မဟာဒါန

ဝီကီပီးဒီးယား မှ

[၁]အကြီးအကျယ် အံ့ဩလောက်အောင် လှူဒါန်းခြင်းဒါနသည်ကား မဟာဒါနမည်၏။ သီရိဓမ္မာသောကမင်းကြီး၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အား ပူဇော်လှူဒါန်းပွဲကြီးသည် အလွန်တရာ ကြီးကျယ်သော မဟာဒါနကြီးပင် ဖြစ်၏၊ ထို့ကြောင့်ပင်-

“ဤ ဘုရားသာသနာတော်မှာ ပစ္စည်းအများအပြား လှူဒါန်းရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာပင် အသင်မင်းကြီးနှင့်တူသော ပစ္စည်းလေးပါးဒါယကာ မရှိ၊ အသင်မင်းကြီး၏ အလှူဒါနသည်သာ အကြီးကျယ်ဆုံး ဖြစ်သည်”– ဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် မိန့်ကြားတော်မူခဲ့ပေသည်။

သီရိဓမ္မာသောကမင်းကြီး၏ အလှူမှာ ပစ္စည်းလှူသော ဒါယကာတို့တွင် အသာဆုံး အကြီးကျယ်ဆုံးဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူအပ်သော်လည်း မည်သူနှင့်မျှ အရှုံးအနိုင် ယှဉ်ပြိုင်ရသည်မဟုဘ်၊ မိမိအလိုအတိုင်း ပြုလုပ်ခြင်းသာဖြစ်၍ သဒိသ အသဒိသ သဘောကို ထုတ်ဖော်ပြောဆိုရန် မလို။ ရှေး၌ ပြခဲ့ပြီးသော ပသေနဒီကောသလမင်းကြီး၏ အလှူမှာ ပြည်သူလူထုနှင့် ယှဉ်ပြိုင်တုပ ပြုလုပ်ကြသောအရာဖြစ်၍ အသဒိသဟူသော အမည်ကို ရရှိသည်ဟု မှတ်ယူအပ်၏။

ပြုလုပ်ရန် ခဲယဉ်းသည်လည်း မဟုတ်၊ ကြီးကျယ် များပြားလှသည်ဟု ပြောဆိုဖွယ်ရာလည်း မရှိသော အလှူဟူသမျှသည် သာမညဒါနချည်းသာ ဖြစ်၏။[၂]

သီလကိုပင် မဟာဒါနခေါ်သည်မှာ[ပြင်ဆင်ရန်]

အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် (၄) ဒါနဝဂ်၊ နဝမသုတ်၌၊ ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ..ဟူသော စကားကို အစချီ၍ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးဟူ၍ အကျယ် ဟောကြားတော်မူ၏။

ဤပါဠိတော်ကြီး၌ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးအဖြစ် အကျယ် ဟောထားသည့်အတွက် “သီလကိုပင် ဒါနခေါ်သည်”ဟု မမှတ်ယူအပ်၊ မြတ်စွာဘုရားကလည်း ဒါနနှင့် သီလ- တရားကိုယ်မပြား တသားတည်းအနေဖြင့် ဟောတော်မူလိုသည် မဟုတ်။ သီလဟူသည် ကိုယ်နှုတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းဖြစ်၍ ဒါနဟူသည်မှာကား တစုံတရာကို ပေးစွန့်ခြင်းဖြစ်သည်။ ထို့ကြောင့် သီလကိုပင် ဒါနခေါ်သည်ဟု မမှတ်ယူအပ်။ စင်စစ်သော်ကား.. ပါဏာတိပါတဝိရတီ သိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့်ပြည့်စုံလျှင် ထိုသီလရှိသော သူတော်ကောင်းသည် သတ္တဝါတို့ကို သတ်ဖြတ်ခြင်းအမှု မပြုလုပ်တော့ပဲ အဘယဒါန = သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကို ပေးသည်မည်၏။ ဤနည်းအတိုင်း “သိက္ခာပုဒ် ငါးပါးလုံးကို စောင့်ထိန်းလိုက်သဖြင့် သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကိုပေးလျှင် သီလအရင်းခံရှိသော ဒါနကိစ္စ ပါဝင်ပြီးစီးသွားသောကြောင့် သီလငါးပါးကို မဟာဒါနငါးပါးဟု မြတ်စွာဘုရား ဟောတော်မူသည်ကို အထူးသတိချပ် သိမှတ်ရာ၏။[၂]

မဟာဒါနနှင့် ပရိတ္တဒါန[ပြင်ဆင်ရန်]

  • (၁) သီလ, သမာဓိ, ပညာ-တို့ဖြင့် မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်း ထိုက်သော ယာဂု, ခဲဖွယ်, ဘောဇဉ်, အမျိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် ခြေနယ်ဆီ, ထီး, ဖိနပ်-စသော ရဟန်းတော်တို့၏ အသုံးအဆောင် ပရိက္ခရာအမျိုးမျိုး ပျား တင်လဲ-စသော ဆေးပစ္စည်းအမျိုးမျိုးကို ပေးလှူခြင်းဟူသော = မဟာဒါန,
  • (၂) အနည်းငယ်သော ပစ္စည်းဝတ္ထုကို ပေးလှူ ခြင်းဟူသော = ပရိတ္တဒါန-အားဖြင့် ၂-ပါး [၃][၄]

မဟာဒါနကုသိုလ် ပြုသူများ[ပြင်ဆင်ရန်]

  • ယင်း-မဟာဒါနကုသိုလ် ပြုသူတို့ကား— မြို့တွင်း, မြို့ပြင်၌ အလှူမဏ္ဍပ် ၅-ဆောင် ဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း မွန်မြတ်သော ယာဂု, ခဲဖွယ်, ဘောဇဉ်-စသော လှူဖွယ် ဝတ္ထုတို့ကို အယုတ်, အလတ်, အမြတ်မရွေး အလှူခံဟူသမျှအား ရက်ရောစွာ လှူဒါန်းသော မဟာဝိဇိတမင်း [၅]
  • ဒွါရဝတီမြို့သား အင်္ကုရ မည်သော ကုန်သည် [၆]
  • ပါယာသိမြို့စား [၇]
  • အနာထပိဏ်သူဌေး [၈],
  • သိရိမာမည်သော ပြည့်တန်ဆာမ [၉]
  • မေဏ္ဍကသူဌေး [၁၀]
  • စိတ္တသူကြွယ် [၁၁]
  • ရောရုဝမြို့သား အသယှ သူဌေး [၁၂]
  • ဆင်းရဲသား မဟာဒုတ် [၁၃]
  • ဝိပဿီဘုရားရှင်၏ ခမည်းတော်နှင့် တိုင်းသူပြည်သားများ [၁၄]
  • ဝေလာမပုဏ္ဏား [၁၅]
  • ပသေနဒီကောသလမင်း [၁၆]
  • မဟာဓနကုန်သည် [၁၇]
  • ဥဂ္ဂသူကြွယ် [၁၈]
  • သုမနသူဌေး [၁၉]
  • အပရာဇိတသူကြွယ် [၂၀]
  • ဝိဇိတာဝီစကြာမင်း [၂၁]
  • အလောင်းတော် သုရုစိပုဏ္ဏား [၂၂]
  • အလောင်းတော် အတုလနဂါးမင်း [၂၃]
  • အလောင်းတော် အဇိတပုဏ္ဏား အလောင်းတော် ဘီလူးစစ်သူကြီး[၂၄]
  • အလောင်းတော် ဥတ္တရလုလင် [၂၅]
  • သုမင်္ဂလမြို့သူ, မြို့သားများ [၂၆]
  • အလောင်းတော် အရိန္ဒမမင်း အလောင်းတော် သုဒဿနမင်း [၂၇]
  • အလောင်းတော် ခေမမင်း [၂၈]
  • အလောင်းတော် ဝေဿန္တရာမင်း [၂၉]
  • ကုမာရကဿပ၏ ခမည်းတော်သူဌေး [၃၀]
  • အလောင်းတော် ဗာရာဏသီသူဌေး [၃၁]
  • လိစ္ဆဝီမင်း [၃၂]
  • သာဝတ္ထိမြို့သူ, မြို့သားများ[၃၃]
  • သူကြွယ်၏သား သူငယ်ချင်း ၂-ယောက် [၃၄]
  • ဗာရာဏသီ မြို့သူ, မြို့သားများ [၃၅]
  • အလောင်းတော် ပုဏ္ဏားသူကြွယ် [၃၆]
  • ဥဒေနမင်း[၃၇]
  • ဗြဟ္မဒတ်မင်းနှင့် မိဖုရား [၃၈]
  • ဗြဟ္မဒတ်မင်း၏ သား [၃၉]
  • ရောရုဝမင်း[၄၀]
  • သာဝတ္ထိမြို့နေ ဥပါသကာ အမျိုးသား[၄၁]
  • အလောင်းတော် သင်္ခပုဏ္ဏား [၄၂]
  • ဇနသန္ဓမင်း [၄၃]
  • အကိတ္တိပုဏ္ဏား [၄၄]
  • မိတ္တဗန္ဓကဥပါသကာ [၄၅]
  • သာဝတ္ထိ မြို့နေ ကုန်သည်များ [၄၆]
  • အလောင်းတော် သိဝိမင်း [၄၇]-တို့ ဖြစ်သည်။ [၄]

ဝေလာမပုဏ္ဏား၏ မဟာဒါန[ပြင်ဆင်ရန်]

ထိုတွင် ဝေလာမပုဏ္ဏားသည် ငွေဖြင့် ပြည့်သော ရွှေခွက်, ရွှေဖြင့်ပြည့်သော ငွေခွက်, ရတနာ၇-ပါးဖြင့်ပြည့်သော ကြေးခွက်, ရွှေတန်ဆာ, ရွှေတံခွန်, ရွှေကွန်ရက်တို့ဖြင့် တန်ဆာဆင်ထားသော ဆင်, ခြင်္သေ့ရေ, သစ်ရေ, ကျားရေ-စသော တန်ဆာတို့ဖြင့် တန်ဆာဆင်ထားသော ရထား, ဘွဲ့ဖြူပုဆိုး အခင်း, နို့ရေခံ ငွေခွက်နှင့်တကွသော နွားမ ပတ္တမြားနားဋောင်း ဝတ်ဆင်ထားသော အမျိုးသမီးကညာ, မွေးရှည်ကော်ဇောကြီး-စသည်တို့ဖြင့် တန်ဆာဆင်ထားသော ပလ္လင်, သိမ်မွေ့နူးညံ့သော ခေါမပုဆိုး, ပိုးချည် အဝတ်, ကမ္ဗလာထည်, ဝါချည် အဝတ်အထည် ၈၄၀၀၀-တို့ကို ၇-နှစ်, ၇-လပတ်လုံး လှူဒါန်း၏။ ထမင်း, အဖျော်, ခဲဖွယ်, ဘောဇဉ်, လျက်ဖွယ် သောက်ဖွယ်တို့၏ အတိုင်းအရှည် အပိုင်းအခြားကား ဆိုဖွယ်ရာမရှိ။ မြစ်ရေ စီးဆင်းသည့်ပမာ များစွာ လှူဒါန်း၏။ ဝေလာမပုဏ္ဏားသည် ဤမျှကြီးကြယ်သော အလှူကြီးကို ပေးလှူခဲ့၏။ သို့ပင် လှူသော်လည်း သာသနာပအခါဖြစ်၍ သရဏဂုံ သီလရှိသူ အလှူခံပုဂ္ဂိုလ်ကို မရရှိခဲ့။ [၄]

သာမန်မဟာဒါန အလှူထက် မြင့်မြတ်သော အလှူများ[ပြင်ဆင်ရန်]

သာမန် လူသားအပေါင်းအားသာ ပေးလှူရသဖြင့် ယင်း-ဝေလာမပုဏ္ဏား၏ “မဟာဒါန”အလှူကြီးထက် သောတာပန် ရဟန်း တစ်ပါးအားဆွမ်းလှူရခြင်းက အကျိုးများ၏။

သောတာပန် ရဟန်းတရာ ဆွမ်းလှူရခြင်းထက် သကဒါဂါမ် ရဟန်းတစ်ပါးအား ဆွမ်းလှူရခြင်းက အကျိုးများ၏။

ယင်း-ရဟန်းတရာ ဆွမ်းလှူရခြင်းထက် အနာဂါမ် ရဟန်းတစ်ပါးအား ဆွမ်းလှူရခြင်းက အကျိုးများ၏။

ယင်း-ရဟန်းတရာ ဆွမ်းလှူရခြင်းထက် ရဟန္တာတစ်ပါးအား ဆွမ်းလှူရခြင်းက အကျိုးများ၏။

ယင်း-ရဟန္တာတရာ ဆွမ်းလှူရခြင်းထက် ပစ္စေကဗုဒ္ဓါ တဆူအား ဆွမ်းလှူရခြင်းက အကျိုးများ၏။

ပစ္စေကဗုဒ္ဓါတရာ ဆွမ်းလှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တဆူအား ဆွမ်းလှူရ ခြင်းက အကျိုးများ၏။

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တဆူအားဆွမ်းလှူ ရခြင်းထက် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းလှူရခြင်းက အကျိုးများ၏။

