သားရေနွယ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ရသေ့ရဟန်းတို့ အိပ်ရန်၊ ထိုင်ရန် အခင်းအဖြစ်အသုံးပြုရသော သစ်ခေါက်ပြုတ်ရည်၊ ထုံး စသည် တို့ဖြင့် ပြုပြင်ထားသော သားရေကို သားရေနွယ်ဟု ခေါ်ပါသည်။ သားရေနွယ်အခင်းကို မအပ်သောအသားကြီး ၁၀-မျိုးတို့၏ အရေကို ချန်ထား ၍ ကျန်သတ္တဝါတို့၏ အရေကို သုံးနိုင်သည်။ သင်္ကန်းညစ်ပတ်ပေကျံမည်ကို စောင့် ရှောက်လိုခြင်းကြောင့်ဖြစ်သည်၊ သင်္ကန်းကို မရိုမသေသုံးလျှင် ဒုက္ကဋ်အာပတ်သင့်ပါသည်။
[နွားရေကိုလည်း သားရေနွယ်အဖြစ်ဖြင့် မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏ဟု သီးခြား ပညတ်တော်မူသည်။][၁]
သုံးဆောင် ကောင်းသော သားရေ
[ပြင်ဆင်ရန်]ဆိတ်, သိုး, သမင်, ချေ, စိုင် ဧဏီ မည်သော သား, ဆတ်တို့၏ အရေမှ တစ်ပါးသော သားရေတို့ဖြင့် ပြုလုပ်သော သားရေနွယ်အခင်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်ဖြင့် ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာရာ ၎င်းသားရေ အခင်းတို့ကို ယူ၍ မသုံးစွဲကောင်းပါ။ ကျောင်းအသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်ဟု ဒုတိယသေနာသနသိက္ခာပုဒ်အဖွင့်၌ “စမ္မခဏ္ဍ”ဟူသော ပါဠိစကားနှင့် စပ်၍ ပါတိမောက်ဘာသာ ဋီကာဆရာ ဆို၏၊[၁]