရီ လျှင် မိုင် ၄ဝ သို့ တိုးစေသောအခါတွင် ထိုမော်တော်ကား၏ မြောက်ဘက်သို့သွားခြင်းအရှိန်သည် အဘယ်ကြောင့် ဖြစ်ပေါ်သည်ဟု ဖြေပေလိမ့်မည်။ ထိုအား ဆိုသည်မှာလည်း အထက်ဖော်ပြပါ မော်တော်ကားကို ရပ်နေ ရာမှ သွားအောင် အပြင်မှ ပြုလုပ်ပေးမှု၊ သို့မဟုတ် သွားနေ သော မော်တော်ကား၏ အသွားနှုန်းကို ပြောင်းလဲသွားအောင် အပြင်မှ ပြုလုပ်ပေးမှုပင် ဖြစ်သည်။ ဘောလုံးကို ကန်ထုတ် လိုက်သောအားကို တိုင်းလိုသောအခါ ရုတ်တရက် ထွက်သွား သော ဘောလုံး၏အရှိန်နှင့် ထိုဘောလုံး၏ အလေးထုတို့ဖြင့် တွက်ယူရလေသည်။


သာမန်လူများအဖို့ ဒြဗ်ထုနှင့် အလေးချိန်သည် မထူးခြား သော်လည်း ရူပဗေဒပညာ လိုက်စားသူများ အဖို့မှာ ခြားနား လေသည်။ ရူပဗေဒပညာအရ အလေးချိန်သည် ဒြဗ်ထု၏ သဘောတစ်ခုမျှသာ ဖြစ်၏။ ဒြဗ်တစ်ခု၏ အလေးချိန်သည် ထိုဒြဗ်အပေါ်တွင် သက်ရောက်သော မြေကြီး၏အားကို အကြောင်းပြု၍ ဖြစ်သည်။ အလေးချိန်သည် အမျိုးမျိုးသော အရာဝတ္ထုတို့၏ ဒြဗ်ထုများကို နှိုင်းယှဉ်ခြင်းမျှသာ ဖြစ်၍ အလေးချိန်ပင် ပြောင်းလဲသော်လည်း ဒြဗ်ထုမှာ ပြောင်းလဲခြင်း မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒြဗ်ထုမှာ ပြောင်းလဲခြင်း မရှိနိုင်ပေ။အဘယ်ကြောင့်ဆိုသော် ဒြဗ်ထုသည် ဒြဗ်တွင် ပါဝင် သောပစ္စည်း၏ အတိုင်းအဆ ပမာဏဖြစ်ခြင်းကြောင့်တည်း။ ပုံပမာ ဆယ်မိုင်မျှမြင့်သော နေရာတွင်ရှိသော အရာဝတ္ထု၏ အလေးချိန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိသော ထိုအရာဝတ္ထု၏ အလေးချိန်သည် တူမည်မဟုတ်ချေ။ သို့ရာတွင် ထိုနေရာနှစ်ခု၌ ရှိသော ထိုအရာဝတ္ထု၏ ဒြဗ်ထုသည်ကား အတူတူပင်ဖြစ်သည်။ မြင့်သောနေရာများ၌ အလေးချိန် နည်းရခြင်းမှာ အရာဝတ္ထုကို ဆွဲသော ကမ္ဘာမြေကြီး၏ ဆွဲအားသည် နည်းသွားသောကြောင့် ဖြစ်၏။ မြင့်သောနေရာ၌ အရာဝတ္ထုတစ်ခုခုပေါ်သို့ ပစ်လိုက် သောအခါ ထိမှန်သောအားသည် ပစ်သောအခါ ထိမှန်သော အားနှင့် အတူတူပင် ဖြစ်ကြောင်းကို တွေ့ကြရသည်။ ထိုသို့ ဖြစ်ရသည့်အကြောင်းမှာ ထိုအရာဝတ္ထု၏ အတွင်းရှိ ဒြဗ်၏ အတိုင်းအဆ မပြောင်းလဲခြင်းကြောင့် ဖြစ်လေသည်။ ထိုသို့ ဖြစ်ရသည့်အကြောင်းမှာ ထိုအရာဝတ္ထု၏ အတွင်းရှိဒြဗ်၏ အတိုင်းအဆ မပြောင်းလဲခြင်းကြောင့် ဖြစ်လေသည်။ အလေး ချိန်၏ ပြောင်းလဲမှုသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်နှင့် အနီး အဝေးပေါ်တွင် အမှီပြု၍ နေသည်။ မြေကြီးမှ အထက်သို့ တက်လေ အလေးချိန်သည်လည်း လျော့သွားလေဖြစ်၏။ ထိုနေရာထက် တိုး၍မြင့်အောင် တက်နိုင်ပါလျှင် အလေးချိန် လုံးဝမရှိသော နေရာသို့ပင် ရောက်နိုင်မည် ဖြစ်၏။ ထိုနေရာ၌ အလေးချိန် ပျောက်သွား ရခြင်းမှာ ကမ္ဘာမြေကြီး၏ ဆွဲငင်ခြင်း နှင့် နေနှင့်အခြားသောဂြိုဟ်များ၏ ဆွဲငင်ခြင်းတို့ တူညီကြ သောကြောင့် ဖြစ်လေသည်။


အင်နားရှားခေါ် သတ္တိသည် ဒြဗ်ထု၏ အခြားအရေးကြီး သော သဘောတစ်ခု ဖြစ်သည်။ ဒြဗ်တစ်ခု တည်ငြိမ်နေစဉ် ထိုဒြဗ်ကို ရွေ့သွားအောင် ပြုလုပ်ရာ၌ တွေ့ရသည့် အခက် အခဲမှာ ထိုဒြဗ်၏ အင်နားရှားကြောင့် ဖြစ်၏။ ဒြဗ်တစ်ခု ရွေ့ရှားနေစဉ် ထိုဒြဗ်ကို ရပ်သွားအောင် ပြုလုပ်ရာ၌ တွေ့ရ သည့် ခက်ခဲမှုမှာလည်း အင်နားရှားကြောင့်ပင် ဖြစ်သည်။ အရာဝတ္ထုတစ်ခု၏ အသွားနှုန်းကို တိုးစေ၊ လျော့စေအောင် ပြုလုပ်ရာတွင်၎င်း၊ သွားရာလမ်းကြောင်းကို ပြောင်းလဲအောင် ပြုလုပ်ရာတွင်၎င်း တွေ့ရသည့်အခက်အခဲမှာလည်း အင်နားရှား ကြောင့်ပင် ဖြစ်သည်။ အင်နားရှားကိုအောင်မြင်နိုင်ရန် အပြင်မှ စိုက်ထုတ်ရသောအား လိုလေသည်။ ဒြဗ်၏ အင်နားရှားကို တိုင်းတာသောအခါ ထိုဒြဗ်၏ ဒြဗ်ထုဖြင့် တိုင်းတာယူရသည်။ သိပ္ပံပညာရှင်များ၏ ယူဆချက်အရ အခြင်းအရာများသည် သဘာဝအလျောက် ဖြစ်ပျက်နေသည်ဟူသော သာမန်လူများ၏ ထင်မြင်ချက်သည် မှား၏။ ထိုအခြင်းအရာများ သဘာဝ အလျောက် ဖြစ်ပျက်မှုများသည် တစ်ခုခုသော စည်းမျဉ်းအရ သာ ဖြစ်တန်ရာသည်ဟု ယူဆခဲ့ကြသည်။ ထိုကဲ့သို့ ယူဆခဲ့ကြ သည့် အတိုင်းလည်း သဘာဝအလျောက် ဖြစ်ပျက်နေသည်ဟု ထင်မှတ်မှုများကို စိတ်ရှည်စွာဖြင့် ကြံစည်ခဲ့ကြလေသည်။ လူအများ၏ လက်ခံခြင်းကို ခံရသော တွေးဆချက်မှာ ဂရက် ဗီတေးယှင်းခေါ် ဒြဗ်ဆွဲအား စည်းပင်ဖြစ်၏။ ထိုစည်းကို ယခုအခါ ကမ္ဘာအနှံ့အပြား၌ လက်ခံလျက်ရှိချေပြီ။ ရူပဗေဒ၏ စည်းတစ်ခုတွင် ဒြဗ်တစ်ခုကို မပြောင်းလဲနိုင် ဟု ဆိုသည်။ ထိုစည်းကို ဒြဗ်ထုမြဲမှုစည်းဟူ၍လည်း ခေါ်ကြ သည်။ ထိုစည်းကို ထင်ရှားစေရန်မှာ ကျောက်မီးသွေးတစ်ခဲကို မီးမရှို့မီတွင် ချိန်ထားရန်နှင့် မီးရှို့လိုက်သောအခါ အသုံးပြု ရသည့် အောက်စီဂျင်ဓာတ်ငွေ့၏ ဒြဗ်ထုကို