ယင်း-ထက် စာတုဒ္ဒိသသံဃာကို ရည်စူး၍ “စာတုဒ္ဒိသသံဃိက” ကျောင်းဆောက်လုပ် လှူဒါန်းရခြင်းက သာလွန် အကျိုးများ၏ [၄၈][၄]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဒါန (န) [မဟန္တ+ဒါန] ကြီးမြတ်သော အလှူ၊ ဣဒံ ပန မဟာဒါနံ အတ္တနော ဥပ္ပတ္တိယာ အပရိသုဒ္ဓတာယ ဧဝံ အပ္ပဖလံ နာမ ဟောတိ။ သံ၊ဋ္ဌ၊၁၊၅၈။ (စရိယာ၊၃၈၉။ အံ၊ဋ္ဌ၊၃၊၁၃။ ဣတိဝုတ်၊ဋ္ဌ၊၂၇။ ဇာ၊ဋ္ဌ၊၂၊၇၈။) မဟာဒါနန္တိ ယထာဝုတ္တံ ဗဟုဒေယျဓမ္မဿ ပရိစ္စဇနေ မဟန္တဒါနံ။ သံ၊ဋီ၊၁၊၁၀၃။ (စရိယာ၊ဋ္ဌ၊၆၂၊)
  2. ၂.၀ ၂.၁ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
  3. (သံ၊ဋ္ဌ၊၁၊၅၈။ သာရတ္ထ၊၁၊၁၃၂။ သံ၊ဋီ၊၁၊၁၀၃)
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ တိပိဋကအဘိဓာန် အတွဲ-၁၀
  5. (ဒီ၊၁၊၁၃၄-၅။ ဒီ၊ဋ္ဌ၊၁၊၂၆၄၊ ၂၆၉)
  6. (ပေတ၊၁၅၉၊ ၁၆၀။ ဓမ္မ၊ဋ္ဌ၊၂၊၁၄၂-၃။ ပေတ၊ဋ္ဌ၊၁၀၅၊ ၁၂၅၊ ၁၂၈)
  7. (ဒီ၊ဋ္ဌ၊၂၊၄၀၂)
  8. (အံ၊ဋ္ဌ၊၁၊၂၉၅။ ဓမ္မ၊ဋ္ဌ၊၂၊၂၉၁)
  9. (အံ၊ဋ္ဌ၊၁၊၃၄၇။ ဓမ္မ၊ဋ္ဌ၊၂၊၆၇),
  10. (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃)
  11. (ဓမ္မ၊ဋ္ဌ၊၁၊၃၂၇၊ ၃၃၁),
  12. (ပေတ၊ဋ္ဌ၊၁၀၅)
  13. (ဓမ္မ၊ဋ္ဌ၊၁၊၃၆၆),
  14. (ဓမ္မ၊ဋ္ဌ၊၁၊၄၀၁),
  15. (အံ၊၃၊၁၉၅-၆။ အံ၊ဋ္ဌ၊၃၊၂၆၈။ ဓမ္မ၊ဋ္ဌ၊၂၊၈။ ဇာ၊ဋ္ဌ၊၁၊၂၄၅),
  16. (ဓမ္မ၊ဋ္ဌ၊၂၊၁၂၀),
  17. (ဓမ္မ၊ဋ္ဌ၊၂၊၂၆၉),
  18. (ဓမ္မ၊ဋ္ဌ၊၂၊၂၉၃),
  19. (ဓမ္မ၊ဋ္ဌ၊၂၊၃၈၂)
  20. (ဓမ္မ၊ဋ္ဌ၊၂၊၄၃၆)
  21. (ဇာ၊ဋ္ဌ၊၁၊၃၆)
  22. (ဇာ၊ဋ္ဌ၊၁၊၄၁),
  23. (ဇာ၊ဋ္ဌ၊၁၊၄၂)
  24. (ဇာ၊ဋ္ဌ၊၁၊၄၃)
  25. (ဇာ၊ဋ္ဌ၊၁၊၄၅),
  26. (ဇာ၊ဋ္ဌ၊၁၊၄၆)
  27. (ဇာ၊ဋ္ဌ၊၁၊၅၀)
  28. (ဇာ၊ဋ္ဌ၊၁၊၅၁)
  29. (ဇာ၊ဋ္ဌ၊၁၊၈၆-၇)
  30. (ဇာ၊ဋ္ဌ၊၁၊၁၆၄),
  31. (ဇာ၊ဋ္ဌ၊၁၊၂၄၉။ ဇာ၊ဋ္ဌ၊၄၊၆၃၊ ၆၉),
  32. (ဇာ၊ဋ္ဌ၊၁၊၄၄၅),
  33. (ဇာ၊ဋ္ဌ၊၂၊၄၁၊ ၂၆၁)
  34. (ဇာ၊ဋ္ဌ၊၂၊၇၇)
  35. (ဇာ၊ဋ္ဌ၊၂၊၇၇-၈)
  36. (ဇာ၊ဋ္ဌ၊၂၊၂၄၉),
  37. (ဇာ၊ဋ္ဌ၊၃၊၃၆၃)
  38. (ဇာ၊ဋ္ဌ၊၃၊၃၉၃)
  39. (ဇာ၊ဋ္ဌ၊၃၊၄၁၇),
  40. (ဇာ၊ဋ္ဌ၊၃၊၄၄၆)
  41. (ဇာ၊ဋ္ဌ၊၄၊၁၅၊ ၂၃၇),
  42. (ဇာ၊ဋ္ဌ၊၄၊၁၆),
  43. (ဇာ၊ဋ္ဌ၊၄၊၁၇၈),
  44. (စရိယာ၊ဋ္ဌ၊၂၁-၂၈။ ဇာ၊ဋ္ဌ၊၄၊၂၃၇-၈)
  45. (ဇာ၊ဋ္ဌ၊၄၊၂၈၉),
  46. (ဇာ၊ဋ္ဌ၊၄၊၃၅၀
  47. (စရိယာ၊ဋ္ဌ၊၆၄။ ဇာ၊ဋ္ဌ၊၄၊၄၀၂)
  48. (အံ၊၃၊၁၉၅-၇။ အံ၊ဋ္ဌ၊၃၊၂၆၈-၂၇၁)