ဟီလီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟီလီယမ်၏ သက်တန့်ရောင်စဉ်လိုင်းများအားတွေ့ရစဉ်

ဟီလီယမ်(Helium) သည် ဒြပ်စင်အလှည့်ကျဇယား (Periodic table) ၏ အုပ်စု အမှတ် သုည (Group -0) တွင်ရှိသော Noble gases များထဲမှ ဓာတ်ငွေ့ တစ်ခုဖြစ်သည်။ ၎င်းသည် ဟိုက်ဒြိုဂျင် ပြီးလျှင် ဒုတိယ အပေါ့ဆုံးသော ဓာတ်ငွေ့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဟီလီယမ်ဓာတ်ငွေ့ အဓိကအရင်းအမြစ်ကို အမေရိကန်နိုင်ငံတွင် တွေ့ရှိရသည်။ ဟီလီယမ် သည် အရောင်၊ အနံ့၊ အရသာ မရှိသည့်အပြင် အဆိပ်မဖြစ်နိုင်သော ဓာတ်ငွေ့ ဖြစ်သည်။ ၎င်းသည် အခြားဓာတ်ငွေ့များနှင့် နှိုင်းယှဉ်လျှင် ရေတွင်ပျော်ဝင်နိုင်မှု နည်းသည်။ ၎င်းသည် အခြားသော ဓာတုဒြပ်ပေါင်းများနှင့် မလိုအပ်လျှင် ဓာတ်မပြုပါ။ ဟီလီယမ် ဓာတ်ငွေ့များသည် သိပ်သည်းဆ နည်းပါသည်။ ၎င်း၏ အပူစီးကူးနိုင်မှု နှင့် ကယ်လိုရီပမာဏ ပါဝင်မှုနှုန်းသည် သိသာစွာ မြင့်မားပါသည်။ ဟီလီယမ်သည် ပျော်ဝင်နိုင်စွမ်း ရှိသော်လည်း ၎င်း၏ ငွေ့ရည်ဖွဲ့ အပူချိန်မှာ ဒြပ်စင်အာလုံးထဲတွင် အနိမ့်ဆုံးဖြစ်သည်။

ဟီလီယမ်ငွေ့ရည်အား ခေတ်သစ် MRI သံလိုက်အားသုံး စကင်နာတွင် အအေးခံရန် အသုံးပြုသည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

ဟီလီယမ်တွင် တုနှိုင်းမဲ့သော ဂုဏ်သတ္တိများ ရှိပါသည်။ ဥပမာအားဖြင့် ရေဆူမှတ်နိမ့်ခြင်း၊ သိပ်သည်းဆ နိမ့်ခြင်း၊ ပျော်ဝင်နိုင်စွမ်း နိမ့်ခြင်း၊ အပူစီးကူးနိုင်မှုကောင်းခြင်း နှင့် တည်မြဲခြင်း တို့ဖြစ်သည်။ ထို့ကြောင့် ၎င်းဂုဏ်သတ္တိများ နှင့် ဆက်စပ်သော မည်သည့် နယ်ပယ်တွင်မဆို ဟီလီယမ်ကို အပြည့်အဝ အသုံးချနိုင်ပါသည်။ ဟီလီယမ်ဓာတ်ငွေ့ကို လေသင်္ဘောများ နှင့် ဓာတ်ငွေ့ ပူဖောင်းများ အတွက် အသုံးချခဲ့ကြပါသည်။ ဟီလီယမ်၏ ပေါ့ပါးမှုဂုဏ်သတ္တိကို အခြေခံ၍ မိုးလေဝသ တိုင်းတာသော ပူဖောင်းများနှင့် အဆင့်မြင့် သုတေသနလုပ်ငန်း များတွင်လည်း အသုံးချခဲ့ကြပါသည်။ ဟီလီယမ်၏ အဓိကအသုံးချမှုမှာ ဓာတ်ငွေ့အချင်းချင်း အလိုအလျောက် ပေါင်းစပ်မှုကို ကာကွယ်တားဆီးရန် ဖြစ်သည်။ အပူချိန် အလွန်နိမ့်ကျချိန်များတွင် ၎င်း၏ အမြင့်မားဆုံးသော အသုံးချနိုင်မှု စွမ်းရည်ကို တွေ့နိုင်ပါသည်။ သို့သော် အပူချိန် အနုတ် ၄၃၄ ဒီဂရီ ဖာရင်ဟိုက် ( 15K) အောက်တွင် အအေးပေးသော (cooler) အဖြစ်သာအသုံးပြုနိုင်ပါသည်။ အပူအချိန် အလွန်အကျွံနိမ့်ကျ နေသော အခြေအနေမျိုးတွင် အသုံးပြုသောအခါ လျှပ်စစ်ခုခံနိုင်မှုမှာ သုည သို့လျော့ကျသွားပါသည်။ အခြားသော အသုံးချမှု အနေဖြင့် ဒုံးပျံလောင်စာ အရည်များကို ဖိအားပေးထားသော ဓာတ်ငွေ့၊ နျူးကလီးယား ဒြပ်ပေါင်းဖိုများတွင် အပူလျော့ချ အအေးပေးသော ငွေ့ရည်ဓာတ်ငွေ့ နှင့် ဓာတ်ငွေ့ အချင်းချင်း သယ်ဆောင်နိုင်သော carrier အဖြစ် အသုံးပြုနိုင်ပါသေးသည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

