ရီနီယမ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရီနီယမ်
The Pratt & Whitney၏ ဒုတိယမျိုးဆက် F-100 စက်အား ရီနီယမ် ကုတ်တီးလုပ်ထားသော superalloys
CFM56 ဂျက်၏ပန်ကာရွက်တွင် ရီနီယမ် ၃%ပါဝင်သည်

ရီနီယမ် (Rhenium) သည် ငွေသတ္တုဒြပ်စင် တစ်ခုဖြစ်၍ အလွန်ရှားပါးစွာ တွေ့ရှိရပြီး၊ အလွန်မြင့်မားသော အရည်ပျော်ဝင်နိင်စွမ်း ရှိကာ ကာဗွန် နှင့် တန်စတင် တို့ပြီးနောက် တတိယ မြောက် အရည်ပျော်ဝင်နိင်မှု အကောင်းဆုံး ဒြပ်စင် တစ်ခုဖြစ်ပါသည်။ ရီနီယမ် သည် အလွန် မာကျောသော သတ္တု တစ်ခု ဖြစ်ပြီး၊ စိုထိုင်းသော လေထုထဲတွင် ဖြေးညင်းစွာ အရောင် မှေးမှိန် သွားပါသည်။

အသုံးပြုခြင်း[ပြင်ဆင်ရန်]

ရီနီယမ်သတ္တုကို ရေနွေးငွေ့သုံး အင်ဂျင်များ၏ ဓားသွားများအတွက် အလွန်ကောင်းသော သတ္တုစပ် အဖြစ် ယနေ့ လက်ရှိ တိုင်အောင် အသုံးပြု နေကြဆဲ ဖြစ်ပါသည်။ ရီနီယမ် သည် အလွန်မြင့်မားသော အပူချိန် အတွက် အလွန် အသုံးဝင်သော သတ္တုတစ်ခု ဖြစ်ပြီး၊ ၎င်းကို ဒုံးကျည်များ၊ အင်ဂျင်မော်တာ များပြုလုပ်ရာတွင် အသင့်တော်ဆုံး ဖြစ်ပါသည်။ ရီနီယမ် ကို tungsten နှင့် molybdenum တို့ဖြင့် ပေါင်းစပ်ပြီးနောက်၊ သတ္တုနန်းကြိုး အမျှင်လေးများအဖြစ် မီးဖိုများ နှင့် မီးချောင်းများ တွင် အသုံးပြုပါသည်။ ထို့အပြင် thermocouples ခေါ် အပူချိန် 2000 ံC အထက်ရှိသော အပူချိန်တိုင်း ပြဒါးများတွင် အသုံးပြုပြီး၊ လျှပ်စစ် ဆက်သွယ်မှု အတွက် လျှပ်စစ်စက်ကွင်း ကောင်းစွာ ဖြစ်စေသော ကရိယာ အဖြစ် အသုံးပြုသည်။ ရီနီယမ် ကို platinum နှင့် သတ္တု စပ်၍ အလွန်မြင့်မားသော hydrocarbons ဆီအရည် ထုတ်လုပ်ခြင်း တွင် ရေနံပြုပြင်မှု ဒြပ်ပေါင်းအကူ အဖြစ်အသုံးပြုပြီး၊ ဓာတ်ဆီထုတ်လုပ်မှု များတွင်လည်း အသုံးပြုပါသည်။ အခြား အသုံးဝင်ပုံများမှာ rhenium-tungsten သတ္တုစပ် ကို ဓာတ်ရောင်ခြည် ပြွန်ချောင်းများနှင့် လျှပ်စစ် ဓာတ်ဖိုထွက် ဓာတ်ချောင်းများတွင် အသုံးပြုပါသည်။ Rhenium-molybdenum သတ္တုစပ်ကို အပူချိန် 10 ကယ်ဗင်(10K) တွင် သီးသန့် လျှပ်ကူးပစ္စည်း အဖြစ် အသုံးပြုပါသည်။ ရီနီယမ်ကို ရံဖန်ရံခါ ကျောက်မျက် ရတနာများ သတ္တုရည် စိမ်ခြင်းတွင်လည်း အသုံးပြုပါသည်။

