စတုတ္ထဈာန်

ဝီကီပီးဒီးယား မှ

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း, ရှေးကပင်လျှင် ဝမ်းသာခြင်း, နှလုံးမသာခြင်းတို့၏ ချုပ်နှင့် ခြင်းကြောင့်လည်းကောင်း, ချမ်းသာဆင်းရဲမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန် [၁] [၂] ၄-ခုမြောက်ဖြစ်သော ဈာန်၊ ၄-ကြိမ် မြောက် ဝင်စားအပ်သောဈာန်၊ ၄-ကြိမ်မြောက် ရရှိအပ်သော ဈာန်။ [၃] [၄]

စတုတ္ထစျာန်သို့[ပြင်ဆင်ရန်]

ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရရှိအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ –

၁။ ဤ တတိယစျာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏၊

၂။ အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊[၅] ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို တတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –

၃။ စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊

၄။ တတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိ ခြင်း နိကန္တိကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ –

အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏၊[၆]

ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှထ၍ အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိက-သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[၇]

ယင်း စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

  • ၁။ ကာယိက-ဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရက္ခဏ၌ -
  • ၂။ စေတသိက-ဒေါမနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရက္ခဏ၌ -
  • ၃။ ကာယိက-သုခဝေဒနာကို တတိယစျာန်၏ ဥပစာရက္ခဏ၌ -
  • ၄။ စေတသိက-သောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရက္ခဏ၌ အသီးအသီး ပယ်အပ်၏၊[၈][၉]

စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်[ပြင်ဆင်ရန်]

စတုတ္ထစျာန်၌ ဝင်သက်လေ-ထွက်သက်လေသည် = အဿာသ-ပဿာသ ကာယသင်္ခါရသည် သိမ်မွေ့ နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏ဟု မှတ်ပါ။[၁၀]

အတိသုခုမ = အလွန် သိမ်မွေ့နူးညံ့၏၊ လွန်သော သိမ်မွေ့နူးညံ့ခြင်းရှိ၏ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြားအခြားသော စျာန်တို့၌ ရအပ်သော အဿာသ-ပဿာသ ကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏၊ ထိုအဿာသ-ပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့ နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏၊ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ထိုကြောင့် အပ္ပဝတ္တိမေဝ ပါပုဏာတိ = မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူခြင်း ဖြစ်၏၊[၁၁]

ဒီဃဘာဏက မဇ္ဈိမဘာဏက သံယုတ္တဘာဏကဟူသော ထိုဘာဏကမထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊[၁၂]

စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသ-ပဿာသတို့ မရှိကြောင်းကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၃]က ဖွင့်ဆိုထား၏၊

ရှေးသဘောတရားရေးရာအပိုင်း[၁၄]တွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အနုပုဗ္ဗနိရောဓသုတ္တန်[၁၅]စသည့် ထိုထိုသုတ္တန်တို့၌ စတုတ္ထစျာန်သို့ ဆိုက်ရောက်သောအခါ ဝင်သက်လေထွက်သက်လေတို့ ချုပ်ငြိမ်းကြောင်းကို ဟောကြားထားတော်မူပေသည်။[၉]

အထူး သတိပြုသင့်သော အချက်တစ်ရပ်[ပြင်ဆင်ရန်]

သို့သော် ဤအရာ၌ ယောဂီသူတော်ကောင်းအနေဖြင့် အထူး သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏၊ ယောဂီသူတော်ကောင်းကိုယ်တိုင် စတုတ္ထစျာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်ခဲ့သော် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးစျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာ (မှန်သည်ဟု ယူဆလျှင်) များများဝင်စားနေပါဦး။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း တစ်နည်း စတုတ္ထစျာန်သမာပတ်သည် အဿာသ-ပဿာသကို မဖြစ်စေသော်လည်း စျာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ-မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇောမနောဒွါရဝီထိတို့မှာ အဿာသ-ပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏၊ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည်ဆန်းစစ်နေသောအခါ ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့နူးညံ့သော အဿာသ-ပဿာသကို = အသက်ငွေ့ငွေ့ကလေး ရှူနေသည်ကို အချို့ယောဂီများသည် သတိပြုမိနေတတ်၏၊ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ ရှူနေခြင်းသာ ဖြစ်၏၊ ထို့ကြောင့် အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာနှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိအခိုက်၌ အသက်ရှူမှု ရှိ၏၊ စတုတ္ထစျာန် သမာပတ်အခိုက်၌ အသက်မရှူပေ။ သတိ ရှိစေ။[၉]

စတုတ္ထဈာန်ရ ပုဂ္ဂိုလ်[ပြင်ဆင်ရန်]