ဟီလီယမ်သည် ဟိုက်ဒရိုဂျင်ပြီးလျှင် စကြာဝဠာတစ်ခုလုံး၌ ဒုတိယမြောက် အလျှံပယ်ပေါများသော ဒြပ်စင်ဖြစ်သည်။ ဒြပ်ထုပမာဏဖြင့် တိုင်းတာမည်ဆိုလျှင် ၎င်းသည် ဒြပ်စင်အားလုံး၏ ၂၃ ရာခိုင်နှုန်း ပါဝင်ပါသည်။ ဟီလီယမ် ဒြပ်စင်သည် ၎င်းထက်ပိုမို ကြီးမားသော ဒြပ်စင်များ၏ သဘာဝအလျောက် ရေဒီယိုသတ္တိကြွ ပြိုကွဲမှုများကြောင့် ကမ္ဘာ့မြေထုထဲတွင် ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ကမ္ဘာ့မျက်နှာပြင် ပေါ်သို့ ပေါ်ထွက်လာပြီးနောက် လေထုထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအချက်ကို စဉ်းစားခြင်းဖြင့် လေထုထဲတွင် ဟီလီယမ်၏ ပါဝင်မှု ပိုမိုများပြားလာသည် ကိုသိနိုင်သည်။ (ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် 525 parts per million ရှိပါသည်)။ သို့သော်လည်း ၎င်းဓာတ်ငွေ့၏ နိမ့်ပါးသော မော်လီကျူး အလေးချိန်ကြောင့် အာကာသ အတွင်းသို့သာ ထွက်ရှိလာသော ပမာဏနှင့် ညီမျှစွာ ရောက်ရှိသွားပါသည်။ ၎င်း၏ စုစုပေါင်းဖိအားသည် အလွန်နိမ့်သော်လည်း ဟီလီယမ်သည် အဓိက အရေးပါဆုံးသော ဓာတ်ငွေ့ အဖြစ်တည်ရှိပါသည်။ သဘာဝ ဓာတ်ငွေ့များတွင် ဟီလီယမ်ပါဝင်မှု ပမာဏသည် လေထုထဲတွင် ပါဝင်မှုထက် ပိုမိုပါဝင်ပါသည်။ ကမ္ဘာ့ မျက်နှာပြင်လွှာတွင် ဟီလီယမ်သည် ၇၁ ခုမြောက် အရေးပါဆုံးသော ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ ၎င်းကို ကမ္ဘာ မြေကြီး၏ အပေါ်ယံလွှာတွင် 8 parts per billion နှုန်းဖြင့် တွေ့ရှိရပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ဟီလီယမ် ဓာတ်ငွေ့ကို ရှုရှိုက်မိခြင်းဖြင့် မူးဝေခြင်း၊ ထိုင်းမှိုင်းစေခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အသက်ရှုကျပ်ခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ အရည်ပြားနှင့် ပက်သတ်၍ နှင်းကိုက်နာများ၊ မျက်စိနှင့် ပက်သတ်၍ မျက်စိနာခြင်းများ၊ ကိုက်ခြင်း များဖြစ်စေနိုင်ပါသည်။ အောက်ဆီဂျင် နည်းပါးသော နေရာများတွင် ဟီလီယမ်ဓာတ်ငွေ့ကို ရှုရှိုက်မိပါက အသက်ရှုကျပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ၎င်းဓာတ်ငွေ့ရှိသော နေရာများသို့ ဝင်ရောက်မည်ဆိုလျှင် လေထုထဲတွင် ရှိနိုင်သော အောက်ဆီဂျင်ပမာဏကို ဦးစွာ စစ်ဆေးရပါမည်။ စံအခြေအနေ၌ ရှိသော သဘာဝ ဟီလီယမ်သည် အဆိပ်မဖြစ်နိုင်ပါ။ ဇီဝဗေဒတွင် ပုံသေ သတ်မှတ်ချက် မရှိသော်လည်း လူ့သွေးထဲတွင် ဟီလီယမ် ပမာဏ အနည်းငယ်ရှိသည်ကို တွေ့ရှိရပါသည်။


