ပရိုတက်တီနီယမ် 91Pa |
| ယေဘုယျ ဂုဏ်သတ္တိများ |
|---|
| အမည်၊ သင်္ကေတ | ပရိုတက်တီနီယမ်, Pa |
|---|
| အသံထွက် | PROH-tak-TIN-ee-əm |
|---|
| အဆင်း | bright, silvery metallic luster |
|---|
| ဒြပ်စင်အလှည့်ကျဇယားရှိ ပရိုတက်တီနီယမ် |
|---|
|
|
| အက်တမ် အမှတ်စဉ် (Z) | 91 |
|---|
| အုပ်စု၊ ဘလော့ | group n/a |
|---|
| ဒြပ်စင်အလှည့်ကျဇယား | period 7 |
|---|
| ဒြပ်စင် ကဏ္ဍ | actinide |
|---|
| စံ အက်တောမစ် အလေးချိန် (±) (Ar) | 231.03588(2)[၁] |
|---|
| အီလက်ထရွန် ပြုပြင်မှု | [Rn] 5f2 6d1 7s2 |
|---|
| အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 20, 9, 2 |
|---|
| ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
|---|
| ဖေ့စ် | အစိုင်အခဲ |
|---|
| အရည်ပျော်မှတ် | 1841 K (1568 °C, 2854 °F) |
|---|
| အရည်ဆူမှတ် | 4300 K (4027 °C, 7280 °F) (?) |
|---|
| သိပ်သည်းမှု (အခန်းအပူချိန်) | 15.37 g/cm3 |
|---|
| ဖျူးရှင်းအပူ | 12.34 kJ/mol |
|---|
| အငွေ့ပျံခြင်း အပူ | 481 kJ/mol |
|---|
| အက်တောမစ် ဂုဏ်အင်များ |
|---|
| အောက်ဆိုဒ်ဒေးရှင်း အခြေနေ | 2, 3, 4, 5 (a weakly basic oxide) |
|---|
| အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 1.5 |
|---|
| အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 568 kJ/mol |
|---|
| အက်တောမစ် အချင်းဝက် | empirical: 163 pm |
|---|
| ကိုဗေးလန့်အချင်းဝက် | 200 pm |
|---|
| Miscellanea |
|---|
| ပုံဆောင်ခဲ ဖွဲ့စည်းပုံ | tetragonal[၂] |
|---|
| အပူ ပြန့်ကားမှု | ~9.9 µm/(m·K)[၃] (at r.t.) |
|---|
| အပူစီးကူးမှု | 47 W/(m·K) |
|---|
| လျှပ်စစ် ခုခံမှု | 177 nΩ·m (at 0 °C) |
|---|
| သံလိုက်ဓာတ် | paramagnetic[၄] |
|---|
| CAS Number | 7440-13-3 |
|---|
| သမိုင်းကြောင်း |
|---|
| ကြိုတင်ဟောခြင်း | Dmitri Mendeleev (1869) |
|---|
| ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်း | Kasimir Fajans and Oswald Helmuth Göhring (1913) |
|---|
| အမည်တပ် ခဲ့ | Otto Hahn and Lise Meitner (1917–8) |
|---|
| အတည်ငြိမ်ဆုံး ပရိုတက်တီနီယမ်၏ အိုင်ဆိုတုပ်များ |
|---|
|
|
| ဝီကီဒေတာတွင် | | ကိုးကား |
