ဗဒလင်းဂူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗဒလင်းဂူ သည် မြန်မာပြည်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် ရှိသည်။ ပဒတ်လိုဏ်ဂူဟုလည်း ခေါ်သည်။ ဒေသခံ လူတွေက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်လိုဏ် ဟုခေါ်သည်။ ပြဒါးလင်း ဂူ လို့ ပညာရှိ အခေါ် ခံရ သူတွေက ပြင်ပြီး ခေါ်ကြသည် ဟု သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း က ဆိုသည်။ [၁]

ပဒတ်လိုဏ် (ဗဒလင်းဂူ) အတွင်းဘက် မြင်ကွင်း

တည်နေရာ[ပြင်​ဆင်​ရန်​]

Coordinates: 21°09′0″N 96°20′0″E / 21.15°N 96.333333°E / 21.15; 96.333333 [၂]

Coordinates: 21°06′30″N 96°18′0″E / 21.10833°N 96.3°E / 21.10833; 96.3 [၃] A

မြန်မာ နိုင်ငံမှာ သူတို့ နေသွားတဲ့ ဂူတွေဟာ ထုံးကျောက် ဂူတွေ ဖြစ်လို့ ရှမ်းကုန်း ပြင်မြင့်ရဲ့ အနောက်ဘက် တောင်စောင်းမှာ အဲဒီလို တောင်ဘက် အပေါက် ရှိတဲ့ ဂူတွေ ရှိတယ်။ ပဒတ်လိုဏ် ခေါ်တဲ့ ဂူကြီး နှစ်ဂူ ရှိတယ်။ ရေငန် ရွာက သွားရင် ရှမ်းကုန်း ပြင်မြင့်ရဲ့ အနောက် တောင်စောင်းမှာ တွေ့ရ ပါတယ်။ ဝန်တင် နွားလမ်း အတိုင်း ညောင်ကြပ်က ၂ မိုင်၊ ရေပုပ်က ၁ မိုင် သွားရင် ရောက်တယ်။ ပင်လယ် ရေမျက်နှာပြင်က ပေ ၁၀၀ဝ အမြင့်မှာ ရှိတယ်။ ညောင်ကြပ်ရဲ့ တည်နေရာက မြောက်လတ္တီတွဒ် ၂၁ ံ ၆' အရှေ့ လောင်ဂျီတွဒ် ၉၆ ံ ၁၈' ဖြစ်တယ်။ [၁]

လိုဏ် အမှတ် (၁) မှာ ကျောက်နံရံ ပန်းချီပုံတွေ ရှိတယ်။ ဂူထဲမှာ အစဉ်မပြတ် မီးဖိုပြီး နေခဲ့ ကြလို့ ပြာထု ၄ ပေ ကျန်ရစ်တယ်။ ဒီပြာထု အရ ခန့်မှန်း လိုက်ရင် ဒီဂူ အတွင်းမှာ လူတွေဟာ အရင် အနှစ် ၂ သောင်း ၂ ထောင်က၊ အရင် အနှစ် ၁ သောင်း ၁ ထောင်ထိ၊ အစုစု နှစ်ပေါင်း ၁ သောင်းကျော် နေခဲ့ ကြတယ်လို့ ဆိုနိုင် ပါတယ်။ အမှိုက်စွန့်တဲ့ ကျင်း (midden) ထဲက မီးသွေး၊ အရိုးနဲ့ ခရုခွံ တွေကို ရေဒီယို ကာဗွန်နည်း (radia carbon test) ဓာတ်ခွဲ စစ်ဆေးတဲ့ အခါ အရင် အနှစ် ၁ သောင်း ၁ ထောင်က အရင် အနှစ် ၆ ထောင် ၅ ရာ အတွင်း နေထိုင် ခဲ့သူတွေ စွန့်ပစ်တဲ့ အမှိုက်တွေ ဖြစ်တယ်လို့ သိရတယ်။ ဘေဂျင် လူတွေနဲ့ မတူညီတဲ့ အချက်က အခု နှောင်းခေတ် အညာသား အပါအဝင် မြေလတ်သား တွေဟာ မီးမွှေး တတ်သူတွေ ဖြစ်တယ်။

ပဒတ်လိုဏ် ဂူအမှတ် (၁) ပြာထုက အထောက်အထားတွေ အရ မြေလတ်သား တွေဟာ ဒီလိုဏ်ဂူတွေ ထဲမှာ အရင် အနှစ် ၁ သောင်း ၂ ထောင်က အရင် အနှစ် ၁ သောင်း အတွင်း နေခဲ့တယ်လို့ ယူဆ နိုင်တယ်။ ကမာ္ဘ တဝန်းလုံးမှာ အဲဒီခေတ် အခါတွေက ကျောက်ခေတ် လူသားတွေက ကျောက်နံရံ တွေမှာ အရုပ်တွေ ရေးဆွဲ ခဲ့တယ်။ အရုပ် တွေက အမဲ လိုက်တဲ့ အခါ သားကောင် များများ ရအောင် နတ်ကိုးပြီး ပူဇော် ပသပွဲ လုပ်တဲ့ အရုပ်တွေ ဖြစ်တယ်။ အမဲ လိုက်တဲ့ အခါ ရလိုတဲ့ သားကောင် တွေရဲ့ ပုံကို ရေးတယ်။ အရုပ်တွေ နားမှာ မှော်ဆရာက ခေါင်းဆောင်ပြီး ကခုန် ကြရင် သားကောင် များများ ရမယ်လို့ ယုံကြည်ဟန် ရှိပါတယ်။

ဂူအရွယ်အစား[ပြင်​ဆင်​ရန်​]

ဂူအမှတ်(၁)- နံရံဆေးရေးပန်းချီရှိသောဂူဖြစ်သည်။ အလျားပေ (၈၀)ခန့်ကျယ်ပြီး၊ အနံ (၂၀) ပေနှင့် အမြင့် (၁၄)ပေခန့် ရှိသောဂူ ဖြစ်သည်။

ဂူအမှတ်(၂)- ဂူကြီး (၅)ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ(၈၀၀) ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ(၃၀၀)ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ(၉၀)ခန့်ရှိသည်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် (၅)ပေမှ (၁၅) ပေခန့်ရှိသော အမိုးပေါက် (၆)ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရသည်။ သဘာဝထုံးကျောက်များဖြစ်ပေါ်လာသော ကျောက်လည်တိုင်၊ ကျောက်ဆက်မိုး မျှော်၊ကျောက်ဆက် ပန်းဆွဲ များဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါသည်။ လွန်ခဲ့သော နှစ်ပေါင်း(နှစ်သန်း) ခန့်က ပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှ ကြီးမားသော သဘာဝဂူကြီး အဖြစ် တည်ခဲ့ဟန်ရှိသည်။ မြန်မာပြည်၌ရှိသော ဂူများအနက် အကြီးဆုံးဂူကြီးဖြစ်ပါသည်။ [၄]

တွေ့ရှိခြင်းနှင့် တူးဖော်ခြင်း[ပြင်​ဆင်​ရန်​]

ဂူ ကို ၁၉၃၇ - ၃၈ နှစ်များ အတွင်း က အမေရိကန် အရှေ့တောင် စူးစမ်းလေ့လာရေး အဖွဲ့ က တွေ့ရှိခဲ့ပြီး၊ ဂူအတွင်းရှိ နံရံဆေးရေး ပန်းချီများကို ၁၉၆၀ ခုနှစ်ကျော် က ဘူမိဗေဒ ပညာရှင် ဦးခင်မောင်ကျော် က စတင်တွေ့ရှိခဲ့သည်။ [၃]

နံရံပေါ်ရှိ ပန်းချီပုံများ[ပြင်​ဆင်​ရန်​]

