တောင်ကြီးမြို့

From Wikipedia

တောင်ကြီးမြို့ (မြန်မာ)
တောင်ကြီးမြို့
တောင်ကြီးမြို့
တောင်ကြီးမြို့
ကွမ်ရင်စီဘုရားကျောင်း

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့တွင် လူဦးရေ ၂ သိန်းခန့်ရှိပြီး မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ပြီးလျှင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည်။ တောင်ကြီးမြို့သည် ပင်လယ်ရေမျက်ပြင် အမြင့် ၄၇၁၂ ပေတွင် တည်ရှိသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ ရှမ်းတိုင်းရင်းသားများ မဟုတ်ကြပါ။ အင်းသားနှင့် ပအိုဝ့်လူမျိုးများ အများအပြားလည်း နေထိုင်ကြသည်။ လတ်တလောတွင်မူ တရုတ်လူမျိုး အလုံးအရင်းလိုက် ဝင်ရောက်လာကြပြီဖြစ်သည်။

Contents

[ပြင်​ဆင်​ရန်​] သမိုင်း

ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ့်လူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။

၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်​​​မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် တပ်ထိန်းများ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။

[ပြင်​ဆင်​ရန်​] လမ်းပန်းဆက်သွယ်ရေး

တောင်ကြီးမြို့သို့ အဓိကအားဖြင့် ကားလမ်းသာပေါက်သည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမဲ့ လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် ဆီးနှင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။

[ပြင်​ဆင်​ရန်​] ယဉ်ကျေးမှု

တောင်ကြီးမြို့တွင် မူလဒေသခံ အင်းသားနှင့် ပအိုဝ့်လူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။

ခရစ်ယာန်ဘာသာဝင် အတော်များများလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရား​ကျောင်း အနည်းငယ်လည်း တည်ရှိသည်။

တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ​ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အ​လျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။

တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းဒယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမျှော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်တောင်ကြီးတက္ကသိုလ်ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။

[ပြင်​ဆင်​ရန်​] ပြင်ပလင့်ခ်များ

အ​ခြား​ဘာ​သာ​ဖြင့်​