လူတက်သီယမ်
လူတက်သီယမ် (Lutetium) သည် ထုတ်ယူ သန့်စင်ရန် အတော်ခက်ခဲသော ဒြပ်စင်များထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ရေပါဝင်မှု အလွန်နည်းသော LuCl3 နှင့် LuF3 တို့မှ အယ်ကာလီ နှင့် အယ်ကာလိုင်း သတ္တု တို့ကို အသုံးပြု၍ ဓာတ်လျှော့ခြင်းဖြင့် ၎င်းသတ္တုကို ထုတ်ယူ သန့်စင်နိုင်ပါသည်။ လူတက်သီယမ် သည် ငွေဖြူရောင် ရှိပြီး လေထုထဲတွင် အတော်အတန် တည်မြဲနေနိုင်ပါသည်။ ၎င်းသတ္တုသည် Lanthanide အုပ်စုတွင် မာကျောမှု အရှိဆုံးနှင့် သိပ်သည်းမှု အရှိဆုံးဖြစ်သည်။
အသုံးပြုခြင်း[ပြင်ဆင်ရန်]
လူတက်သီယမ် သည် လုပ်ငန်းခွင်တွင် အသုံးပြုနိုင်လောက်သည့် အရည်အသွေးရဖို့ အထိ သန့်စင်မှု ပြုလုပ်ရန် ကုန်ကျမှု အလွန်များသောကြောင့် စီးပွားရေးအရ အသုံးပြုမှု အလွန်နည်းပါးသည်။ နျူထရွန် ထုတ်ပေးသော လူတက်သီယမ် ကို Beta Emitter အဖြစ် စီးပွားရေး လုပ်ငန်းတစ်ခုတွင် အသုံးပြုသည်။ ကွန်ပျူတာမှတ်ဉာဏ် ပြားလေးများအတွင်း အသုံးပြုသော GGG (Gadolinium Gallim Garnet) သို့ လူတက်သီယမ် အလွန်သေးငယ်သော ပမာဏ ပေါင်းထည့်ပြီး လျှပ်စစ် ဂုဏ်သတ္တိ ပြောင်းလဲသွားစေနိုင်သော Dopant အဖြစ် အသုံးပြုသည်။
ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ[ပြင်ဆင်ရန်]
လူတက်သီယမ် သည် ရှာပါးဒြပ်စင် အုပ်စုထဲတွင် ဈေးအကြီးဆုံးသော သတ္တု တစ်ခု ဖြစ်ဖွယ်ရှိသည်။ ၎င်းကို အခြားသော ရှားပါးဒြပ်စင်များစွားနှင့် ရောနှောတွေ့ရှိရပြီး ခွဲထုတ်ရန် အလွန်ခက်ခဲပါသည်။ သဘာဝတွင် ကျယ်ပြန်စွာ တွေ့ရှိရပါသည်။ Lanthanides များသည် သဘာဝအခြေအနေ၌ တွင်းထွက် သတ္တု အမျိုးမျိုးတွင် တွေ့ရှိရသည်။ အဓိက တွင်းထွက် အရင်းအမြစ်များမှာ Xenotime, Monazite, and Bastnaesite တို့ဖြစ်သည်။ Xenotime နှင့် Monazite သည် LnPO4 ( ဤနေရာတွင် Ln သည် အလွန်ရှားပါသော promethium မှလွဲ၍ Lanthanides အားလုံး ၏ ဒြပ်ရောကို ကိုယ်စားပြုသည်။) ဖော့စဖိုးရစ် တွင်းထွက် အက်ဆစ်များ(orthophosphate minerals) ဖြစ်ပြီး Bastnaesite သည် ဖလိုရိုက် ကာဗွန်နိတ် (fluoride carbonate) LnCO3F တစ်ခုဖြစ်သည်။ ၎င်း တွင်းထွက် အရင်းအမြစ်များတွင် အဓိက အများဆုံးပါဝင်သော Lanthanides များမှာ အစဉ်လိုက်အားဖြင့် Cerium, Lanthanum, Neodymium နှင့် Praseodymium တို့ဖြစ်ကြသည်။ သူကိုယ်တိုင် နှင့် ၎င်း ပြိုကွဲရာမှ ဖြစ်လာသော ဓာတု ဓာတ်ပစ္စည်းများသည် ရေဒီယို ဓာတ်သတ္တုကြွသဖြင့် ကိုင်တွယ်ရန် ခက်ခဲသော Thorium နှင့် Yttrium တို့သည်လည်း Monazite တွင် ပါဝင်သည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ် သန့်စင်ပြီး Lu ပမာဏမှာ တန်ပေါင်း ၂၀၀ ၀၀၀ ခန့်ရှိပြီး ကမ္ဘာ့ ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် ၁၀ တန်ခန့်ရှိသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ[ပြင်ဆင်ရန်]
ပျော်ဝင်နိုင်သော လူတက်သီယမ် ဆားများသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက အားပျော့သော အဆိပ် အတောက် ဖြစ်စေပြီး မပျော်ဝင်နိုင်သော ဆားများမှာမူ အဆိပ် အတောက်မရှိပါ။ အခြားသော ရှားပါးဒြပ်စင်များကဲ့သို့ပင် လူတက်သီယမ် သည် အဆိပ်သင့်မှု အားပျော့သော်လည်း ၎င်းနှင့် ၎င်း၏ ဒြပ်ပေါင်းများကို ဂရုတစ်စိုက် ကိုင်တွယ်သင့်သည်။
ပတ်ဝန်းကျင်သို့သက်ရောက်မှုများ[ပြင်ဆင်ရန်]
လူတက်သီယမ် သတ္တု မှုန့်များသည် မီးဘေးနှင့် ပေါက်ကွဲမှု အန္တရာယ်ဖြစ်စေနိုင်သည်။ Lu သည် သစ်ပင်များနှင့် တိရိစ္ဆာန်များကို တိုက်ရိုက် ထိခိုက်မှုမရှိပါ။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူ ဘာသာပြန်ဆိုသည်။
![]() | ဤ ဓာတုဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ဒြပ်စင်အလှည့်ကျဇယား (Periodic table) | |||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
H | He | ||||||||||||||||||||||||||||||||||||||||
Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Nh | Fl | Mc | Lv | Uus | Uuo | ||||||||||
| |||||||||||||||||||||||||||||||||||||||||
|