ဟီလီယမ်[ပြင်​ဆင်​ရန်​]

ဟီလီယမ်သည် အဆင်း၊ အနံ့နျင့် အရသာမရှိသော ဓာတ်ငွေ့ဖြစ်သည်။ ထို ဓာတ်ငွေ့သည် မီးမလောင်နိုင်သည့်အပြင် အဆိပ်ဓာတ်လည်းမရှိချေ။ ယင်း၏ ဓာတုသင်္ကေတမှာ ံန ဖြစ်ပြီးလျှင် အက်တမ်နံပါတ်စဉ်နှင့် အက်တမ်အလေးဆတို့မှာ နှစ်နှင့်လေးအသီးသီးဖြစ်သည် ယင်း၏သိပ်သည်းဆမှာ ဝ့ ၁၃၈၁ ဖြစ်သည်။ ရေ၊ သို့မဟုတ် အခြားအရည်များတွင် အနည်းငယ် မျှသာပျော်ဝင်နိုင်လေသည်။ အက်တမ်တစ်ခုတည်း အဖြစ်တည်ရှိသည်။ သိရသမျှ ပစ္စည်းများတွင် ဟိုက်ဒြိုဂျင်မှအပ အပေါ့ဆုံးပစ္စည်းဖြစ်သည်။ ဓာတ်သဘောအရ ဟီလီယမ်သည်ရှားပါး၍ အစွမ်းမဲ့သော ဓာတ်ငွေ့အုပ်စုဝင်ဖြစ်ပြီးလျှင် ထိုအုပ်စုတွင်နီယွန်၊ အားဂွန်၊ ကရစ်ပတွန်၊ ဇီနွန်နှင့်ရေဒွန်တို့ပါဝင်သည်။ အစွမ်းမဲ့ဆိုသည်မှာ ဓာတ်သဘောအရ အခြားပစ္စည်းများနှင့် မပူးပေါင်းခြင်းကိုဆိုလိုသည်။

ဟီလီယမ်ဓာတ်ငွေ့သည် မီးမလောင်သဖြင့်ယင်းအား လေသင်္ဘောများနှင့်မီးအိမ်ပျံများတွင် အသုံးပြုကြလေသည်။ ရှေးအခါက ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကို အသုံးပြုခဲ့ကြသော်လည်း ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သည် မီးလောင်လွယ်သဖြင့် ဟိုက်ဒြိုဂျင်အစား ဟီလီယမ်ကို အသုံးပြုကြခြင်းဖြစ်သည်။ ဟီလီယမ်ဆိုသည့်စကားလုံးသည် နေဟု အဓိပ္ပါယ်ရသော ဂရိစကားတစ်လုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုသို့အမည်ပေးခြင်းမှာ နေ၏လေထုအတွင်းမှ ယင်းကို စပက်ထြိုစကုပ် (ရောင်စဉ်ကြည့်ကိရိယာ) ဖြင့် စတင်၍တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၈၆၈ ခုနှစ်၌ နေကြတ်သည်ကို အိန္ဒိယ နိုင်ငံမှကြည့်ရှုစဉ်စတင်၍ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၈၉၅ ခုနှစ်သို့ရောက်သောအခါ ဆာဝီလျံရမ္မဆေးက အစွမ်းမဲ့ဓာတ်ငွေ့တစ်မျိုးကို ခွဲထုတ်ပြီးလျှင် ရောင်စဉ်ကြည့်ကိရိယာဖြင့် စမ်းသပ်ကြည့်သော အခါတွင် ၁၈၆၈ ခုနှစ်ကတွေ့ရှိခဲ့သော အဝါရောင် အလင်းကြောင်းကို တွေ့ရှိပြန်လေသည်။ ထိုဓာတ်ငွေ့သည် လည်း နေ၌တွေ့ရသော ဓာတ်ငွေ့ပင်ဖြစ်ကြောင်း ထင်ရှားစွာ သိမြင်လာသဖြင့် ယင်းကိုထိုအမည်ပေးခြင်းဖြစ်သည်။