နံရံပေါ်ရှိအရုပ်များ

ပန်းချီလက်ရာများသည် ဂူအမှတ်(၁)ရှိ အရှေ့သို့ စွန်းထွက်နေသည့် ဂူနံရံပေါ်တွင်ရှိသည်။ မြပြေင်အထက် ၁၀ပေမှ ၁၂ပေခန့်အမြင့်တွင် ရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းတို့ကို နီညိုရောင်ဆေးဖြင့် ရေးဆွဲ ချယ်လှယ်ထား၏။ ပုံပေါင်း ၁၂ ပုံခန့်ရှိ၍ ယင်းတို့အနက် ၉ပုံသာလျှင် အမျိုးအမည်ကို ခန့်မှန်းသိရှိ နိုင်သေးသည်။ နွားရိုင်းခွေ့နေသည်ဟု ယူဆရသော ပုံတစ်ပုံလည်း ပါသည်။ ပန်းချီရေးဆွဲပုံမှာ အသက်ဝင် လှပြီး၊ ပုံစံနှင့် ရေးခြယ်ဟန်မှာ အနောက်တိုင်း ကျောက်ခေတ်လက်ရာများ နည်းတူပင် ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြ၏။

ဂူအမှတ် (၁)တွင် နံရံပန်းချီပေါင်း (၁၄)ပုံကို တွေ့ရှိခဲ့ရာ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဘယ်လက်ဝါးပုံ (အလျား ၉လက်မ x အကျယ် ၄ လက်မ)
  2. ညာလက်ဝါးပုံ (အလျား ၁၀ လက်မ x အကျယ် ၄ လက်မ)
  3. ကင်းခြေများပုံ ၅ ပုံ (အလျား ၃ပေ ၁လက်မ x အနံ ၁ပေ)
  4. ပြောင်ပုံ
  5. ဆင်၊ ဒရယ်ပုံများ
  6. တောဝက်ပုံ (ပီပြင်မှုနည်းပါးသည်)
  7. နေဝန်းပုံ (တောင်နံရံနှစ်ခုကြားမှ နေထွက်လာပုံဖြစ်သော်လည်း ယခုအခါ တောင်နံရံနှစ်ခုမှာ မထင်ရှားတော့ပါ။ ၄င်းပုံအား ၁၉၉၄ခု၊ သြဂုတ်လအတွင်းက UNESCO မှ နံရံပန်းချီထိန်းသိမ်းရေးပညာရှင် Mr.Lu Jun ကိုယ်တိုင်သန့်စင်ခဲ့ပါသည်။
  8. (၈+၉) နွားသားအမိပုံ (အလျား ၈လက်မ x ၄ လက်မခန့်ရှိပြီး၊ ပုံသဏ္ဍာန် အပြတ်သားဆုံးဖြစ်သည်။ )
  9. နွားသားအမိပုံ (ထုံးရေစီးကြောင်း ဖြတ်သန်းအနည်ပို့ချမှုကြောင့် ဦးခေါင်းပိုင်းမှလွဲ၍ ကျန်အပိုင်း များ မထင်မရှားဖြစ်နေပါသည်။
  10. ပြောင်ပုံ (အလျား ၈ လက်မ x အနံ ၁၂ လက်မ)
  11. ရှုးပျံပုံ (၁၀ လက်မအရွယ်ရှိပြီး၊ ဆေးသားများမှေးမှိန်လျှက်ရှိပါသည်)
  12. အမျိုးအမည်မသိပုံ (၃ လက်မခန့် အငယ်ဆုံးပုံဖြစ်ပြီး၊ တောင်ဆိတ် (သို့) နွားငယ်ပုံ ဖြစ်နိုင်ပါ သည်)
  13. အမျိုးအမည်မသိပုံ (ဆေးအစက်အပျောက်များအဖြစ်သာ တွေ့ရသဖြင့် ပုံသဏ္ဍာန်ခွဲခြား မရ တော့ပါ) [၄]

နှိုင်းယှဉ်ချက် အတွက် အနောက် ဥရောပ၊ တောင်ပြင်သစ်၊ မြောက်စပိန် စတဲ့ နိုင်ငံ တွေမှာ အရင် အနှစ် ၂ သောင်း ၁ သောင်း အတွင်း ကရိုမန်ယောင်လို ကျောက်ခေတ်ဟောင်း နှောင်းကာလ လူတွေ ဆွဲတဲ့ပုံ တချို့ကို ဖော်ပြ လိုက်ပါတယ်။

