အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
| အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Inn National League Party |
| နာယက | ဦးအောင်ကြည်ဝင်း |
| တည်ထောင်ခြင်း | ၁၇ ဒီဇင်ဘာ ၂၀၁၉ |
| ဌာနချုပ် | ညောင်ရွှေမြို့၊ ရှမ်းပြည်နယ် |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
| ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Inn National League Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီနှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရန်အတွက် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းခဲ့ပြီး အင်းအမျိုးသား ဖွံ့ဖြိုးရေးတိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း အလုပ်အမှုဆောင် ရွေးချယ်ရေးတွင် သဘောထားကွဲလွဲခဲ့သည့်အတွက် ဦးအောင်ကြည်ဝင်းက ၂၀၁၉ ခုနှစ် မတ်လတွင် အင်းအမျိုးသား ဖွံ့ဖြိုးရေးတိုးတက်ရေးပါတီမှ ပြန်လည်နုတ်ထွက်ခဲ့ပြီး အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ထပ်မံထူထောင်ခဲ့သည်။[၁]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၃
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၅) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ပါတီရုံးချုပ်
[ပြင်ဆင်ရန်]ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ဝင်းရပ် (၃)ကွက်၊ ဖောင်တော်ဆိပ်လမ်း[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စည်သာ (တောင်ကြီး) (၄ ဇူလိုင် ၂၀၂၀)။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ အပါအဝင် ညောင်ရွှေနှင့် တောင်ကြီးမြို့နယ်၌ မဲဆန္ဒနယ်ငါးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်။ Eleven Media။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (INLP) နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) တို့ကို UEC မှ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာ။ NP News။ 2025-6-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-21 တွင် ပြန်စစ်ပြီး။
- ↑ ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း။ UEC။ 2025-6-29 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |