ဘူမိဗေဒ
From Wikipedia
ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမာ္ဘမြေကြီး ရှိ ဓာတ်ဝတ္တု အဆိုင်အခဲ နှင့် ၄င်းတို့၏ ပါဝင်မှုများ ကိုလေ့လာသော သိပ္ပံ ဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာ တို့ကို လေ့လာသော ဘူမိဗေဒ သည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဍန်၊ ရုပ်သဘော၊ သမိုင်းကြောင်း နှင့် ကမာ္ဘကြီးအား ပုံထုခဲ့သော ဖြစ်စဥ်များကို လေ့လာသည်။ ကမာ္ဘမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမာ္ဘ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမာ္ဘ၏ အခွံ ဖြစ်သော ကျောက်လွှာ သည် အပိုင်းပိုင်း အစစသော tectonic plates များ ဖြင့်ဖွဲ့တည် ထားပြီး ရွေ့ရှားလျက် ရှိသည်။ ဘူမိဗေဒ ပညာရှင်များသည် ကမာ္ဘ၏ သံယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ် ကို ရှာဖွေ ဖေါ်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ (perlite)၊ မိုက်ကာ၊ ဖိုစဖိတ် (phosphates)၊ ဇီယိုလိုက် (zeolites)၊ အိုးမြေ (clay)၊ သလင်းကျောက် နှင့် စီလီကာ တို့ကိုလည်းရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဟိုက်ဒယိုလိုဂျီ၊ ပါတ်ဝင်းကျင် အင်ဂျင်နီယာ နှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။--Mayor mt ၁၃:၀၁၊ ၁၉ စက်တင်ဘာ ၂၀၀၉ (UTC)