ချိန်ထားရန်ပင် ဖြစ်၏။ ထိုသို့ ချိန်ထားမည်ဆိုလျှင် ထိုဒြဗ်ထုနှစ်ခုသည် မီးရှို့ပြီးသောအခါတွင် ဖြစ်ပေါ်လာသော ထိုကျောက်မီးသွေးပြာ ၏ ဒြဗ်ထု၊ အခြားဖြစ်ပေါ်လာသောအရာဝတ္ထုများ၏ ဒြဗ်ထုနှင့် လောင်ကျွမ်းရာတွင် ဖြစ်ပေါ်လာသော ဓာတ်ငွေ့အားလုံး၏ ဒြဗ်ထုတို့၏ ပေါင်းခြင်းနှင့် တူသည်ကို တွေ့ရမည်ဖြစ်၏။ တနည်းဆိုလျှင် ဒြဗ်ကို အဖြစ်အမျိုးမျိုးသို့ ပြောင်းလဲပေးနိုင် သော်လည်း ဒြဗ်ကို မဖျက်ဆီးနိုင်ရုံမျှမက ဒြဗ်၏ ဒြဗ်ထုကို လည်း တိုးအောင်၊ လျော့အောင် မပြုလုပ်နိုင်ချေ။


မိုမင်တမ်ခေါ် အဟုန်သည် ရွေ့ရှားမှု၏ အတိုင်းအဆ ဖြစ်၏။ ရွေ့ရှားသော အရာဝတ္ထု၏ ဒြဗ်ထုနှင့် ထိုအရာဝတ္ထု၏ အသွားနှုန်းတို့၏မြှောက်ရကိန်းဖြင့် တိုင်းရ၏။ ပုံပမာနှစ်ပေါင် လေးသော ခဲတစ်လုံးကို တစ်စက္ကန့်လျှင် ပေ ၂ဝ မျှ သွားသော နှုန်းနှင့် ပစ်လျှင် ထိုခဲ၏အဟုန်သည် ပေါင် ၂ဝ လေးသော ခဲတစ်လုံးကို နှစ်ပေရွေ့ပေးရာတွင် ဖြစ်ပေါ်သော အဟုန်နှင့် အတူတူပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခု၏ မြေ|ာက်ရကိန်းသည် တူညီသောကြောင့်ပင်တည်း။ အဟုန်တွင် စွမ်းအင်သဘောသက်ဝင်၏။ ပုံပမာ အမြှောက်အတွင်းရှိ အမြောက်ဆံသည် စွမ်းအင်ကို အသုံးမပြုလျှင် အမြောက်မှ ထွက်လာနိုင်အောင် အဟုန်ရှိမည် မဟုတ်ပေ။ ထိုထွက်လာ သော အမြောက်ဆံကို ရပ်တန့်စေရာ၌လည်း စွမ်းအင်လိုပေ သေးသည်။ နံရံ တစ်ခုကို ထိမှန်သောအခါ ထိုနံရံ ကြေပျက် သွားခြင်းသည် ထိုအမြောက်ဆံကို တားဆီးရာ၌ စွမ်းအင်လို သည့် အကြောင်းကို ပြခြင်းပင် ဖြစ်သည်။


နံရံသည် အမြောက်ဆံ၏ အဟုန်ကို ခံရသဖြင့် အဟုန် သည် ပျောက်ပျက်သွားခြင်း မရှိချေ။ ထိုအကြောင်းသည် အဟုန်၏ မြဲမှုစည်းကို သရုပ်ဖော်ခြင်းပင် ဖြစ်သည်။ နာရီကို သံပတ်တင်းပေးလိုက်သောအခါ နာရီသည် သွား၍ သံပတ် ပြေသွားသောအခါ ရပ်တန့်သည်ကို တွေ့ရမည်။ ထိုအခြင်း အရာသည် အသုံးကျသော စွမ်းအင်အဖြစ်ဖြင့် လွင့်ပျောက် သွားသော စည်းအရပင် ဖြစ်၏။ နာရီ၏သံပတ်ကား အလို အလျောက် ပြန်၍မတင်းချေ။


