ညောင်ရွှေမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရွှေရန်ပြည်ဘုံကြီးကျောင်း

ညောင်ရွှေမြို့သည် မြန်မာပြည်ရှမ်းပြည်နယ်တွင် အင်းလေးကန်နားရှိသောမြို့ဖြစ်သည်။

ရှမ်းပြည်နယ်၌ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟု သုံးပိုင်းရှိရာ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း (ယခင် တောင်ကြီးခရိုင်အတွင်း) ၌ပါဝင်၍ ယခုအခါ ညောင်ရွှေမြို့နယ်အဖြစ်တည်ရှိ ပါသည်။

ရာဇဝင်[ပြင်​ဆင်​ရန်​]

ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယကုန်းတော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင်ပင် ပေါက်လျက်ရှိသည်။ မြို့တည်သောအခါ ညောင်ရွှေဟု ခေါ်တွင်ခဲ့သည်။ [၁]

ရှေးယခင်ကမူ ညောင်ရွှေသည် ရှမ်းပြည်ထောင်အစ မိုင်းမောကဟူသောစကားအရ ပုဂံခေတ်မှ ပထမအင်း၀ခေတ်အထိ မိုင်းမောဒေသမှ အစပြု၍ တဇြည်းဖြည်း တိုးတက်ထွန်းကားလာခဲ့ သော
(၁) မိုးကောင်းပြည်ကြီး၊
(၂) မိုးမိတ်ပြည်ကြီး
(၃) မိုးညှင်းပြည်ကြီး
(၄) ကလေးရာဇဂြိုဟ်ပြည်ကြီး
(၅) သိန္နီပြည်ကြီး
(၆) အုန်းပေါင် သီဘောပြည်ကြီး
(၇) မိုးနဲပြည်ကြီး
(ဂ) မိုးဗြဲပြည်ကြီး
(၉) ညောင်ရွှေပြည်ကြီး ဟူသော မောကိုးပြည်ထောင်စုတွင် ပါဝင်ခဲ့သည်သာမက တိုင်းကြီး ၁၆ တိုင်းတို့ဖြင့် ဖွဲ့စည်းသော နှေင်းတခေတ်၌လည်း ကမ္ဘောဇ တိုင်းကြီးတွင်ပါဝင်၍ အရန်မြို့ပေါင်း (၃၉) မြို့ ရှိ သောကြောင့် " (၃၉) -လုံးမှိုင်း ကမ္ဘောဇရဌ ညောင်ရွှေပြည်ကြီး " ဟုခေါ်ဝေါ်သမုတ်ခံလာခဲ့ရသည့် ဗဟိုမြို့ ကြီးတစ်မြို့လည်း ဖြစ်ခဲ့သည်။ အထက်ပါ မောကိုးပြည်ထောင်တို့၌ "ရှမ်းမင်းအစ ဘိန္နက " ဟူသော စကားအတိုင်း ဘိန္နကရာဇာမင်းမြတ်မှအစပြု၍ အစဉ်မပြတ် စိုးစံခဲ့ကြသော မဟာနွယ်သနင်း မောမင်းအပေါင်းတို့သည် ထီးဖြူရာဇပ လ္လင် ဥကင်ဖွင့်လှစ် ပဒေသရာဇ်မင်းအဖြစ်ဖြင့် စိုးစံအုပ်ချုပ်ခဲ့ကြလေသည်။

ညောင်ရွှေမဖြစ်မီ ကောသမ္ဘီ။[ပြင်​ဆင်​ရန်​]

မိုင်းမောဒေသ၌ ဘိန္နကရာဇာ မောမင်းတို့ အစဉ်အဆက် မင်းပြုအုပ်ချုပ်စိုးစံလျှက်ရှိနေချိန်တွင် ထိုမင်တို့၏ အဆက်အ နွယ်ဖြစ်သော စော်ဘွားတစ်ဦးသည် ညောင်ရွှေဟူ၍ မဖြစ်ပေါ်မီ ယခုညောင်ရွှမြို့ ၏ မြောက်ဘက်လေးမိုင်ကျော်ရှိ ပေါရိသတ်စေတီတော်ကြီး၏အနီး ယင်းစေတီတော်ကြီး၏ မြေက်ဘက်တွင် မြို့ ကြီးတွင်းခေါ်အရပ်၌


ညောင်ရွှေမြို့သည် ရှမ်းပြည်တောင်ပိုင်း၏ဗဟိုတွင် တည် ရှိ၍၊ ညောင်ရွှေစော်ဘွားနယ်၏ မြို့တော်လည်းဖြစ်၏။ ရှေး ယခင်က ညောင်ရွှေနယ်၏ နယ်နိမိတ်မှာ အရှေ့ဘက်တွင် ပွန် ချောင်း၊ တောင်ဘက်တွင်သံလွင်မြစ်၊ မိုင်းပဲကြီး(မိုးဗြဲ) နယ်မြေ နှင့်အစပ်၊ အနောက်ဘက်တွင် စမုံကောက်ကောက်စင်းစင်း၊ မြောက်ဘက်တွင် ဒုတ္ထဝတီ(ဝါ) နန့်တူ (ဝါ) မြစ်ငယ်အထိဖြစ် ၏။ ယခုမူ အရှေ့ဘက်မှ သထုံ(ဆထုံ)နယ်၊ တောင်ဘက်မှ စကားနယ်၊ အနောက်ဘက်မှ မော်ဆုန်(ဘော်ဆိုင်း)၊ ပွေးလှသမ ခန်း၊ ပင်မှီစသည့်နယ်များ၊ မြောက်ဘက်မှ ယပ်စောက်နယ်နှင့် မိုင်းပန်နယ် စသည်တို့က နယ်နိမိတ်သတ်မှတ် ဝန်းရံလျက်ရှိ သည်။ ယခုအခါ မူလနယ်၏ အလယ်အချက်မျှသာရှိတော့၏။ စတုရန်းမိုင်ပေါင်း ၁၃၉၃ မိုင်ကျယ်ဝန်း၍၊ လူဦးရေ တသန်းခွဲ ခန့်ရှိသည်။ ရှမ်းတောင်သူနှင့် ဓနုလူမျိုးအများဆုံးနေထိုင်ကြ သည်။

ညောင်ရွှေနယ်၏ အရှေ့ပိုင်းသည် တောင်ထူထပ်ပေါများ လေရာ၊ ထိုဒေသရှိ လွိုင်ဆင်တောင်တန်းသည် ပေ ၆ဝဝဝ မြင့်၏။ ညောင်ရွှေမြို့သည် အရှေ့နှင့်အနောက် တောင်တန်းကြီး နှစ်ခုအကြားရှိ မြေပြန့်တွင် နံ့ဘီလူးမြစ် (ဘီလူးမြစ်)နံဘေး၌ တည်ရှိ၍၊ ရှမ်းပြည်တောင်ပိုင်းမီးရထားလမ်းဆုံးမြို့ဖြစ်သော ရွှေညောင်မြို့နှင့် ၇ မိုင်ကွာဝေး၏။ ညောင်ရွှေနယ်တွင် မြင့် သောတောင်တန်းများ၌ တောင်ယာလုပ်ကိုင်လျက် ယာစပါးကို စိုက်ပျိုး၏။ တောင်ကုန်းဒေသတွင် မြေပဲစိုက်၍၊ မြေနိမ့်ဒေသ များတွင် ကြံပင်ကိုစိုက်ပျိုးကြ၏။

