တိုဟူးနွေး

ဝီကီပီးဒီးယား မှ
တိုဟူးနွေး

တိုဟူးနွေး ဆိုသည်မှာ တိုဟူးမဖြစ်အောင် အိုးတွင် အစဉ်နွှေးထားသော တိုဟူးနှစ်,ပင် ဖြစ်သည်။ နွေးမှသာ စားကောင်းသော ရှမ်းရိုးရာ အစားအစာ ဖြစ်သည်။ တောင်ကြီးစားသောက်ဆိုင် အများစုတွင် တိုဟူးနွေးရနိုင်သကဲ့သို့ မနက်စာဆိုင်များတွင်လည်းကောင်း၊ ညဈေးတွင် ဖွင့်သည့် ဆိုင်များတွင်လည်းကောင်း၊ တိုဟူးနွေး၊ တိုဟူးကြော်၊ တိုဟူးသုပ်နှင့် ရှမ်းခေါက်ဆွဲတို့ကို တွဲရောင်းလေ့ရှိသည်။

တိုဟူးနွေး၏ တွဲဖက်စာများမှာ အီကြာကွေး၊ မုန်ညင်းချဉ်၊ မုန်ညင်းပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ဝက်ခေါက်ကြော်၊ ငါးမှုန့်ကြော်တို့ ဖြစ်သည်။ ထည့်တတ်သည့် အဆာပလာများမှာ ငရုပ်သီးမှုန့်၊ ဆီ၊ ကြက်သွန်ဖြူကြော်၊ မြေပဲထောင်း၊ ကြက်သားဟင်းရည်နှင့် ကြက်သွန်မြိတ်၊ နံနံပင်တို့ ဖြစ်သည်။ သံပရာနှင့် အချဉ်ထားသည့် ငရုတ်ချဉ် သို့မဟုတ် ကြက်သွန်ဖြူချဉ်များလည်း ရောစားတတ်ကြသည်။

ကိုးကား