ပရိုတက်စတီနီယမ် (Protactinium) သည် အက်တီနီယမ်စီးရီး(Actinium Series) တွင်ပါဝင်သော ငွေရောင် သတ္တုဒြပ်စင်ဖြစ်သည် ၎င်းဒြပ်စင်သည် အလွယ်တကူပုံသွင်း၍ရသော တောက်ပသည့်၊ ငွေမှင်ရောင် ရေဒီယိုသတ္တိကြွသည့် ဒြပ်စင်တစ်ခုလည်းဖြစ်သည်။ လေထဲနှင့် ထိတွေ့မိပါက အလွယ်တကူ အရောင်မှေးမှိန်သွားခြင်းမရှိပါ။ ပရိုတက်စတီနီယမ် သည် လေ၊ ရေခိုးရေငွေ့ အက်စစ်တို့နှင့် ဓာတ်ပြုနိုင်စွမ်းရှိသည်။ သို့သော် Alkalis (အက်စစ်တို့နှင့် ဓာတ်ပြုကာ ဓာတုဗေဒ သဘောအရ ဆားဖြစ်သောအရာ) များနှင့် ဓာတ်ပြုနိုင်စွမ်းမရှိပေ။
ရေဒီယိုသတ္တိကြွမှုအားကောင်းခြင်း၊ အဆိပ်အတောက်ဖြစ်စေနိုင်ခြင်းတို့ကြောင့် မျက်မှောက်ခေတ်တွင် ကျယ်ပြန်စွာ အသုံးပြုခြင်းမရှိပါ။
ပရိုတက်စတီနီယမ်၏ အိုင်ဆိုတုပ်တစ်ခုဖြစ်သော Protactinium 231 ကိုသဘာဝ ယူရေနီယမ်သတ္ထုရိုင်းထဲတွင် တွေ့ရှိရသည်။ သဘာဝ သတ္တုရိုင်း Zaire တွင်လည်း 3ppm ခန့် တွေရှိရသည်။Protactiniumအား မြေကြီး၊ ကျောက်တုံး၊ ရေမျက်နှာပြင်၊ ရေအောက်၊ အပင်များနှင့် သက်ရှိများ တွင်ပါဝင်မှုှ အလွန် နည်းပါးသည်။
ပရိုတက်စတီနီယမ်သည် လူခန္ဓာကိုယ်အတွင်းသို့ စားသောက်ခြင်း၊ သောက်သုံးခြင်း (သို့) အသက်ရှူခြင်း တို့မှဝင်ရောက်နိုင်သည်။ ပရိုတက်စတီနီယမ်ကို ရှူရှိက်မိသောအခါ အနည်းငယ်သော ပမာဏသည်အဆုတ်မှ သွေးထဲကိုဖြတ်သန်းကာ အခြားသော အစိတ်အပိုင်းများထဲသို့ ဝင်ရောက်သွားနိုင်ပြီး ယင်းအစိတ်အပိုင်းများထဲတွင်ရှိသော ကွန်ပေါင်း များပေါ်တွင် မူတည်ကာ ပြောင်းလည်းသွားနိုင်သည်။ ဂါမာ(ဂမ္မာရောင်ခြည်ဟုလည်းခေါ်)ရောင်ခြည် မှ ထွက်သော protactinium-231 ကြောင့်ပြင်ပထိခိုက်မှုအနည်းအကျဉ်းရှိသော်လည်း ယေဘူယျအားဖြင့် protactinium အား ကိုင်တွယ်မှသာ ကျန်းမာရေးအပေါ်ထိခိုက်နိုင်သည်။ protactinium ကိုသယ်ဆောင်လာသော ဖုန်မှုန့်၊ protactinium ပါဝင်သောရေ၊ ပရိုတက်စတီနီယမ်ထိုးသွင်းထားသော အစားအစာများကြောင့်ထိခိုက်မှုရှိနိုင်သည်။ လေကိုရှူသွင်းခြင်းကြောင့် protactinium သည် ခန္ဒာကိုယ်ထဲသို အသက်ရှူလမ်းကြောင်းမှတဆင့် အလွယ်တကူဝင်ရောက်နိုင်သည်။ အရိုး အသည်း ကျောက်ကပ်တို့ တွင် protactinium မှထွက်လာသော ions များကပ်ငြိခြင်းကြောင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားနှုန်းဟာ uranium-238 နဲ့ protactinium-234m တို့ ပေါင်းစပ်ခြင်းအားဖြင့်လည်း ဖြစ်ပေါ်နိုင်သည်။ protactinium-234 ပြိုကွဲခြင်းဖြင့် စွမ်းအားရှိသော beta particles (အမှုန်ငယ်လေးများ) ထွက်လာနိုင်သောကြောင့် uraniumကိုင်တွယ်သောအခါ ကာကွယ်ရန် ထူထဲသောရာဘာလက်အိတ်များ စွပ်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ် နိုင်သည်။
ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်သွင်းခြင်းကြောင့်ရသောရာခိုင်နှုန်းမှာ ရှူသွင်းခြင်းနှင့် ယှဉ်လျှင် နည်းပါးပါသည်။