ဟီလီယမ်ကို အခြားနေရာအများအပြား၌လည်း တွေ့ရှိနိုင်ပေသေးသည်။ သို့သော်နည်းပါးသည်။ ကမ္ဘာ့လေထု အတွင်း၌ ၁၈၅ဝဝဝ ပုံတစ်ပုံသည် ဟီလီယမ်ဖြစ်သည်။ မီးတောင်ဓာတ်ငွေ့ များအတွင်းနှင့် ဆေးစမ်းများအတွင်းရှိ ဓာတ်ငွေ့များအတွင်း၌လည်း ဟီလီယမ်အနည်းအကျဉ်း ရှိလေသည်။ ရေဒီယမ်မှလည်း ဟီလီယမ်ကိုဖြစ်စေသေးသည်။ ထိုအံ0x100သဖွယ်ကောင်းသောဒြဗ်စင်သည် အမြဲသဖြင့်ပြိုကွဲပြီးလျှင် အခြားပစ္စည်းများကိုဖြစ်ပေါ်စေသည်။ အခြား ရေဒီယိုသတ္တိကြွ သော ပစ္စည်းများမှ ဟီလီယမ်ကိုဖြစ်ပေါ်စေသေးသည်။ သိုရီယမ်သည် ရေဒီယိုသတ္တိကြွသောပစ္စည်းတစ်မျိုး ဖြစ်လေသည်။ အချို့သိပ္ပံပညာရှင်များက ကမ္ဘာ့ဟီလီယမ်သည် ထိုပစ္စည်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟုယုံကြည်ကြလေသည်။ ပထမကမ္ဘာစစ် (၁၉၁၄·၄၈)အတွင်းက မီးလောင်တတ်သော ဟိုက်ဒြိုဂျင်ကိုသုံး၍ လေသင်္ဘော ပျက်စီးသွားသဖြင့် ဟိုက်ဒြိုဂျင်အစားဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ထိုဓာတ်ငွေ့ကို ထုတ်ယူရန် ကြံခဲ့လေသည်။ ၁၉၁၅ ခုနှစ် တိုင်အောင်ကမ္ဘာတွင် ထွက်သောဟီလီယမ်၏ပမာဏမှာ ၁ဝဝ ကုဗပေပင်မရှိတတ်ဟု ထင်ရပေသည်။ ထိုအခါက ကမ္ဘာတွင် ထိုဓာတ်ငွေ့၏ပေါက်ဈေးမှာ ကုဗတစ်ပေလျှင်ပေါင်ပေါင်း ၃၄ဝ ခန့်ရှိလေသည်။ သိပ္ပံပညာရှင်များက ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအတွင်း၌ စက်များတည်ထောင်ကြ ပြီးလျှင်သဘာဝဓာတ်ငွေ့များမှ ဟီလီယမ်ကိုထုတ်ယူကြ လေသည်။ ဟီလီယမ်ဓာတ်ငွေ့ကို ထုတ်ယူလိုသောအခါ အလွန်ကြီးမားသည့်ဖိအားဖြင့် သဘာဝဓာတ်ငွေ့ကို အေးစေပြီးလျှင် ကျယ်ပြန့်သွားစေရသည်။ ထိုသို့ ကျုယ်ပြန့်သွားသောအခါ အလွန်အေးသွားသဖြင့် သဘာဝဓာတ်ငွေ့တွင် ပါဝင်လျက်ရှိသောဓာတ်ငွေ့များ အားလုံးကို ဟီလီယမ်မှလွဲလျှင် အရည်ဖြစ်ကုန်ကြသဖြင့် လွယ်ကူစွာဖြင့် ခွဲထုတ်ယူနိုင်လေသည်။ ထိုနည်းဖြင့် ဟီလီယမ်ဓာတ်ငွေ့ကို ယခင်ကထက်ဈေးပေါ၍ ရောင်းချ နိုင်ပေသည်။ ဟီလီယမ်ဓာတ်ငွေ့ကို ပကတိသုညအထက် ၅ ့ ၂ ဒီဂရီစင်တိီဂရိတ်တွင်သာ အရည်ပျော်အောင်

လုပ်နိုင်ပြီးလျှင် ထိုအပူချိန်ဒီဂရီအောက်၌ ကြီးမားသည့် ဖိအားဖြင့် ဟီလီယမ်ကိုအခဲဖြစ်အောင် လုပ်ယူနိုင်လေသည်။ [၁]


ရင်းမြစ်[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  • MUCTR-MM - ဘာသာပြန် - ငွေတိုးအောင် [၁]