ကျောက်နံရံ ပေါ်မှာ ရေးဆွဲတဲ့ အရုပ် တွေက အရုပ် ပုံသဏ္ဌာန် ပေါ်ရုံပဲ ဆွဲတဲ့ တကြောင်းဆွဲ အရုပ်တွေ ဖြစ်တယ်။ ဆေးနီတွေ ဆိုးထားတယ်။ ပြင်သစ်နဲ့ စပိန် နိုင်ငံ တွေက ဂူပန်းချီ တွေမှာလည်း ဒီသဘော အတိုင်း တွေ့တယ်။ ပဒတ်လိုဏ် အရုပ် တွေက ဥရောပ အရုပ် တွေလောက် မကောင်းပါ။ တိရစာ္ဆန် ပုံသဏ္ဌာန် တွေကလည်း ခုခေတ် အမြင်နဲ့ ဆန်းနေတယ်။ ဘာဖြစ်လို့ လဲလို့ တွေးဆ စရာ အကြောင်း နှစ်မျိုး ရှိပါတယ်။ ထုံးကျောက် ဂူတိုင်းမှာ မိုးအခါ နံရံက ထုံးရည်တွေ ယိုစိမ့် ထွက်လာတယ်။ အဲဒီ ထုံးရည်က အရုပ်ကား တွေကို ထုံးရည်နဲ့ ဆွတ်ဖျန်း သလို ဖြစ်ပြီး အရုပ်တွေ မှေးမှိန် ပျက်စီး ရပါတယ်။ နောက်တချက်က ပဒတ်လိုဏ် ဂူနံရံ ပေါ်မှာ ရေးဆွဲ ခဲ့တဲ့ သားကောင် တွေက အခုခေတ် သားကောင်တွေ မဟုတ်ဘူး။ အရင် ခေတ် ၂ သောင်း ဝန်းကျင်က ရှိခဲ့တဲ့ သားကောင် တွေသာ ဖြစ်တယ်။ အခု တိမ်ကော ပပျောက် သွားပြီ။ သူတို့က ဆင်းသက်တဲ့ အကောင် တွေပဲ ရှိပါတယ်။

အရုပ် ရှိရာ ဂူ (၁) က အနောက်ဘက်ဂူ ဖြစ်တယ်။ အရုပ် တွေကို ကြမ်းပြင် အထက် ၁ဝ ပေက ၁၂ ပေ အမြင့်မှာ ရေးဆွဲ ခဲ့တယ်။ အရုပ် တွေကို ဂူရဲ့ လက်ဝဲ လကျ်ာ နှစ်ခန်း ဖြစ်အောင် အလယ်က ပိုင်းဖြတ် ပေးတဲ့ နံရံပေါ်မှာ ရေးခဲ့ ပါတယ်။ အခန်းကျယ်ကို လက်ဝဲ လကျ်ာ ပိုင်းတယ်လို့ ပြောတာကို မြင်သာအောင် "က" အက္ခရာကို မှန်းကြည့်ပါ။ "က" အလယ်မှာ ရှိတဲ့ မျဉ်းကြောင်းဟာ ဝဲယာစွန်း ထွက်နေတဲ့ အခန်းကို အလယ်က ပိုင်းခြား ပေးတဲ့ သဘော ဖြစ်တယ်။ အခု အခါ အိမ်ခန်း တွေမှာ လှပစေ လိုတဲ့ အတွက် အရုပ် ကားတွေ ချိတ်ဆွဲ သလို ရေးဆွဲ ထားခဲ့ တာတော့ မဟုတ်ပါ။ လက်တွေ့ အကျိုး ကျေးဇူး တခုကို မှျော်ကိုးပြီး ဒီလို ရေးဆွဲတာ ဖြစ်ပါတယ်။ မုဆိုးတွေ အမဲလိုက် မထွက်ခင် ဆိုင်ရာ နတ်တွေကို ပူဇော် ပသပြီး အမဲ လိုက်တဲ့ အခါ သားကောင် များများ ရအောင် ကယ်မပါလို့ ဆုတောင်း တာမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ သားကောင် တွေ့ရင် ဘယ်လို ပစ်ခတ်မယ်၊ ဘယ်လို ထောင်ချောက်နဲ့ ဖမ်းမယ် ဆိုတာ ပြချင် လို့လည်း ပူဇော် ပသ ကခုန် မယ်လို့ ပြောနိုင် ပါတယ်။ မှော်ဆရာနဲ့ သတ်ဖြတ် ချင်တဲ့ အကောင်ကို ရေးပြီး အဲဒီ အရုပ် အရှေ့မှာ သားကောင်ကို တကယ် တွေ့ပြီး ထိုးခုတ် ပစ်ခတ် သတ်ဖြတ် သလို ကခုန် မြူးတူး ကြတယ်လို့ ထင်တယ်။ ပြင်သစ် လာစ်ခရောဂူမှာ ကရိုမန်ယောင် (Cro-Magnon) တွေ အရင် နှစ်ပေါင်း ၃ သောင်းက ရေးဆွဲ ခဲ့တဲ့ အရုပ် တွေမှာ နတ်ကန္နား ပေးတဲ့ သဘော သက်ဝင် တယ်လို့ ဆိုနိုင် ပါတယ်။ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ တခြား ထင်ရှားတဲ့ အကြောင်းအရာ တခု ကတော့ ကျောက်ပန်းချီ ဆရာ တွေဟာ ရုပ်ပုံတူ ရေးတဲ့ အခါ ဆေးအရောင် စပ်တဲ့ အခါ ဝေးနီး ချိန်ဆတဲ့ အခါ၊ အရောင် နုရင့် ခွဲပြီး ရေးစပ် ဖော်ပြ ရမယ် ဆိုတာကို ကောင်းကောင်း နားလည် နေပုံ ရတယ်။ ပဒတ်လိုဏ်က ပန်းချီ ဆရာ တွေဟာ အရင် အနှစ် ၁ သောင်း ၆ ထောင် ကပဲ ဒီလို လုပ်နိုင် တယ်လို့ အံ့ဩစရာ တွေ့ရပ ါတယ်။ အခုခေတ် စံချိန်တွေ အရ ပုံဆွဲ ပညာမှာ ထူးခွျန် နေပြီလို့ ဆိုနိုင် ပါတယ်။ [၁]

