မဂ္ဂနီစီယမ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မဂ္ဂနီစီယမ်,  12Mg
CSIRO ScienceImage 2893 Crystalised magnesium.jpg
Magnesium Spectra.jpg
Spectral lines of magnesium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတ မဂ္ဂနီစီယမ်, Mg
အသံထွက် /mæɡˈnziəm/
mag-NEE-zee-əm
အဆင်း shiny grey solid
မဂ္ဂနီစီယမ် in the periodic table
Element 1: Hydrogen (H), Other non-metal
Element 2: Helium (He), Noble gas
Element 3: Lithium (Li), Alkali metal
Element 4: Beryllium (Be), Alkaline earth metal
Element 5: Boron (B), Metalloid
Element 6: Carbon (C), Other non-metal
Element 7: Nitrogen (N), Other non-metal
Element 8: Oxygen (O), Other non-metal
Element 9: Fluorine (F), Halogen
Element 10: Neon (Ne), Noble gas
Element 11: Sodium (Na), Alkali metal
Element 12: Magnesium (Mg), Alkaline earth metal
Element 13: Aluminium (Al), Other metal
Element 14: Silicon (Si), Metalloid
Element 15: Phosphorus (P), Other non-metal
Element 16: Sulfur (S), Other non-metal
Element 17: Chlorine (Cl), Halogen
Element 18: Argon (Ar), Noble gas
Element 19: Potassium (K), Alkali metal
Element 20: Calcium (Ca), Alkaline earth metal
Element 21: Scandium (Sc), Transition metal
Element 22: Titanium (Ti), Transition metal
Element 23: Vanadium (V), Transition metal
Element 24: Chromium (Cr), Transition metal
Element 25: Manganese (Mn), Transition metal
Element 26: Iron (Fe), Transition metal
Element 27: Cobalt (Co), Transition metal
Element 28: Nickel (Ni), Transition metal
Element 29: Copper (Cu), Transition metal
Element 30: Zinc (Zn), Transition metal
Element 31: Gallium (Ga), Other metal
Element 32: Germanium (Ge), Metalloid
Element 33: Arsenic (As), Metalloid
Element 34: Selenium (Se), Other non-metal
Element 35: Bromine (Br), Halogen
Element 36: Krypton (Kr), Noble gas
Element 37: Rubidium (Rb), Alkali metal
Element 38: Strontium (Sr), Alkaline earth metal
Element 39: Yttrium (Y), Transition metal
Element 40: Zirconium (Zr), Transition metal
Element 41: Niobium (Nb), Transition metal
Element 42: Molybdenum (Mo), Transition metal
Element 43: Technetium (Tc), Transition metal
Element 44: Ruthenium (Ru), Transition metal
Element 45: Rhodium (Rh), Transition metal
Element 46: Palladium (Pd), Transition metal
Element 47: Silver (Ag), Transition metal
Element 48: Cadmium (Cd), Transition metal
Element 49: Indium (In), Other metal
Element 50: Tin (Sn), Other metal
Element 51: Antimony (Sb), Metalloid
Element 52: Tellurium (Te), Metalloid
Element 53: Iodine (I), Halogen
Element 54: Xenon (Xe), Noble gas
Element 55: Caesium (Cs), Alkali metal
Element 56: Barium (Ba), Alkaline earth metal
Element 57: Lanthanum (La), Lanthanoid
Element 58: Cerium (Ce), Lanthanoid
Element 59: Praseodymium (Pr), Lanthanoid
Element 60: Neodymium (Nd), Lanthanoid
Element 61: Promethium (Pm), Lanthanoid
Element 62: Samarium (Sm), Lanthanoid
Element 63: Europium (Eu), Lanthanoid
Element 64: Gadolinium (Gd), Lanthanoid
Element 65: Terbium (Tb), Lanthanoid
Element 66: Dysprosium (Dy), Lanthanoid
Element 67: Holmium (Ho), Lanthanoid
Element 68: Erbium (Er), Lanthanoid
Element 69: Thulium (Tm), Lanthanoid
Element 70: Ytterbium (Yb), Lanthanoid
Element 71: Lutetium (Lu), Lanthanoid
Element 72: Hafnium (Hf), Transition metal
Element 73: Tantalum (Ta), Transition metal
Element 74: Tungsten (W), Transition metal
Element 75: Rhenium (Re), Transition metal
Element 76: Osmium (Os), Transition metal
Element 77: Iridium (Ir), Transition metal
Element 78: Platinum (Pt), Transition metal
Element 79: Gold (Au), Transition metal
Element 80: Mercury (Hg), Transition metal
Element 81: Thallium (Tl), Other metal
Element 82: Lead (Pb), Other metal
Element 83: Bismuth (Bi), Other metal
Element 84: Polonium (Po), Metalloid
Element 85: Astatine (At), Halogen
Element 86: Radon (Rn), Noble gas
Element 87: Francium (Fr), Alkali metal
Element 88: Radium (Ra), Alkaline earth metal
Element 89: Actinium (Ac), Actinoid
Element 90: Thorium (Th), Actinoid
Element 91: Protactinium (Pa), Actinoid
Element 92: Uranium (U), Actinoid
Element 93: Neptunium (Np), Actinoid
Element 94: Plutonium (Pu), Actinoid
Element 95: Americium (Am), Actinoid
Element 96: Curium (Cm), Actinoid
Element 97: Berkelium (Bk), Actinoid
Element 98: Californium (Cf), Actinoid
Element 99: Einsteinium (Es), Actinoid
Element 100: Fermium (Fm), Actinoid
Element 101: Mendelevium (Md), Actinoid
Element 102: Nobelium (No), Actinoid
Element 103: Lawrencium (Lr), Actinoid
Element 104: Rutherfordium (Rf), Transition metal
Element 105: Dubnium (Db), Transition metal
Element 106: Seaborgium (Sg), Transition metal
Element 107: Bohrium (Bh), Transition metal
Element 108: Hassium (Hs), Transition metal
Element 109: Meitnerium (Mt), Transition metal
Element 110: Darmstadtium (Ds), Transition metal
Element 111: Roentgenium (Rg), Transition metal
Element 112: Copernicium (Cn), Transition metal
Element 113: Ununtrium (Uut)
Element 114: Ununquadium (Uuq)
Element 115: Ununpentium (Uup)
Element 116: Ununhexium (Uuh)
Element 117: Ununseptium (Uus)
Element 118: Ununoctium (Uuo)
Be