စတုတ္ထဈာန် ရသော ပုဂ္ဂိုလ်တို့တွင် စတုတ္ထဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သောအခါ စတုတ္ထဈာန် ဗြဟ္မာ့ဘုံသို့ ရောက်ပြီး ထိုဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုစတုတ္ထဈာန် ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝကပုဂ္ဂိုလ်ဖြစ်သည်။

တနည်း[ပြင်ဆင်ရန်]

စတုတ္ထဈာန် ရသော ပုဂ္ဂိုလ်သည် ထိုစတုတ္ထဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သော အခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်ဖြစ်သည်။ [၁၆]

စတုတ္ထဈာန်၌ ရှိသော တရား ၁၃ မျိုး[ပြင်ဆင်ရန်]

စတုတ္ထဈာန်ရ-စသောပုဂ္ဂိုလ် ၄ မျိုး[ပြင်ဆင်ရန်]

  • ၁။ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်း အေးကြောင်း စတုတ္ထဈာန်သမာပတ်ကိုသာ ရရှိသည်ဖြစ်၍ အဓိပညာဟုဆိုအပ်သော ခန္ဓာ တရားတို့၌ ရှုမှတ်မှုဝိပဿနာကို မရသော ပုဂ္ဂိုလ်၊
  • ၂။ အဓိပညာဟုဆိုအပ်သော ခန္ဓာ တရားတို့၌ ရှုမှတ်မှုဝိပဿနာကိုသာ ရရှိ၍ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း စတုတ္ထ ဈာန်သမာပတ်ကို မရသော ပုဂ္ဂိုလ်၊
  • ၃။ စတုတ္ထဈာန်သမာပတ်နှင့် အဓိပညာ ဓမ္မဝိပဿနာ နှစ်ပါးစုံကို ရသောပုဂ္ဂိုလ်၊
  • ၄။ စတုတ္ထဈာန်သမာပတ်နှင့် အဓိပညာ ဓမ္မဝိပဿနာ နှစ်ပါးစုံကို မရသော ပုဂ္ဂိုလ်။ [၁၈]

စတုတ္ထဈာန်နှင့် ဆက်စပ်နေသော တရားများ[ပြင်ဆင်ရန်]

စရဏတရား ၁၅ ပါးတွင် စတုတ္ထဈာန်ပါဝင်သည်။[၁၉]

အတ္တသည် စတုတ္ထဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည် ဟု ယူသော အယူသည် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅ မျိုး၌ ပါဝင်သည်။ [၂၀]

ရဟန္တာတို့၏ မှီခိုနေထိုင်ရာ တရား ၁၀ ပါးတွင် စတုတ္ထဈာန်ရ၍ ကောင်းစွာ လွတ်မြောက်သော စိတ်ရှိခြင်း ပါဝင်၏။[၂၁]

မိမိသည် ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တို့ကို ရသည် ဖြစ်၍ တပည့်တို့အားလည်း ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တရားထူးတို့ကို ဖြစ်စေနိုင်သော ဆရာသည် အပြစ်မတင်ထိုင်သော ဆရာဖြစ်သည်။[၂၂]

များသောအားဖြင့် ဘုရားရှင်တို့သည် စတုတ္ထဈာန်ဝင်စားပြီ အိပ်ကြသည်။ [၂၃]

အဘိညာပါဒက စိတ်၏ အင်္ဂါ ၈ ပါး[ပြင်ဆင်ရန်]

  • ၁။ စတုတ္ထဈာန်စိတ်သည် ကောင်းစွာ အာရုံ၌ ထားအပ် ပြီးခြင်း, တည်ကြည်ခြင်း၊
  • ၂။ ထက်ဝန်းကျင် စင်ကြယ်ခြင်း၊
  • ၃။ ထက်ဝန်းကျင် ဖြူစင်ခြင်း၊
  • ၄။ ကိလေသာ အညစ်အကြေး မရှိခြင်း၊
  • ၅။ ဥပက္ကိလေသ ကင်းခြင်း၊
  • ၆။ နူးညံ့သည် ဖြစ်၍ ဖြစ်ခြင်း၊
  • ၇။ အဘိညာဉ်အမှု၌ ခံ့ခြင်း၊
  • ၈။ ထက်ဝန်းကျင် စင်ကြယ် ခြင်းစသော ဂုဏ်၌ မြဲမြံခိုင်ခန့် တည်တံ့ခြင်း၊ (မှတ်ချက်) နောက်တစ်နည်း ကောင်းစွာ အာရုံ၌ တည်ကြည်ခြင်းကို ပယ်၍ တုန်လှုပ်ခြင်း မရှိသည်၏ [၂၄]

ကိုးကား[ပြင်ဆင်ရန်]

