လော်ရန်စီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လော်ရန်စီယမ်(Lawrencium )
အက်တမ် အမှတ်စဉ် ၁၀၃
အက်တမ် အလေးချိန် (262) g.mol -1
သိပ်သည်းဆ မသိ
အီလက်ထရို နက်ဂတစ်ဗတီး မသိ
အရည်ပျော်မှတ် မသိ
ဗင်န်ဒါဝေါလ် အချင်းဝက် မသိ
အိုင်ယွန်နစ် အချင်းဝက် မသိ
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ် [ Rn ] 5f14 6d1 7s2
ရှာဖွေတွေ့ရှိသူ Albert Ghiorso
တွေ့ရှိသည့် ခုနှစ် *၁၉၆၁


လော်ရန်စီယမ်(Lawrencium )သည် ရေဒီယိုသတ္တိကြွမှု မရှိသော ဒုတိယ transferium element အမျိုးအစားဖြစ်ပါသည်။ ၎င်း၏အတည်ငြိမ်ဆုံး အခြေအနေဖြစ်သည့် isotope (၂၆၂) တွင် သက်တမ်းဝက်(half life) ၂၁၆ မိနစ်ဖြစ်သည်။ဓာတုဗေဒဆိုင်ရာ အချက်အလက်များအရ ၎င်း၏ atomic number, half-life နှင့် isotopes အရေအတွက် ပမာဏမှာ အနည်းအကျင်းသာ ဖြစ်ပါသည်။ ၎င်းဒြပ်စင်၏ အလေးချိန် (Atomic weight) ပြောင်းလည်းမှုများမှာ isotopes (၂၅၂) မှ (၂၆၂)အထိရှိပါသည်။၎င်း ဒြပ်စင်ကို ရှာဖွေရေးကိရိယာ Cyclotron (ဒြပ်စင်အသစ်များ ဖော်ထုတ်ရာတွင် အသုံးပြုသော ရှာဖွေရေးကိရိယာ) တည်ထွင်သူ ရူပဗေဒ ပညာရှင် Ernest O. Lawrence အား အစွဲပြု၍ Lawrencium ဟု အမည်ပေးခဲ့ပါသည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

Transferium element အမျိုးအစားဖြစ်သော ၎င်းဒြပ်စင် အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုရန် နည်းလမ်းတစုံတရာ မရှိသေးပါ။

သဘာဝ တွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

Transferium element များသည် သဘာဝတွင်တိတိကျကျမတွေ့ရှိရပါ။ ၎င်းတို့တွင် unstable nuclei ပါရှိခြင်းကြောင့် ပြုလုပ်ရန်ခက်ခဲရုံသာမက ရှာဖွေတွေ့ရှိရန် မလွယ်ကူပါ။

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု[ပြင်​ဆင်​ရန်​]

လော်ရန်စီယမ်(Lawrencium)သည် သဘာဝအရ မတွေ့ရှိရပါ။ unstable element ဖြစ်၍ ယို့ယွင်းပျက်စီးလွယ်ပြီး အခြား element များအဖြစ် လျှင်မြန်စွာပြောင်းလဲသွားခြင်းကြောင့် ကမ္ဘာပေါ်တွင် မတွေ့ရှိနိုင်ပါ။ ထိုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှု[ပြင်​ဆင်​ရန်​]

လော်ရန်စီယမ်(Lawrencium) သည် သက်တမ်းဝက်(half-life) အလွန်တိုတောင်းသောကြောင့် ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှုပရောဂျက်တွင် ပါဝင်သူ ကိုသိန်းစိုးဝင်းမှ ဘာသာပြန်ဆိုသည်။
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။