Mg

Ca
ဆိုဒီယမ်မဂ္ဂနီစီယမ်အလူမီနီယမ်
အက်တမ် အမှတ်စဉ် (Z) 12
အုပ်စုဘလော့ group 2 (alkaline earth metals), s-block
ဒြပ်စင်အလှည့်ကျဇယား period 3
ဒြပ်စင် ကဏ္ဍ   အယ်ကာလိုင်း သတ္တုများ
စံ အက်တောမစ် အလေးချိန် (Ar) 24.305[၁] (24.304–24.307)[၂]
အီလက်ထရွန် ပြုပြင်မှု [Ne] 3s2
per shell
2, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ် အစိုင်အခဲ
အရည်ပျော်မှတ် 923 K ​(650 °C, ​1202 °F)
အရည်ဆူမှတ် 1363 K ​(1091 °C, ​1994 °F)
သိပ်သည်းမှု (အခန်းအပူချိန်) 1.738 g/cm3
1.584 g/cm3
ဖျူးရှင်းအပူ 8.48 kJ/mol
အငွေ့ပျံခြင်း အပူ 128 kJ/mol
မိုလာ အပူအင်အား 24.869 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 701 773 861 971 1132 1361
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ +2, +1[၃] ​(a strongly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် Pauling scale: 1.31
အိုင်ယွန်းပြုခြင်းစွမ်းအင် 1st: 737.7 kJ/mol
2nd: 1450.7 kJ/mol
3rd: 7732.7 kJ/mol
(more)
အက်တောမစ် အချင်းဝက် empirical: 160 pm
ကိုဗေးလန့်အချင်းဝက် 141±7 pm
ဗန်ဒါဝေါ့စ် အချင်းဝက် 173 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
Hexagonal close packed crystal structure for မဂ္ဂနီစီယမ်
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း 4940 m/s (at r.t.) (annealed)
အပူ ပြန့်ကားမှု 24.8 µm/(m·K) (at 25 °C)
အပူစီးကူးမှု 156 W/(m·K)
လျှပ်စစ် ခုခံမှု 43.9 nΩ·m (at 20 °C)
သံလိုက်ဓာတ် paramagnetism
သံလိုက် ထိတွေ့နိုင်မှု (χmol) +13.1·10−6 cm3/mol (298 K)[၄]
Young's modulus 45 GPa
Shear modulus 17 GPa
Bulk modulus 45 GPa
ပိုင်ဆွန် အချိုး 0.290
Mohs hardness 1–2.5
Brinell hardness 44–260 MPa
CAS Number 7439-95-4
သမိုင်းကြောင်း
အမည်တပ်ခြင်း after Magnesia, Greece
ရှာဖွေတွေ့ရှိမှု Joseph Black (၁၇၅၅)
ပထမဆုံး ခွဲထုတ်မှု Humphry Davy (၁၈၀၈)
Most stable isotopes of မဂ္ဂနီစီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
24Mg 79.0% is stable with 12 neutrons
25Mg 10.0% is stable with 13 neutrons
26Mg 11.0% is stable with 14 neutrons
| references | in Wikidata

