သွပ်

ဝီကီပီးဒီးယား မှ
သွပ်  30Zn
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတသွပ်, Zn
အသံထွက်/ˈzɪŋk/
ZINGK
အဆင်းsilver-gray
ဒြပ်စင်အလှည့်ကျဇယားရှိ သွပ်
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)


Zn

Cd
ကြေးနီသွပ်ဂဲလီယမ်
အက်တမ် အမှတ်စဉ် (Z)30
အုပ်စုဘလော့group 12
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  transition metal, alternatively considered a post-transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)65.38(2)[၁]
အီလက်ထရွန် ပြုပြင်မှု[Ar] 3d10 4s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်692.68 K ​(419.53 °C, ​787.15 °F)
အရည်ဆူမှတ်1180 K ​(907 °C, ​1665 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.14 g/cm3
6.57 g/cm3
ဖျူးရှင်းအပူ7.32 kJ/mol
အငွေ့ပျံခြင်း အပူ115 kJ/mol
မိုလာ အပူအင်အား25.470 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 610 670 750 852 990 1179
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ-2, 0, +1, +2 ​(an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.65
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 906.4 kJ/mol
2nd: 1733.3 kJ/mol
3rd: 3833 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 134 pm
ကိုဗေးလန့်အချင်းဝက်122±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်139 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံhexagonal close-packed (hcp)
Hexagonal close packed crystal structure for သွပ်
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း3850 m/s (at r.t.) (rolled)
အပူ ပြန့်ကားမှု30.2 µm/(m·K) (at 25 °C)
အပူစီးကူးမှု116 W/(m·K)
လျှပ်စစ် ခုခံမှု59.0 nΩ·m (at 20 °C)
သံလိုက်ဓာတ်diamagnetism
သံလိုက် ထိတွေ့နိုင်မှု (χmol)−11.4·10−6 cm3/mol (298 K)[၂]
Young's modulus108 GPa
Shear modulus43 GPa
Bulk modulus70 GPa
ပိုင်ဆွန် အချိုး0.25
Mohs hardness2.5
Brinell hardness327–412 MPa
CAS Number7440-66-6
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုIndian metallurgists (before 1000 BCE)
ပထမဆုံး ခွဲထုတ်မှုAndreas Sigismund Marggraf (1746)
Recognized as a unique metal byRasaratna Samuccaya (800)
အတည်ငြိမ်ဆုံး သွပ်၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
64Zn 49.2% is stable with 34 neutrons
65Zn syn 244 d ε 1.3519 65Cu
γ 1.1155
66Zn 27.7% is stable with 36 neutrons
67Zn 4.0% is stable with 37 neutrons
68Zn 18.5% is stable with 38 neutrons
69Zn syn 56 min β 0.906 69Ga
69mZn syn 13.8 h β 0.906 69Ga
70Zn 0.6% is stable with 40 neutrons
71Zn syn 2.4 min β 2.82 71Ga
71mZn syn 4 d β 2.82 71Ga
72Zn syn 46.5 h β 0.458 72Ga
ဝီကီဒေတာတွင် | | ကိုးကား

သွပ် (အင်္ဂလိပ်: Zinc) သည် သတ္တုဒြပ်စင် တစ်မျိုးဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၃၀ ဖြစ်ကာ ယင်း၏ ဓာတုဗေဒ သင်္ကေတမှာ Zn ဖြစ်သည်။ သွပ်သည် ဓာတု ဂုဏ်သတ္တိများအရ မဂ္ဂနီဆီယမ်နှင့် ဆင်တူသည်။ အကြောင်းမှာ ယင်းတို့၏ အိုင်ယွန်း (ion - အီလက်ထရွန် အရေအတွက် လျော့နေသော အက်တမ်) များမှာ အရွယ်တူနီးပါးရှိကာ များသောအားဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများတွင် +2 အဖြစ်တွေ့ရှိရသောကြောင့် ဖြစ်သည်။ ကမ္ဘာ့ အပေါ်ယံမြေလွှာတွင် သွပ်သည် နံပါတ် ၂၄ မြောက် အများဆုံး တွေ့ရသည့် ဒြပ်စင်ဖြစ်ပြီး တည်ငြိမ်သည့် အိုင်ဆိုတုပ် ၅ မျိုးရှိသည်။ သွပ်သတ္တုရိုင်းများအနက် ဇင့်ခ်ဆာလဖိုဒ် (zinc sulfide) တစ်မျိုးဖြစ်သည့် Sphalerite မှာ အသုံးအဝင်ဆုံး ဖြစ်သည်။ အကြီးမားဆုံးသော သွပ်သတ္တုတွင်းများကို ဩစတြေးလျအာရှနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် တွေ့ရှိရသည်။