သဘာဝတွင် တွေ့ရှိရမှု အခြေအနေ[ပြင်ဆင်ရန်]

ရီနီယမ် ကို သတ္တုများ နှင့် မပေါင်းစည်းပဲ လွတ်လပ်စွာ မတွေ့မြင်ရနိင်ပါ။ ထိုနည်းတူ သတ္တုရိုင်းတွင်း များတွင်လည်း မတွေ့မြင်ရနိင်ပါ။ gadolinite နှင့် molybdenite သတ္တုရိုင်းများ တွင် ရီနီယမ် အနည်းငယ် ပါဝင်၍၊ ၎င်းတို့၏ အပြီးသတ်ပိုင်းတွင် ရီနီယမ် ကို molybdenium သတ္တုကျိုစက်တွင် မီးခိုးခေါင်းတိုင် အမှုန်လေးများ မှတဆင့် နုတ်ယူ ရရှိသည်။ ယနေ့ ကမ္ဘာ့မြေပြင်တွင် နှစ်စဉ် ရီနီယမ်ကို ၅ တန် ပတ်ဝန်းကျင် ထုတ်လုပ်ရရှိ၍၊ အရန်ထားရှိမှုမှာ ၃၅၀၀ တန်ဖြစ်ပြီး၊ အဓိကအားဖြင့် အမေရိကန်၊ ရှရှား နှင့် ချီလီ နိုင်ငံတို့တွင် တွေ့ရှိနိင်ပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်ဆင်ရန်]

ရီနီယမ် ၏ အဆိပ်အတောက် ဖြစ်မှုကို အနည်းငယ်သာ သိရှိရသေးပါသည်။ ဖြစ်နိင်ဖွယ်ရှိသော ကျန်းမာရေး သက်ရောက်မှုများမှာ – ရီနီယမ်သည် မျက်လုံးနှင့် အရေးပြားကို နီမြန်း ယားယံ စေပါသည်။ အရည်သည် မျက်လုံးနှင့် အရေပြားကိုလောင်ကျွမ်း စေပါသည်။ မျိုချမိပါက အစာချက် အင်္ဂါစုကို အဆိပ်ဖြစ်စေပြီး၊ ရှူရှိုက်မိပါက အသက်ရှု လမ်းကြောင်း ပိတ်ဆို့စေပါသည်။ ရီနီယမ်၏ အဆိပ်ဖြေဆေးအား မတွေ့ရှိသေးပါ။ ၎င်း၏ အငွေ့သည် မူးနောက်ခြင်း နှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ[ပြင်ဆင်ရန်]

ရီနီယမ် သည် သဘာဝ ပတ်ဝန်းကျင်တွင် အလွန်နည်းပါးစွာ တည်ရှိနေပြီး၊ သက်ရှိ သတ္တဝါများ၊ အပင်များ နှင့် မြေဆီလွှာပေါ်တွင် တည်ရှိနေမှုသည်လည်း မရှိသလောက် နီးပါးဖြစ်ပါသည်။ ထို့အပြင် စက်မှုလုပ်ငန်းများ၊ တွင်းထွက်လုပ်ငန်းများမှ ရီနီယမ် ဆား၏ ဓာတု ညစ်ညမ်းမှု ကိုလည်း မတွေ့ရှိရသေးပါ။ ရီနီယမ်၏ သဘာ၀ ပတ်ဝန်းကျင် အပေါ် အဆိပ် သက်ရောက်မှု သတင်းများကိုလည်း ရှာဖွေ မတွေ့ရှိသေးပါ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုဟိန်းသူအောင် ဘာသာပြန်ဆိုသည်။