ဒြဗ်ကို ဖန်တီးခြင်းငှာသော်၎င်း၊ ဖျက်ဆီးခြင်းငှာသော်၎င်း မတတ်နိုင်သကဲ့သို့ စွမ်းအင်၏မပြောင်းမှု စည်းအရ စွမ်းအင်၏ ပမာဏသည်လည်း တည်မြဲ၏။ ပုံပမာ ကျောက်မီးသွေး တစ်ပေါင်မှ စွမ်းအင်ကို ယူပြီးလျှင် ရေတစ်ပေါင်၏ လေးပုံ တစ်ပုံကို ဆူစေသကဲ့သို့ပင် ဖြစ်၏။ ပူနေသည့်ရေ၊ ပြာနှင့် အခိုးအငွေ့များမှ ကျောက်မီးသွေးပြန်၍ဖြစ်နိုင်ရန်ကား မတတ် နိုင်ချေ။ ထို့ကြောင့် ဒြဗ်၏အဖြစ် ပြောင်းလဲသကဲ့သို့ စွမ်းအင် ၏ အဖြစ်သည်လည်း ပြောင်းလဲသော်လည်း စွမ်းအင်၏ ပမာဏကား မပြောင်းလဲချေ။ ထိုစည်းနှစ်ခုကို လေ့လာကြည့် သောအခါတွင် သာမိုဒိုင်နမစ်ခေါ် ပညာရပ် ဖြစ်ပေါ်လာလေ သည်။ ထိုပညာရပ်သည် ဓာတုဗေဒပညာရှင်၊ စက်ပညာရှင်နှင့် ရူပဗေဒပညာရှင်များအဖို့ များစွာ အရေးပါအရာရောက် လေ သည်။


ရူပဗေဒသဘောအရ အားနှင့် စွမ်းအင်တို့ ဆက်စပ်လျက် ရှိသကဲ့သို့ အလုပ်နှ့င် ပါဝါတို့သည်လည်း ဆက်စပ်လျက်ရှိ၏။ အရာဝတ္ထုတစ်ခုကို ရှိသမျှအား စိုက်ထုတ်၍ တွန်းသော်လည်း အကယ်၍ ထိုအရာဝတ္ထု မရွေ့လျှင် အလုပ်ပြီးမြောက်သည်ဟု မဆိုနိုင်ချေ။ တစ်ပေါင်လေးသောအရာဝတ္ထုတစ်ခုကို မြေကြီးမှ ယူပြီး လေးပေမြင့်သော စားပွဲပေါ်တွင် တင်ထားနိုင်လျှင် လေးပေပေါင်အလုပ် ပြီးမြောက်သည်ဟု ပြောနိုင်၏။ အကယ်၍ ထိုအလုပ်ကို နှစ်စက္ကန့်တွင် လုပ်လျှင် တစ်စက္ကန့်လျှင် နှစ်ပေ ပေါင် ပါဝါဖြင့် လုပ်သည်ဟု ဆိုရလေသည်။ ပါဝါဆိုသည်မှာ သတ်မှတ်ထားသော အချိန်တွင် အလုပ်ပြီးမြောက်အောင် လုပ် နိုင်သော နှုန်းကို ဆိုသည်။


စွမ်းအင်ကို လေ့လာရာတွင် အပူစွမ်းအင်၊ အလင်း စွမ်းအင်၊ လျှပ်စစ်စွမ်းအင်နှင့် ဓာတုဗေဒစွမ်းအင် စသော စွမ်းအင်များ ပါလာလေသည်။ အမျိုးမျိုးသော စွမ်းအင်များ ကို၎င်း၊ ထိုစွမ်းအင်များနှင့် ဒြဗ်တို့ ဆက်သွယ်မှုများကို၎င်း စုံစမ်းစစ်ဆေး ရှာဖွေကြသောအခါ ခေတ်သစ် ရူပဗေဒနှင့် အခြားပညာရပ်များ ဖြစ်ပေါ် လာသည်။ ဂျေ၊ ဂျေ၊ သွန်မဆင် ဆိုသူသည် အက်တမ်ကို ခွဲစိတ်၍ ရနိုင်ကြောင်း၊ အက်တမ် တွင် လျှပ်စစ်စွမ်းအင်များ ပါဝင်ကြောင်းကို သိမြင်၏။ ထို သိမြင်မှုသည် ခေတ်သစ်ရူပဗေဒ၏ ရှေ့ဆောင်လမ်းပြသဖွယ် ဖြစ်လေသည်။ သိပ္ပံပါရဂူကြီးများသည် ဝီလဆန်က လောက် ချိမ်းဗားဆိုသည့် အသုံးအဆောင်ဖြင့် အက်တမ်၏ လျှပ်စစ် စွမ်းအင်ရှိသော မြူမှုန်များကို မြင်နိုင်ကြပြီးလျှင် ဓာတ်ပုံပင် ရိုက်ကူးနိုင်ကြလေပြီ။ ထိုတွေ့ရှိမှု များကြောင့် အလင်းရောင် ခြည်သည် လှိုင်းသဘောမျိုး အစဉ်ရှိ၍ အီသာတွင် သွားနေ သည်ဆိုသော ယုံကြည်မှုမှာ ပျက်သွားရလေတော့သည်။ ယခု အခါ အလင်းရောင်ခြည်ကို တစ်ချိန်တည်း၌ လှိုင်းသဘော လည်းရှိ၊ မြူမှုန်သဘောလည်းရှိသော ရောင်ခြည်မျိုးဟု ယုံ ကြည်ကြပြန်လေသည်။


ဤအချက်သည် သာမန်လူများကို မဆိုထားဘိ၊ သိပ္ပံ ပညာရှင်ကြီးများကိုပင်လျှင် ရှုပ်ထွေးစေသည်။ ယခင်က စုံစမ်း ရှာဖွေ၍သိရှိခဲ့သော တိကျသေချာမှုအများပင် ယခုအခါ မတိကျ မသေချာမှုများ ဖြစ်နေသည်ကို တွေ့နေကြရပေပြီ။ ယခင်က အက်တမ်ကို မခွဲစိတ်နိုင်ဟု ယူဆခဲ့ကြ၏။ယခုအခါ အက်တမ် ကို ခွဲစိတ်နိုင်လေပြီ။ ယခင်ပြဿနာများအတွက် တိကျသေချာ သောနည်းများပင် ယခုအခါ မသေချာသောနည်းများ ဖြစ်လာ ကြောင်းကို တွေ့နေကြရလေပြီ။ အက်တမ်၏ အစိတ်အပိုင်း များကိုပင်လျှင် အလင်း၏ လျှင်မြန်ခြင်းဖြင့် အာကာသ(စပေ့) တွင် သွားနိုင်စေသည်။ ဒြဗ်ကိုလည်း အလင်း၏ လျင်မြန်ခြင်း မျိုးဖြင့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်ဟန် ရှိပြီ။ ထိုကဲ့သို့ အရာတစ်ခုမှ အရာတစ်ခုသို့ ပြောင်းလဲနိုင်ငြားသော်လည်း စကြဝဠာတွင် ထိုအရာနှစ်ခု၏ ပေါင်းခြင်းသည် အစဉ်တည်မြဲ လျက်ရှိ၏ဟု သိကြရသည်။ လျှပ်စစ်ဓာတ် ကုမ္ပဏီကြီးများက လည်း စိတ်အားထက်သန်စွာ စုံစမ်းရှာဖွေလိုသည့် ရူပဗေဒ ပညာကျော်များကို များစွာပင် လိုလားလျက် ရှိကြသည်။အစိုးရ ဌာနများ၌လည်း ရူပဗေဒပညာရှင်များအား အလုပ်အကိုင်များ ပေးကာ ထိုပညာရပ်ကို ပြန့်ပွားအောင် အားထုတ်လျက်ရှိကြ သည်။


ရှေးအခါက အီဂျစ်နိုင်ငံရှိ အဂ္ဂိရတ်ဆရာများသည် အသက်ရှည် ရာရှည်ကြောင်းနှင့် ခန္ဓာကိုယ်ကို အစဉ် နုပျို နေစေမည့် ဆေးများကို ရှာဖွေလေ့လာခဲ့ကြ၏။ ရူပဗေဒသည် ထိုဆေးများကို မပြုလုပ်နိုင်သော်ငြားလည်း မိုက္ကရိုစကုပ် မှန် ဘီလူး အိပ်စရေးတျု၊ ရေဒီယမ် ဗုံးစသော ပစ္စည်းများကို ပြုလုပ်၍ ရနေပြီ။ ရူပဗေဒကို အသုံးတတ်လျှင် အကျိုးကျေးဇူး များကို ဖြစ်စေနိုင်သော်လည်း အသုံးမတတ်ပါက လူများ၏ အသက်အန္တရာယ်ကို များစွာ ဖြစ်စေနိုင်၏။ ထိုပညာမှ ရအပ် သော အကွာအဝေးတိုင်းကိရိယာများ၊ လျှပ်စစ်မိုတာများ၊ဝိုင်ယာ လက်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်ပျံများ၊ အက်တမ်ဗုံး များကို အသုံးပြုခဲ့ကြသဖြင့် များစွာသောလူတို့၏ အသက်များ သည် သေကြေပျက်စီးခဲ့ရလေပြီ။