သွပ်နှင့် ကြေးနီ ရောစပ်ထားသော သတ္တုစပ် ကြေးဝါကို အစောဆုံး ဘီစီ ၁၀ ရာစုနှစ်မှ စ၍ အသုံးပြုခဲ့ကြသည်။ သန့်စင်သော သွပ်ကို ၁၃ ရာစုနှစ်ရောက်မှသာ အိန္ဒိယတွင် ထုတ်လုပ်နိုင်သည်။ ဥရောပသားများသည် ၁၆ ရာစုနှစ်ရောက်မှသာ သွပ်ကို သိရှိကြသည်။ အဂ္ဂိရတ်ဆရာများသည် ‘ဖြူစင်သောနှင်း’ (white snow) ဟုခေါ်သည့် ဇင့်ခ်အောက်ဆိုဒ် ရရှိရန် သွပ်ကို လေထဲတွင် မီးရှို့ကြသည်။

သွပ်ကို သံကြေးမတက်လွယ်သည့် သံမဏိ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။ သွပ်သည်လည်း လူ့ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် တွင်းထွက်ပစ္စည်း တစ်မျိုးဖြစ်သည်။[၃] ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူဦးရေ ၂ သန်းခန့်သည် ဇင့်ခ်ချို့တဲ့မှု ခံစားနေရပြီး ရောဂါ အတော်များများသည် ဇင့်ခ်ချို့တဲ့မှုကြောင့် ဖြစ်သည်။[၄]ကလေးသူငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်သည်။ ဇင့်ခ်ချို့တဲ့မှုကြောင့် နှစ်စဉ် ကလေးဦးရေ ၈ သိန်းခန့် အသက်ဆုံးရှုံးရသည်။

သွပ်[ပြင်ဆင်ရန်]

သွပ်ကိုလူတိုင်းပင်ကြားဖူးမြင်ဖူး ကြပေသည်။ သို့သော် ကြားဖူးမြင်ဖူးကြသလောက် သွပ်အကြောင်းကို သေသေချာချာသိရှိသူနည်းပါးလှ၏။ သွပ်စစ်စစ်သည် ဖြူပြာပြာအဆင်းရှိ၍ မျက်နှာပြင် တောက်ပသောသတ္တုတစ်မျိုးဖြစ်၏။ သွပ်သည်ဆတ်၍ ချိုးဖဲ့လိုက်သည့် အခါတောက် ပသောအပိုင်းအစများကို ရရှိသည်။ သွပ်ကိုမီးပြင်းတိုက်၍ ကျိုလိုက်သောအခါ ၇၈၈ ဒီဂရီဖာရင် ဟိုက်အပူချိန်တွင် အရည်ပျော်၍အပူချိန် ၁၇ဝ၆ ဒီဂရီဖာရင်ဟိုက်တွင်ဆူပွက်၏။ သွပ်ကိုသယံဇာတအဖြစ်ဖြင့် တူးဖော်၍မရနိုင်သော်လည်း သွပ်သတ္တုရိုင်းများဖြစ်သော ဇင့်ကိုက်နှင့် ဖရန်ကလင် နိုက်ခေါ် ဇင့်အောက်ဆိုက်များ၊ ကယ်လမိုင်းခေါ်ဇင့်ကာဗွန်နိတ်နှင့် ဇင့်ဗလင်းခေါ် ဇင့်ဆာလဖိုဒ် စ‌သောဒြဗ်ပေါင်းတို့မှအမြောက်အမြားထုတ်ယူရရှိလသည်။