ဗဒလင်းဂူ = တောင်ကြီးခရိုင်၊ ရေငန် မြို့နယ်၊ရေပုပ် မှ ၁ မိုင်၊ ညောင်ကြပ် မှ ၄မိုင်အကွာတည်ရှိ၊ ပင်လယ် ရေမျက်နှာ ပြင်အထက်ပေ ၁၀၀ဝ ၊Nyaungyat 21’6’N latitude , 96’18’ longitude မှာတည်ရှိသည်၊ ဂူ ၂ ဂူရှိပြီး ၂ဂူစလုံးတောင်ဘက်ကိုမျက်နှာ မူတယ်၊ ရေ...များများရှိတဲ့ ထိုအချိန် ကာလကပင် ထိုဂူမှာနေထိုင်သူများဟာ ရေအရင်းအမြစ်နဲ့နီးတဲ့နေရာမှာမနေကျဘူး။ ဒါအပြင် ဂူဟာ ခြေသွားလမ်း foot track ရဲ့အထက် ပေ ရဝ မှာ တည်ရှိသည်။ ရန်သူများ ရုပ်တရက် တိုက်ခိုက်ခြင်းကို မခံရနိုင်အောင်နေတယ်လို့ယူဆရတယ်၊ ဂူထဲက တူးဖော်တွေ့ရှိတဲ့ အရိုးများကို ကာဘွန် နည်းဖြင့်စမ်းသပ်ရာနှစ် ၁၁ ဝ၀ဝ သက်တမ်း ရှိ တယ်။ ဂူတွေထဲမှာ စုပုံနေတဲ့ ပြာဟာ ၄ပေ ထူတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် လူတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာထဲကနေထိုင်ခဲ့ကြောင်း သိနိုင် တယ်။ မီးဖိုချောင် အမှိုက်တွေထဲကတွေ့ရတဲ့ အရိုးတွေ၊ဦးချိုတွေဟာ တောရိုင်းတိရိစာ္ဆန်တွေရဲ့ ဟာတွေဖြစ်တယ်၊ နံရံမှာရေးဆွဲထားတဲ့ အကောင်တွေရဲ့ပုံဟာ အမဲလိုက်တဲ့ဓလေ့ကိုဖော်ညွှန်းတယ်၊ ဒီအချက်တွေကြည့်ခြင်းအားဖြင့် ဂူနေလူများဟာ အမဲလိုက်မုဆိုး တွေဖြစ်ပြီး လယ်သမားများမဟုတ်ကြောင်းပြတယ်။ သူတို့ဟာ ကျောက်ခေတ်နှောင်းပိုင်းကဖြစ်တယ်၊ ဂူ ၁ အရှေ့ပိုင်းဂူနံရံမှာဆွဲ ထားတဲ့ ပန်းချီတွေက ဂူကြမ်းပြင်မှ အထက် ၁ဝပေ - ၁၂ပေ မှာရှိတယ်။ ကွှျနု်ပ်တို့အိမ်တွင် အလှဆင်သလို ရှေးလူများဟာ ရေးဆွဲထားခြင်းမဟုတ် အထူးရည်ရွယ်ချက်ရှိ၊ ဘယ်လိုအကောင်ကို ဖမ်းတယ်၊ ဘယ်လိုဖမ်းရတယ် ထောင်ချောက်ဆင်တယ် ဆိုကို ပြသလိုခြင်းဖြစ်တယ်၊ ပြဒါးလင်း ပန်ချီဆရာတွေဟာ မယုံကြည်နိုင်လောက်အောင်တော်တယ်၊ ယခုခေတ်စံနှုန်းများ အားဖြင့် နှိုင်းယှဉ်ပါက သူတို့ပန်းချီကားတွေဟာ ကောင်းလွန်းတယ်၊ ဂူ ၁ မှာ တိရိစာ္ဆန်ပုံ လူလက်ပုံ၊ အာရုံဦးနေပုံတွေကို ဆေးနီ red ochre နဲ့နံရံမှာဆွဲထားတယ်။ လက်ဝါးပုံ ၂ခုတွေရပြီး၊ လက်ချောင်းအချို့ပျောက်နေတယ် ဖြစ်နိုင်တာက သူရဲ့အရင်းနှီးဆုံး မိတ်ဆွေသေဆုံးတော့ သူမှာလက်ဆုပ် လက်ကိုင် ပြု ရမယ့်လက်မပြုတ်သွားတာကိုရည်ရွယ်တယ်၊ ငါး ၂ ကောင်နဲ့တူတဲ့ပုံ တခုရှိတယ် တကောင်က အမြီးမပါ သလို တကောင်ရဲ့ခေါင်းက ထုံးရေကြည်ဖုံး နေတယ်၊ နွား ၂ကောင်ဝှေ့နေပုံ bull fight တိရိစာ္ဆန် အုပ်စုပုံ နွားမကြီးနောက်နွားငယ်လိုက်တဲ့ပုံစတဲ့ပုံတွေရှိပါတယ်။

