ထိုးမုန့်

ဝီကီပီးဒီးယား မှ
၀၇:၁၈၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
ထိုးမုန့်
အုန်းကြော်ထိုးမုန့်
အမျိုးအစားအချိုပွဲ (မုန့်)
မူရင်းနိုင်ငံမြန်မာနိုင်ငံ
ဒေသအရှေ့တောင်အာရှ
ဆက်နွယ်သောအမျိုးသားအစားအစာမြန်မာ
အဓိက ပါဝင်ပစ္စည်းကောက်ညှင်းဆန်၊ စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ အုန်းသီး
ဆင်တူဟင်းလျာများမုန့်ကုလားမဲပုသိမ်ဟာလဝါ
Cookbook:   Media: ထိုးမုန့်

ထိုးမုန့် သည် မြန်မာ့ရိုးရာ အချိုပွဲ စားစရာမုန့်တစ်ခု ဖြစ်သည်။ ထိုးမုန့်ကို ကောက်ညှင်းဆန်အပါအဝင် စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ အုန်းသီးကြော်တို့ဖြင့် ပြုလုပ်ထားသည်။[၁] ထိုးမုန့်နှင့် အလားတူသော မြန်မာ့ရိုးရာ အခြားမုန့်များမှာ မုန့်ကုလားမဲနှင့် ပုသိမ်ဟာလဝါတို့ ဖြစ်ကြသည်။[၂] ထိုးမုန့်ကို မန္တလေးမြို့မှ အဓိကပြုလုပ်ပြီး မန္တလေးမြို့၏ ထင်ရှားသော လက်ဆောင်မုန့်တစ်ခု ဖြစ်သည်။[၃]

ဇာစ်မြစ်

မြေဒူးမင်းခေါ် ဆင်ဖြူရှင်မင်းသည် အယုဒ္ဓယကို အောင်မြင်သောအခါ ယင်းမှ လက်မှုပညာသည်များ ပါလာခဲ့ရာ ရွှေပန်းထိုးခြင်းအတတ်သာမက မုန့်ပဲသရေစာလုပ်နည်း အတတ်ပညာများပါ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ထိုးမုန့်၊ ဆနွင်းမကင်း၊ မာဆကပ် ကဲ့သို့သော မန္တလေးမှ နာမည်ကြီးမုန့်များသည် အယုဒ္ဓယဇာစ်မြစ်များဖြစ်၍ မန္တလေး၏ မြက်ဖျားရပ်ခေါ်သော ရပ်ကွက်မှ စတင်ပြုလုပ်ခဲ့ကြသည်။ မြက်ဖျားရပ်သည် အယုဒ္ဓယသားများ အခြေချခဲ့သောနေရာဖြစ်သည်။ ထို့ကြောင့် ထိုးမုန့် ဇစ်မြစ်မှာ အယုဒ္ဓယဖြစ်၍ ထိုးမုန့်အစမှာ မြက်ဖျားရပ်ဟုဆိုနိုင်သည်။ ယခုအခါတွင် ထိုးမုန့်မှာ မြန်မာ့သရေစာအဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။[၄]

ကိုးကား

  1. In Mandalay, go for the food (2016-11-18)။ 2019-11-15 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အစား အစာ။ 13 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2020 တွင် ပြန်စစ်ပြီး။
  3. ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ (2014-12-05)။ 2019-11-15 တွင် ပြန်စစ်ပြီး။
  4. Hsue Hgnet (translated by Yay Chan (Mandalay)) (January 2003)။ The Straight Lines of Mandalay။ Mandalay: Kyipwarye Books House။ pp. 164–165။ OCLC 54372317 Unknown parameter |langue= ignored (|language= suggested) (အကူအညီ)