ရောင်းချရန်သွပ်ကို သတ္တုရိုင်းများမှ အမြောက်အမြား ထုတ်ယူပုံမှာ ပထမဗင့်ကာဗွန်နိတ် (Zn*FU3)ကိုဖြစ်စေ၊ ဇင့်ဆာလဖိုဒ် (ZnS) ကိုဖြစ်စေ၊ ဒယ်တွင်ထည့်၍ မီးပြင်းတိုက်ကာလှော်ပေး၏။ ထိုသို့လှော်ပေးသောအခါ သွပ်သတ္တုရိုင်းသည် ဇင့်အောက်ဆိုက်အဖြစ်သို့ ပြောင်းလဲ သွား၏။ ဇင့်ကာဗွန်နိတ် ဇင့်အောက်ဆိုက်ဏကာဗွန်ဒိုင်အောက်ဆိုက် ရရှိသောဇင့်အောက်ဆိုက် (ZnU) မှုန့်များကို မီးသင်းပြီး ကျောက်မီးသွေးမှုန်များနှင့်ရော၍မီး ခံရွှံ့စေးဖြင့်ပြုလုပ်ထားသော ပေါင်းအိုးတွင်ထည့်ပြီးလျှင် ရဲလာအောင်မီးပြင်းတိုက်ပေးရ၏။ ထိုအခါ ဇင့်အောက်ဆိုက်မှ အောက်ဆီဂျင်နှင့်ကာဗွန်တို့ ပေါင်းစပ်ပြီးလျှင် ကာဗွန်မွန်အောက်ဆိုက် (*Fo) ဓာတ်ငွေ့အဖြစ်ဖြင့် ထွက်သွားသည့်အတွက် သွပ်သက်သက်သာကျန်နေခဲ့၏။ ထို ကျန်နေသောသွပ်သည် အငွေ့အဖြစ်ဖြင့် ထွက်လာသဖြင့် ပေါင်းချွေးခံနည်းဖြင့် ခံယူလိုက်သည်တွင်သွပ်အတုံးများကို ရရှိသည်။ ဇင့်အောက်ဆိုက် ကာဗွန်မွန်အောက်ဆိုက် သွပ်အကြီးအကျယ်ထွက်သောနိုင်ငံများမှာ ဂျာမနီ၊ ဩစတြေးလီးယား၊ ဆာဒင်းနီးယား၊ ပြင်သစ်၊ ကနေဒါ၊ ပိုလန်၊ ဗဲလဂျီယမ်နှင့်အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌လည်း ဘော်တွင်းမှ အနည်းအကျဉ်းထွက်၏။ သွပ်သည်လေထဲတွင်လည်းကောင်း၊ ရေထဲတွင်လည်းကောင်း ချေး မတက်နိုင်သောကြောင့် သံပြားများ သံချေးမတက်နိုင်စေခြင်းငှာ သွပ်ရည်ကို သုတ်လိမ်းထားပေးရ၏။ သွပ်ရည် သုတ်လိမ်းပုံမှာ သံပြားများကို အရည်ကျိုထားသောသွပ်ရည်ထဲသို့ နှစ်လိုက်ပြီးနောက် ပြန်ဆွဲတင်ယူလိုက်ရ၏။ လျှပ်စစ် ဓာတ်အိုးများတွင်လည်းကောင်း၊ ဓာတ်ပုံ ဗလောက် များတွင်လည်းကောင်း၊ သတ္တုများ သွန်းရာတွင်လည်းကောင်း သွပ်ကိုများစွာအသုံးပြုကြ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသောဗရပ်ခေါ် ကြေးဝါသတ္တုစပ်သည် အလွန်အသုံးဝင်၏။ အခြားသွပ်ပါသော သတ္တုစပ်တစ်မျိုးမှာ ဂျာမန်ငွေ (ကြေးနီ၊ သွပ်နှင့်နစ်ကယ်)တို့ ဖြစ်၏။ ရွှေနှင့်ငွေတို့ကို သတ္တုရိုင်းများမှထုတ်ယူရာ၌လည်း သွပ်ကိုအသုံးပြုကြသေး၏။ ဇင့်ကာဗွန်နိတ်၊ ဇင့်အက်ဆီတိတ်၊ ဇင့်စတီရာရိတ်စသောသွပ်ဒြဗ်ပေါင်းများသည် ဘယဆေးများ ဖော်စပ် လုပ်ကိုင်ရာ၌အသုံးကျ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသော ကြေးဝါသတ္တုစပ်ကို ယမ်းတောင့်များ၊ ဗုံးခွံများနှင့်အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများပြုလုပ်ရာ၌ များစွာအသုံးပြုကြသည့်ပြင် သိပ္ပံကိရိယာတန် ဆာပလာများပြုလုပ်ရာ၌ လည်းအသုံးပြုကြ၏။ ထိုကြောင့် စစ်အတွင်းတွင် သွပ်ကို အတိုင်းတိုင်းအပြည်ပြည်များမှ များစွာစုဆောင်းသိုလှောင်ထားကြရလေသည်။ သွပ်ကို အလယ်ခေတ်လောက်တွင် ဂျော့ဂျီယပ်အဂရစ်ကိုလာ အမည်ရှိအဂ္ဂိရတ်ဆရာကြီးတစ် ဦးကသတ္တုရိုင်းများကိုဖိုကြီးများတွင်ထည့်၍ ကျိုရာမှ ပထမစတင်တွေ့ရှိလေသည်။ ထိုအချိန်မှစ၍ ဓားလှံစသော လက်နက်များ၊ စစ်သည်တော်များနှင့်သူရဲကောင်းများ တပ်ဆင် ကြသည့် ကကြိုးတန် ဆာများပြုလုပ်ရာတွင် သွပ်ကို အသုံးပြုခဲ့ကြလေသည်။ ဈေးဆိုင်များတွင် ရောင်းချသော သွပ်မှာသွပ် စစ်စစ်မဟုတ်ချေ။ သံ၊ ခဲ၊ စိန်ဖြူ၊ ကာဗွန်စသောပစ္စည်းများ အနည်းအကျဉ်းပါဝင်လျက်ရှိ၏။ သွပ်စစ်စစ်ကိုလိုသော် ဇင့်ဆာလဖိတ်ရည်ကို လျှပ်စစ်ဓာတ် ခွဲနည်းဖြင့် ထုတ်ယူနိုင်လေသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  3. Hambidge, K. M. and Krebs, N. F. (2007), "Zinc deficiency: a special challenge", J. Nutr. 137 (4): 1101
  4. Prasad, A. S. (2003), "Zinc deficiency", British Medical Journal 326 (7386): 409
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)