မှတ်စု[ပြင်​ဆင်​ရန်​]

A.^ တည်နေရာ အတိအကျ ရှာမရပါ။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ ၁.၂ ဒေါက်တာ, သန်းထွန်း (၂၀၀၄ ခု၊ ဇူလိုင်လမှာ ပထမ အကြိမ်). ပဒတ်လိုဏ် (ဗဒလင်းဂူ) ကျောက်ရေး အနုပညာ, အမှတ်စဉ် (၁၃၄)၊ မြန်မာ့ သမိုင်းပုံ Myanmar History Told in Pictures. မုံရွေး စာအုပ်တိုက်. 
  2. Badah-lin and associated caves - UNESCO World Heritage Centre, Retrieved 2009-03-03.
  3. ၃.၀ ၃.၁ Aung Thaw (1969), "The ‘neolithic‘ culture of the Padah-Lin Caves", Journal of Burma Research Society 52 (1): 9–23, http://www.lib.washington.edu/myanmar/pdfs/AT0001.pdf 
  4. ၄.၀ ၄.၁ မြန်မာ့ယဉ်ကျေးမှုစတင်ရာ ပြဒါးလင်းဂူဆီသို့ သောင်းနိုင်ဦး၊ ဧည့်လမ်းညွှန်. Retrieved on ၁၀၂၀၁၂။ Retrieved on အောက်တိုဘာ ၂၀၁၂။