Iridium, 77Ir |
ယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | iridium, Ir |
---|
အဆင်း | silvery white |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ Iridium |
---|
|
အက်တမ် အမှတ်စဉ် (Z) | 77 |
---|
အုပ်စု၊ ဘလော့ | group 9, d-block |
---|
ဒြပ်စင်အလှည့်ကျဇယား | period 6 |
---|
စံ အက်တောမစ် အလေးချိန် (Ar) | |
---|
အီလက်ထရွန် ပြုပြင်မှု | [Xe] 4f14 5d7 6s2 |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 15, 2 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
အရည်ပျော်မှတ် | 2719 K (2446 °C, 4435 °F) |
---|
အရည်ဆူမှတ် | 4403 K (4130 °C, 7466 °F) |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 22.56 g/cm3 |
---|
19 g/cm3 |
ဖျူးရှင်းအပူ | 41.12 kJ/mol |
---|
အငွေ့ပျံခြင်း အပူ | 564 kJ/mol |
---|
မိုလာ အပူအင်အား | 25.10 J/(mol·K) |
---|
ငွေ့ရည်ဖိအား
P (Pa)
|
1
|
10
|
100
|
1 k
|
10 k
|
100 k
|
at T (K)
|
2713
|
2957
|
3252
|
3614
|
4069
|
4659
| |
အက်တောမစ် ဂုဏ်အင်များ |
---|
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 2.20 |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 880 kJ/mol 2nd: 1600 kJ/mol |
---|
အက်တောမစ် အချင်းဝက် | empirical: 136 pm |
---|
ကိုဗေးလန့်အချင်းဝက် | 141±6 pm |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | face-centered cubic (fcc) |
---|
အသံ၏အမြန်နှုန်း | 4825 m/s (at 20 °C) |
---|
အပူ ပြန့်ကားမှု | 6.4 µm/(m·K) |
---|
အပူစီးကူးမှု | 147 W/(m·K) |
---|
လျှပ်စစ် ခုခံမှု | 47.1 nΩ·m (at 20 °C) |
---|
သံလိုက်ဓာတ် | paramagnetic[၁] |
---|
သံလိုက် ထိတွေ့နိုင်မှု (χmol) | +25.6·10−6 cm3/mol (298 K)[၂] |
---|
Young's modulus | 528 GPa |
---|
Shear modulus | 210 GPa |
---|
Bulk modulus | 320 GPa |
---|
ပိုင်ဆွန် အချိုး | 0.26 |
---|
Mohs hardness | 6.5 |
---|
Vickers hardness | 1760–2200 MPa |
---|
Brinell hardness | 1670 MPa |
---|
CAS Number | 7439-88-5 |
---|
သမိုင်းကြောင်း |
---|
Discovery and first isolation | Smithson Tennant (1803) |
---|
Most stable isotopes of iridium |
---|
|
| references | in Wikidata |
အိုင်ရီဒီယမ် (Iridium) ဒြပ်စင်သည် မာကြောသော၊ ကျွတ်ဆက်သော၊ စိုထိုင်းသော၊ သိပ်သည်းသော၊ လျှပ်ကူးလွယ်သော ဒြပ်စင်တခုဖြစ်ပြီး platinum ဒြပ်စင်နှင့် အုပ်စုတစ်ခုတည်း ဖြစ်သည်။ ၎င်းသည် ငွေဖြူရောင်ရှိပြီး လေ၊ ရေနှင့် အက်စစ်တို့၏ တိုက်စားခြင်းမှ ခုခံကာကွယ်မှုအကောင်းဆုံး ဒြပ်စင်အဖြင့် ထင်ရှားသည်။ ၎င်းဒြပ်စင်အား ၁၈၀၄ ခုနှစ်တွင် Smithson Tennant ကရှာဖွေတွေ့ရှိခဲ့သည်။
ယနေ့အထိ အီလက်ထရောနစ်နှင့်ဆိုင်သော စက်မှုလုပ်ငန်းကြီးများ၊ မော်တော်ကားနှင့်ဆိုင်သော စက်မှုလုပ်ငန်းများ၊ ဓါတုဗေဒနှင့်ဆိုင်သော စက်မှုလုပ်ငန်းများတွင် chlor-alkali များပြုလုပ်ရာတွင်လည်းကောင်း၊ လျှပ်စစ်စီးမှုအားထိန်းချုပ်သော လျှပ်ခေါင်း (electrode) များ၏ အဖုံကာဘာများအဖြင့် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုရန်အတွက် အဓိကလိုအပ်ချက်အဖြစ် iridium ဒြပ်စင်ကို လိုအပ်လျက်ရှိသည်။ အချို့သောအသုံးချမှုများအနေဖြင့် ၎င်းဒြပ်စင်ကို စက်များချောမောစွာ လည်ပတ်စေရန်အတွက် ဆက်စပ်အသုံးပြုသော ဘောစေ့များပါသည့် ကွင်းများအဖြင့်လည်ကောင်း၊ သိပ္ပံနည်းပညာရပ်များနှင့် အခြားသော လုပ်ငန်းများတွင် ဆက်စပ်အသုံးပြုသော အထူးစက်ပစ္စည်းကိရိယာများဖြင့်လည်းကောင်း အသုံးပြုလျက် ရှိသည်။ သို့သော် ၎င်းဒြပ်စင်ကို အခြားဒြပ်စင်များနှင့် ရောစပ်၍ သတ္တုစပ် (alloys) များအဖြင့် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ Osmium နှင့် Iridium တို့၏ သတ္တုစပ် (alloys) များကို သံလိုက်အိမ်မြှောင်တွင် ညွှန်တံအဖြင့်လည်းကောင်း၊ ဖေါင်တိန် ဘောပင်များ၏ ထိပ်ရှိ သေးငယ်သော ဘောစေ့များအဖြင့်လည်းကောင်း အသုံးပြုကြသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်ဆင်ရန်]
ကမ္ဘာပေါ်တွင် Iridium ဒြပ်စင်၏ ပမာဏသည် 20 ppb (10,000,000 parts per billion= 1 percent by mass) အောက် တွေ့ရှိရသည်။ Iridium ကို ပေါင်းစပ်မှုမရှိသော သီးခြားဒြပ်စင်အဖြစ် တွေ့ရှိရသော်လည်း တခါတရံ၌ Iridium-osmium သတ္တုစပ် (alloy) များဖြစ်သော osmiridium အဖြစ် နှင့် idrosmime အဖြစ် တွေ့ရှိနိုင်သည်။ တောင်အာဖရိကဒေသတွင် Iridium ဒြပ်စင်ကို အများဆုံး တွေ့ရှိရသည်။ Iridium ကို ကမ္ဘာပေါ်တွင် တစ်နှစ်တာ စုစုပေါင်းထုတ်လုပ်မှု ပမာဏသည် ၃ တန် (tonnes) ဝန်းကျင်ခန့် ရှိသည်။ ထုတ်လုပ်မှုမရှိသေးသည့် တွေ့ရှိထားသော ပမာဏကို မခန့်မှန်းနိုင်ပါ။ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မှမီးလောင်လွယ်သော ဒြပ်စင်တစ်ခု ဖြစ်သည်။
ကျန်းမာရေး အပေါ်သက်ရောက်မှုများ[ပြင်ဆင်ရန်]
မျက်စိကျိန်းစက်သောရောဂါကို ဖြစ်စေနိုင်သည်။