ဥပက

ဝီကီပီးဒီးယား မှ

[၁] ဥပကမည်သူ။ ပါဠိအဋ္ဌကထာတို့၌ ဥပကမည်သူ သုံးဦးတွေ့ ရ၏။ [၂] [၂]

(က) ဒေဝဒတ်၏အလုပ်အကျွေးဖြစ်သော ဥပက[ပြင်ဆင်ရန်]

[၃] [၂]

ဥပကသုတ်ကြည့်

(ခ) ဥပကမည်သော-ပရိဗိုဇ်-တက္ကတွန်း[ပြင်ဆင်ရန်]

ဥပကထေရ်ကြည့်

ထိုသူသည် ခပ်စောစော သရဏ ဂုမ်တည်သူ, အရိယာပုဂ္ဂိုလ်ဖြစ်သူ မဟုတ်သော်လည်း ပဉ္စဝဂ္ဂီငါးဦးတို့၏ အလျင်ကပင် မြတ်စွာဘုရားနှင့် တွေ့ရ၍ သာသနာတော်၌ ထင်ရှားသောပုဂ္ဂိုလ် ဖြစ်သည်၊ ထိုဥပက ပရိဗိုဇ်သည် ဗောဓိမဏ္ဍိုင်နှင့် ဂယာ၏ အကြား၌ ခရီးရှည် ကြွသွားတော်မူသော မြတ်စွာဘုရားကို တွေ့မြင်ရ၍ “အရှင်၏ ဣန္ဒြေတို့ကား ကြည်လင်လှပါပေကုန်၏၊ အရေအဆင်းကလည်း ဖြူစင်သန့်ရှင်းလှပါ၏ အရှင်သည် မည်သည်ပုဂ္ဂိုလ်ကို ရည်စူး၍ (ဆရာ့အရာ ထား၍) ရဟန်းပြုပါသနည်း၊ အရှင်၏ ဆရာ မည်သူပါနည်း၊ အဘယ်ဆရာ၏ တရားကို အသင် နှစ်သက်ပါသနည်း” ဟု မေး၏။ မြတ်စွာဘုရားက “ဥပက— ငါသည် အလုံးစုံကို သိသူဖြစ်၏၊ အားလုံးသော အာရုံတရားတို့၌ ကိလေသာအစေးဓာတ်ဖြင့် ငြိကပ် တွယ်တာသူမဟုတ်၊ ငါ့မှာဆရာမရှိ၊ ငါနှင့်တန်းတူ ရည်တူပုဂ္ဂိုလ်တစ်ဦးမျှ မရှိ” စသည်ဖြင့် မိန်တော်မူ၏၊ ယင်းသို့ မိန့်လသော် ဥပက ပရိဗိုဇ်သည် "ဟုပေယျာပါဝုသော = အရှင်ဘုရား မိန့်သည်အတိုင်း ဟုတ်နိုင်ပါတယ် (ဤ လို ရူပကာယမျိုး၌ ဤသို့သော ဉာဏ်မျိုး ရှိနိုင် ဖြစ်နိုင်ပါတယ်) "ဟုပြောဆိုပြီးလျင် ဦးခေါင်းညိတ်၍ လမ်းရှောင်လွှဲကာ ဝင်္ကဟာရ ဇနပုဒ်သို့ သွားလေ၏။ [၄] [၂]