မဂ္ဂနီစီယမ် (Magnesium)သည် သတ္တုဒြပ်စင် တမျိုးဖြစ်ပြီး ဒြပ်စင်အလှည့်ကျဇယား (Periodic table) ၏ အုပ်စု အမှတ် -၂ (Group -II) တွင် ပါဝင်ပြီး အတိုကောက်သင်္ကေတ အဖြစ် (Mg) ဟု သတ်မှတ်ထားပါသည်။ ၎င်း၏ အက်တမ် အမှတ်စဉ် သည် ( ၁၂ ) ဖြစ်ပြီး၊ အက်တမ် ၏ အလေးချိန်သည် (၂၄.၃၁၂) ဖြစ်ပါသည်။ မဂ္ဂနီစီယမ် သည် ငွေရောင်သန်းနေသော အဖြူရောင်ဖြစ်ပြီး အလွန်ပေါ့ပါး ပါသည်။ ၎င်း၏ သိပ်သည်းဆ သည် ၁.၇၄ (1740 kg/m3 (0.063 lb/in3 or 108.6 lb/ft3) ) ဖြစ်သည်။ မဂ္ဂနီစီယမ် ကို စက်ရုံများတွင် အလွန်ပေါ့ပါးစွာ တည်ဆောက်ထားသော သတ္တုအဖြစ် ရှေးယခင်ထဲက သိရှိထား သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ နိမ့်ပါးသော အလေးချိန် နှင့် ခံနိုင်ရည် ရှိသောသတ္တုစပ် ပုံစံ ဖြင့်ဖွဲ့စည်းထားသော ကြောင့်ဖြစ်သည်။ မဂ္ဂနီစီယမ် သည် လွယ်ကူစွာ ဓာတ်ပြုနိုင်ပြီး၊ ၎င်းကို ဟိုက်ဒရိုဂျင်ရှိသော ဆူပွက်နေသော ရေထဲတွင်ထားရှိသောအခါ ဆားနှင့် အောက်ဆီဂျင်ဓာတ်ပေါင်းကို လျော့နည်းသွားစေခြင်းဖြင့် အကောင်းဆုံး သတ္တုကို ထုတ်လုပ်ပေးနိင်ပါသည်။ ၎င်းသည် non-metals များ၊ အက်စစ်များ နှင့် လည်း အတူတကွ ပေါင်းနိုင်သည်။ မဂ္ဂနီစီယမ် ကို ဓာတ်ကူ ပစ္စည်း အဖြစ် ဇီဝဓာတု ဓာတ်ပြုခြင်းများဖြစ်သော လျော့ချခြင်း၊ ပေါင်းစပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဖယ်ရှားခြင်းတို့တွင် အသုံးပြုပါသည်။ ၎င်းကို အချိန်ကြာမြင့်စွာအသုံးပြုပြီး အထူးသဖြင့် ပေါင်းစပ်ခြင်း နှင့် အစိတ်အပိုင်းများစွားပါဝင်သော organic တွင် Grignard ပေါင်းစပ်ခြင်းနည်းကို လူအများသိရှိပြီးဖြစ်ပါသည်။ အဓိက သတ္တုများမှာ – Aluminium, Manganese, zircon, zinc, rare-earth metals နှင့် thorium တို့ဖြစ်ပါသည်။

အသုံးပြုခြင်း[ပြင်ဆင်ရန်]

မဂ္ဂနီစီယမ် ဓာတ်ပေါင်းကို (သတ္တု ၊ဖန်) မီးပြင်းဖိုတွင် ပေါင်းစပ်ရန်ခက်ခဲသော သံစတီး၊ သံဓာတ်ပါသော သတ္တု၊ ဖန် နှင့် ဘိလပ်မြေတို့တွင် အသုံးပြုပါသည်။ အထူးသဖြင့် aeroplane နှင့် missile တည်ဆောက်ရေးတွင် ၎င်းကို အလူမီနီယမ်၏ အလေးချိန်လျော့ချရာတွင် အရေးကြီးဆုံး ဖြစ်သည်။ ၎င်း ကို ဖွဲ့စည်းမှု မရှိသေးသော ဓာတုပစ္စည်းများ၊ သတ္တုစပ်များတွင် အများဆုံးအသုံးပြုပါသည်။ မဂ္ဂနီစီယမ် ပါဝင်သော အရာများကို စက်ရုံများ ၊စိုက်ပျိုးမွေးမြူရေး များတွင် ကျယ်ပြန့်စွာအသုံးပြုပါသည်။ မဂ္ဂနီစီယမ်ကို အချို့နေရာများတွင်လည်း အသုံးပြုနိင်ပါသည်။ ဥပမာ- သံ နှင့် စတီးများတွင် ကန့်(sulphur) ကိုဖယ်ထုတ်ခြင်း ၊ ယူရေနီယမ် သန့်စင်ရာတွင်အသုံးပြုခြင်း၊ ဓာတ်ပုံ တံဆိပ်တုံး ထုသော အပြားထုတ်လုပ်ခြင်း ၊ မီးရှူးမီးပန်း ဗြောက်အိုးစသည့်လုပ်ငန်းများ၊ အချက်ပြမီးထုတ်လုပ်ခြင်း နှင့် ဓာတ်ပုံရိုက်ရာတွင် လျှက်တပြက် မီးလုံး ထုတ်လုပ်ခြင်းတို့တွင် အသုံးပြုပါသည်။

သဘာဝတွင်တွေ့ရှိမှုအခြေအနေ[ပြင်ဆင်ရန်]

မဂ္ဂနီစီယမ် သည် ပတ်ဝန်းကျင်တွင် ၈ ခုမြောက် အများဆုံပါဝင်သော ဒြပ်စင်ဖြစ်ပြီး မာကြောသော ကမ္ဘာမြေကြီးတွင် ၂ % ပါဝင်ပြီး၊ ပင်လယ်ရေထဲတွင် တတိယ အပေါ များဆုံးပျော်ဝင်နေသော ဒြပ်စင် ဖြစ်ပါသည်။ ၎င်းသည် သဘာဝအားဖြင့် အလွန်ပေါများပြီး များသောအားဖြင့် ကျောက်တုံးကျောက်ခဲတို့နှင့် ပြည့်နှက်နေသော တွင်းထွက်ပစ္စည်း၊ တွင်းထွက်ပစ္စည်း ကဲ့သော အရာများ သံလိုက်ဓာတ် ပါဝင်သောအရာများ၊ များတွင် တွေ့ရှိရတတ်ပါသည်။ ထို့အပြင် ၎င်းကို ပင်လယ်ရေ၊ မြေအောက်ဆားရည် နှင့် ဆားပါဝင်သော အလွှာများတွင်လည်း တွေ့ရတတ်ပါသည်။ ၎င်းသည် မာကြောသော ကမ္ဘာမြေကြီး ၏ မျက်နှာပြင်တွင် တတိယအများဆုံးပါဝင်ပြီး အလူမီနီယမ် ၊သံတို့ထက် သာလွန်စွာပါဝင်ပါသည်။ အမေရိကန်တွင် ၎င်းသည် အဓိက အထောက်အပံ့ သတ္တုဖြစ်ပြီး 1995 ထိ ကမ္ဘာ ၏ ၄၅%ကို ထုတ်လုပ်ပေးပါသည်။ China ၊ Turkey ၊ North Korea ၊ Slovakia ၊Austria ၊ Russia နှင့် Greece နိုင်ငံများတွင် တွင်းထွက်ပစ္စည်း နှင့် သံလိုက်ဓာတ်ပါသော အရာများကို သတ္တုတွင်းများတွင် ၁ နှစ်လျင် တန်ပေါင်း ၁၀ မီလီယံ ထုပ်လုပ်ပေးပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်ဆင်ရန်]

လူသားများ သည် မဂ္ဂနီစီယမ် ၁ ရက်ကို ၂၅၀ နှင့် ၃၀၀ မီလီဂရမ် စားသုံးရမှာဖြစ်ပြီး အနည်းဆုံး၂၀၀ မီလီဂရမ် စားသုံးရမှာဖြစ်သည်။ ခန္ဓာကိုယ်အတွက် ၎င်းကို အစားအစာများမှ ရယူနိုင်ပါသည်။ မဂ္ဂနီစီယမ် အဆိပ်အတောက် မဖြစ်သော်လည်း ၎င်းကို အလွန်အကျွံ စားသုံးလျှင် ကြွက်သားများအားနည်းခြင်း၊ ထုံထိုင်းခြင်း နှင့် စိတ်ရှုပ်ထွေးမှုများကို ဖြစ်စေနိုင်ပါသည်။ မဂ္ဂနီစီယမ် အမှုန့်ထိတွေ့ခြင်းဖြင့် အကျိုးသက်ရောက်မှုများမှာ အဆိပ်တောက်အနည်းငယ် ဖြစ်သော်လည်း လူ၏ ကျန်းမာရေးကို မထိခိုက် စေနိုင်ပါ။ ဂဟေဆော်ရာတွင် မျက်မှန်မတပ်ပဲ ဂဟေဆော်လျှင် မဂ္ဂနီစီယမ် အမှုန့်များ မျက်လုံးထဲဝင်ရောနိုင်ပြီး အန္တရာယ်ရှိနိင်ပါသည်။ အရေပြားထဲသို့လည်း ဝင်ရောက်နိုင်ပြီး မဂ္ဂနီစီယမ် အမှုန့် ပမာဏများပါက အန္တရာယ် ရှိနိုင်ပါသည်။ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့လောင်ကျွမ်းခြင်း၊ ဂဟေဆော်ခြင်း သတ္တု အရည်ကျိုခြင်း လုပ်ငန်းများတွင် ထွက်ပေါ်လာသော အငွေ့များသည် လူသားများကို ကိုယ်ပူခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သို့သော် ၎င်းသည် မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့ ဖြစ်ပေါ်ပြီး ၁၂ နာရီ အတွင်း နှင့် နောက်ဆုံး ၄၈ နာရီအတွင်းသာ တွေ့နိုင်ပါသည်။ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့သည် မဂ္ဂနီစီယမ် ကို လောင်ကျွမ်းခြင်းဖြင့် ဖြစ်ပေါ်စေပါသည်။ ရုပ်ပိုင်းဆိုင်ရာအန္တရာယ် များမှာ အမှုန်များသည် လေထုထဲတွင် ရောနှောခြင်းဖြင့် ပေါက်ကွဲနိုင်ခြင်း (သို့) အဖြုန်းစေ့ပုံစံအဖြစ် ပြောင်းလဲနိုင်ပါသည်။ ခြောက်သွေ့နေလျှင် ၎င်းသည် လှည့်ပတ်နေနိုင်ခြင်း ၊ လေနှင့်သက်ဆိုင်သော ပို့ဆောင်ခြင်း နှင့် သွန်ထွက်ခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဓာတုဗေဒနှင့် ပတ်သက်သောအန္တရာယ်များမှာ ၎င်းသည် လေထဲတွင် လောင်ကျွမ်းစေနိုင်ခြင်း (သို့) ရေငွေ့တွင် မအီမသာဖြစ်ခြင်း (သို့) အဆိပ်အတောက် အငွေ့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းသည် အောက်စီဂျင် ဓာတ်ပေါင်းများဖြင့် ပြင်းထန်စွာ ဓာတ်ပြုနိုင်ပါသည်။ အခြားသော ဒြပ်စင်များဖြင့်လည်း ပြင်းထန်စွာဓာတ်ပြု ခြင်းဖြင့် မီလောင်နိုင်ခြင်း၊ ပေါက်ကွဲစေခြင်းဖြင့် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသည်။ အက်စစ်များ နှင့် ဟိုင်ဒရိုဂျင် (see ICSC000 1 ) အရည်များဖြင့် ဓာတ်ပြုပြီး မီးလောင်နိုင်ခြင်း၊ ပေါက်ကွဲစေခြင်းဖြင့် အန္တရာယ်ဖြစ်ပေါ်စေ နိုင်ပါသည်။


ပထမအဆင့်ကာကွယ်ခြင်း[ပြင်ဆင်ရန်]

သန့်ရှင်းသော လေထဲသို့ ဖယ်ထုတ်ခြင်း၊ မျက်လုံးကို ရေဖြင့်ဆေးကြောခြင်း၊ အရေပြားကို ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ အကယ်၍ မဂ္ဂနီစီယမ် အမှုန့် ပမာဏများပါက ကိုယ်တွင်းသို့ဝင်ရောက်နိင်ပြီး အော့အန်ခြင်းကို ဖြစ်စေပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရပါမည်။

မဂ္ဂနီစီယမ်ချို့တဲ့ခြင်း၏ လက္ခဏာများ[ပြင်ဆင်ရန်]

မဂ္ဂနီစီယမ်သည် အရေးကြီးသတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာ အများအပြားတွင် ပါဝင်ခြင်းကြောင့် မဂ္ဂနီစီယမ် ချို့တဲ့ခြင်းလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်နိုင်ပေသည်။ အဖြစ်အများဆုံး မဂ္ဂနီစီယမ်ချို့တဲ့ခြင်း လက္ခဏာများမှာ −

  • အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ (ကာလကြာရှည် ဝမ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း)
  • ခြေထောက်များ ဖောရောင်ခြင်း
  • ကြွက်သားများအားနည်းခြင်း၊ တုန်ယင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်း
  • အိပ်မပျော်ခြင်းနှင့် အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းများ ဖြစ်ပေါ်ခြင်း


အလွန်အမင်း မဂ္ဂနီစီယမ်း ချို့တဲ့ခြင်းဖြစ်ပါက ထိုသူအား သွေးဖောက်စစ်ဆေးလျှင် သွေးတွင်း ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ပမာဏ များပြားခြင်း ဖြစ်ပေါ်စေတတ်သည်။ ၎င်းပြောင်းလဲမှုများသည် လူတစ်ယောက်အား နှလုံးရောဂါ ဖြစ်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်းနှင့် အခြားပြင်းထန်သော အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။


အသင့်အတင့် အနည်းအကျဉ်းမဂ္ဂနီစီယမ် ချို့တဲ့မှုများတွင်လည်း ပြဿနာအတော်များများ ဖြစ်ပွားနိုင်သည်။ ၎င်းတို့ထဲတွင် ဝမ်းချုပ်ခြင်း၊ အိပ်မပျော်ခြင်းသည် အဖြစ်အများဆုံး လက္ခဏာများ ဖြစ်ကြသည်။ အသင့်အတင့်နှင့် အနည်းအကျဉ်း မဂ္ဂနီစီယမ် ချို့တဲ့သူများသည် အင်ဆူလင် မတိုးခြင်းဖြစ်ပွားကာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ပွားမှု များပြားခြင်းတို့ ဖြစ်တတ်သည်။ အခြားလေ့လာမှုများအရ အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါများဖြစ်သော မဂ္ဂနီစီယမ် Crohn's နှင့် irritable bowel syndrome တို့သည် မဂ္ဂနီစီယမ်ချို့တဲ့မှုနှင့် ဆက်စပ်လျက်ရှိသည်။[၅]

ဖြည့်စွက်သောက်သုံးခြင်း[ပြင်ဆင်ရန်]

မဂ္ဂနီစီယမ်ကို ဖြည့်စွက်သောက်သုံးရန် လိုအပ်ချက်ကို သိရှိရန် မလွယ်ကူပေ။ သွေးတွင်းရှိ မဂ္ဂနီစီယမ် ပမာဏကို တိုင်းတာမှုရလဒ်များအရ ခန္ဓာကိုယ်အတွင်းရှိ မဂ္ဂနီစီယမ် ပမာဏအားလုံးကို ခန့်မှန်းနိုင်လောက်အောင် တိကျခြင်း မရှိပါ။


မဂ္ဂနီစီယမ်ချို့တဲ့ခြင်း လက္ခဏာအတော်များများကလည်း ယေဘုယျဆန်ပြီး အခြားရောဂါများ၏ လက္ခဏာများနှင့် မှားယွင်းလွယ်စေနိုင်သည်။ ဥပမာအားဖြင့် ဝမ်းချုပ်ခြင်းသည် ရေသောက်နည်းခြင်း၊ အမျှင်ဓာတ်များ စားသုံးမှုနည်းပါးခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပြီး အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သွေးဆုံးခြင်းနှင့် ဟော်မုန်းမညီမျှခြင်း စသည်တို့ကြောင့်လည်း ဖြစ်ပွားတတ်သည်။


