အင်းသားယောက်ျားတစ်ယောက်သည် လှေကို ခြေထောက်နှင့် လှော်သည်။
အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိသည်။ ခြောက်သွေ့သော နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး ရေနက်သောနေရာတွင် ၁၂ ပေ (၃.၇မီတာ) ခန့်ရှိသည်။ မိုးရာသီတွင် ၅ ပေ (၁.၅) မီတာ ရေမျက်နှာ မြင့်တက်သည်။
လောပိတတွင်ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓါတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။
အင်းလေးကန်တွင် နေထိုင်သောလူမျိုးများကို အင်းသားလူမျိုးဟု ခေါ်ပါသည်။
Wikimedia Commons has media related to: