မူဆယ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လွန်လေပြီးသော နှစ်ပေါင်းခုနှစ်ရာကျော်ကာလ ခရစ်သက္ကရာဇ် AD ၁၂၈၀ ခု၊ သျှမ်းသက္ကရာဇ် ၁၃၇၄ ခု ( ကာပ်ယီး ဟုခေါ်သော ကျားနှစ် )၊ ကောဇာသက္ကရာဇ် ၆၄၂ ခုတွင် ဝိန်းဝိုင်ပြည်၌ ထီးနန်းစိုးစံတော်မူသော သျှမ်းမင်း စဝ်ခွန်ဖန်ခမ်းသည် ရွှေလီမြစ်ကမ်းတစ်နေရာတွင် ရှေးဦးစွာ အိမ်ခြေ (၈) အိမ်သာရှိသည့် ဈေးရွာကလေးတစ်ရွာကို တည်ခဲ့လေသည်။ နောင်အခါ သက္ကရာဇ် AD ၁၃၀ဝ ခုနှစ်တွင်မှ ထိုဈေးရွာကလေးကို မြို့အဆင့်သတ်မှတ်ပြီး ပူမုံ ( ရှေးသျှမ်းပြည်အုပ်ချုပ်ရေး စနစ်အရ တိုက်နယ်သူကြီး အထက်မြို့စားမင်း အောက်အဆင့်ရှိ အုပ်ချုပ်သူရာထူးတစ်မျိုး ) တစ်ပါးကို စီမံအုပ်ချုပ်စေကာ ထိုမြို့ကိုလည်း မူကျေ ( မူဆယ်မြို့) ဟုခေါ်တွင်စေသည်။

နေရာ[ပြင်​ဆင်​ရန်​]

ယခု မူဆယ်မြို့၏ လေယာဉ်ကွင်းဟောင်းမြောက်ဘက်ရှိ လာစန့်ဒေသ ဝန်းကျင်တွင် တည်ရှိပြီး ထိုဒေသအနီးတွင် မိုင်းမောဝ်ပြည် မင်းဆက်များအုပ်စိုးစဉ်က နာမည်ကြီး ခိုစုန် ခိုဖူး တံတား (ရေမြှပ် ရေပေါ်တံတား) တစ်စင်းရှိခဲ့ဖူးလေသည်။ နောင်ကာလတွင် ထိုဒေသမှ နောင်မိုလုံ ( ကြာအင်းကြီး) ဝန်းကျင် ( နော်င်မိုလုံ မှာ ကမ္ဘောဇဘစဏ်ရှေ့ ယခင်မြို့နယ်အားကစား ကွင်းဟောင်းနေရာဖြစ်ပြီး ယခုမူ လူနေအိမ်၊ တိုက်ခန်းနေရာများ အဖြစ်ပြောင်းလဲသွားခဲ့ပေပြီ။) သို့ ရွှေ့ပြောင်းမြို့တည်ခဲ့သည်။ ထို့နောက် ညောင်ပင်ကြီး (၁၆) ပင်ရှိသောနေရာတွင် ဈေးကြီးတစ်ခုတည်ခဲ့သည်။ ( ယခု အမှတ် ၁ ဈေးဟုခေါ်သည်) ထိုစဉ်က လူနေအိမ်ခြေအများစုမှာ ယခုတောင်ရပ်ကွက်ရှိ ဝေဠုဝန်ဘာရားကျောင်း နေရာတဝိုက်တွင် စည်ကားခဲ့သောကြောင့် မြို့လယ်ဗဟိုချက် အဆောင်အဦကို တောင်ရပ်ကွက်တွင်းတည်ထားပြီး ၄င်းရပ်ကွက်အတွင်းရှိ ဝေဠုဝန် ဘုရားကျောင်းကိုလည်း ဝတ်ကန်ဝိန်း (မြို့လယ်ကျောင်း) ဟုသာ ယခုတိုင်ခေါ်ဝေါ်နေကြဆဲဖြသ်သည်။

စိတ်ဝင်စားဖွယ် နေရာများ[ပြင်​ဆင်​ရန်​]

မူဆယ်မြို့သည် ဈေးသည်၊ ကုန်သည်များနှင့် နေ့နံသင့်ခဲ့သည်မှာ မြို့စတင် တည်ထောင်ကတည်းကပင်ဖြစ်လေသည်။ မဆလ အစိုးရခေတ်၌လည်း တရုတ်ပြည် မှောင်ခိုပစ္စည်းများနှင့် စည်ကားခဲ့၏။ ယခုခေတ်ကာလ၌လည်း တရုတ်ပြည်နှင့် နှစ်နိုင်ငံကုန်စည် ပစ္စည်းများ လွတ်လပ်စွာစီးဆင်းသွားလာမှုကြောင့် ပို၍သည်ကားပြန်၏။

  1. ကောင်းမူးခမ်း (သို့) ရွှေသမင်ကျောင်းတော်ရွှေစေတီ
  2. မဟာဝန်ကျောင်း
  3. လွယ်တိန်ခမ်းတောင်တော်
  4. သျှမ်းနှစ်ခြင်း ခရစ်ယာန်သာသနာ အဆောက်အဦ

ကိုးကား[ပြင်​ဆင်​ရန်​]