လူတို့၏ သေရာသေကြောင်း ကိစ္စရပ်များ၌ ရူပဗေဒကို အသုံးမပြုလျှင် ထိုပညာရပ်သည် လူ၏နေထိုင်မှုကို သာယာ ကြည်နူး၍ နေချင်စဖွယ် ဖြစ်စေရန် ဖန်တီး၍ ပေးနေရမည် ဖြစ်၏။ မှန်များကိုလည်း ယခုအခါတွင် လိုသလို ဖန်တီးနိုင် ကြပြီဖြစ်၍ မျက်စိမှုန်သူများအဖို့ မျက်မှန်များကို အသုံးပြုနိုင် ကြပြီ ဖြစ်၏။ ဓာတ်ပုံရိုက်ကိရိယာများနှင့် ထိုကိရိယာများကို လျှပ်စစ်ဓာတ်အိုးများ တပ်၍ထားခြင်းဖြင့် စကားပြောရုပ်ရှင် များကိုပင်လျှင် ကြည့်နိုင်ကြပေပြီ။


ရူပဗေဒမှ ပေါက်ဖွားလာသော လျှပ်စစ်ဓာတ်ကို အသုံး ပြုခြင်းဖြင့် ခရီးဝေးသို့သွားရန် မလိုတော့ဘဲ သံကြိုးဖြင့်၎င်း၊ စကားပြောကြေးနန်းဖြင့်၎င်း ပြောလိုသည့်စကားကို ပြောနိုင်ပြီ ဖြစ်၏။ ထိုမျှမကသေး၊ မိုင်ပေါင်းများစွာ ဝေးကွာသော တိုင်းပြည်ကြီးများရှိ မြို့ကြီးများမှ စကားပြောသည်ကိုပင် ကြား နေကြရပေပြီ ဖြစ်၏။ ရှေးအခါက လူများသည် နေဝင်ခြင်း၊ နေထွက်ခြင်းနှင့် နေ၊ လကြတ်ခြင်းများကို မြင်ခဲ့ကြရ၏။ သို့ရာတွင် ထိုစဉ်က ထိုကဲ့သို့ ဖြစ်ပျက်ခြင်းများသည် သဘာဝ အလျောက်သာလျှင် ဖြစ်ပျက်ကြသည်ဟု များသောအားဖြင့် ယူဆခဲ့ကြသည်။ ထိုသူများအနက် အကြောင်းအကျိုးကို သုံးသပ်သည့်သူများကား ထိုကဲ့သို့ ပေါ့ပေါ့ဆဆ မယူဆကြဘဲ စည်းကမ်းတကျ မှတ်သားခဲ့ကြပြီးလျှင် ထိုကဲ့သို့ စည်းစံနစ် ကျနစွာ မှတ်သားလုပ်ကိုင်မှုမှ နက္ခတ္တဗေဒကို ပေါက်ဖွားစေခဲ့ သည်။ ထိုပြင် လူတို့သည် မိမိတို့သုံးစွဲနေကြသော ပစ္စည်းများ ၏ ဖြစ်ပေါ်လာပုံများ၏ အကြောင်းရင်းများကို သိလိုခဲ့ကြ လေသည်။ တုတ်ချောင်းတစ်ချောင်းကို ထက်ဝက်စီ အကန့် အသတ်မရှိ စိတ်ပိုင်းနိုင်ကြပါမည်လောဆိုသည့် သိချင်မှုများ ရှိလာခဲ့ကြသည်။


ထိုကဲ့သို့သော အကြောင်းအကျိုးများကို သိချင်မှုများက ပင်လျှင် ရူပဗေဒကို ဖြစ်ပေါ်တိုးတက် ပြန့်ပွား၍ ကောင်းမွန် စေခဲ့သည်။ ဘီစီ ၄၅ဝ ပြည့်နှစ်က ခေါမသဘာဝသိပ္ပံပညာရှင် ဖြစ်သူ အင်ပယ်ဒိုကလီးက ဒြဗ်တွင် မြေ၊ ရေ၊ လေ၊ မီးဟု ဆိုအပ်သော ဒြဗ်စင်များ ပါဝင်မည်ဟု စ၍ ထင်မြင်ယူဆခဲ့ လေသည်။ ထိုယူဆချက်ပင်လျှင် ယခုခေတ်တွင် အက်တမ်နှင့် သက်ဆိုင်သည့်အဆို၏ အခြေခံဖြစ်လာလေသည်။ အင်ပယ်ဒို ကလီး၏ ယူဆချက်သည် အကြမ်းထည်ပင် ဖြစ်သော်လည်း အခြေခံဖြစ်သောကြောင့် လှူဆစ်ပပ်နှင့် ဒီမော့ ကရီးတပ်တို့က အချောကိုင်ကြသည်။ ထိုနောက် ရောမလင်္ကာဆရာဖြစ်သူ လူကရီးရှပ်က တစ်ဖန်အချောကိုင် ပြန်သည်။ အယ်ရစ္စတိုတယ် က ထိုယူဆချက်ကို များစွာ ဖြည့်စွက်ခဲ့လေသည်။


