ရွှေ 79Au |
ယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | ရွှေ, Au |
---|
အသံထွက် | GOHLD |
---|
အဆင်း | metallic yellow |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ ရွှေ |
---|
|
အက်တမ် အမှတ်စဉ် (Z) | 79 |
---|
အုပ်စု၊ ဘလော့ | group 11 |
---|
ဒြပ်စင်အလှည့်ကျဇယား | period 6 |
---|
ဒြပ်စင် ကဏ္ဍ | transition metal |
---|
စံ အက်တောမစ် အလေးချိန် (±) (Ar) | 196.966569(5)[၁] |
---|
အီလက်ထရွန် ပြုပြင်မှု | [Xe] 4f14 5d10 6s1 |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 18, 1 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
ဖေ့စ် | အစိုင်အခဲ |
---|
အရည်ပျော်မှတ် | 1337.33 K (1064.18 °C, 1947.52 °F) |
---|
အရည်ဆူမှတ် | 3243 K (2970 °C, 5378 °F) |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 19.30 g/cm3 |
---|
17.31 g/cm3 |
ဖျူးရှင်းအပူ | 12.55 kJ/mol |
---|
အငွေ့ပျံခြင်း အပူ | 342 kJ/mol |
---|
မိုလာ အပူအင်အား | 25.418 J/(mol·K) |
---|
ငွေ့ရည်ဖိအား
P (Pa)
|
1
|
10
|
100
|
1 k
|
10 k
|
100 k
|
at T (K)
|
1646
|
1814
|
2021
|
2281
|
2620
|
3078
| |
အက်တောမစ် ဂုဏ်အင်များ |
---|
အောက်ဆိုဒ်ဒေးရှင်း အခြေနေ | 5, 3, 2, 1, −1, −2, −3 (an amphoteric oxide) |
---|
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 2.54 |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 890.1 kJ/mol 2nd: 1980 kJ/mol |
---|
အက်တောမစ် အချင်းဝက် | empirical: 144 pm |
---|
ကိုဗေးလန့်အချင်းဝက် | 136±6 pm |
---|
ဗန်ဒါဝေါ့စ် အချင်းဝက် | 166 pm |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | face-centered cubic (fcc) |
---|
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း | 2030 m/s (at r.t.) |
---|
အပူ ပြန့်ကားမှု | 14.2 µm/(m·K) (at 25 °C) |
---|
အပူစီးကူးမှု | 318 W/(m·K) |
---|
လျှပ်စစ် ခုခံမှု | 22.14 nΩ·m (at 20 °C) |
---|
သံလိုက်ဓာတ် | Diamagnetism[၂] |
---|
သံလိုက် ထိတွေ့နိုင်မှု (χmol) | −28.0·10−6 cm3/mol (at 296 K)[၃] |
---|
ဆွဲဆန့်အား | 120 MPa |
---|
Young's modulus | 79 GPa |
---|
Shear modulus | 27 GPa |
---|
Bulk modulus | 180 GPa[၄] |
---|
ပိုင်ဆွန် အချိုး | 0.4 |
---|
Mohs hardness | 2.5 |
---|
Vickers hardness | 188–216 MPa |
---|
Brinell hardness | 188–245 MPa |
---|
CAS Number | 7440-57-5 |
---|
သမိုင်းကြောင်း |
---|
အမည်တပ်ခြင်း | လက်တင်ဝေါဟာရaurum မှ (ရွှေဟု အဓိပ္ပာယ်ရ) |
---|
ရှာဖွေတွေ့ရှိမှု | အရှေ့အလယ်ပိုင်းတွင် (before 6000 BCE) |
---|
အတည်ငြိမ်ဆုံး ရွှေ၏ အိုင်ဆိုတုပ်များ |
---|
|
ဝီကီဒေတာတွင် | | ကိုးကား |
ရွှေ (အင်္ဂလိပ်: gold)သည် (နျူကလိယ၌ ပရိုတွန် ၇၉ ခု ပါရှိသည့် အက်တမ်များဖြင့် ဖွဲ့စည်း၍) အက်တမ်အမှတ်စဉ်-၇၉ ရှိသော သတ္တု ဒြပ်စင် ဖြစ်ပြီး၊ သာမန် အပူချိန်နှင့် (လေ)ဖိအားအောက်တွင် အစိုင်အခဲအဖြစ် တည်ရှိသည့် ဒြပ်သား ဖြစ်သည်။ ဓာတုသင်္ကေတမှာ လက်တင် ဝေါဟာရ (Aurum - တောက်ပသည့် အရုဏ်ဦး) ၏ ထိပ်နှစ်လုံး Au ဖြစ်သည်။
