အားကစားနှင့်ကာယပညာဦးစီးဌာန

ဝီကီပီးဒီးယား မှ
၀၄:၀၆၊ ၆ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-မှုး +မှူး)) တည်းဖြတ်သည့်မူ
အားကစားနှင့်ကာယပညာဦးစီးဌာန
မြန်မာနိုင်ငံတော်အစိုးရအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၇၂
ဌာနချုပ်ရုံးအမှတ် (၃၁)၊ နေပြည်တော်မြန်မာနိုင်ငံ
ဝန်ကြီးများဒေါက်တာမြင့်ထွေး
ဌာနအကြီးအမှူးများဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်
ဝက်ဘ်ဆိုက်spedmyanmar.com

အားကစားနှင့်ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ အားကစားဆိုင်ရာ တစ်ခုတည်းသော ဌာနဖြစ်သည်။ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းအပါအဝင် ဌာနခွဲ ၁၅ ခု ရှိသည်။

သမိုင်းကြောင်း

၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အား/ကာရုံး ညွှန်ချုပ်မှ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် "အားကစားနှင့်ကာယပညာဦးစီးဌာန"အနေဖြင့် ဖွဲ့စည်းကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းကာ ဖွဲ့စည်းခဲ့သည်။ အားကစား ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် အားကစားဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းကာ ယခုအခါတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ထားရှိသည်။

ကိုးကား