ညောင်ရွှေနယ်အတွင်း၌ ထင်ရှားသောဒေသမှာ အင်းလေး ကန်ဖြစ်သည်။ ညောင်ရွှေမြို့နှင့် ၆ မိုင်အကွာ၌ တည်ရှိ၏။ ကန်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၇ဝ ခန့်ဖြစ်၍၊ ကန် တွင်းရှိရေပေါ်ကျွန်းများတွင် ရွာများစွာတည်ရှိသည်။ အင်းလေး ကန်တစ်ဝိုက်တွင် ဆန်စပါးကို များစွာစိုက်ပျိုးကြသဖြင့် တစ်နယ်လုံးစားသုံးနိုင်၏။ ကန်အတွင်း ရေပေါ်ကျွန်းများပေါ်ရှိ ရွာများတွင် အများအားဖြင့် ပိုးထည်ရက်လုပ်ကြသည်။ မြန်မာ လူမျိုးတို့ အထူးကြိုက်နှစ်သက်သော အင်းလေးလုံချည်၊ ဇင်း မယ်လုံချည်၊ အင်းလေးဘန်ကောက်လုံချည်တို့သည် ထိုဒေသ မှထွက်သည်။ ဝါဂွမ်းကိုလည်း စိုက်ပျိုး၍၊ လက်ရက်ကန်းဖြင့် ပင် အိမ်သုံးထည်များကို ရက်လုပ်လေ့ရှိ၏။ တံငါလုပ်ငန်းကို လုပ်ကိုင်သူများလည်း ရှိသည်။ အင်းလေးတောင်ပိုင်းတွင်မူ ပုရပိုက်နှင့် ကြေးကွမ်းအစ်များ ကိုလုပ်ကိုင်ရောင်းချကြ၏။

ကြံသကာ၊ သနပ်ဖက်၊ ကြက်သွန်ဖြူ၊ ငပိကောင်များကို ရပ်ဝေးဒေသများသို့ တင်ပို့ရောင်းချကြသည်။ အင်းလေးကန် တွင် လှေကိုလက်ဖြင့်မလှော်ဘဲ၊ ခြေဖြင့်သာလှော်ခတ်ကြသဖြင့် ကမ္ဘာပေါ်တွင် အထူးအဆန်းတစ်မျိုးဖြစ်၏။ ညောင်ရွှေစော်ဘွား ကြီး ဆီဆိုင်ဖလက်ထက်တွင် ထားဝယ်မြို့မှ ငတောင်နှင့် ငနောင်ညီအစ်ကိုနှစ်ယောက်သည် စော်ဘွားကြီးထံလာရောက် အမှုထမ်းခဲ့ကြရာမှ စော်ဘွား၏ခွင့်ပြုချက်နှင့် ထားဝယ်မှ အိမ်ထောင် ၃ အိမ်ထောင်ကိုခေါ်ဆောင်၍၊ ညောင်ရွှေတွင် နေထိုင်စေခဲ့သည်။ ယင်းတို့၏ အဆက်အနွယ်များသည် အင်းသားများဖြစ်လာကြသည်ဟု ဆိုလေသည်။

ညောင်ရွှေမြို့ကို ခရစ် ၁၃၅၉ ခုနှစ်(မြန်မာ ၇၁၂ ခုနှစ်) တွင် စော်ဘွားဆီဆိုင်ဖကတည်ထောင်ခဲ့၏။ မြို့ပတ်လည်တွင် ကျုံး၊ မြို့ရိုး၊ တံခါးတိုင်၊ သူရဲပြေးစသည်တို့နှင့်ပြည့်စုံစွာ ဆောက်တည်ထားခဲ့သော်လည်း၊ ယခုအခါ အချို့နေရာများတွင် မြို့ရိုးမှာပျောက်ကွယ်ခဲ့ပြီဖြစ်၏။ မြို့တွင်း၌လည်း လွှတ်တော်၊ ဟော်နန်း၊ ဗဟိုရ်စင် စသည်တို့နှင့် ပြည့်စုံစေခဲ့၏။ စော်ဘွား အစဉ်အဆက် စိုးစံခဲ့သော ဟော်နန်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် မီးသင့်၍လောင်လေရာ၊ အလားတူဟော်နန်း တစ်ခုကို သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် စော်ဘွားဆာစဝ်မောင်က ထပ်မံဆောက်လုပ်ထားခဲ့၏။ ထိုဟော်နန်းသည်မင်္ဂလာလှေကား၊ မင်္ဂလာမုတ်ပေါက်၊ ဟော်ဦးဆောင်၊ ဟော်နန်းပြာဿ်ဆောင်၊ သုံးထပ်လယ်ပေါ် ဇေတဝန်ဆောင်မကြီး၊ တောင်ဓားဝယ်ဆောင်၊ မြောက်ဓားဝယ်ဆောင်၊ မြောက်ဆောင်တော်၊ တောင်ဆောင် တော် စသည်တို့ဖြင့် ခမ်းနားလှပေသည်။ ဟော်နန်းပြာဿာဒ် ဆောင်တွင် သီဟာသနပလ္လင်ထားရှိ၍၊ စော်ဘွားကြီးသည် တစ်နှစ်လျှင်နှစ်ကြိမ်မျှ မြို့စားရွာစားတို့၏ ပူဇော်မှုကို ထိုပလ္လင် မှနေ၍ ခံယူလေ့ရှိသည်။ အုပ်ချုပ်ရေးကို စော်ဘွားကြီးကပင် စီမံခန့်ခွဲသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်အခါတွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ယာယီသမ္မတအဖြစ် ပထမ ဦးဆုံးရွေးကောက်တင်မြေ|ာက်ခြင်းခံရ၏။

ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်အသီးသီး၏ ဟော်စိုက်ရာ မြို့များတွင် အကောင်းဆုံးမြို့တစ်မြို့ဖြစ်၏။ ညောင်ရွှေမြို့မှ မောလိသတ်(ပေါရိသတ်) မြို့သို့သွားသောလမ်းပေါ်တွင် စေတီ တစ်ဆူရှိသည်။ ထိုစေတီကို တည်ရခြင်းအကြောင်းသည်ကား၊ ဗြိတိသျှတို့ ရှမ်းပြည်သို့ ချီတက်သိမ်းပိုက်လာသည့်အခါ စော်ဘွားကြီး စဝ်အုံးသည် မိမိနှင့် ဗြိတိသျှတို့ ပထမတွေ့ဆုံရာ အရပ်ကို အထိမ်းအမှတ် ပြုလိုသောကြောင့် ထိုစေတီကိုတည်ခဲ့ သည်ဟုဆိုကြသည်။ ညောင်ရွှေမြို့ရှိ ရတနာမာရ်အောင် စေတီ တော်မှာကား စော်ဘွားကြီးဆာစဝ်မောင်လက်ထက်၌ မင်းတုန်း မင်းတရားကြီးချီးမြှင့်တော်မူခဲ့သော သီဟိုဠ်မှ ဓာတ်တော်များကို ဌပနာ၍ တည်ထားခြင်းဖြစ်သည်။ ညောင်ရွှေမြို့တွင် နှစ်စဉ် နယုန်လ၌ ဝိနယာဓိနုဂ္ဂဟစာပြန်ပွဲတော်ကြီးကို ဆင်ယင်ကျင်းပ လေ့ ရှိလေသည်။ ထိုပြင်လည်း နှစ်စဉ် သီတင်းကျွတ်လတိုင်း တွင် အင်းလေးကန်မှ ဖောင်တော်ဦးဘုရားကို လှေဖြင့် ပင့် ဆောင်၍ ဘုရားပွဲကျင်းပမြဲဖြစ်သည်။ ဖောင်တော်ဦးရုပ်ပွား တော်မြတ် ကိန်းဝပ်စံပယ်တော်မူရန် စံကျောင်းတော်အဖြစ် အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီကျောင်းတော်ကြီးကို စော်ဘွားကြီး ဆာစဝ်မောင်မောင်ပင်လျှင် ဆောက်လုပ်လှူဒန်းထားရှိလေသည်။ ညောင်ရွှေမြို့ရှိ အခြားတန်ခိုးကြီးဘုရားတို့မှာ ရွှေသံတောင်နှင့် ရွှေအင်းတိမ်ဘုရားများ ဖြစ်ကြသည်။ [၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။