စစ်ကိုင်းတိုင်း
| စစ်ကိုင်းတိုင်း | |
| မြို့တော် | စစ်ကိုင်းမြို့ |
| ဧရိယာ | ၉၃,၅၂၇ km² |
| လူဦးရေ | ၅,၃၀၀,၀၀၀ |
| လူမျိုးများ | ဗမာ၊ ရှမ်း၊ နာဂ၊ ချင်း၊ ဂေါ်ရခါး |
| ဘာသာတရားများ | ဗုဒ္ဓ၊ ခရစ်ယာန်၊ animism |
မာတိကာ |
[ပြင်ဆင်ရန်] တည်နေရာနှင့် အကျယ်အဝန်း
စစ်ကိုင်းတိုင်းသည် ဧရိယာစုစုပေါင်း ၃၆၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်း ၇ တိုင်းတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး ရန်ကုန်တိုင်း မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီကျူဒ် ၂၁ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီကျူဒ် ၉၄ဒီဂရီ ၉၇မိနစ် အတွင်း တည်ရှိသည်။
[ပြင်ဆင်ရန်] ရာသီဥတု
တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။
ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနှိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။
မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀လက်မမှ ၁၀ဝလက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။
[ပြင်ဆင်ရန်] မြို့တော်
စစ်ကိုင်းတိုင်း၏ မြို့တော်မှာ စစ်ကိုင်းဖြစ်သည်။ သို့သော် ၂၀ဝ၂ခုနှစ်နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရရုံးများနှင့် အုပ်ချုပ်ရေးရုံးများကို မုံရွာ သို့ပြောင်းရွှေ့ခဲ့သည်။
[ပြင်ဆင်ရန်] ခရိုင်ရုံးစိုက်ရာမြို့များ
[ပြင်ဆင်ရန်] အခြား မြို့ရွာများ
- အလုံ
- အန့်ပေါ်
- အရာတော်
- ဗန်းမောက်
- ဘော်
- ဘုတ်ကန်
- ဘုတလင်
- ချပ်သင်း
- ချောင်းဦး
- ချင်ပစ်
- ခန္တီး
- လှတော
- ဟုမ္မလင်း
- အင်းတော်
- အင်းရွာ
- ကဒူး
- ကံထူးမ
- ကလေးမြို့
- ကလေးဝ
- ကန့်ဘလူ
- ကနီ
- ကသာ
- ကောင်းဟိန်း
- ကောလင်း
- ကင်း
- ကင်းတပ်
- ခင်ဦး
- ကုက္ကိုကုန်း
- ကူတော်
- ကွမ်းတောင်
- ကျားတတ်
- ကျောက်ကာ
- ကျောက်မြောင်း
- ကွန်းလှ
- လဟယ်
- လောသာ
- လေရှီး
- မလည်
- မံစီ
- မစိန်
- မောင်းထောင်
- မောင်းခမ်း
- မော်လိုက်
- မော်လူး
- မဲဇာ
- မင်းကင်း
- မင်းကွန်း
- မင်းတိုင်ပင်
- မိုးဒါး
- မုဆိုးချုံ
- မုံရွေး
- မြောင်
- မြေမွန်
- မြင်းမူ
- မြင်သာဆိပ်
- မြို့သာ
- မြို့သစ်
- နဘား
- နမ့်တိန်ခွန်(ဂျိတ်ဆော)
- နန်းယွန်း
- နတ်ချောင်း
- ငါန်းစွန်
- ညောင်ကန်
- အုန်းတော
- အုန်းသာ
- ပဒူ
- ပုလဲ
- ပုလွေရွှေ
- ပန်ဆောင်
- ပန်းသာ
- ဖောင်းပြင်
- ပင်လည်ဘူး
- ပြောင်ဘုတ်
- ရိတုဂါး
- ဆားတောင်
- ဆားတွင်းကြီး
- ဆားလင်းကြီး
- စာရေး
- ဆွပ်ခွန်
- ရှိန်းမကား
- ရွှေတွင်း
- ဆင်ကုန်း
- ဆင်လမောင်း
- စစ်တောင်း
- ဆွမ္မရာ
- ဒီပဲယင်း
- ထမံသီ
- တတ်လွင်
- တန့်ဆည်
- တယ်ပင်
- သန
- သောင်ဝွဋ်
- သာစည်
- သက္ကယ်ကျင်း
- ထီးချိုင့်
- တုန်ဟဲ
- ဝက်လက်
- ဝန်ကြီး
- ဝန်းသို
- ရေဦး
- ယင်းမာပင်
- ရွာရှည်
- ရွာသစ်ကြီး
- စေတီ
- ဇီးကုန်း
[ပြင်ဆင်ရန်] စိတ်ဝင်စားဖွယ်နေရာများ
- မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး)
- ကျောက်ကာရွှေဂူနီဘုရားကြီး
- မိုးညှင်းသမ္ဗုဒေဘုရား
- ၃၁ ဘုံ တည်ဆောက်ထားတဲ့ ရပ်တောမူဘုရားကြီး
- တွင်းတောင်
- အလောင်းတော် ကဿဖ
- နာဂနှစ်သစ်ကူးပွဲ
[ပြင်ဆင်ရန်] ဆက်သွယ်ရေး
[ပြင်ဆင်ရန်] စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
[ပြင်ဆင်ရန်] ဒေသထွက်ကုန်များ
[ပြင်ဆင်ရန်] တွင်းထွက်များ
[ပြင်ဆင်ရန်] ကိုးကား
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--လဂွန်းအိန် ၁၀:၁၂၊ ၂၂ ဧပြီ ၂၀၀၉ (UTC)
- မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
|
|||||||||||||||||||||||||||||||||||
