တာချီလိတ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တာချီလိတ်လမ်းတစ်လမ်း
တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတား

တာချီလိတ်မြို့သည် မြန်မာပြည်ရှမ်းပြည်နယ်အရှေ့ဘက်ရှိ နယ်စပ်မြို့ဖြစ်သည်။ ကမ္ဘာ့ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သော ရွှေတြိဂံကြောင့် တာချီလိတ်မြို့ ကျော်ကြားသည်။ ရွှေတြိဂံဆိုသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံ နယ်နိမိတ်ခြားမဲခေါင်မြစ်ဆုံ တြိဂံပုံထိစပ်နေသောကြောင့် ရွှေတြိဂံဟုခေါ်သည်။ တာချီလိတ်မြို့ ထိုင်းနိုင်ငံနှင့် မယ်ဆိုင်ချောင်းပေါ်တွင် နှစ်နိုင်ငံပေါင်းကူးဆက်သွယ်သွားလာ၍ ရသောချစ်ကြည်ရေးတံတားဖြင့် နှစ်နိုင်ငံကုန်စည်များ ကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ဝင်ထွက်ပေါက်မြို့လည်းဖြစ်သည်။ တာချီလိတ်မြို့ တွင် ရှမ်းလူမျိုးများ၊ ယိုးဒယားစပ်ရှမ်းများနှင့် ဒေသခံ အီကောများနေထိုင်ကြသည်။ တခေတ်တခါက လက်နက်ကိုင်များကြောင့် နယ်စပ်တိုက်ပွဲများ၊ ထိုင်းနှင့်နှစ်နိုင်ငံမှားယွင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားရာ မြို့တစ်မြို့ဖြစ်ခဲ့သည်။

တာချီလိတ်ရှိ ရွှေတိဂုံပုံတူစေတီတော်

သယ်ယူပို့ဆောင်ရေး[ပြင်​ဆင်​ရန်​]

တာချီလိတ်မြို့ တွင် လေဆိပ်တစ်ခုရှိသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

တာချီလိတ်မြို့ ၏ တစ်နှစ်ပတ်လုံးအပူချိန်မှာ ပျှမ်းမျှ ၃၀.၈ သာရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ပျှမ်းမျှ ၁၈.၇ သာရှိ၍ နေထိုင်၍ကောင်းမွန်သောအရပ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်စုစုပေါင်း လက်မ ၁၅၅၇ လက်မရှိပြီး အမြဲတစေ ရေလွှမ်းမှုခံရလေ့ရှိသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

English Version Wikipedia.org
မိုးလုံးမှိုင်း(ရှားရှားပါးပါးဗဟုသုတ) ထပ်မံဖြည့်စွက်ရေးသားသည်။