သမိုင်းတင်ခေတ်မှ စ၍ လူသားများသည် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများ၊ ခွက်၊ ယောက်၊ ပန်းကန်စသည့် လူသုံးကုန်ပစ္စည်းများ အဖြစ် သွန်းလုပ် အသုံးပြုကြပြီး၊ ရွှေကို အပူပေး၍ အရည်ကျိုကာ ပုံသွင်းသည့် အတတ်ကို ရွှေပန်းထိမ်ဟု ခေါ်သည်။ မြန်မာ့ ယဉ်ကျေးမှုတွင်မူ စေတီပုထိုးများ၏ ထီးတော်၊ သင်္ကန်းတော်အဖြစ် လည်းကောင်း ဗုဒ္ဓဆင်းတုတော်များအား ရွှေသင်္ကန်း ချရာတွင်လည်းကောင်း အသုံးပြုကြသည်။
ရွှေဝါရောင် ဝင်းလက်တောက်ပသည့် ရွှေသည် သိပ်သည်းဆကြီးပြီး နန်းဆွဲရလွယ်သော ပျော့ပျောင်းသည့် သတ္တုတစ်မျိုးဖြစ်သည်။ လျှပ်လျှောက် ကောင်းသောကြောင့် ယခုခေတ် ကွန်ပျူတာ၏ မားသားဘုတ်၊ အီလက်ထရွန်းနစ် ပစ္စည်း၏ အိုင်စီပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။
မြန်မာလူမျိုးတို့သည် ရွှေကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ လက်ဝတ် လက်စား အဆင်တန်ဆာများ၊ ဆံပင်ထုံးဖွဲ့မှု ပစ္စည်းများ၊ နန်းမှုနန်းရာ အသုံးအဆောင်များ၊ ရွှေဆိုင်းခတ်ခြင်းများ ပြုလုပ်ရုံသာမ၊ မြန်မာတို့အတွက် အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်သော ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြသည်။ ရွှေကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနှင့် စဉ့်ကူးမြို့နယ်မှ နွယ်ရုံ၊စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ဗန်းမောက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် ခန္တီးမြို့နယ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်၊မွန်ပြည်နယ် ဘီးလင်း ဒေသတို့မှာ တွေ့ရသည်။
မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်(မီးလင်း၊ အကယ်ဒမီရွှေ)လို့ ခေါ်ပြီး၊ အနောက်တိုင်းမှာ ၂၄ ကာရက်ရွှေလို့ ခေါ်ဝါ်ပါသည်။ ရွှေတစ်ကျပ်သားမှာ ငွေ သို့မဟုတ် ကြေးနီ တစ်ပဲသား ပါဝင်သော ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး သုံးပဲသား ပါဝင်သော ရွှေကိုတော့ ၁၃ ပဲရည်လို့ ခေါ်ကြသည်။ ရွှေပန်းထိမ် လုပ်ငန်းသည်လည်း မြန်မာနိုင်ငံတွင် အဓိက ကဏ္ဍမှာ ပါဝင်သည်။ ရွှေသည် ပုံမှန်အခြေနေမှာ အဝါရောင်ရှိပြီး ပုံသွင်းရအလွယ်ကူဆုံးသော သတ္ထုတစ်မျိုးဖြစ်သည်။ အသေးစိတ် ခွဲခြမ်း လေ့လာမှုမှာ အနက်ရောင်၊ ပတ္တမြားရောင် သို့မဟုတ် ခရမ်းနုရောင် အဖြစ် ပြောင်းလဲတွေ့ရသည်။ အခြားဒြပ်စင်တွေနှင့် ပေါင်းစပ်ဝတ်ဆင်ပါက အရည်သွေးများ ကျဆင်းသွားသည်။ အပူနှင့် လျှပ်စစ် စီးကူးမှုအားကောင်းသော သတ္ထုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများမှာ ရွှေကို အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုပါသည်။ ကျန်းမာရေး ဆိုင်ရာ ဆေးလောကတွင်လည်း ရွှေကို ထိုးဆေးဖော်စပ်ကာ လူတို့၏ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့သည် ရွှေကို တန်ဖိုးရှိသော ပစ္စည်းတစ်ခုအဖြစ် သတ္တုတို့၏ဘုရင်ဟု ခေါ်စမှတ် ပြုလာခဲ့သည်။ အင်္ဂလိပ် ဘာသာနှင့် ခေါ်သော Gold သည် Geola မှ ဆင်းသက် လာပြီး အဝါရောင်ဟု အနက်အဓိပ္ပာယ် ရသည်။ ရွှေကို ဒီနေ့အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ မက်မောမှု တို့ကတော့ လူတိုင်းမှာ ရှိနေဆဲပင်။