  1. (အံ၊ဋီ၊၂၊၂၄၈။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  2. စတုတ္ထဇ္ဈာန (န) [စတုတ္ထ+ ဈာန]
  3. စတုတ္ထဇ္ဈာနာ ဝုဋ္ဌဟိတွာ အာကာသာနဉ္စာယတနံ သမာပဇ္ဇိ။ ဒီ၊၂၊၁၂၈။ (ဝိ၊ဋ္ဌ၊၁၊၄၄။ ဝိ၊ဋ္ဌ၊၃၊၆၈၊ ၂၈၇။ ဒီ၊ဋ္ဌ၊၂၊၃၉၄၊ ဒီ၊ဋ္ဌ၊၃၊၇၂။ မ၊ဋ္ဌ၊၃၊၈၆၊ ၁၂၀၊ ၁၈၉။ မ၊ဋ္ဌ၊၄၊၁၅၊ ၁၇၊ ၃၉၊ ၄၀၊ ၁၈၈၊ ၂၁၀။ သံ၊ဋ္ဌ၊၁၊၁၄၇။)
  4. တိပိဋကအဘိဓာန် အတွဲ-၇
  5. (ဒီ၊၁၊၃၄။)
  6. (ဝိသုဒ္ဓိ၊၁၊၁၅၉။)
  7. (ဝိသုဒ္ဓိ၊၁၊၁၅၉။)
  8. (ဝိသုဒ္ဓိ၊၁၊၁၆၀။ သံ၊၃၊၁၈၈-၁၈၉။)
  9. ၉.၀ ၉.၁ ၉.၂ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  10. စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)
  11. အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (မဟာဋီ၊၁၊၃၂၃။)
  12. (ဝိသုဒ္ဓိ၊၁၊၂၆၇- ကြည့်ပါ။)
  13. စတုတ္ထဇ္ဈာနသမာပန္နာနံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)
  14. နဝယိမေ ဘိက္ခဝေ အနုပုဗ္ဗနိရောဓာ။ ကတမေ နဝ-- ၁။ ပဌမံ စျာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ၊ ၂။ ဒုတိယံ စျာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ၊ ၃။ တတိယံ စျာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ၊ ၄။ စတုတ္ထံ စျာနံ သမာပန္နဿ အဿာသပဿာသာ နိရုဒ္ဓါ ဟောန္တိ၊ ၅။ အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ၊ ၆။ ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊ ၇။ အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊ ၈။ နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာသည် နိရုဒ္ဓါ ဟောတိ၊ ၉။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။ ဣမေ ခေါ ဘိက္ခဝေ နဝ အနုပုဗ္ဗနိရောဓာတိ။ (အံ၊၃၊၂၀၇။ အနုပုဗ္ဗနိရောဓသုတ္တန်။)
  15. (အံ၊၃၊၂၀၇။)
  16. (အံ၊၁၊၄၄၁။) (အံ၊၁၊၄၄၃။) (အံ၊၁၊၄၄၅။) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃- ၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  17. (မ၊၃၊၇၆။) (မ၊မြန်၊၃။၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  18. (အဘိ၊ပု၊၁၁၀။) (အဘိ၊ပု၊၁၇၁။) (အဘိ၊ပု၊မြန်။၉။၇၅။) (အဘိ၊ပု၊မြန်။၉။၇၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  19. (မ၊၂၊၂၁။) (ဝိ၊ဋ္ဌ၊၁၊၈၈။) (စရိယာ၊ဋ္ဌ၊၂၉၃။) (စူဠနိ၊ဋ္ဌ၊၃၄။) (ဝိသုဒ္ဓိ၊၁၊၁၉၆။) (ဒီ၊ဋီ၊၁၊၈၄။) (အံ၊ဋီ၊၂၊၃၅၁။) (မ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  20. (ဒီ၊၁၊၃၃၊၃၄။) (ဒီ၊မြန်၊၁။၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  21. (ဝဇိရ၊၄၁၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  22. (ဒီ၊၁၊၂၂၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  23. (အံ၊၁၊၅၆၆။) (ဒီ၊ဋ္ဌ၊၂၊၁၆၅။) (မ၊ဋ္ဌ၊၂၊၂၁၆။) (သံ၊ဋ္ဌ၊၁၊၇၄။) (သံ၊ဋ္ဌ၊၃၊၇၁။) (အဘိ၊ဋ္ဌ၊၂၊၃၃၀။) (ဥဒါန၊ဋ္ဌ၊၃၆၄။) (မဟာနိ၊ဋ္ဌ၊၃၅၈-၃၅၉။) (အံ၊မြန်၊၁။၅၈၁။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၁၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  24. (သာရတ္ထ၊ဋီ၊၁။၃၈၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်