သိုး

From Wikipedia

သိုး
သိုး
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Domesticated
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစစ် Artiodactyla
မျိုးရင်း Bovidae
မျိုးရင်းသေး Caprinae
မျိုးစု Ovis
မျိုးစိတ် O. aries
ဒွိနာမ
Ovis aries Linnaeus, 1758

သိုး (Ovis aries) သည် ခြေ ၄ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် ပါဝင်သောသတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင် ခွာနှစ်ခုရှိသည်။ အင်္ဂလိပ်ဘာသာစကားတွင် Sheep ကို သတ္တဝါမျိုးကွဲပေါင်းများစွာကို ရည်ညွှန်းခေါ်ဆိုလေ့ရှိသော်လည်း ပုံမှန်အားဖြင့် အိုဗစ် အေရီးစ်(Ovis aries) ခေါ် အိမ်မွေးသိုးကိုသာ အများအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည်။ အိမ်မွေးသိုးများသည် သူတို့နှင့် မျိုးစုတူသတ္တဝါများတွင် အရေအတွက်အများဆုံးဖြစ်ပြီး ကောင်ရေ ၁ ဘီလီယံကျော်မျှရှိမည်ဟု ယူဆရပြီး ဥရောပ နှင့် အာရှရှိ မိုဖလွန် (Mouflon) တောင်ဆိတ်ရိုင်း များမှ ဆင်းသက်သည်ဟု ယူဆကြသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံးယဥ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် အပါအဝင်ဖြစ်ပြီး သိုးများ၏ အသားနှင့် သိုးမွှေး တို့သည် လူတို့အတွက်အကျိုးရှိသည်။ တိရိစ္ဆာန်များမှ ရသောပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံး သုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သိုးငယ်များမှ ရသော အသားကို (Lamb) ဟု ခေါ်ကြပြီး သိုးကြီးများမှရသော အသားကို (Mutton) ဟုခေါ်ကြသည်။ သိုးများသည် သူတို့၏ အသားနှင့် အမွှေးများအတွက် ယနေ့တိုင် အရေးကြီးဆဲဖြစ်ပြီး တစ်ခါတစ်ရံတွင် သိုးရေခွံ၊ နို့ထွက်ပစ္စည်းနှင့် သိပ္ပံဆိုင်ရာလေ့လာမှု တို့အတွက်လည်း မွေးမြူကြသည်။

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။