အကြံကောင်းတစ်ခုမှာ အရည်အသွေး (Quality) ကောင်းသော အားဆေးတစ်မျိုးအား ပုံမှန်သောက်သုံးပေးခြင်း ဖြစ်သည်။ အားဆေးအားစတင်၍ မသောက်မီနှင့် ၎င်းအားဆေးတွင် မဂ္ဂနီစီယမ် မည်မျှပါဝင်သည်ကို သေချာစစ်ဆေးပြီး သောက်သင့်သည်။ အမေရိကန်နိုင်ငံတွင်မူ အာဟာရအမျိုးမျိုးအတွက် နေ့စဉ်သောက်သင့်သော ပမာဏညွှန်းကိန်း DRIs (Dietary Reference Intakes) ကို သုံးစွဲသည်။ အရွယ်ရောက်ပြီးသူများ နေ့စဉ်သောက်သင့်သော မဂ္ဂနီစီယမ်ပမာဏမှာ DRIs အရ အမျိုးသားများအတွက် တစ်နေ့လျှင် ၄၀၀ မှ ၄၂၀ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးများအတွက်မူ ၃၁၀ မှ ၃၆၀ မီလီဂရမ် ဖြစ်သည်။


အခြားစမ်းသပ်ရန် နည်းလမ်းတစ်ရပ်မှာ မဂ္ဂနီစီယမ်ချို့တဲ့ခြင်း၏ လက္ခဏာများ မိမိတွင် ဖြစ်ပေါ်နေသည်ဟု ထင်ပါက ရန်အနည်းငယ်ခန့် ဆက်တိုက် မဂ္ဂနီစီယမ် အနည်းငယ် (၁၀၀) မီလီဂရမ်မျှ သောက်ကြည့်ပါ။ သင်၏ ဝမ်းချုပ်ခြင်း လျော့ပါးသွားသလား၊ ကောင်းကောင်းအိပ်ပျော်သွားသလား၊ ကြွက်သားများ တုန်ယင်ခြင်း သက်သာသလား အစရှိသည်တို့ကို စောင့်ကြည့်ပါ။ ၎င်းလက္ခဏာများ လျော့ပါးမှုရှိပါက သင့်တွင် မဂ္ဂနီစီယမ်ချို့တဲ့ခြင်း ရှိနေပြီ ဖြစ်သည်။[၅]


သို့ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်သည်က အကောင်းဆုံးဖြစ်သည်။ အနည်းဆုံး မည်သို့သော မဂ္ဂနီစီယမ် အမျိုးအစားကို သောက်သင့်သည်ကို မေးမြန်းရမည်။ လေ့လာမှုအမျိုးအစားများအနက် magnesium lactale နှင့် magnesium chloride တို့မှာ ခန္ဓာကိုယ်မှ စုပ်ယူမှ အကောင်းဆုံးဖြစ်ကြောင်း တွေ့ရသည်။

မဂ္ဂနီစီယမ်၏ ဘေးထွက်ဆိုးကျိုးသည် အလွန်နည်းပါးသည်။ အဓိက ဘေးထွက်ဆိုးကျိုးများမှာ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်ပြီ ၎င်းတို့မှာ ၃၀၀ မီလီဂရမ်ထက်ပိုသော သောက်သုံးသူများမှသာ ရံဖန်ရံခါ ဖြစ်တတ်သည်။ ထို့ကြောင့် ဝမ်းချုပ်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားများတုန်ယင်ခြင်း စသည်တို့ ဖြစ်ပါက မဂ္ဂနီစီယမ် သောက်သုံးရန်လိုမလိုကို ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်သင့်သည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ[ပြင်ဆင်ရန်]

မဂ္ဂနီစီယမ် အောက်ဆိုဒ် အငွေ့သည် ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု အနည်းငယ်သာ တွေ့ရှိရပါသည်။ အခြားနို့တိုက်သတ္တဝါများ အတွက်လည်း ၎င်းကို ရှူရှိုက်ခြင်းဖြင့် လူသားတို့ကဲ့သို့ပင် အန္တရာယ်ကို ဖြစ်ပေါ်စေတတ်ပါသည်။ ၀-၃ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့သည် ပတ်ဝန်းကျင် ရောင်စဉ်အဖြစ် ၀.၈ သတ်မှတ်ထားပါသည်။ ၃ သည် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်စေပြီး ၊ ဝ သည် အန္တရာယ် ဖြစ်စေမှုမရှိခြင်းကို ကိုယ်စားပြုပါသည်။ ပတ်ဝန်းကျင်တွင် ၎င်းသည် သဘာဝအဆိပ်များ၊ အဆိပ်အတောက် ဖြစ်စေသောပစ္စည်းများ နှင့် အဆိပ်အတောက် ကင်းမဲ့သောနေများတွင် ပါရှိပြီး ၊ ဇီဝရုပ်ကြွင်းများတွင်လည်း ပါဝင်ပါသည်။ မဂ္ဂနီစီယမ်အမှုန့်သည် ပတ်ဝန်းကျင်ကို ကြီးမားသော အန္တရာယ်ကို မဖြစ်ပေါ်စေပါ။