ထို့နောက် အားခီးမီးဒီးဆိုသည့် ကဝိကျော်ကြီးတစ်ဦးက ရေတွင်ပေါ်သည့် အရာဝတ္ထုများနှင့် နစ်သည့် အရာဝတ္ထုများကို လေ့လာရာမှ စက်ကိရိယာအတတ်ပညာနှင့်ဆိုင်သော အခြေခံ စည်းများကို စုံစမ်းရှာဖွေခဲ့သည်။ ထို့ပြင် ကုတ်၏ပြုမူပုံသဘော နှင့် ချိန်ခွင်၏ အခြေခံကိုလည်း စုံစမ်းရှာဖွေခဲ့လေသည်။ ထို ပညာရပ်သည် တဖြည်းဖြည်း တိမ်ကောခဲ့ရာ ၁၆ဝဝ ပြည့်နှစ် ခန့်ကျမှ ဒီမော့ကရီးတပ်၏ တွေးဆချက်မျှသာဖြစ်သော ပလာ နယ်တွင် အားလုံးသောအရာဝတ္ထုများည် တူညီသောအသွားဖြင့် အောက်သို့ ကျကြသည်ဆိုသည်ကို စမ်းသပ်ကြည့်ရှု၍ ထင်ရှား စေနိုင်ခဲ့လေသည်။ ထိုအချိန်လောက်မှစ၍ ဖရန်ဆစ်ဗေကင် ဆိုသူသည် သုတေသနလုပ်ငန်းကို ကြံဆတွေးတောမှုနှင့်သာ မတင်းတိမ်တော့ဘဲ လက်တွေ့စမ်းသပ်မှုများကိုပါ အားပေးခဲ့ လေသည်။ နျူတန်ဆိုသည့် ကဝိအကျော်တစ်ဦးသည် အရာ ဝတ္ထုများအကြားတွင် အားရှိရမည်ဟု ယူဆပြီးလျှင် စုံစမ်း ရှာဖွေခဲ့ပြီးနောက် ထိုယူဆချက်ကို အခြေခံကာ သူ၏ ကျော် စောသော ဒြဗ်ဆွဲအားစည်းကို အခြေခံကာ သူ၏ ကျော်စော သော ဒြဗ်ဆွဲအားစည်းကို ဖြစ်ပေါ်စေခဲ့သည်။ အလင်း၏ ဂုဏ် သတ္တိများကိုလည်း စုံစမ်းလေ့လာ ခဲ့လေသည်။ ထိုအချိန် လောက်တွင် ဝှိုင်ဂင်ဆိုသူသည် မျက်စိနှင့်ဆိုင်သော ကိရိယာ တန်ဆာများကို ဆုံးခန်းတိုင်အောင် ပြုလုပ်နိုင်ခဲ့လေသည်။ များမကြာမီ အတွင်းတွင် အမေရိကန်လူမျိုး ဗင်ဂျမင် ဖရန် ကလင်နှင့် အင်္ဂလိပ်လူမျိုး ဟင်နရီကဗင်းဒစ်တို့သည် သံလိုက် ဓာတ်၊ လျှပ်စစ်ဓာတ်တို့နှင့် စပ်လျဉ်း၍ ပထမဖြစ်ပေါ်လာ သော ယူဆချက်များပေါ်တွင် အခြေပြုကာ စုံစမ်းရှာဖွေခဲ့ကြ လေသည်။ ထိုသူများ၏ လုပ်ကိုင်ဆောင်ရွက်ချက်သည် ဂျူး၏ အပူနှင့် လျှစ်စစ်တူရည်ကို တွက်ရာတွင် အခြေခံဖြစ်လေသည်။ ထိုသူများ၏ လုပ်ကိုင်ဆောင်ရွက်ချက်သည် ဂျူး၏ အပူနှင့် လျှပ်စစ်တူရည်ကို တွက်ရာတွင် အခြေခံဖြစ်လေသည်။ ထို့ပြင် ဖားရဒေးအား လျှပ်စစ်ဓာတ်ဒိုင်နမို၏ အခြေခံဖြစ်သော ညိ|ု့မှု သဘောကို ရစေပြီးလျှင် အီသာတွင်း၌ လျှပ်စစ်ဓာတ်လှိုင်းများ ၏ သဘောကိုပါ ရစေလေသည်။ ထိုမှ ကလပ်မက်ဆွဲအား မြူများ၏လှုပ်ရှားမှုကို တွက်ချက်ရာတွင် အထောက်အပံ့ ရစေ ခဲ့သည်။ ထိုပြင် ကလပ်မက်ဆွဲသည် ယခုအခါတွင် ဝိုင်ယာ လက်လှိုင်းများဟု ခေါ်နေကြသော အဆိုနှင့် စပ်လျဉ်း၍ လုပ် ကိုင်ဆောင်ရွက်ခဲ့သေး၏။ ထိုကိစ္စကို ဟက်ဇသည် ဆဲ့ကိုးရာစု နှစ် အတွင်းတွင် ပြည့်စုံစွာ စုံစမ်းနိုင်ခဲ့လေသည်။ နှစ်ဆယ် ရာစုနှစ်တွင် ရူပဗေဒကို လိုက်စားကြသည့် ပညာရှင်များသည် ထိုပညာရပ်၌ အဘက်ဘက်တွင် တိုးတက်၍ ကောင်းမွန်စွာ စုံစမ်းရှာဖွေနိုင်ခဲ့ကြသည်။


၁၈၉၅ ခုနှစ်တွင် ရန့်ဂင်း၏ အိပ်စရေးကို တွေ့ရှိမှုသည် သွန်မဆင်အား အက်တမ်တွင် လျှပ်စစ်မှုန်များ ပါဝင်သည်ဆို သည့် ယုံကြည်ချက်ကို ဖြစ်စေခဲ့လေသည်။ ထိုယုံကြည်ချက်ကို လော့ရားသားဖို့နှင့် ဗိုးဆိုသူတို့က ပြန့်ပွားတိုးတက် ကောင်းမွန် စေပြီးလျှင် ယခုခေတ်တွင် ရှုပ်ထွေးလျက်ရှိသော အက်တမ် အဆောက်အဦ အဆိုကို ဖြစ်ပေါ်စေခဲ့ကြလေသည်။ ဟက်ဇပြုလုပ်ဆောင်ရွက်ထားခဲ့သော ဝိုင်ယာလက်လှိုင်း များနှင့် စပ်လျဉ်းသော အကြောင်းများကို ဆာအော်လီဗာ လော့ဂျက ဝိုင်ယာလက်နှင့် အီသာအကြောင်းကို စုံစမ်းရှာဖွေ ဆောင်ရွက်စဉ် ဆက်၍ စုံစမ်းရှာဖွေ ခဲ့လေသည်။ ပလန့်ဆို သည့် ပညာရှင်တစ်ဦး၏ ဆောင်ရွက်မှုဖြစ်သော စွမ်းအင်မျိုးစုံမှ ဖြာထွက်ခြင်း၏ အခြေခံစည်းများသည် ရှေးအခါက အီသာ အကြောင်းနှင့် ထိုနောက်မှတွေ့ရှိရသော အိုင်စတိုင်း၏ ရယ်လတစ်ဗတီ အဆိုများကို ဆက်သွယ်ပေးခဲ့လေသည်။ ရူပဗေဒပညာရှင်တို့သည် အက်တမ်(အနုမြူ)၏ ဖွဲ့စည်း ပုံကို ဆက်လက်၍ သုတေသနပြုလာခဲ့ကြရာမှ အက်တမ်၏ နျူကလိယတ်ကို ခွဲစိတ်လာကြပြီးလျှင် နျူကလိယတ်ဆိုင်ရာ ရူပဗေဒဟူ၍ သီးခြားပညာရပ် တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တွင် ပညာရှင်အချို့က ရေဒီယိုသတ္တိ ကြွခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅ ခုနှစ်) ပြီးခါနီးအချိန်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အက်တမ်ဗုံး (အနုမြူဗုံး) ပေါ်ပေါက်လာခဲ့၍ စစ်ပြီးခေတ်သို့ ရောက်သောအခါ ပညာ ရှင်တို့သည် အနုမြူအင်အားကို ငြိမ်းချမ်းရေးလုပ်ငန်းများ၌ အသုံးချရန် အမျိုးမျိုးကြိုးစားကြံစည်လျက် ရှိသည်ကို တွေ့ရလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)