ကျည်စိုး

ဝီကီပီးဒီးယား မှ
ကျည်စိုး
ပရိမ္မရှင်မင်းခေါင်နတ်အဖြစ် ဖော်ပြကြသည်
ပုဂံပြည့်ရှင်မင်း
နန်းသက်၁၀၂၁–၁၀၃၈
ရှေ့မင်းဆက်ကွမ်းဆော်ကြောင်းဖြူ
ဆက်ခံသူစုက္ကတေး
မွေးဖွားc. ဒီဇင်ဘာ ၁၀၀၀
c. မြန်မာသက္ကရာဇ် ၃၆၂၊ ပြာသိုလ (အင်္ဂါနေ့ဖွား)[note ၁]
ပုဂံ
ကွယ်လွန်c. ဧပြီ ၁၀၃၈ (အသက် ၃၇)
မုံရွာ
စံအိမ်ပုဂံ
ခမည်းတော်ညောင်ဦးစောရဟန်း
မယ်တော်တောင်ပြင်သည်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ကျည်စိုးမင်း (ခန့်မှန်း ၁၀၀၀–၁၀၃၈) သည် ပုဂံခေတ်တွင် ၁၀၂၁ ခုနှစ်မှ ၁၀၃၈ ခုနှစ်အထိ နန်းတက်ခဲ့သူ ဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများအဆိုအရ ကျည်စိုးမင်းသည် ညောင်ဦး စောရဟန်း၏ သားတော် ဖြစ်သော်လည်း ကွမ်းဆော်ကြောင်းဖြူမင်းက ကျွေးမွေးပြုစုခဲ့သည်။ ကွမ်းဆော်ကြောင်းဖြူမင်းသည် ညောင်ဦးစောရဟန်း၏ မိဖုရားခေါင်သုံးပါးကို လက်ထပ်ခဲ့ရာ မိဖုရားနှစ်ပါးမှာ ကိုယ်ဝန်ရှိနေဆဲဖြစ်ပြီး ကျည်စိုးနှင့် စုက္ကတေးတို့ကို မွေးဖွားခဲ့သည်။ စုက္ကတေးနှင့် ကျည်စိုးတို့ကို ကွမ်းဆော်ကြောင်းဖြူမင်းက သားအရင်းကဲ့သို့ ကျွေးမွေးပြုစုခဲ့သည်။ သားတော်နှစ်ပါး အရွယ်ရောက်သောအခါ စုက္ကတေးမင်းသား၏ အကြံနှင့် ကျည်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည်ဟုဆိုကာ နန်းချလိုက်လေသည်။ ထို့နောက် ကျည်စိုးမင်းသား နန်းတက်ခဲ့သည်။

ကျည်စိုးမင်းသား ၆-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် တစ်နေ့ မုံရွာအနီး တောကစားထွက်ရင်း သမင်တစ်ကောင် ရေသောက်နေသည်ကို တွေ့သဖြင့် အသာချောင်းမြောင်း နေလေသည်။ ထိုစဉ်အတွင်း တောလိုက်မုဆိုးတစ်ဦးကလည်း ယင်းသမင်ကို တောစပ်ချုံပုတ် တစ်နေရာမှ ချောင်းမြောင်းနေလေသည်။ သမင်သည် ကျည်စိုးမင်းသားအား တွေ့သည်နှင့် ရုတ်တရက်လန့်၍ ပြေးရာ မုဆိုးပစ်လိုက်သည့်မြားက ကျည်စိုးမင်းကို ထိမှန်လျှက် နတ်ရွာစံရလေသည်။ နတ်ရွာစံပြီးနောက် ရိုးမရှင်မင်းခေါင် နတ် အဖြစ် ယုံကြည်ကိုးကွယ်ကြသည်။[၁]

ပုဂံနေပြည်တော်တွင် ကျည်စိုးမင်း၏ သတင်းကို ညီတော် စုက္ကတေးမင်းသားက ဖုံးဖုံးဖိဖိပြုကာ ထီးနန်းကို ဆက်ခံလေသည်။[၂]

ရက်စွဲများ[ပြင်ဆင်ရန်]

ကျည်စိုးမင်း၏ ဘဝသက်တမ်းနှင့် နန်းတက်ချိန်များကို ရာဇဝင်ကျမ်းများက အမျိုးမျိုး မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။[၃] သက်တမ်းအရင့်ဆုံး ဇာတာတော်ပုံ ရာဇဝင်ကို ပုဂံခေတ်ကာလအတွက် အတိကျဆုံးဖြစ်သည်ဟု ယူဆကြသည်။[note ၂] အောက်ဖော်ပြပါ ဇယားသည် ထင်ရှားသော ရာဇဝင်ကျမ်းလေးစောင်တွင် ဖော်ပြထားသော ရက်စွဲများ ဖြစ်သည်။ ကျည်စိုးမင်း စိုးစံချိန်ကို ဇာတာတော်ပုံရာဇဝင်ကျမ်းက ၁၇ နှစ်ဟု ဖော်ပြထားပြီး ကျန်ကျမ်းများက ၆ နှစ်ဟု ဖော်ပြသည်။ ဇာတာတော်ပုံတွင် ကျည်စိုးမင်းလွန်ပြီးနောက် နန်းတက်သော စုက္ကတေးမင်း၏ နန်းသက်ကို ၆ နှစ်ဟု ဖော်ပြသည်။[၃]

ရာဇဝင်ကျမ်း မွေးဖွား–ကွယ်လွန် အသက် အုပ်စိုးကာလ ထီးနန်းသက်
ဇာတာတော်ပုံ ရာဇဝင် ၁၀၀၀–၁၀၃၈ ၃၈ ၁၀၂၁–၁၀၃၈ ၁၇
မဟာရာဇဝင်ကြီး ၉၅၀–၉၇၇ ၂၆ ၉၇၁–၉၇၇
ရာဇဝင်သစ်ကျမ်း နှင့် မှန်နန်း ရာဇဝင် ၉၆၄–၉၉၂ ၂၇ ၉၈၆–၉၉၂
မှန်နန်း (ပြန်လည်ညှိ) ၉၉၂–၁၀၂၀ ၂၇ ၁၀၁၄–၁၀၂၀

မှတ်စု[ပြင်ဆင်ရန်]

  1. (Hmannan Vol. 1 2003: 227): Kyiso was born 3 months earlier than his half-brother Sokkate. (Zata 1960: 63): Sokkate was born in Kason 363 ME. It means Kyiso was born c. Pyatho/Tabodwe of 362 ME (29 November 1000 to 26 January 1001). Since he was born on a Tuesday, he was born between 3 Dec 1000 to 21 January 1001.
  2. (Maha Yazawin 2006: 346–349): Among the four major chronicles, only Zatadawbon Yazawin's dates line up with Anawrahta's inscriptionally verified accession date of 1044 CE. (Aung-Thwin 2005: 121–123): In general, Zata is considered "the most accurate of all Burmese chronicles, particularly with regard to the best-known Pagan and Ava kings, many of whose dates have been corroborated by epigraphy."

ကိုးကား[ပြင်ဆင်ရန်]

  1. Harvey 1925: 19
  2. တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ
  3. ၃.၀ ၃.၁ Maha Yazawin Vol. 1 2006: 347

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • Aung-Thwin၊ Michael A. (2005)။ The Mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 9780824828868
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ Historical Research Directorate of the Union of Burma။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ကျည်စိုး
မွေးဖွား c. ဒီဇင်ဘာ ၁၀၀၀ ကွယ်လွန် c. ဧပြီ ၁၀၃၈
Regnal titles
ယခင်က
ကွမ်းဆော်ကြောင်းဖြူ
ပုဂံပြည့်ရှင်
၁၀၂၁–၁၀၃၈
ဆက်ခံသူ
စုက္ကတေး