မဂ္ဂနီစီယမ်သည် ပေါ့ပါးသောသတ္တုတစ်မျိုးဖြစ်၏။ မဂ္ဂနီစီယမ်သန့်သန့်ကို တူးဖော်မရနိုင်ဘဲ၊ မဂ္ဂနီစီယမ် ပါဝင်သည့် သဘာဝအလျောက် ဖြစ်ပေါ်နေသော အက်စဗက်စ တော့ (ကျောက်ဂွမ်း) နှင့် မက်ဂနီဆိုက်တို့မှ ထုတ်ယူနိုင်ပေ သည်။ မဂ္ဂနီစီယမ်ကို ၁၈ဝ၈ ခုနှစ်တွင် သိပ္ပံပညာရှင်ကြီး ဆာဟမ်ဖရီဒေဗီဆိုသူက ပထမဆုံးတွေ့ရှိခဲ့သည်။ မဂ္ဂနီစီယမ် ထုတ်ယူပုံမှာ များသောအားဖြင့် ကာနဲလိုက်ခေါ် မဂ္ဂနီစီယမ် ပါသော သတ္တုရိုင်းကို ပထမ အပူတိုက်ပေး၍ အရည်ပျော်စေ ပြီးနောက်၊ လျှပ်စစ်ဓာတ်စီးကို ထိုအရည်တွင် ဖြတ်သန်းသွား စေခြင်းဖြင့် ထုတ်ယူသည်။ ရရှိသောသတ္တုကို ထပ်မံ၍ ပေါင်း ချွေ ခံယူသောအခါ မဂ္ဂနီစီယမ် သန့်သန့်ကို ရရှိသည်။ မဂ္ဂနီစီယမ်စစ်လျှင် ငွေရောင်အဆင်းရှိ၍ စိုထိုင်း သောလေ၌ထားလျှင် တဖြည်းဖြည်း အရောင်မှိန်သွားသည်။ မဂ္ဂနီစီယမ်သည် အထုအရိုက်ခံ၏။ နန်းဆွဲခံ၏။ မီးရှို့လျှင် ဖြူဝင်းတောက်ပသော အလင်းရောင်ကို ဖြစ်စေသောကြောင့် ဓာတ်ပုံရိုက်ရန် အလင်းရောင်ပေးရာ၌ မဂ္ဂနီစီယမ်ကို မီးရှိူ့ ကာ အသုံးပြုကြသည်။ မဂ္ဂနီစီယမ်၏ သိပ်သည်းဆမှာ ၁.၇၄ ရှိ၍ အပူချိန်စင်တီဂရိတ် ၆၃၂.၇ ဒီဂရီ၌ အရည်ပျော်ပြီး လျှင် စင်တီဂရိတ် ၁၁ဝဝ ဒီဂရီ၌ ဆူပွက်သည်။ မဂ္ဂနီစီယမ်ဖြင့် ပေါ့ပါးသောသတ္တုရောများ ပြုလုပ်နိုင်သည်။ မဂ္ဂနီစီယမ် ဆာလဖိတ်မှာ ကျွနု်ပ်တို့ အများဆုံးအသုံးပြုကြသော ဆားခါးပင်ဖြစ်၍ ဝမ်းနုတ်ရန်ကောင်းသောဆေး ဖြစ်သည်။ အခြား မဂ္ဂနီစီယမ် ဓာတ်ဆားများဖြစ်သော ကာဗွန်နိတ်၊ ဟိုက်ဒရောက်ဆိုက်နှင့် အောက်ဆိုက်တို့မှာလည်း အစာအိမ်နှင့် သက်ဆိုင်သောဆေးများ ဖော်ရာ၌ အသုံးဝင်ကြသည်။ မဂ္ဂနီစီယမ်ကလိုရိုက်နှင့် မဂ္ဂနီစီယမ်အောက်ဆိုက်တို့မှာ မီးခံအုတ် များ ပြုလုပ်ရာ၌ များစွာအသုံးဝင်လေသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Bernath, P. F. (1985). "The spectrum of magnesium hydride". Astrophysical Journal 298. doi:10.1086/163620. Bibcode1985ApJ...298..375B. 
  4. Weast, Robert (1984). CRC, Handbook of Chemistry and Physics. Boca Raton, Florida: Chemical Rubber Company Publishing, E110. ISBN 0-8493-0464-4. 
  5. ၅.၀ ၅.၁ စာပေရေချမ်းစင်စာစဉ် - ကျန်းမာရေး. 
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)