သတ္တု

ဝီကီပီးဒီးယား မှ

သတ္တု သည် ရှေးခေတ်ဂရိလူမျိုးတို့၏ μέταλλον métallon, "mine, quarry, metal"[၁][၂] ဟူသောစကားလုံးမှ ဆင်းသက်လာပြီး မာကျော၊ တောက်ပြောင်သည့် ဓာတုဗေဒ ဒြပ်ပေါင်းဟု ဆိုနိုင်သည်။ သတ္တုသည် လျှပ်စစ်စီးကူးမှု ကောင်းမွန်ပြီး မအက်ကွဲစေဘဲ ဆွဲဆန့်နိုင်၊ လိုသလို ပုံဖော်နိုင်သောအရာလည်း ဖြစ်သည်။ ယင်းအပြင် အရည်ပျော်စေနိုင်ပြီး နန်းမျှင်များအဖြစ် ဆွဲဆန့်နိုင်သေးသည်။[၃] ၁၁၈ ခုသော ဒြပ်စင်အလှည့်ကျဇယား၏ ၉၁ ခုသည် သတ္တုများ ဖြစ်ကြသည်။ အချို့သော ဒြပ်စင်များသည် သတ္တုပုံစံ၊ သတ္တုမဟုတ်သောပုံစံအဖြစ် နှစ်မျိုးစလုံး တွေ့ရသည်။ နက္ခတ္တရူပဗေဒပညာရှင်များက ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်ကို ဘေးဖယ်ပြီး ကျန်သောဒြပ်စင်များကို သတ္တုအဖြစ် ဖော်ပြကြသည်။ သို့သော် ရှေးရိုးစွဲခေါ်နေကျ သတ္တုများကို ရည်ညွန်းခြင်း မဟုတ်ပေ။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. μέταλλον Henry George Liddell, Robert Scott, A Greek-English Lexicon, on Perseus Digital Library
  2. metal[လင့်ခ်သေ], on Oxford Dictionaries
  3. metal. Encyclopædia Britannica
  4. John C. Martin။ What we learn from a star's metal contentNew Analysis RR Lyrae Kinematics in the Solar Neighborhood။ 29 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 7, 2005 တွင် ပြန်စစ်ပြီး။