ဥပကသည် ထိုဝင်္ကဟာရဇနပုဒ်၌ သားမုဆိုးရွာတစ်ရွာကို မှီခိုနေထိုင်လသော် မုဆိုးအကြီးအကဲတစ်ဦးက သူ့ကို ပြုစုလုပ် ကျွေး၏၊ မုဆိုးကြီးသည် အဝေးသို့ အမဲလိုက် ထွက်ခါနီးသောအခါ “ငါတို့၏ ရဟန္တာကြီးကို မမေ့ရစ်နဲ့” ဟု သူ၏သ္မီး "ဆာဝါ(စာပါ)”အား မှာကြား၍ သွား၏၊ ဥပကသည် နောက်တစ်နေ့၌ မုဆိုးကြီးအိမ်သို့ ရောက်သွားသောအခါ လှပပြည်ဖြိုးသော ဆာဝါသည် ထမင်းဟင်းများ ချက်ပြုတ်ပြီး၍ ဆက်ကပ်ကျွေးမွေးရန် ဥပကထံ ချဉ်းကပ်လာသည်တွင် ဥပကသည် ဆာဝါကို မြင်သည်နှင့်တပြိုင်နက် စွဲလမ်း တပ်မက် နှစ်သက်လှသဖြင့် ဆက်ကပ်သော ဆွမ်းကိုပင် မစားနိုင်တော့ပဲ ခွက်ဖြင့် ထည့်ယူကာ ကျောင်းသို့ ပြန်သွား၍ ထိုဆွမ်းကို တနေရာ၌ ထားပြီးလျှင် “ဆာဝါကို ရလျင် အသက်မသေ နေရမည်၊ မရလျင် သေမည်”ဟူသော အလိုရမက်ဖြင့် အစာ မစားပဲ လျောင်းစက်နေလေ၏။ (၇)ရက်ပြည့်၍ တောလိုက်ရာမှ ပြန်လာသော မုဆိုးကြီးသည် ထိုအကြောင်းကို သိလသော် ဥပကကို လူဝတ်လဲစေ၍ အိမ်သို့ခေါ်ကာ သ္မီးဆာဝါနှင့် ထိမ်းမြားလေသည်၊ ဥပကနှင့် ဆာဝါတို ပေါင်းသင်းနေထိုင်၍ သားတစ်ယောက် ဖွားမြင်၏၊ သားကို သုဘဒ္ဒဟု အမည်မှည့်၏။ ဆာဝါသည် သားငယ်ကလေး ငိုကြွေးသောအခါ “မံသဟာရကဿ ပုတ္တ = သားထမ်းသမား၏သား၊ မာ ရောဒိ = မငိုနဲ့” စသည်ဖြင့် ကလေးချော့လျက် ဥပကကို သရော်လေ၏။ ဥပက မခံချင်မှန်းသိသဖြင့် အကြိမ်ကြိမ် သရော်လေ၏၊ ထိုအခါ ဥပကသည် ဆာဝါ နှင့်အတူ ပေါင်းသင်းနေထိုင်လိုစိတ် မရှိတောသဖြင့် “ဧဟိ ကာဠ နိဝတ္တ (ကိုမဲ လာပါ ပြန်ခဲ့ပါ၊ ဘယ်ကိုမျှ မသွားပါနဲ့)” ဟု ဆာဝါက တားမြစ်သည်ကိုပင် မလိုက်လျောတော့ပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်သို့ ထွက်ခွါသွားလေ၏၊ မြတ်စွာဘုရားသည် ဥပကကို ရဟန်းပြုပေး၍ ကမ္မဋ္ဌာန်းအားထုတ်စေရာ အနာဂါမိဖိုလ်၌ တည်၍ ကွယ်လွန်သောအခါ အဝိဟာဘုံ ဖြစ်၏။ ဥပကသည် ယင်းဘုံ၌ ဖြစ်လျင်ဖြစ်ချင်း အရဟတ္တဖိုလ်သို့ရောက်လေ၏။ [၅] [၂]

[၆]

(ဂ) ဥပကဒွန်းစဏ္ဍား[ပြင်ဆင်ရန်]

ကထံ ဥပကစဏ္ဍာလံ ပဋိကုလေသု ဓမ္မေသု အပ္ပဋိကူလသညီ ဝိဟရတိ။ ပေဋကော။ ၂၉၅။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဥပက-(ပု) [ယာဒိစ္ဆကနာမ်]
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ တိပိဋကအဘိဓာန် အတွဲ-၄ (ခ)
  3. အထ ခေါ ဥပကော မဏ္ဍိကာ-ပုတ္တော ယေန ဘဂဝါ တေနုပသင်္ကမိ။ အံ၊၁၊၅၀၁။ ဥပကောတိ တဿ နာမံ၊ —— သော ကိရ ဒေဝဒတ္တဿ ဥပဋ္ဌာကော။ အံ၊ဋ္ဌ၊၂၊၃၆၂။
  4. ဝိ၊၃၊၁၁။ မ၊၁၊၂၂၇။ မ၊၂၊၂၉၄။ မ၊ဋ္ဌ၊၂၊၉၄။
  5. မ၊ဋ္ဌ၊၂၊၉၄-၅။ သုတ္တနိ၊ဋ္ဌ၊၁၊၂၄၈။ ထေရီ၊ဋ္ဌ၊၂၃၄။ သာရတ္ထ၊၃၊၁၆၅-၆။
  6. အဒ္ဒသာ ခေါ ဥပကော အာဇီဝကော ဘဂဝန္တံ။ ဝိ၊၃၊၁၁။ ဥပကာ ပလဂဏ္ဍော စ ပက္ကုသာတိ စ တေ တယော။ သံ၊၁၊၃၂၊ ၅၉။ မ၊ဋ္ဌ၊၄၊၂၁၇။ ထေရီ၊ဋ္ဌ၊၂၃၀။ သာရတ္ထ၊၃၊၁၆၆။ ဥပကောတိအာဒီနိ တေသံ ထေရာနံ နာမာနိ။ သံ၊ဋ္ဌ၊၁၊၈၆။ မ၊ဋီ၊၃၊၄၀၄။ (ဝိ၊ဋ္ဌ၊၃၊၂၄၅။ ဒီ၊ဋ္ဌ၊၂၊၆၂။ မ၊ဋ္ဌ၊၂၊၉၃။ အဘိ၊ဋ္ဌ၊၁၊ရရ။ ဓမ္မ၊ဋ္ဌ၊၁၊၅၅။ ဥဒါန၊ဋ္ဌ၊၄၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂။ နေတ္တိဝိ၊ ၃၃၄။